Cele News

Realme ဖုန်းသစ်မိတ်ဆက်ပွဲတွင် တွေ့ရတဲ့ ကောင်းမြတ်စံ

” အချစ်သင်္ကေတ ” ဇာတ်လမ်းတွဲတွင် စတင်ပွဲဦးထွက် အနုပညာခြေလှမ်းအဖြစ် ပရိသတ်များစတင်သိရှိခဲ့ပြီး နောက်ပိုင်း ဇာတ်လမ်းတွဲကြော်ငြာများဆက်တိုက်ရိုက်ကူးလာပြီး တဖြည်းဖြည်း ပရိသတ်များရဲ့ ချစ်ခင်သဘောကျ မှုကိုရရှိခဲ့ပါတယ်။ အခုမှာတော့ အနုပညာကြယ်ပွင့်လေးတစ်ခုအနေနဲ့ ရပ်တည်နေပြီး အနုပညာအလုပ်တွေကိုလဲ အဆက်မပြတ် လုပ်ကိုင်နေကာ အနုပညာမှတ်တိုင် များစိုက်ထူရန်အတွက် အကောင်းဆုံး ကြိုးစားလေ့လာသင်ယူနေတာဖြစ်ပြီး အကောင်းဆုံး လျှောက်လှမ်းနေတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ အောက်တိုဘာလ၁၈ ရက်နေ့မှာပြုလုပ်ကျင်းပခဲ့တဲ့ Realme ဖုန်းသစ်မိတ်ဆက်ပွဲလေးကို တက်ရောက်ခဲ့တဲ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။” ဖိုးဖိုးအချစ်တွေက မြေးလေးတို့အတွက်ပါ ” လို့လဲ ချစ်စရာကောင်းလောက်အောင် စနှောက်ဟန်ဖြင့် ပြောထားပါတယ်။ Photo Source ; Kaung Myat San

Cele News

Yangon Hotel Expo 2019 ပွဲတွင်တွေ့ရှိရတဲ့ ပန်းရောင်ခြယ်

ပန်းရောင်ခြယ်လေးကတော့ အဖေ့ရဲ့ ဂီတအမွေတွေကို ဆက်ခံထားသူလေးဖြစ်ပြီး ဂီတနယ်ပယ်မှာ အောင်မှုကိုထိန်းသိမ်းထားရုံသာမက သရုပ်ဆောင်လောကဘက်သို့ ခြေလှမ်းများစတင်ဝင်ရောက်လာပြီး သရုပ်ဆောင်နယ်ပယ်တွင်အသစ်ဖြစ်သော်လည်း ကြိုးစားပြီးအောင်မြင်အောင် လေ့လာသင်ယူနေပါတယ်။ အခုမှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာဇာတ်လမ်းတွဲကလည်း ရုပ်သံလိုင်းတွင်ထုတ်လွင့်ပြသနေပြီပဲဖြစ်ပါတယ်။ထိုကားရဲ့ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲ မပြသေးခင်ထဲက ပရိသတ်တွေရဲ့ စိတ်ဝင်စား အာရုံစိုက်မှုကိုရရှိထားပါတယ်။ အသက်အရွယ်အားဖြင့်ငယ်သေးသော်လည်း ရရှိလာတဲ့ သူမရဲ့အခွင့်အရေးမှန်သမျှကို အကောင်းဆုံးကြိုးစားသူလေးဖြစ်ပါတယ်။ အောက်တိုဘာလ ၁၈ရက်ကနေ ၂၀ရက်နေ့ထိကျင်းပနေတဲ့ Yangon Hotel Expo 2019 ပွဲမှာတော့ အစိမ်းရောင်ဝတ်ဆုံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပြီးလှပနေတဲ့ သူမကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ Photo Source : Pan Yaung Chel

Cele News

နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ သိန်း (၅၀၀)နဲ့ စားသောက်ကုန်(၁၅)မျိုးအားလှူဒါန်း

အနုပညာမောင်နှမများစွာနဲ့ဖန်တီးပေါင်းစပ်ထားတဲ့ နှင်းဆီလှေအဖွဲ့သားများကတော့ အငြိမ့်ပွဲများကို ပြည်တွင်းသာမက ပြည်ပမှာပါ ကပြဖျော်ဖြေကြပြီး ရရှိလာတဲ့ ငွေများကိုတော့ ပြည်သူတွေအတွက် သဘာဝဘေးအန္တာရာယ်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေကို ပြန်လည်ထူထောင်ရေး အစီအစဉ်များတွင်ပါဝင်လှူဒါန်းနေကြဖြစ်ပါတယ်။ နှင်းဆီလှေအဖွဲ့ သားများကတော့ လူမှုကူညီရေးဖောင်ဒေးရှင်းအနေနဲ့ နှင်းဆီရင်ခွင် လို့နာမည်ပေးထားသော ဖောင်ဒေးရှင်းအဖွဲ့ ဖြင့်ကူညီထောက်ပံ့နေတာဖြစ်ပြီး တကယ်လိုအပ်နေတဲ့ နေရာဒေသများသို့ရောက်ရှိအောင် ဆောင်ရွက် လှူဒါန်းနေတာပဲဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သဘာဝဘေးဒဏ်ခံစားရသောဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ သိန်း(၅၀၀)နဲ့ စားသောက်ကုန် (၁၅)မျိုးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ လှုဒါန်းလိုက် ကြောင်းသိရပါတယ်။ Source ; Nay Toe

Cele News

ကလေးတွေမပါဘဲ ခရီးထွက်ခဲ့ရတဲ့အတွက် ၀မ်းနည်းခဲ့သော်လည်း လင်းလင်းရဲ့ စီစဉ်ပေးခဲ့တဲ့ခရီးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ချစ်သုဝေ

အနုပညာ သရုပ်ဆောင် အဆိုတော် ဆရာဝန်မလေး ချစ်သုဝေကတော့ အ၇မ်းအချစ်ခံရတဲ့ ဇနီးသည်လေးဖြစ်ပြီး အဆိုတော်လင်းလင်းနဲ့ရွှေလက်တွဲကာ ပျော်ရွှင်တဲ့မိသားစုလေးကို နှစ်ဦးအတူတူ ဖြတ်သန်းနေကြတဲ့ အနုပညာရှင်လေးတွေဖြစ်ပါတယ်။ သူမ ကတော့ သမီးလေးတွေနဲ့အတူတူ ဘ၀ရဲ့အချိန်တော်တော်များများကို ကုန်ဆုံးစေခဲ့ပြီး အပျော်ခရီးဆိုရင်လဲ ကလေးတွေမပါဘဲ မသွားဖြစ်ဘူး အလုပ်နဲ့သွားတာဆိုရင်လဲ ကလေးတွေမပါတော့ အပြစ်ရှိသလိုခံစားရတယ် လို့ ကလေးတွေအပေါ်ထားရှိ မိခင်မေတ္တာကိုတိုက်ရိုက်ခံစားမိအောင်ပြောပြထားပါတယ်။ အခုသူမ သွားရောက်ခဲ့တဲ့ခရီးလေးကတော့ လင်းလင်းစီစဉ်ပေးတာဖြစ်ပြီး မိသားစုအရေးနဲ့ အလုပ်ကိစ္စတွေနဲ့ပါရှုပ်ထွေးနေတဲ့ မိန်းမကို သဘာဝအလှတရားတွေကိုအပြည့်အ၀ခံစားမိပြီး ပျော်ရွှင်စေချင်တဲ့အတွက်ကြောင့် နှစ်ဦးသားခရီးထွက်ခဲ့တာဖြစ်ပြီး လမ်းခရီးတလျောက်လုံး အပျော်ဆုံးဖြစ်အောင်ထားရှိခဲ့တာကြောင့် အတိုင်းမသိဝမ်းသာကြည်နူးနေတဲ့သူလေးကတော့ ချစ်သူဝေလေးပဲဖြစ်ပါတယ်။ Photo Source ; Chit Thu Wai

Cele News

ပွဲ​ဈေးချိန်​မှာ ​ဈေး​ရောင်း​ကောင်းတာ​ကြောင့်​ ​ပျော်​ရွှင်​​နေတဲ့ ​အောင်​ရဲထိုက်​တို့ မိသားစု

ပရိတ်​သတ်​ကြီး​ရေ ​အောင်​ရဲထိုက်​​က​တော့ မျက်​ခုံး​ကောင်း​ကောင်းနဲ့ ​ယောက်ျားပီသပြီ့း အပြုံးချိုချို​လေး​တွေ​ကြောင့်​ ပရိတ်​သတ်​အာ​ပေး မှုကိုအခိုင်​အမှာ ရရှိထားတဲ့ မင်းသား​ချော​လေးတစ်​​ယောက်​ပါ။ ကျရာဇာတ်​ရုပ်​အတိုင်း ပီပီပြင်​ပြင်​ သရုပ်​​ဆောင်​နိုင်​တဲ့အတွက်​လည်း သူပါဝင်​ရိုက်​ကူးခဲ့တဲ့ ကာရိုက်​တာတိုင်းကို ပရိတ်​သတ်​​တွေ အား​ပေးကြပါတယ်​။လက်​ရှိမှာလည်း ​ပျောက်​ဆုံး​နေ​သောအမှန်​တရား ဇာတ်​လမ်းတွဲမှာ ပါဝင်​သရုပ်​​ဆောင်​ထားပြီး ပရိတ်​သတ်​ချစ်​ခင်​မှုကို ပိုမိုရရှိ​နေပြီဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ​​ရေ​ကျော်​ပွဲ​ဈေး ကျင်းပချိန်​မှာ သူ့အ​မေရဲ့ဆိုင်​​လေး ​ရောင်း​ကောင်းလို့​ ​ပျော်​ရွှင်​​နေကြပုံ​လေး​တွေကို သူ့ရဲ့ လူမှုကွန်​ရက်​မှာ ​ဖော်​ပြ​ပေးခဲ့ပါတယ်​။ ပရိတ်​သတ်​ကြီးလည်း အပြုံးချိုချို​လေးနဲ့ မင်း​သား​လေးရဲ့ဆိုင်​မှာ မစားချင်​ကြဖူးလား…. Source,Aung Ye Htike’fb

Cele News

ဆုတောင်းမှုနှင့်အတူတူ ငါးစာကြွေးခဲ့တဲ့ ပိုင်တံခွန်

ပိုင်တံခွန်ကတော့ မကြာသေးမှီကမှ Ambassador of Myanmar Tourism အဖြစ်ခန့်အပ်ခြင်းခံထားရပြီး မော်ဒယ်လောက ကနေ သရုပ်ဆောင်လောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး ပြည်တွင်းမှာသာမက ပြည်ပမှာပာအောင်မြင်နေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဖြစ်ပါတယ်။ သူရဲ့ ခန္ဓာကိုယ်တောင့်တောင့် အမိုက်စားတက်တူးတွေနဲ့ ဆံပင်အရှည်ကြောင့် သူရဲ့ဘယ်လို အမူအယာမျိုးမဆိုချစ်သောမျက်စိနဲ့ ကြည့်ရှုကြပြီ မိန်းကလေးပရိသတ်များရဲ့ သဘောကျနှစ်သက်မှုကို လက်ဝယ်ပိုင်ပိုင် ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။့  အောက်တိုဘာလ ၁၉ရက်နေ့မှာတော့ ပိုင်တံခွန် ကဆုတောင်းလေးတစ်ခုနဲ့ ငါးစာကြွေးခဲ့ပါတယ် ။သူရဲ့ဆုတောင်းလေးကတော့ ” ဘ၀တွေတိုင်းမှာ အစာရေစာ ကင်းလွတ်ခြင်းမှဝေးကွာကာ ရှိခြင်းနဲ့ အတူ စွန့်ကြဲပေးကမ်းခြင်းလဲပြုနိုင်ရပါလို၏” လို့ သံဝေဂ တရားပါလှတဲ့ ဆုတောင်းမှုလေးနဲ့အတူ အလှူပြုလုပ်ခဲ့ပါတယ်။ Photo source; Paing Takhon

Cele News

“လူထဲကလူ” ရုပ်ရှင်ဇာတ်ကားကြီးတွင်ပါဝင် သရုပ်ဆောင်မယ့် Sinon Loresca

ဖိလစ်ပိုင် နိုင်ငံရဲ့ King of Catwalk လို့တောင်အမည်တွင်ခေါ်ဝေါ်လို့ရတဲ့ Sinon ကတော့ ကမ္ဘာ့တခွင် ခရီးသွားသူတစ်ဦးအနေနဲ့ လှည့်လည်သွားရောက် လေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံသို့ရောက်ရှိနေတာဖြစ်ပြီး ချို့တဲ့နည်းပါးသော လူများဆီသို့ တက်နိုင်သမျှသောနည်းလမ်းလေးတွေနဲ့ ကူညီမှုပေးနေတာကြောင့် သူရဲ့ ပရိသတ်တွေပါမက တခြားလူတွေကပါ ချစ်ခင်သဘောကျလာကြပြီး သူရဲ့ လေးစားစရာကောင်းတဲ့ သနားစိတ် ဂရုနာစိတ် မေတ္တာထားတက်ပုံလေးတွေကတော့အတုယူဖွယ်ကောင်းလှပါတယ်။ မြန်မာနိုင်ငံအတွင်းသို့အလည်ရောက်နေတာကြာပြီဖြစ်တဲ့ Sinon တစ်ယောက် သူရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ လူထဲကလူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက်ကမ်းလှမ်းခံရပြီ ရုပ်ရှင်ဝါရင့်သရုပ်ဆောင်များစွာနဲ့ အတူတူ ဒါရိုက်တာကိုပေါက်ကရိုက်ကူးပုံဖော်မှာဖြစ်ကာ ထိုရုပ်ရှင်ပွဲကြီးရဲ့ ကန်တော့ပွဲကိုတော့ ယနေ့ ၁၉ရက်နေ့တွင် ရွှေတိဂုံ ဘုရားတွင်ပြုလုပ်ခဲ့ပါတယ်။ Source; Sinon Loresca

Cele News

Toxic ဇာတ်လမ်းတွဲထဲက ကအံ့မော်က အပြင်ကအတိုင်းပဲလို့ ပြောလာတဲ့ ကျော်စု

ကျော်စုကတော့ ရုပ်သံဇာတ်လမ်းတွေမှာပါဝင်ရိုက်ကူးရင်း ခပ်မိုက်မိုက် ကာရိုက်တာတွေနဲ့ လိုက်ဖက်မှုကို သဘောကျကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ရတဲ့ အနုပညာကြယ်ပွင့်တစ်ပွင့် အဖြစ်ရပ်တည်နေပါတယ်။ သူကတော့ မိုးမိုးမြင့်အောင်တဲ့ တပည့်ရင်းတစ်ယောက်ဖြစ်သလို တက်တက်ကြွကြွနှင့် အနုပညာအလုပ်တွေကို ကြိုးစားသင်ယူ လေ့လာတက်သူတစ်ဦးလဲဖြစ်ပါတယ်။အနုပညာပိုင်တွင် တော်ရုံသာမက အဆိုပိုင်းမှာ အသံငြိမ်ငြိမ်ဖြင့် သီဆိုနိုင်သူလဲဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ Toxic ဇာတ်လမ်းတွဲကတော့ ရုပ်သံလိုင်းမှာပြသနေပြီးဖြစ်ပြီး အံ့မော်ကာရိုက်တာဖြင့် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းထဲကကာရိုက်တာနဲ့ အပြင်က ပုံစံနဲ့က ထပ်တူကျတယ် လို့သူရဲ့ account စာမျက်နှာပေါ်မှာရေးသားတင်ပြထားပါတယ်။ Source ; Kyaw Su

Cele News

ကော့သောင်းမြို့ကိုအလည်ရောက်နေတဲ့ ခင်လေးနွယ်

သဘာဝရှုခင်းတွေကို အပြည့်အ၀ခံစားလို့ရမယ့် ကော့သောင်းမြို့လေးကို အလည်အပတ်ခရီးလဲဖြစ် အပန်းဖြေ ခရီးလဲအဖြစ်ရောက်ရှိနေသူကတော့ အနုပညာလျောက်လှမ်းပေါ်မှာ ကျရာဇာတ်ရုပ်တွင် အကောင်းဆုံး ကြိုးစား တင်ဆက်ပြသနိုင်သူလေးဖြစ်တဲ့ ခင်လေးနွယ်ပဲဖြစ်ပါတယ်။ သူမရောက်ရှိနေတဲ့ မြို့လေးမှာရှိတဲ့ 1199 တောင်ပေါ်သို့တက်ရောက်ခဲ့ပြီး သဘာဝအလှတရားတွေကို စိတ်ကြိုက်ခံစားကာ အားကစားဝါသနာပါသူလဲဖြစ် တောင်တက်ဝါသနာပါသူလဲဖြစ်တဲ့ ခင်လေးနွယ်ကတော့ ပျော်မဆုံး ကျေနပ်နေပါတယ်။တောင်ပေါ်ရောက်ရှိနေတာကြောင့် လေတိုက် ကြမ်းတမ်းမှုကိုလဲ ကြုံတွေ့ခဲ့ရပါတယ်။ တောင်ပေါ်ကနေ တွေ့မြင်ရတဲ့ ရှုခင်တွေရဲ့အလှကတော့ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရပါတယ်။ ” တိမ်ပင်လယ်တွေနဲ့ လှမှလှ လေတိုက်ချက်ကတော့ လူတောင်မလွင့် သွားတာကံကောင်း လှလိုက်တဲ့ရှုခင်းတွေကိုကြည့်ပြီး ကျေနပ်ခဲ့ရတယ် ” လို့ သူမရဲ့ Social Media မှာတောင်ပေါ်ကနေတွေ့မြင်ရတဲ့ သဘာဝအလှတရားများနဲ့အတူတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို ဖော်ပြထားပါတယ်။ Source; Khin Lay Nwe

Cele News

Bangkok ရဲ့ ညမီးရောင်အောက်မှာ လှပလွန်းနေတဲ့ ၀တ်မှုန်ရွှေရည်

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ ဘန်ကောက်မြို့ကိုရောက်ရှိနေပြီး အနုပညာအလုပ်တွေနဲ့အလုပ်များသူလေးဖြစ်ပါတယ် ။ ဒါပေမယ့် နုပျိုလှပမှုကိုဘယ်လောက်ပဲ ပင်ပန်းပါစေ အကောင်းဆုံး ထိန်သိမ်းထားနိုင်သော အနုပညာရှင်လေးဖြစ်ပါတယ်။ သူမကတော့ ” လိမ်ပြာစံအိမ် ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် Asian Academy Creative Award ကပေးတဲ့ Best Actress ဆုကိုလဲ လက်ခံရရှိထားသူ တစ်ဦးလည်းဖြစ်ပြီး ပြည်တွင်းသာမက ပြည်ပမှာပါ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်တဲ့ အနုပညာကြယ်လေးတစ်ပွင့် ဖြစ်ပါတယ်။ သူမရောက်ရှိနေတဲ့ ဘန်ကောက်မြို့ရဲ့ အလှများကိုနောက်ခံထားရှိပြီး သူမရဲ့ နူညံ့သိမ်မွေ့လှတဲ့ အလှတရားများနဲ့ ပေါင်းစပ်လိုက်သောအခါ အမြင်မှာ လှပတင့်တယ်သောအရာများက ပိုပြီးစိတ်ကူးယဉ်ဆန်ဆန်လှပလာသောကြောင့် ဘန်ကောက်မြို့ရဲ့ ညမီးရောင်အောက်မှာလှပနေတဲ့ သူမရဲ့အလှဓါတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source; Wutt Hmone Shwe Yi