Cele News

ချစ်သူက ပိုမျှော်လင့်ထားတာထက် အများကြီးပိုကောင်းပါတယ်ဆိုတဲ့ လိမ္မော်သီး

အနုပညာလောက ဂီတဘက်တွင်တမူမထူးခြားတဲ့ အရည်အသွေးနဲ့ လျောက်လှမ်းလာတဲ့ လိမ္မော်သီး ကတော့ သူမ ရွေးချယ်ထားတဲ့ ချစ်သူလေးနဲ့ပတ်သက်ပြီ ပြောပြလာပါတယ် သူမရွေးချယ်လိုက်တဲ့ ချစ်သူလေးကတော့ သူမမျှော်လင့်ထားတာထက်ပိုပြီးတော့ ချစ်ခြင်းမေတ္တာတရား ပေးစွမ်းနိုင်သူလေးဖြစ်ပါတယ်တဲ့။ မေကြီးကတော့ သဘောမတူပါဘူး ဒါကခုေ၇ွှးချယ်ထားတဲ့သူမှမဟုတ်ဘူး ဘယ်သူနဲ့မှသဘောမတူတာ ဒါကတော့ သူ့သမီး သူချစ်ရတဲ့ သမီးဖြစ်တာကြောင့်ဖြစ်ပါလိမ့်မယ် အာ့ခါကြရင်တော့ညှိယူရတာပေါ့ နားလည်မှုနဲ့ပဲ ရှေ့ဆက်နေပါတယ်လို့ ပြောပြထားပါတယ်။ ချစ်သူဖြစ်သူလေးက အရမ်း မရိုတက်ဘူ တခါတလေအာ့တာတွေကလိုလိုလားပေါ့ အာ့တွေလုပ်ပေးမှချစ်တာလားပေါ့ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဆိုတာကတော့ ရိုတာလေးကြိုက်တာပေါ့ တခာတလေသူပြောတာလဲဟုတ်တာပဲလေ ဆိုပြီ နေခဲ့လိုက်တယ်လို့လဲ ပြောထားပါသေးတယ်။ Source ;Popular Journal

Cele News

အပြင်သွားတဲ့အခါ ဇနီးဖြစ်သူက နာရီဝတ်တစ်ခာဖုန်းဆက်တယ်ဆိုတဲ့ နိုင်လူ

လူကြမ်းမင်းသားတစ်ဦးဖြစ်ပြီး ဗီလိန် ဇာတ်ရုပ်တွင် ပိုင်နိုင်စွာ ဇာတ်ပို့သရုပ်ဆာင်နိုင်တာကြောင့် ဇာတ်လမ်းတစ်ခုတွင် အမုန်းတော်ခံ လူသားဖြစ်ခဲ့ ရပြီး တိုက်ခိုက်မှုများ ခံရသော်လည်း အနုပညာအလုပ်များကို ကမ်းလှမ်းလာသမျှ လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ထဲတွင် ဘယ်လောက်ပဲ ယုတ်မာပါစေ အပြင်လောကမှာတော့ သာယာလှတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး သစ္စာတရားစောင့်သိတက်တဲ့ လူသားပီသတဲ့ လူသားတစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထားပါတယ်။ ချစ်ဇနီး လေးကတော့ ရူတင်သွာချိန် တခြားနယ်တွေရောက်နေတဲ့အချိန်တွေမှာတော့ နာရီဝတ်တစ်ခါ Video Call အမြဲခေါ်တယ် သူစိတ်ပူအောင်လည်း မနေထိုင်ဘူး တစ်ယောက်နဲ့ တစ်ယောက်က လေးစားမှုရှိတာပေါလို့ ပြောထားပါတယ်။ Source :Popular Journal

Cele News

လျှပ်ပေါ် လော်လီ ၀တ်စားပုံမှုကိုပြောပြလာတဲ့ သန်းသန်းစိုး

ဖတ်ရှင်ဒီဇိုင်းဆိုတာ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲနေတာဖြစ်တာကြောင့် ငယ်ရွယ်စဉ်က ၀တ်ဆင်ခဲ့တဲ့ လျှပ်ပေါ် လော်လီအ၀တ်အစားတွေလို့ ဝေဖန်ခံရမှုကို သန်းသန်းစိုးအနေနဲ့ ပြောပြထားပါတယ် ။ ငယ်ရွယ်စဉ်က ပြေးခုန်ပစ်ကိုကစားခဲ့ပြီ ခေတ်နဲ့လျှော်ညီအောင်ဝတ်ဆင်ခဲ့ ရပြီး ဒါကိုလျှပ်ပေါ် လော်လီဝတ်စားတယ်လို့ခေါလို့မရဘူး နောက်ပိုင်း ယဉ်ကျေးမှုသဘောသတ်မှတ်ခဲ့တာကြောင့် မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာဆို ဇာရင်ဖုံးလေးတွေ့နဲ့ တွေ့ရလိမ့်မယ် လို့ပြောပြထားပါတယ်။ ခေတ်ကတကျော့ ပြန်လည်လာပြီး ယခင်က၀တ်ခဲ့တဲ့ ဒီဇိုင်းတွေဆို အခုခေတ်ပြန်လည်ဝတ်စားနေကြတယ် မဖော်မချွတ်ရင်ရပြီ ဖတ်ရှင်ကြကြ ၀တ်နိုင်ရင် ဒါကို လျှပ်ပေါ်လ်ာလီ ၀တ်စားတယ်လို့အခေါ်ဘူး အခုခေတ်ကလေးတွေက ပိုလို့ ခေတ်ဆန်အောင်ဝတ်ဆင်တက်ကြတယ် ကိုယ့်ရဲ့အမြင်လေးနဲ့ သေသေချာချာ စီစစ်ဝတ်ဆင်နိုင်ရင် ရပါတယ်လို့လဲ ပြောကြားထားပါတယ်။ Source ; MC

Cele News

၂၁ နှစ်မွေးနေ့လေးမှာ အလှူပြုလုပ်ခဲ့တဲ့ မေမြတ်နိုး

အောက်တိုဘာလ ၁၄ရက်နေ့မှာတော့ မော်ဒယ်မလေး မေမြတ်နိုးရဲ့ ၂၁နှစ်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမကတော့ အသက်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကကိုရောက်ရှိလာပြီး မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နေသူလေးဖြစ်ပါတယ်။ အောင်မြင်မှုကိုငယ်ငယ်ရွယ်ရွယ်နဲ့ပိုင်ဆိုင်းထားပြီး ကမ္ဘာနဲ့ယှဉ် ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်လေးတစ်ဦးဖြစ်တဲ့ မေမြတ်နိုးကတော့ နောက်တိုဘာလ ၁၄ ရက်နေ့မှာ သူမရဲ့ အသက် ၂၁ နှစ်မွေးနေ့လေးကျရောက်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့လေးကိုတော့ ပကာသနတွေပြင်ဆင်ချယ်မှုန်ခြင်းမရှိဘဲ မိုးညိုမြို့ရှိ YGW ပရဟိတ မိဘမဲ့ကျောင်းမှာ အ၀တ်အထည်၊ ဆန်၊ ဆီ၊ ဆား နဲ့ ငွေကျပ် ၃သိန်းတို့ကို စုပေါင်းပြီး အလှူ လေးတွေပြုလုပ် ခဲ့ကာ သူမရဲ့ မွေးနေ့ အချိန်ပိုင်းလေးကို ကုန်ဆုံး စေခဲ့ပါတယ်။ Source; MC

Cele News

အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့ဘဲ စီပွားရေးဘက်ကိုပဲ ဦးစားပေးလုပ်ကိုင်နေတယ်ဆိုတဲ့ Kညိမ်း

ဇာတ်ပို့နေရာကနေ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်စေဖို့ အားဖြည့်ပါဝင်လုပ်ဆောင်ရတဲ့ Kညိမ်း ကတော့ အနုပညာအလုပ်ကို ခတ္တရပ်နားရာကနေ အနုပညာအလုပ်ကနေ နှုတ်ထွက်သလိုဖြစ်နေပြီး အနုပညာလောကနဲ့ ကင်းကွာနေတာကြာလှပြီဖြစ်ပါတယ် ။ စီပွားရေးအလုပ်ကို လုပ်ကိုင်ရတာက စီမံခန့်ခွဲမှုအပိုင်းတွေ စီပွားရေနဲ့ဆိုင်တာတွေ အများကြီး အသုံးပြုရတယ် အနုပညာကတော့ ကိုယ်ရဲ့ စိတ်ခံစားချက် လွတ်လပ်မှု ပုံစံတွေကိုပြသလို့ရတာပေါ့လို့ ပြောပြထားပါတယ်။ နောက်ပိုင်းတော့ စီပွားရေးနယ်ပယ်မှာပဲကျင်လည်သွားဖို့ရှိပါတယ် အနုပညာအလုပ်တော့ လုပ်ကိုင်ဖို့ အစီအစဉ်မရှိသေးဘူး အခုအခြေအနေလေးကလည်းအဆင်ပြေနေပြီ တအား ခက်ခဲတဲ့ အရာတွေလဲမရှိဘူးလေ ဒာကြောင့် ဒီနယ်ပယ်မှာပဲ တည်ရှိနေထိုင်သွားဖို့ ပဲရှိပါတယ်လို့ သိရပါတယ်။ Source; Popular Journal

Cele News

သူရဲ့ကျမ်းမာရေး အခြေအနေပြောပြလာတဲ့ ဦးမိုးဒီ

ဟာသ သရုပ်ဆောင်လူရွှင်တော်ကြီးဖြစ်တဲ့ ဦးမိုးဒီ ကတော့ ဟာသပိုင်းတွင် ထူးချွန်ပြောင်မြောက်ပြီး ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် ဟာသစကားလုံများဖြင့် ပြုံးပျော်အောင်လုပ်ဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်ကြီး လာတဲ့အခါမှာတော့ ရောဂါဆိုတာ တစ်မျိုးမဟုတ် တစ်မျိုး ၀င်ရောက်ဖြစ်ပေါ် လာတက်တာဖြစ်တာကြောင့် ဦးမိုးဒီ ကတော့ ဆီးချိုရောဂါဖြင့် ဆေးရုံ မကြာခန တက်နေရပြီး တခါတက်ရရင် တရက်ကို ၈သိန်းလောက် ကျတာကြောင့် တက်နိုင်တဲ့အချိန်ဆိုရင်တော့တက်လိုက်တယ် မတက်နိုင်တဲ့အချိန်ဆိုရင်တော့ ဆေးရုံကနေဆင်းလာတယ် လို့ပြောထားပါတယ်။ အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်ကားတွေ ရိုက်နိုင်ရင်တော့ရိုက်တယ် ကိုယ်ကမရိုက်နိုင်လို့ရောဂါပြန်ထတဲ့အခါ အားနားတော့ တချို့လာကမ်းလှမ်းလာတာတွေကို ငြင်းပယ်လိုက်တာလဲရှိတယ် အခုနောက်ပိုင်းတော့ ၁ရက်၂ရက်နဲ့ ကိုယ့်အတွက်သက်တောင့်သက်သာဖြစ်ရင် သရုပ်ဆောင်တာဆက်လုပ်ပါ့မယ် လို့လဲသိရပါတယ်။ Source ; Popular Journal

Cele News

သားဖြစ်သူကိုအမွေခွဲပေးတော့မယ်ဆိုတဲ့ ဇင်ယော်မောင်မောင်

ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေကိုပိုင်ဆိုင်ထားတဲ့ ဇင်ယော်မောင်မောင် ကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကို ပေးနိုင်သမျှသော ပညာစွမ်း ဉာဏ်စွမ်းကို ပေးနိုင်သမျှ ပေးထားပြီး သားဖြစ်သူကလဲ ကြိုးစားလေ့လာ နေပါတယ်။ အခုအခါမှာတော့ သားဖြစ်သူကလဲပညာစုံသလောက်ရှိပြီး အနုပညာရှင်ကောင်းတစ်ယောက် ဒါရိုက်တာကောင်းတစ်ယောက် ဖြစ်ဖို့ ထိုက်တန်တဲ့အချိန်အခါလဲရောက်ပြီ လမ်းမှားမရောက်အောင် ဆုံးမပေးပြီး ဆိုးရိမ်နေတာပဲရှိတယ် ပရိသတ်တွေ လဲအမြင်မတော်တာရှိရင် ဆုံးမပါ သွန်သင်ပါ လို့ပြောထားပါတယ်။ နောက် အများဆုံး ၂နှစ် အနည်းဆုံး ၁နှစ်လောက်နေရင် ဒာရိုက်တာအလုပ် ကနေ အနားယူမှာဖြစ်ပြီး ရှူတင်မနေဂျာ အဖြစ် ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး သားဖြစ်သူအတွက် အမွေလွဲဖို့တော့အကုန်လုပ်ပြီး ပါဘီ လို့ ပြောပြထားပါတယ် ။ Source; Popular Journal

Cele News

ပါပါးချစ်စမ်းမောင်က ချစ်တော့ ဆိုးသမျှ အနိုင်ကျင့်သမျှ မငြီးငြူဘူးဆိုတဲ့ ငဲလေး

ချစ်စမ်းမောင်ဆိုတာ ဂီတလောကမှာ ဂီတာဘုရင်လို့တောင် တင်းစားခေါ်ဝေါ်လောက်ရအောင် ထူးချွန်ပြောင်မြှောက်တဲ့ ICရဲ့ ပင်တိုင် ဂီတာ တီးခက် သူတစ်ဦးဖြစ်ပြီး အတုယူဖွယ်ကောင်းတဲ့အနုပညာတစ်ဦးဖြစ်တဲ့အပြင် အနုပညာအမွေများကို သမီးငယ်လေးဖြစ်တဲ့ ငဲငယ်လေးကို လက်ဆင့်ကမ်းသင်ကြားပေးထားပါတယ်။ ငဲလေးကတော့ အဆိုပိုင်းကော အတီးပိုင်းပါ ပါပါးရဲ့ အမွေကို အ၇ယူထားပြီး ဂီတလျှောက်လှမ်းပေါ်မှာ လျောက်လှမ်းနေပြီဖြစ်ပြီး ပါပါးကိုအနိုင်ကျင့်သမျှ ” နင့်ကငါ့ကိုတော်တော်နိုင်တာပဲ ” လို့ပါပါးကအမြဲပြောတယ် ဒါမယ့်လဲ ပါပါးက ငဲလေးကိုအရမ်းချစ်တယ်လေ တခာတလေ ငဲလေးကတနေ့တခာ ဂီတာတီးဖို့ ပျင်းတယ်လေ အာ့အခါ ပါပါးကပဲ train ပေးပါတယ် လို့ပြောပြခဲ့ပါတယ်။ အခွေထွက်ဖို့ ကြိုးစားနေတဲ့ငယ်လေးကတော့ နောက်နှစ်လောက်ကြရင်တော့ ထွက်ဖို့စီစဉ်နေပါတယ် 20.02.2020 ရက်ကိုထောက်ပီး ထွက်နိုင်အောင်တော့ကြိုးစားနေပါတယ် ရသစုံအောင်လို့ တေးရေးဆရာတွေရဲ့ သီချင်းတွေကိုလဲပါဝင် ထည့်သွင်းဖော်ပြသွားမှာပါလို့ ပြောထားခဲ့ပါတယ်။ Source ; MC

Cele News

အဆိုတော် ကနေ Producer အဖြစ်ပြာင်းလဲ တွေ့မြင်ရမယ့်အပြင် ဖွေးဖွေး နဲ့စတင်ရိုက်ကူးမယ့် သားစိုး

အများနဲ့မတူသော သံစဉ်များကိုဖန်တီး သီဆိုခဲ့ပြီး အများစုရဲ့ ဝေဖန်ခြင်း တိုက်ခိုက်ခြင်းခံရသော်လည်း ဇွဲမလျော့ပဲလျောက်လှမ်း လာသော သားစိုးကတော့ ထုတ်လုပ်သူအဖြစ် ဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောသမမွှေ ထမင်းဆိုင်လေးကိုပိတ်ပြီး သူဝာသနာတကယ်ပါတဲ့ အနုပညာ အလုပ်ဘက်ကို ဝါသနာအရကော စီးပွားရေးအတွက်ပါ လုပ်ဆောင်နေပြီး ” အနုပညာရှင်သမားတစ်ယောက်အတွက်ဆိုရင်တော့ အနုပညာကပိုသာတာပေါ့ စီးပွားရေးသမားတစ်ယောက်အတွက်ဆိုရင်တော့ အနုပညာနဲ့ယှဉ်ရင် စီးပွားရေးကပိုသာပါတယ် အနုပညာနဲ့ စီးပွားရေးပေါင်းလိုက်ရင်တော့ ပိုအောင်မြင်ပါတယ် ” လို့ပြောပြထားပါတယ်။ သူရဲ့ ပထမဦးဆုံး Producer အနေနဲ့ ဖွေးဖွေးနဲ့ ရိုက်ကူးမှာဖြစ်တာကြောင့် အဆိုတော်တစ်ယောက်ကနေ ရုပ်ရှင် Producer ထလုပ်တော့အရမ်းကြီးစိတ်မလုပ်ရှားပေမယ့် မင်းသမီးဖွေးဖွေးနဲ့ ရုပ်ရှင် စရိုက်ဖို့ကိုတော့စိတ်လှုပ်ရှားနေပါပြီ ထိုကားကြီးရဲ့ ကန်တော့ပွဲကိုတော့ နိုဝင်ဘာလ ၄ရက်နေ့ပြုလုပ်သွားပါမယ်လို့ သိရပါတယ်။ Source ; MC

Cele News

သီတင်းကျွတ်​ မှာ​တောင်​ မနားဘဲ အလုပ်​​တွေ လုပ်​​နေတဲ့ ခင်​ဝင့်​ဝါ

ခေး​လေးလို့ ပရိတ်​သတ်​​တွေ ချစ်​စနိုး​ခေါ်ရတဲ့ခင်​ဝင့်​ဝါ​လေးက​တော့ လက်​ရှိမှာ အနုပညာ အလုပ်​​တွေကိုမနားတမ်းလုပ်​ကိုင်​​နေပြီး ပရိတ်​သတ်​နဲ့ အဆက်​အသွယ်​မပြတ်​ရှိ​နေပါတယ်​။ မကြာ​သေးခင်​က ကျ​ရောက်​ခဲ့တဲ့ ​ခေး​လေးရဲ့ ​မွေး​နေ့ နဲ့ ပတ်​သတ်​ပြီး သူမရဲ့ အချစ်​​ရေးပို ပရိတ့သတ်​​တွေ စိတ်​ဝင်​တစားရှိခဲ့​ပေမယ့်​ ခင်​ဝင့်​ဝါက​တော့ လက်​ရှိအချိန်​ထိ အချစ်​​ရေးကို မစဉ်းစားဘဲ အလုပ်​​တွေကိုဘဲ ကြိုးစားလူပ်​​နေတာဘဲဖြစ်​ပါတယ်​။ ခေး​ ကတော့ သီတင်းကျွတ်မှာ​တောင်​မနားဘဲ Photo Shooting လေးတွေရိုက်ကူးခဲ့ကြောင်း ပြောပြခဲ့ပါတယ်” Happy Thadingyut မှာ ချစ်ရတဲ့ သူတွေနဲ့ photo shooting လေး တခု အောင်မြင် ပျော်ရွှင်စွာပြီးဆုံး ” ဆိုကာ ရှူတင်အဖွဲ့သားတွေနဲ့အတူတူ ရိုက်ကူးထားတဲ့ အဖွဲံလိုက်ပုံလေးနဲ့တကွ သူ့ရဲ့​ဖေ့စ်​ဘုတ်​ခ်​ မှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ အလုပ်​​တွေအရမ်းကိုကြိုးစား​နေတဲ့ ခင်​ဝင့်​ဝါ​လေးကို အား​ပေးလိုက်​ပါဦး​နော်​။ Source […]