Cele News

ဖားကန့်မြေသို့ အလည်ရောက်နေတဲ့ ဆူဇီ

သာယာလှပတဲ့ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့လေးသို့ရောက်ရှိနေတာဖြစ်ပြီ သဘာဝက ဖြစ်ပေါ်နေသော အလှတရား ရှုခင်းများနှင့်အတူတူ ကောင်းကင်ပြာကြီးကိုနောက်ခံထားကာ သူမရဲ့ အလှနဲ့ ပေါင်းစပ်ရိုက်ကူးထားတဲ့ သူလေးကတော့ အဆိုတော်မလေး ဆူဇီဖြစ်ပါတယ်။ ဆူဇီကတော့ ခရီးထွက်ရတာကိုကြိုက်နှစ်သက်သူလေးဖြစ်ပြီး ဂီတအဆိုပိုင်းမှာလဲ အသံအနေအထား အတက်အမြင့်အလိုက် အကောင်းဆုံးသီဆိုဖျော်ဖြေ နိုင်သူလေးဖြစ်ကာ ငယ်ဂုဏ်လေးကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်တဲ့ ချစ်စရာကောင်းတဲ့ ဂီတအနုပညာရှင်လေးဖြစ်ပါတယ်။ သူမ သွားရောက်လည်ပတ်နေတဲ့ ခရီစဉ်လေးကတော့ သဘာဝအလှတရားများရှိရာ တောင်းတန်းဒေသ ဖြစ်တဲ့အပြင် တိမ်တွေနဲ့ အနီးကပ်ဆုံး ရှိနေသလို ရင်ထဲမှာ သဘာဝအလှတရားများကို အထိရောက်ဆုံး ခံစားထိတွေ့ရမယ့်နေရာလေးဖြစ်ပါတယ်။ Photo Source ; ဆူဇီ

Cele News

သီချင်းဆိုတိုင်း ခံစားချက်အပြည့်နဲ့ ခံစားပြီးမှသီဆိုလေ့ ရှိတယ်ဆိုတဲ့ နန်းဆုရတီစိုး

အရုပ်မလေးအလားချစ်ဖို့ကောင်းတဲ့ နန်းဆု ကတာ့ အနုပညာအလုပ်တွေကို သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းပါ ပါရမီပါလှသူလေးဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးကြောင့် ပရိသတ်တွေရဲ့ အသည်းကျော် အနုပညာရှင်မလေးတစ်ဦးဖြစ်ပါတယ်။ ဂီတဘက်မှာအဆွေးသီချင်းလေးတွေသီဆိုတက်ပြီး ပရိသတ်တွေ အကြိုက်ဖြစ်ခဲ့တဲ့ သီချင်းလေးတွေဖြစ်ခဲ့ပါတယ်။သူမရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ ငါသေလို့ရတယ် ဆိုတဲ့ သီချင်းလေးကိုတော့ နောက်လလောက်ထွက်နိုင်အောင်ကြိုးစားနေပြီး အဆွေးသီချင်းလေးဖြစ်တဲ့အတွက် Feel လို့ရမယ့်သီချင်းလေးဖြစ်တဲ့အပြင် သီချင်းတိုင်းကိုတော့ ကိုယ်ခံစားချက်အပြည့်နဲ့ ခံစားပြီးသီဆိုဖြစ်ပါတယ် လို့သိရပါတယ်။ သီတင်းကျွတ်ဆုမွန်ကောင်းအနေနဲ့လဲ မင်္ဂလာမောင်နှံတွေအတွက်လဲ အားလုံးအတွက်ကြည်နူးဝမ်းသာမိပါတယ် ကိုယ်ကတော့ သီတင်းကျွတ်နှစ်တိုင်းဖြေနေကြအတိုင်းလေးပဲပေါ့နော် လိုပါသေးတယ်လို့ လို့ဖြေကြားခဲ့ပါတယ်။ Source ; 8Days TV

Cele News

“ပျောက်ဆုံးနေသော အမှန်တရား ” ဇာတ်လမ်းတွဲ ကအမှတ်တရတွေကို တင်လိုက်တဲ့ နော်ဖောအယ်ထား

အကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးဖြစ်ပြီး တက်သစ်စ အနုပညာရှင်လေး နော်ဖောအယ်ထာ ကတော့ ကြော်ငြာ တွေအပြင် ရုပ်ရှင်ဇာတ်လမ်းတွေပါ ရိုက်ကူးလာပြီး ပရိတ်တွေရဲ့ အားပေးသဘောကျမှုကိုလဲ ရရှိလာသူလေးဖြစ်ပါတယ်။ သူမပါဝင် သရုပ်ဆောင်ထားတဲ့ ပျောက်ဆုံးနေသော အမှန်တရား ဇာတ်လမ်းတွဲလေးမှာဆိုရင်တော့ သုဒွာ ဇာတ်ကောင် နေရာကနေ အားဖြည့်ထားရတာဖြစ်ပြီး အကောင်းဆုံးကြိုးစားမှုတွေကြောင့် ပရိသတ်တွေဆီကနေ အချစ်များစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးသူမကတော့ ထိုဇာတ်လမ်းတွဲဇာတ်ရုပ်နဲ့ကိုက်ညီအောင် မိတ်ကပ် ပြင်ဆင်လိမ်းခြယ်ခဲ့ ရပြီ မြေကြီးထဲမှာ စိမ့်နေအောင်အေးနေပေမယ့်လည်း ရေနွေးအိတ်တွေကိုယ်ပေါ်တင်ပြီး အသက်အောင့်ပြီးရိုက်ခဲ့ရတဲ့ ညတွေလဲရှိတယ်လို့ဆိုကာသုဒွာရဲ့ အမှတ်တရပုံရိပ်တွေကို သူမရဲ့ Social account ပေါ်မှာတင်ထားပါတယ်။ Source ; Naw Phaw Eh Htar

Cele News

Pattaya မှာကြော်ငြာ သွားရောက်ရိုက်ကူးနေတဲ့ ဝိုင်းလေး

အဆိုပိုင်းမှာ ပါရမီပြည့်ရုံသာမက အတီးအခက်ပိုင်းမှာလဲ တော်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် Model တစ်ယောက်အနေနဲ့လဲ ဆုရရှိထားပြီး ဘက်စုံတော်ကာအနုပညာကိုအဖက်ဖက်ကနေ ပြည့်စုံအောင်ကြိုးစားနေသူလေးကတော့ ဝိုင်းလေးဖြစ်ပါတယ် အခုကတော့ ကြော်ငြာရိုက်ကူးရေးအတွက် ဘန်ကောက်ကိုရောက်ရှိနေပြီး ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ သူမကတော့ အကောင်းဆုံးကြိုးစားနေတာဖြစ်လို့ မကြာမှီထွက်ရှိလာမယ့် ကြောငြာလေးကိုအားပေးဖို့ ပြောထားပါတယ်။ ကြော်ငြာရိုက်ကူးပြီးနောက် ” ဘန်ကောက်မှာ ဝိုင်းဝိုင်းလေး လည်လည် …. အဖေရယ် အမေရယ် အစ်မရယ်အတွက်ဈေးဝယ် ” လို့ ဘန်ကောက်မှာ ဈေးဝယ်ထွက်နေတဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ အတူ ရေးသား ဖော်ပြထားပါတယ်။ Source; Wyne Lay

Cele News

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးနေတယ်ဆိုတဲ့ ခင်ဝင့်ဝါ

မော်ဒယ်လောက ကနေ သရုပ်ဆောင်ဘက်ကိုကူးပြောင်းလာပြီး ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတဲ့ ခင်ဝင့်ဝါကတော့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေပြီး အောင်မြင်မှုကလည်းပြောစရာမလိုလောက်အောင် ရရှိထားသူလေးဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ အကြင်နာမြစ်ဖျား ဇာတ်လမ်းတွဲလေးကဆိုရင်တော့ အောက်တိုဘာလ ၂၃ရက်နေ့မှာစတင်ပြသမှာဖြစ်ပြီး ချောစုကာရိုက်တာအဖြစ်ပါဝင်အားဖြည့်ထားတဲ့ ပါတယ် ။ ထိုဇာတ်ကောင် ကာရိုက်တာရဲ့ ကောင်မလေးကတော့ အချစ်ရေးမှာဆိုရင် နှလုံးသားထက် ဦးနှောက် ကို ဦးစားပေးစဉ်းစားတက်တဲ့ ဇာတ်ရုပ်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ အနုပညာအလုပ်တွေနဲ့ အလုပ်ရှုပ်နေပြီး ကိစ္စတစ်ခုကို ဆုံးဖြတ်ရင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးပါတယ်။ ဘာလို့ဆို ခုက တဖြည်းဖြည် အောင်မြင်မှုရရှိဖို့ကိုး ကြိုးစားနေတဲ့ အခြေအနေဖြစ်တာကြောင့် လို့သိရပြီး သူမအားတဲ့ အချိန်တွေမှာတော့ ၀တ္ထုဖတ်တယ် ရုပ်ရှင်ကြည့်တယ် သီချင်းနားထောင်တယ် လို့ပြောပြခဲ့ပါတယ်။ Source; PannPwint

Cele News

ငပလီကို မိသားစုလိုက် အပန်းဖြေခရီးရောက်နေတဲ့ ဦးတီတို့မိသားစု

အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့မိသားစုကတော့ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့သားနဲ့သမီးကိုလဲ ရရှိထားပါတယ်။ မကြာသေးခင်ကမှ ပြင်ဦးလွင်သို့ အပြန်းဖြေခရီးရောက်ရှိခဲ့ပြီး အခုအခါမှာတော့ ငပလီသို့ရောက်ရှိနေကြတာပဲဖြစ်ပါတယ်။၈ရက်နေ့တွင် ပြင်ဦးလွင်သို့ စတင် အပန်းဖြေခရီးထွက်ခဲ့ ပြီး ဘန်ကောက် ကနေ အောက်တိုဘာလ ၁၄ရက်နေ့ကပြန်ရောက်ခဲ့ပြီး ၁၅ရက်နေ့မှာတော့ ငပလီသို့ လည်ပတ် အပန်းဖြေနေကြပါတယ် “ခရီးထွက်တာမကြိုက်တဲ့ ကွီးတီ ခရီး ၃ခုထွက်လိုက်ရသောအခါ ……” ဟု အူဝဲရဲ့ Page ပေါ်မှာ ရေးသားခဲ့ပြီး သူမရဲ့ လှပနုပျိုတဲ့ ပုံရိပ်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ မိသားစုပုံလေးတွေကို ဖော်ပြထားပါတယ်။ Source :Eaindra Kyaw Zin

Celebrity

မိသားစုနှင့်​အတူ ဂျပန်​နိုင်​ငံမှာ အနားယူ​နေတဲ့ မြန်​မာ့ဂုဏ်​​ဆောင်​ ​အောင်​လအန်​ဆန်

နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်ပြီး လက်ရှိအနေအထားအရ အောင်မြင်မှုများရရှိနေသော မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆိုင်းကတော့ ဂျပန်နိုင်ငံကို မိသားစုနဲ့အတူတူ အလည်အပတ်သဘောအနေနဲ့ရောက်ရှိနေပါတယ် လူငယ်ပရိသတ်တွေရဲ့ Super Hero လို့တင်စားခေါ်ဝေါ်ရလောက်အောင် နှစ်သက်သဘောကျကြပြီး မိသာစုကိုလဲ ချစ်ချင်တွယ်တာသူအနေနဲ့တော့ ” မိသားစုနဲ့ ကျမ်းမာရေးဟာ ဘ၀မှာအကောင်းဆုံး ဆုလာဘ်တွေပါပဲ ” လို့ သူ့ရဲ့ခံယူချက်လေးကိုလဲပြောပြထားပါတယ်။ ဂျပန်နိုင်ငံ့သို့ ရောက်ရှိနေစဉ် ” ဂျပန်နိုင်ငံက မေဂျီဂျင်ဂုဘုရားကျောင်း မှာကမ္ဘာလှည့်ခရီးသွားအနေနဲ့ အလည်အပတ် ရောက်ရှိနေပါတယ် ” လို့လဲ သူရဲ့ Page စာမျက်နှာပေါ်မှာရောက်ရှိနေတဲ့ ပုံရိပ်ကလေးတွေနဲ့ အတူ ဖော်ပြထားပါတယ်။ Photo Source ; Aung La Nsang

Cele News

အဆိုတော်ဖိုးသားနဲ့ မင်းသမီးချစ်စနိုးဦးတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ

အနုပညာရှင်အချင်းချင်း ထိမ်းမြားလတ်ထပ်မယ့် ပွဲလေးကိုတော့ မကြာမှီ ပရိတ်သတ်တွေ တွေ့မြင်ရတော့မှာဖြစ်ပြီး အဆိုတော်ဖိုးသားနဲ့ မင်းသမီးချစ်စနိုးဦးတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ လေးကိုတော့ အောက်တိုဘာ ၁၆ရက်နေ့မှာကျင်းပခဲ့ပါတယ်။ ပရိသတ်တွေကို သီတင်းကျွတ်လမှာ surprise လုပ်သွားတဲ့ အနုပညာရှင်တွေဖြစ်ပြီး သိုသိုသိပ်သိပ်နဲ့ Media အနည်းစု နှစ်ဘက်မိဘအသိုင်းအဝိုင်းနဲ့ ချစ်ခင်ရတဲ့ အနုပညာရှင် အချို့ကိုဖိတ်ကြားပြီး ပြုလုပ် ပြီးစီးစေခဲ့ပါတယ်။ ထို လက်မှတ်ရေးထိုးပွဲလေးကိုတော့ အောက်တိုဘာလ ၁၆ရက် Lotte Sapphire Ballroom မှာကျင်းပခဲ့ပြီး အခမ်းအနားလေးကို မိုးပြာရောင်လေးများဖြင့်စီချယ်ထားပြီး ၀တ်စုံလေးတွေကလဲ ကျက်သရေရှိလှကာ လိုက်ဖက်မှုနှင့်ပြည့်စုံနေသော စုံတွဲလေးတစ်တွဲအနေဖြင့် တွေ့မြင်ရပါတယ်။ Source ; 8 days TV

Cele News

သမီးလေးတစ်ယောက်ထပ်လိုချင်သေးတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

အနုပညာလောကနဲ့ အလှမ်းကွာခဲ့ပြီး မိသားစုဘ၀လေးထဲမှာ ပျော်ရွှင်နေတာ ဖြစ်ပြီး သားဦးလေးကိုပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်း ကတော့ အနုပညာလျှောက်လှမ်းပေါ်မှာပြန်လည်လျှောက်လှမ်းဖို့အစီအစဉ်ရှိနေပြီ သေချာပြန်လည် ပြင်ဆင်ပြီးမှ ပြန်လာမယ်လို့သိရပါတယ်။ ပရိသတ်တွေရှေ့ကိုတော့ ပုံဆိုးပန်းဆိုးကြီးနဲ့ပြန်ထွက်မလာချင်ဘူးအကောင်းဆုံးပုံစံမျိုးဖြစ်အောင် ပြင်ဆင်ပြီးမှ အနုပညာအလုပ်တွေပြန်လုပ်မယ်။ အနုပညာအလုပ်တွေလုပ်ဖို့အတွက်ကတော့ပြန်လုပ်ချင်စိတ်ရှိပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဆရာဝန်မလေးလဲဖြစ် အနုပညာရှင်သရုပ်ဆောင်အလုပ်ကော အဆိုတော်အလုပ်ပါ အိပ်ထောင်မကျခင်က ဆက်တိုက်လုပ်ကိုင်ခဲ့ပြီး အခုတော့ ခနနားထားတဲ့အခြေအနေဖြစ်ပြီးပြန်လည်လုပ်ကိုင်ဖို့ အစီအစဉ်လဲရှိနေတာအပြင် သားဦးလေးအပြင် သမီးလေးတစ်ယောက်လဲ ဖြစ်နိုင်ရင် ထပ်ယူချင်မိတယ် ကလေးတအားချစ်တက်လို့လဲပါပါတယ်လို့ သိရပါတယ်။ Source, MC

Cele News

ချစ်​သူကို ပရိတ်​သတ်​​တွေဆီ အတိအလင်းမချပြတဲ့ အ​ကြောင်းကို ​ပြောပြလာတဲ့ ​အေး​သောင်း

ပရိတ်​သတ်​​တွေ ရဲ့ ​မေတ္တာကိုအပြည့်​အဝရရှိထားတဲ့ မင်းသမီး​ချော ​အေး​သောင်း က​တော့ လက်​ရှိမှာ အနုပညာ အလုပ်​​တွေကို ပုံမှန်​ပြန်​လုပ်​​နေပြီး ပရိတ်​သတ်​နဲ့ အဆက်​အသွယ်​မပြတ်​ရှိ​နေပါတယ်​။အနုပညာ​လောကနဲ့ အတန်​ကြာ​ဝေးကွာသွာခဲ့​ပေမာ့်​ လို့ သူမရဲ့ အနုပညာ ဝမ်းစာ ပြည့်​မှုကို “မုန်းစွဲ”ဇာတ်​ကားရဲ့ “ကြာဥ”ဇာတ်​​ကောင်​မှာ အထင်​သားမြင်​​တွေ့ရမှာပါ။ အမြဲလို လို မြန်​မာဝတ်​စုံ​လေးနဲ့ ရင်​​အေး​အောင်​ လှရက်​သူ​လေး​အေး​သောင်းဟာ သူမရဲ့ လှုပ်​ရှားမှုပုံရီပ်​​တွေကို ပရိတ်​သတ်​အတွက်​ တင်​​ပေး​လေ့ရှိသူပါ။လတ်​​တ​လော မှာလည်း ​အေး​သောင်းတစ်​​ယောက်​ ​ကြော်​ငြာ ​တွေ ပွဲတက်​​တွေ နဲ့ အလုပ်​ရှုပ်​​နေပြီး များမကြာမီမှာဘဲ ရုပ်​ရှင်​ဇာတ်​ကားအသစ်​ကိုရိုက်​ကူးဖို့ရှိပါ​သေးတယ်​။ ​အေး​သောင်းတစ်​​ယောက်​ အချစ်​​ရေးနဲ့ ပတ်​သတ်​ကြီး မီဒီယာ​တွေနဲ့ ပရိတ်​သတ်​​တွေကို အတိအလင်းမချပြတာနဲ့ ပတ်​သတ်​လို့​ဖြေရှင်းလာခဲ့ပါတယ်​” သူများ​တွေတင်​သလို တင်​ချင်​တယ်​ ဒါ​ပေမယ့်​ တစ်​ဖက်​ကပြန်​ကြည့်​လိုက်​ရင်​ မိန်းက​လေးဘက်​ကနစ်​နာတယ်​​လေ မယူဖြစ်​ရင်​ ကိုယ့်​ယူမယ့်​သူ​ရော သူယူမယ့်​ မိန်းက​လေးကိုပါ […]