Health Knowledge

အလှကုန်ပစ္စည်းတွေကိုဘယ်အချိန်မှာလွှင့်ပစ်သင့်သလဲ။

အလှကုန်ပစ္စည်းတွေသက်တမ်းကုန်တတ်တာကိုသိပေမယ့်လည်း အမှန်အတိုင်းဝန်ခံရရင် နှမြောတဲ့အတွက် ပစ္စည်းမကုန်မချင်းကိုလွှင့်မပစ်ရက်ကြတာမိန်းကလေးတိုင်းပါပဲ။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် အလှကုန်ပစ္စည်းတွေကပါကင်ထဲကမထုတ်ရသေးရင် ၃ နှစ်အထိအထားခံပြီးဖွင့်သုံးပြီးသွားရင်တော့ ၆ လ ကနေ ၁ နှစ်အတွင်းပဲခံပါတော့တယ်။ အချိန်အရသက်တမ်းမကုန်သေးပေမယ့် ထိန်းသိမ်းနည်းမမှန်ခြင်းသို့မဟုတ် ရာသီဥတုကြောင့်သော်လည်ကောင်းအရည်အသွေးပြောင်းလဲသွားတဲ့အခါ ဆက်လက်အသုံးမပြုသင့်တော့ပါဘူး။ ပစ္စည်းအမျိုးအစားအလိုက် အရည်အသွေးပြောင်းလဲပြီးလွှင့်ပစ်ရမယ့် အချိန်ကိုဖော်ပြပေးလိုက်ပါတယ်။ ၁။ တိုနာ( Toner ) တိုနာတွေကများသောအားဖြင့် ၂ နှစ်အထိခံပေမယ့် ဘူးထဲမှာအရောင်၊ အနံ့ နဲ့ အပြစ်အကျဲပြောင်းလာပြီဆိုရင် လွှင့်ပစ်သင့်ပါပြီ။ ၂။ Moisturizer Moisturizer ကတော့ ထုပ်ပိုးမှုပုံစံအပေါ်အများကြီးမူတည်ပါတယ်။ ညှစ်ထုတ်ပြီသုံးရတဲ့ tube တောင့်ဆိုရင် ၁ နှစ် သို့မဟုတ်၁၅ လအထိခံပါတယ်။ အလုံပိတ်အဖုံးနဲ့ဆိုရင်တော့ ၁ နှစ်ထပ်ပိုမခံပါဘူး။Moisturizer အရည်ကျဲနေပြီး သို့မဟုတ် ပြစ်လွန်းပြီးအလုံးအခဲလေးတွေဖြစ်နေပြီဆိုရင် ဆက်မသုံးသင့်တော့ပါဘူး။ ၃။ နေလောက်ခံခရင်မ် ၃ နှစ်အထိသက်တမ်းရှိပါတယ်။ […]

Health Knowledge

စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကိုဘယ်လိုဖေးမကူညီသင့်သလဲ

ကိုယ်ချစ်ရတဲ့သူတွေ စိတ်ဓာတ်ကျနေတာကိုမြင်ရတာဟာကိုယ်တိုင်လဲစိတ်ချမ်းသာစရာမကောင်းပါဘူး။ စိတ်ဓာတ်ကျခြင်းကအချိန်ကြာလာတဲ့အခါ ကိုယ့်အသက်ကိုယ်တောင် ရန်ရှာတတ်တဲ့အတွက် နောက်မကျခင် ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေကိုပျော်စေချင်တာလူတိုင်းရဲ့ ဆန္ဒပါပဲ။ ဒီနည်းလမ်းလေးတွေကစိတ်ဓာတ်ကျနေသူကိုအကောင်းဆုံးအားပေးနှစ်သိမ့်နိုင်မှာပါ။ ၁။ စိတ်ဓာတ်ကျခြင်းအကြောင်းကိုလေ့လာပါ။ တစ်ယောက်နဲ့တစ်ယောက်စိတ်ဓာတ်ကျပုံခြင်းမတူညီကြပါဘူး။ တစ်ချို့ကတော့ အစားအလွန်အကျွံစားမယ်။ တစ်ချို့ကတော့ မျက်ရည်လွယ်ပြီး အမြဲတမ်းဝမ်းနည်းနေတတ်မယ်။ တစ်ချို့ကတော့ ဒေါသထွက်လွယ်နေမယ်။ စသဖြင့် ပုံမှန်ထပ် အနည်းငယ်ပိုလွန်နေတဲ့ အပြုအမူမျိုးရှိတတ်ကြပါတယ်။ စိတ်ဓာတ်ကျနေသူတစ်ဦးရဲ့ အပြုအမူတွေကို ဆိုးဆိုးဝါးဝါးမှတ်ချက်ချပြောဆိုခြင်းမပြုဘဲ သူ့လုပ်ရပ်တွေကိုအသာတကြည်စောင့်ကြည့်လေ့လာပါ။ ၂။ နားထောင်ပေးပါ။ စိတ်ဓာတ်ကျနေသူတွေအများစုမှာရင်ထဲမှာသိမ်းထားရတဲ့ခံစားချက်တွေရှိပါတယ်။ သူတို့ကသင့်ကိုရင်ဖွင့်ပြောဆိုနေပြီဆိုရင် ထောက်ပြဝေဖန်တာမျိုးမလုပ်ဘဲ ငြိမ်ငြိမ်လေးနားထောင်ပေးလိုက်ပါ။ သူ့အမှားကိုသင်သိတယ်ဆိုရင်တောင် အပြစ်မတင်ဘဲသူ့ဘက်ကရေလိုက်ငါးလိုက် ပြောပေးပါ။ သူ့ရင်ထဲကရှိသမျှကိုပွင့်အန်ခွင့်ပေးလိုက်ပါ။ ၃။ အကူအညီပေးပါ။ စိတ်ဓာတ်ကျနေသူဟာအလွယ်တကူအားငယ်တတ်ပါတယ်။ တစ်ခုခုကြုံလာပြီဆိုဘေးနားမှာဘယ်သူမှမရှိဘူးတစ်ယောက်ထဲရင်ဆိုင်ရတယ်ဆိုပြီး ၀မ်းနည်းတတ်ကြပါတယ်။ ဒါ့ကြောင့် သင်ကသူ့ကိုအားပေးကူညီဖို့ အသင့်ရှိနေကြောင်းသူသိပါစေ။ လိုတဲ့အချိန်ခေါ်လိုက်နော်လို့ ပြောမယ့်အစား “ ဆေးခန်းသွားမယ်ဆိုရင် မသွားခင်တစ်ရက်ကြိုပြောပါ လိုက်ပို့ပေးမယ် “ ၊ “နေ့လည်စာစားချိန်လာတွေ့မယ်” […]

Health

မျက်ခွံတွဲကျခြင်းကိုသက်သာစေမယ့်နည်းလမ်းများ

မျက်ခွံလေးတွေကမျက်လုံးအပေါ်မှာတွဲအိနေတဲ့အခါပင်ပန်းနွမ်းနယ် နေတဲ့ပုံစံမျိုးဖြစ်စေပြီးရုပ်ပိုရင့်စေပါတယ်။ ဒီနည်းလမ်းလေးတွေကလွယ်လွယ်ကူကူနဲ့ မျက်အိတ်တွဲကျခြင်းကိုသက်သာစေမှာပါ။ ၁။ လဖက်ခြောက်ထုပ်ကပ်ခြင်း Ready madeလဖက်ခြောက်အိတ်လေးတွေကိုလည်းသုံးနိုင်ပါတယ်။ လဖက်ခြောက်အိတ်လေးကိုရေနွေးစိမ်ပါ။ ပြီးရင်အအေးခံပြီးတော့ မျက်ခွံတွေပေါ်တင်ထားပြီးမိနစ် ၂၀ လောက်အနားယူပါ။ လဖက်ခြောက်ရဲ့ ယောင်ယမ်းမှုကိုသက်သာစေတဲ့ အာနိသင်ကြောင့် မျက်ခွံတွဲကျခြင်းသက်သာသွားမှာပါ။ ၂။ ကြက်ဥအကာ ကြက်ဥအကာကအသားအရေကိုတင်းရင်းစေပါတယ်။အသုံးမပြုခင် မျက်နှာအရင်သစ်ပါ။ ကြက်ဥအကာကိုမျက်ခွံပေါ်လိမ်းပြီးခြောက်သွေ့အောင်ထားပါ။ ရေအေးလေးနဲ့ မျက်နှာပြန်သစ်ပေးပါ။ ချက်ချင်းသိသိသာသာမျက်ခွံလေးတင်းရင်းပြီးတွဲမကျတော့တာကိုတွေ့ရမှာပါ။ ၃။ ရေခဲကပ်ပါ။ ရေခဲကသွေးကြောတွေကိုကြုံ့သွားစေပြီးအရေပြားကိုကျစ်သွားစေတဲ့အတွက် ခနလေးကပ်လိုက်ရုံနဲ့ ချက်ချင်းသက်သာသွားမှာပါ။ ၄။ စပျစ်သီးများများစားပါ။ စပျစ်သီးမှာအရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ ဓာတ်များစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အရွယ်တင်နုပျိုဖို့ စားပေးသင့်ပါတယ်။ ၅။ သခွားသီး သခွားသီးကိုမိနစ် ၂၀ လောက်ကပ်ထားပေးရင် အသားအေးပြီးလန်းဆန်းစေမှာပါ။ ၆။ လေ့ကျင့်ခန်းလုပ်ပါ။ မျက်လုံးကိုပိတ်ထားပြီးမျက်ခွံပေါ်မှာလက်ညိုးကိုဖွဖွလေးတင်ထားပါ။ မျက်ခုံးကို မြှင့်တင်လိုက် အောက်ချလိုက်လှုပ်ရှားပေးပါ။ တစ်ခါလုပ်ရင် ၅ ကြိမ်နှင့် တစ်နေ့ ၁၀ ခေါက်ပြုလုပ်ပေးပါ။ […]

Cele News

LACOSTE ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ကောင်းမြတ်စံ

ပြင်သစ်နိုင်ငံကတိုက်ရိုက်တင်သွင်းဖြန့်ချီတဲ့ LACOSTE Brand ရဲ့ ပထမဆုံး Boutique ကို မြန်မာပလာဇာရဲ့ Ground Floor မှာဖွင့်လှစ်ထားပြီး ဖွင့်ပွဲကိုတော့ အောက်တိုဘာလ ၁၈ရက်နေ့ ညနေပိုင်းတွင်ကျင်းပခဲ့ပြီး အနုပညာရှင်များစွာကိုလဲ ဖိတ်ကြား ပါဝင်စေခဲ့ပါတယ်။ ထိုပွဲအခမ်းအနားပွဲသို့ ပရိတ်သတ်အချစ်တော် ကောင်းမြတ်စံလည်း တက်ရောက်ခဲ့ပါတယ်။ကောင်းမြတ်စံကတော့ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကိုအဆက်မပြတ် ရိုက်ကူးနေပြီး အနုပညာလမ်းကြောင်းပေါမှာ အောင်မြင်နေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ကောင်းမြတ်စံ တက်ရောက်ခဲ့တဲ့ ထိုပွဲလေးကိုတော့ တကူးတကလာရောက်ကြည့်ရှုကြတဲ့သူရဲ့ ပရိသတ်များ ၊ ပလာဇာမှာဈေးဝယ်ထွက်လာကြတဲ့ သူရဲ့ ပရိသတ်များနဲ့တွေ့ဆုံခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြကာ ရင်နှီဖော်ရွှေစွာတွေ့ရှိရပါတယ်။ Photo Source ; Kaung Myat San

Cele News

နောက်​ကွယ်​က အတင်း​ပြောတာ​တွေကို ဂရုစိုက်​မှာ မဟုတ်​ဘူးဆိုတဲ့ ​ရွှေအိမ်​စည်

ပရိတ်​သတ်​​တွေအား​ပေးမှု၇ိုအပြည့်​အဝရရှိထားတဲ့ မင်းသမီး​ချော​လေး ​ရွှေအိမ်​စည်​ က​တော့ လက်​ရှိမှာ အနုပညာ အလုပ်​​တွေကို အဆက်​မပြတ်​လုပ်​ကိုင်​​နေတာဘဲဖြစ်​ပါတယ်​။ သွယ်​လျ​ကျော့ရှင်းတဲ့ ခန္ဓာကိုယ်​ နဲ့ စတိုင်​ကျကျ ​နေတတ်​တဲ့ ​ရွှေအိမ်​စည်​ဟာ ​မော်​ဒယ်​ ပိုင်းမှာ ​အောင်​မြင်​ ​နေရုံသာမက ရုပ်​ရှင်​ ဇာတ်​ကား​တွေမှာပါ ကြိုးစားသရုပ်​​ဆောင်​​နေတာ​တွေ့ရပါတယ်​။ အိမ်​စည်​ဟာငယ်​ငယ်​၇ွယ်​၇ွယ်​နဲ့ ​အောင်​မြင်​​နေသူပီပီ လူအများရဲ့မလိုမုန်းထားမှုကိုလည်း ခံရလျက်​ရှိပါတယ်​။ အခုတစ်​ခါမှာ​တော့ အိမ်​စည်​က သူမကို တိုက်​ခိုက်​​နေတဲ့ လူ​တွေ အ​ပေါ် စိတ်​ထားကို​ပြောပြလာပါတယ်​” ​နောက်​ကွယ်​မှာ​ပြောတာ ​ပြောပါ​စေ ​ရှေ့တင်​ကြီး လာ​ပြော​နေတာမှ မဟုတ်​တာ လာ​ပြောလို့လည်း မရဘူး​လေ ကိုယ့်​ကို​တွေ့ရင်​​တော့ပြုံး​နေရတာဘဲ ဘယ်​သူမှလည်း ​ကိုယ့်​​ရှေ့မှာ​ပေါ်တင်​ကြီးလာ​ပြော​နေတာမ​တွေ့ဖူး​သေးဘူး” ဟုဆိုလာပါတယ်​။ အိမ်​စည်​က အမြဲ ဖျတ်​လတ်​တက်​ကြွကာ ဗွင်းဗွင်းရှင်းရှင်း​ပြောတတ်​သူမို့ ​ဝေဖန်​ခံ​နေရတာဘဲဖြစ်​ပါတယ်​။ ဘယ်​သူ​တွေ ဘယ်​လို တိုက်​ခိုက်​ အိမ်​စည်​က အိမ်​စည်​ပါဘဲ​နော်​။ Source Cele […]

Cele News

ပရိတ်​သတ်​​တွေ ​ပေးတဲ့ လက်​​ဆောင်​​တွေ​ကြောင့်​​ပျော်​​နေရတဲ့ ​ရွှေမှုန်​​လေး

ပရိတ်​သတ်​​တွေ တစ်​ခဲနက်​အား​ပေးရတဲ့ မင်းသမီး​ချော​လေး ​ရွှေမှုန်​က​တော့ ခင်​ပွန်းဖြစ်​သူ အဆို​တော်​ သရုပ်​​ဆောင်​ ​ရွှေ ထူးနဲ့ သာယာလှပတဲ့ မိသားစု​လေးမှာ အတည်​တကျ ဖြစ်​​နေပါပြီ။ ​ရွှေမှုန်​ က​တော့ ခင်​ပွန်းဖြစ်​သူ​ရွှေထူးရဲ့ သရုပ်ေ ဆာင်​အလုပ်​​တွေ​ပေါ်မှာလည်း အစွမ်းကုန်​ ပံပိုး​ပေး​နေပါတယ်​။ မကြာ​သေးခင်​က ကျင်းပခဲ့တဲ့ 4 reunion ပွဲမှာလည်းခင်​ပွန်းဖြစ်​သူနဲ့ အပြိုင်​ သီချင်း​တွေကို ​ဖျော်​​ဖြေခဲ့ပါ​သေးတယ်​။ ​ ဒီနေ့မှာတော့ ရွှေမှုံရတီက သူမကို ချစ်ခင်အားပေးကြတဲ့ ပရိတ်​သတ်အချို့နဲ့အတူတူ တွေ့ဆုံရင်း နေ့လည်စာစားပွဲလေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ သူမရဲ့ ပရိတ်​သတ်​​တွေက ကိတ်​​လေးနဲ့ သူမရဲ့ ပုံပါ ကွတ်​ကီး​လေး​တွေကို ​ရွှေမှုန်​အတွက်​ အထူးလုပ်​​ပေးထားခဲ့ပါတယ်​။ ချစ်​စရာ​ရွှေမှုန်​​လေး မုနိ့​လေး​တွေ စားရင်​ ​ပျော်​​နေတာကို ပရိတ်​​သတ်ေ​တွ​တွေ့၇မှာပါ။ ပရိတ်​သတ်ေ​​တွအတွက်​ ​ရွှေမှုန်​ရတီရဲ့ ပုံ​လေး​တွေကို တင်​​ပေးလိုက်​ပါတယ်​။ […]

Cele News

သုံးပန်လှကျိန်စာရိုက်ကွင်း​ပေါ်က ပုံရိပ်​​လေး​တွေကို ပရိတ်​သတ်​​တွေ အတွက်​ ထုတ်​ပြလိုက်​တဲ့ စိုးပြည့်​သဇင်

ပရိတ်​သတ်​​တွေရဲ့ အား​ပေးခြင်းကိုရရှိထားတဲ့ အကယ်​ဒမီ မင်းသမီး​ချော​လေး စိုးပြည့်​သဇင်​ကအရင်​က​ကျောင်းတစ်​ဖက်​နဲ့အနုပညာ အလုပ်​​တွေကိုသိပ်​မလုပ်​နိုင်​ခဲ့​ပေမယ့်​ လက်​ရှိမှာ​တော့ အနုပညာ အလုပ်​​တွေကို အချိန်​​ပေးပြီး လုပ်​​နေတာဖြစ်​ပါတယ်​။ ပရိတ်​သတ်​​တွေကို သူမရဲ့ အနုပညာအလုပ်​​တွေကို ချပြလျက်​ရှိပြီး ယ​နေ့မှာလည်းစိုးပြည့်​က သူမရဲ့ ဇာတ်​ကားသစ်​ထဲက ဇာတ်​​ကောင်​ရဲ့ ပုံရိပ်​အချို့ကိုတင်​ထားခဲ့ပါတယ်​။ စိုးပြည့်သဇင်က “သုံးပန်လှကျိန်စာ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။စိုးပြည့်က “သုံးပန်လှကျိန်စာ” ရုပ်ရှင်အတွက် ရိုက်ကူးရေးလုပ်နေတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြထားပါတယ်။ စိုးပြည့်​က ယင်းဇာတ်​ကားထဲမှာ ကိုလိုနီ​ခေတ်​က မိန်းမပျိုမမ​ကေသီ အဖြစ်​ သရုပ်​​ဆောင်​သွားရမှာဖြစ်​ပါတယ်​။ သူမရဲ့ မမ​ကေသီပုံကို ပရိတ်​သတ့်ေ​တွအတွက်​​ဝေမျှထားခဲ့ပါတယ်​။ ပရိတ်​သတ်​​တွေအတွက်​ စိုးပြည့်​ရဲ့ ပုံ​လေး​တွေကိုပြန်​လည်​​ဖော်​ပြလိုက်​ပါတယ်​​။ Source soe pyae thazin

Cele News

အဖိုးဖြစ်​သူ ဆုံးပါးသွားခဲ့လို့ပူ​ဆွေး ​သောက​ရောက်​​နေရတဲ့ ​ဘေဘီ​မောင်

ပရိတ်​သတ်​​တွေရဲ့ အား​ပေး မှုကိုရရှိထားတဲ့ မင်းသမီး ​ချော ​ဘေ ဘီ​မောင်ဟာလက်​ရှိမှာ​တော့ အနုပညာအလုပ်​​တွေကိုခပ်​မှန်​မှန်​​လေးလုပ်​ကိုင်​​နေပြီး ချစ်​သူသားဂန်းနဲ့ ပရိတ်​သတ်​​တွေ​တောင်​အားကျရ​လောက်​တဲ့ အချစ်​​ရေးတစ်ခုကို ပိုင်​ဆိုင်​ထားပါပြီ။ မကြာ​သေးခင်​ကပင်​ အင်​တာဗျူးတစ်​ခုမှာ မိသားစုအစုံအလင်​​နေဖို့ သုံးထပ်​တိုက်​​လေး​ဆောက်​​နေတာပြီး​တော့မှာ​မို့ ဝမ်းသားကြည်​နူး​နေပုံကိုပရိတ်​သတ်​​တွေကို ​ပြောပြထားပါတယ်​။ ယ​နေ့မှာ​တော်​ စိတ်​မ​ကောင်းစွာနု့ဘဲ ​ဘေ ဘီ​မောင်​ တစ်​​ယောက်​ အဖိုးဆုံးပါးသွားတဲ့သတင်းကို ကြားခဲ့ရပါတယ်​။ မိသားစု​ပေါ်မှာသံ​ယောဇဉ်​ကြီးလွနိးတဲ့ သမီးကြီးဖြစ်​တဲ့ ​ဘေ ဘီ​မောင်​ တစ်​​ယောက်​ အဖိုးနဲ့ မိသားစုအတူတူ ​နေနိုင်​ဖို့ ​မျော်​လင့်​မဲ့သွားခဲ့ပါတယ်​။ ပရိတ်​သတ်​​တွေက​တော့ ​ဘေဘီ​မောင်​ကို အား​ပေးစကားများစွာ ​ပြောပြီးနှစ်​သိမ့်​​ပေးလျက်​ရှိပါတယ်​။ Source Baby maung

Cele News

ဝိတ်​ချ​တော့မယ်​ဟုပရိတ်​သတ်​​တွေကိုအသိ​ပေးလာ တဲ့ ချမ်း​မြေ့​မောင်​ချို

MYANMAR IDOL မှ တစ်​ဆင့်​ ပရိတ်​သတ်​​တွေ ရဲ့အား​ပေးမှုကို တစ်​ခဲနက်​ရရှိထားတဲ့ ချမ်း​မြေ့​မောင်​ချိုက လက်​ရှိ မှာ အနုပညာ အလုပ်​​တွေ ကိုကြိုးစားလုပ်​ကိုင်​လျက်​ရှိ​ပြီး သူမရဲ့ ပရိတ်​သတ်​​တွေ အတွက်​ကြိုးစားလျက်​ရှိပါတယ်​။ ပြီးခဲ့တဲ့ စက်​တင်​ဘာ ၂၀ရက်​​နေ့မှာပင်​ အသက်​၂၀ပြည့်​သွားခဲ့ပြီး ငယ်​ရွယ်​ပြီး တက်​ကြွတဲ့သူမဟာ အနုပညာ အလုပ်​​တွေပို မာန်​ပါပါ လုပ်​​ဆောင်​လျက်​ရှိ​နေပါတယ်​။ ​မောင်​ချို​လေးဟာ သူမရဲ့ တစ်​ကိုယ်​​တော်​အ​ခွေ​လေး ထုတ်​ဖို့စီစဉ်​​နေပြီဟုသိရပါတယ်​။ ယင်းအ​ခွေ​လေးကို “Eleven” ဟုအမည်​​ပေးထားပြီး သူမရဲ့ voting no.ကို အစွဲုပြုကာ​ပေးထား​ပေးထားးခြင်းဖြစ်​ပါတယ်​။ ထို့အပြင်​ ယင်း​ခွေ​လေးကို ၁၁လပိုင်းမှာ စတင်​ထုတ်​ပြသွားမှာဖြစ်​ပြီး သီချင်းကလည်း ၁၁ ပုဒ်​ ပါဝင်​ထားပါတယ်​။ ဒီ​နေ့မှာ​တော့ ​မောင်​ချို​လေးက ချစ်​စဖွယ်​ ဂါဝန်​​လေးနဲ့ ပုံ​လေး​တွေ တင်​ထားပြီး ဝိတ်​ချ​​တော့မယ်​ဟု​ပြောထားပါတယ်​။ ပြည့်​ပြည့်​​လေးနဲ့ လည်း ​မောင်​ချိုတစ်​​ယောက်​ကကြည့်​​ကောင်း​နေ​ပေမယ့်​ […]

Cele News

ငယ်​ငယ်​က ပိုက်​ဆံမရှိလို့ showပွဲ​တွေ သွားမကြည့်​နိုင်​ခဲ့တဲ့ ပိုပို

ပိုပိုဆိုတာနဲ့ ဂီတမှာ ပါရမီထူးပြီး ကိုယ်​ပိုင်​သံစဉ်​​တွေကိုအ​တွေး​ကောင်း​ကောင်းနဲ့ ​ရေးဖွဲ့ သီကုံးနိုင်​သူဆိုတာသိကြမှာပါ။ တစ်​ကိုယ်​​တော်​အ​ခွေများစွာ ထွက်​ထားပြီး သူမရဲ့ ” ချစ်​ဖူးခဲ့သမျှ”အ​ခွေ​လေးဟာလည်း ယ​နေ့တိုင်​ပရိတ်​သတ်​​တွေရဲ့ ကြားမှာ လွင့်​ပျံ့ဆဲပါ။ ပိုပိုကမကြာခင်​ကျ​ရောက်​​တော့မယ့်​ ဒီဇင်​ဘာလ မှာ တစ်​ကိုယ်​​တော်​ showပွဲလုပ်​​တော့မှာဖြစ်​ပြီး ပရိတ်​သတ်​​တွေအတွက်​ အ​ကောင်းဆုံးပြင်​ဆင်​​ပေးထားတယ်​ဟုသိရပါတယ်​။ လက်​မှတ်​​ဈေး​တွေပါ ပရိတ်​သတ်​အဆင်​​ပြေ​အောင်​ ချိန်​ညှိ​ပေးထားပြီး ပိုပိုက သူမရဲ့ ငယ်​ဘဝက စိတ်​မ​ကောင်းစရာ အမှတ်​တရကိုလည့်း​ပြောလာပါ​သေးတယ်​” ငယ်​ငယ်​က showပွဲမကြည့်​နိုင်​ဘူး ပိုက်​ဆံမရှိလို့ ICပွဲကို သူငယ်​ချင်း​ခေါ်လို့ကြည့်​ခဲ့ဖူးတယ်​ ​နောက်​ တစ်​ပွဲ ကျ​တော့ ခနဘဲ ငယ်​ငယ်​က တစ်​လကိုမှ မုန့်​ဖိုး၅​သောင်းဘဲ ရတာ ရတာ​တွေကလည်းသီချင်ူလုပ်​လို့ကန်​ကုန်​တာနဲ့ မကြည့်​နိုင်​ခဲ့ဘူး” ဟုဆိုလာပါတယ်​။ ပိုပိုတစ်​​ယောက်​က လက်​ရှိ showပွဲ ကြည့်​နိုင်​တု့ အချိန်​ ကျ​တော့လည်း အချိန်​မ​ပေးနိုင်​တဲ့ သွားမကြည့်​ဖြစ်​ခဲ့ဘူးလို့ဆိုပါတယ်​။ သူမကြိုက်​တဲ့ ပြည်​ပကအဆို​တော်​များစွာရှိပြီး […]