Cele News

အလွှာစုံက ပရိတ်​သတ်​​တွေကြည့်​နိုင်​​အောင်​စီစဉ်​​ပေးထားတဲ့ပိုပိုရဲ့ One Lady Show

ကိုယ်​ပိုင်​သံစဉ်​​တွေနဲ့သီချင်း​ကောင်း​တွေကို ဖန်​တီးသီဆိုနိုင်​တဲ့ အဆို​တော်​​လေးပိုပိုက​တော့ ပရိတ်​သတ်​​တွေအား​ပေးရတဲ့ သူ​လေးပါ။ ထူးခြား​ပြောက်​​မြောက်​တဲ့ သံစဉ်​​တွေနဲ့ ခံစားချက်​ကို သီကုံး​လေ့ရှိသူမို့ ပရိတ်​သတ်​​တွေက တစ်​ခဲနက်​အား​ပေး​နေရတာပါ။ ပိုပို ပြီးခဲ့တဲ့ သီတင်းကျွတ်​မှာလည်း ​ဖျော်​​ဖြေပွဲများနဲ့ မအားမလပ်​ရှိခဲ့ပြီး အနုပညာ အလုပ်​​တွေကို ဆက်​တိုက်​လုပ်​ကိုင်​​နေတာဘဲဖြစ်​ပါတယ်​။ ဒီ​နေ့မှာ​တော့ ပိုပိုက မကြာခင်​အတွင်းမှာပြုလုပ်​ကျင်းပသွားဖို့စီစဉ်​​နေတဲ့ သူအရဲ့ တစ်​ကိုယ်​​တော်​ ​ဖျော်​​ဖြေပွဲနဲ့ ပတ်​သတ်​ပြီး ပရိတ်​သတ်​​တွေကိုအသိ​ပေးလာပါတယ်​” ၂၄ ရက်​ လာမယ့်​ ဒီဇင်​ဘာလ Golden Hotelမှာဖြစ်​သွားတယ်​ ​မြက်​ခင်းလည်းကျယ်​အရမ်းကြီးတယ်​ ကိုစိုင်းလည်းတစ်​ခါလုပ်​ဖူးတယ်​ ပရိတ်​သတ်​​တွေ လွတ်​လွတ်​လပ်​လပ်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ chillလို့ရ​အောင်​ game​အစီအစဉ်​​တွေလည်းပါမယ်​ လက်​မှတ်​ကို VVIPက ၅​သောင်း VIP က ၃​သောင်း ရိုးရိုးဒီတိုင်း standက ၁​သောင်း​ဈေးကြီး​အောင်​မလုပ်​ထားဘူး ပိုပိုပရိတ်​သတ်​​တွေက အလွှာမျိုးစုံရှိတယ်​ ပွဲတစ်​ခုလာရင်​ သူတို့မှာ အဝတ်​အစားနဲ့ သွားရလာရနဲ့၂​သောင်း […]

Cele News

အကြင်​နာမြစ်​ဖျားဇာတ်လမ်းတွဲ​​မှာ ​ချောစုအဖြစ်​နဲ့အ​ကောင်းဆုံးသရုပ်​​ဆောင်​ထားတယ်​ဆိုတဲ့ ခင်​ဝင့်​ဝါ

မင်းသမီး​ချော​လေး ခင်​ဝင့်​ဝါဟာ ပရိတ်​သတ်​​တွေ သည်းသည်းလှုပ်​ချစ်​ရတဲ့ မင်းသမီးတစ်​လက်​ဖြစ်​ပါတယ်​။ အနုပညာအလုပ်​​တွေကိုကြိုးစားလုပ်​ကိုင်​​နေတဲ့ ခင်​ဝင့်​ဝါ ဟာ အနုပညာသက်​တမ်နု​ပေမယ့်​ ကျရာဇာတ်​ရုပ်​ကို ပိုင်​နိုင်​စွာ အ​ကောင်းဆုံး သရုပ်​​ဆောင်​ပြတတ်​​သူဘဲဖြစ်​ပါတယ်​။ ပရိတ်​သတ်​​တွေက ​ခေးဟုတင်​စားက အချစ်​ပို​နေရပြီး ခင်​ဝင့်​ဝါ ​လေးကလည်း တကယ်​က​လေးကိုဖြူစင်​အပြစ်​ကင်းပြီးချစ်​ဖို့​ကောင်းသူပါ။ ​ခေးရဲ့ ပရိတ်​သတ်​​တွေအတွက်​ ​ခေးတစ်​​ယောက်​ ဇာတ်​လမိးတွဲ​လေးမှာပါဝင်​သရုပ်​​ဆောင်​ထားပြီး ယင်းဇာတ်​လမ်းတွဲ​လေးက မကြာမီမှာ MRTV-4မှာ ထုတ်​လွင့်​ပြသ​တော့မှာဖြစ်​ပါတယ်​။ ယင်းဇာတ်​လမိးတွဲ​လေးက​တော့ ” အကြင်​နာမြစ်​ဖျား” ဇာတ်​လမ်းတွဲ​လေးဖြစ်​ပြီး တစ်​နှစ်​​ကျော်​ထိ အချိန်​​ပေးကာ ရိုက်​ကူးခဲ့ရတဲ့ ဇာတ်​လမ်း​လေးဘဲဖြစ်​ပါတယ်​။ ယင်းဇာတ်​လမ်း​လေးမှာ ခင်​ဝင့်​ဝါ က “​ချောစုအဖြစ်​သရုပ်​​ဆောင်​ထားပြီး သူမအ​နေနဲ့ အ​ကောင်းဆုံး ​ချောစု ဖြစ်​​အောင်​ သရုပ်​​ဆောင်​ထားတယ်​ဟုသိရပါတယ်​။ ပရိတ်​သတ်​​တွေ “အကြင်​နာမြစ်​ဖျား”ဇာတ်​လမ်းတွဲ​လေးထဲက ​ချောစုကိုအား​ပေးဖို့​မေ့နဲ့​နော်​။ SOURCE MC

Cele News

၃ နှစ်​ပြည့်​မင်္ဂလာနှစ်​ပတ်​လည်​မှာ အမှတ်​တရပုံ​လေး​တွေ တင်​လာခဲ့တဲ့ မိုးယုစံ

မင်းသမီး​ချော​လေး မိုးယုစံဟာ မိသားစုနဲ့ အ​ခြေတကျရှိ​နေပြီး အနုပညာ အလုပ်​​တွေကိုလည်း လုပ်​ကိုင်​လျက်​ရှိပြီး ပရိတ်​သတ့​တွေရဲ့ အား​ပေးမှုကိုအပြည့်​အဝရရှိ​နေတုန်​ယပါဘဲ မကြာ​သေးခင်​ကမှ နှင်းဆီအငြိမ့်​မှာလည်း ပါဝင်​ကပြတင်​ဆက်​ခဲ့ပါ​သေးတယ်​။မင်းသမီး​ချော​လေးမိုးယုစံကသူရဲ့ ခင်ပွန်းဖြစ်သူကိုစွမ်းသူမိုးနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့မှာဆိုရင် မင်္ဂလာသက်တမ်း၃နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ အခုလို မင်္ဂလာသက်တမ်း၃နှစ်ပြည့်မြောက်တဲ့နေ့လေးမှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူတို့ဇနီးမောင်နှံနှစ်ဦး မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကျင်းပခဲ့စဉ်ကပုံလေးတွေနဲ့အတူ “[၃]နှစ်ပြည့် သားရေရတု မင်္ဂလာနှစ်ပတ်လည်”ဆိုပြီး ဖော်ပြထားတာပါ။ အများကအားကျရ​လောက်​တဲ့ မိသားစု​လေးကိုပိုင်​ဆိုင်​ထားတဲ့ မိုးယုစံက​တော့ ကံ​ကောင့းတဲ့ သူ​လေးပါဘဲ။ ပရိတ်​သတ်​​တွေအတွက်​ မိုးယုစံရဲ့ မင်္ဂ​ဆောင်​တုန်းက အမှတ်​တရပုံ​လေး​တွေကို ပြန်​လည်​​ဖော်​ပြလိုက်​ပါတယ်​။ Source Moe yu san

Cele News

မ​မျှော်​လင့်ထားတဲ့ ​မွေး​နေ့စပရိုက်​​လေးတစ်​ခု​ကြောင့်​ ​ပျော်​ခဲ့ရတဲ့ ခရစ္စတီးနားခီ

ရုပ်​ရှင်​ချစ်​ပရိတ်​သတ်​​တွေရဲ့ အား​ပေး​ထောက်​ခံမှုကိုအပြည့်​အဝရရှိထားတဲ့ ခီ​မောင်​နှံ တို့ဟာ အရည်​အ​သွေးပြည့်​မှီတဲ့ ရုပ်​ရှင်​ဇာတ်​ကား​ကောင်းများနဲ့ မြန်​မာ့အနုပညာ​လောကကို တစ်​ဆင့်​မြင့်​​စေသူ​တွေဘဲဖြစ်​ကြပါတယ်​။ ဝါသနာတူ အကျင့်​တူ ဇနီး​မောင်​နှံ နှစ်​​ယောက်​ဟာ တူညီတဲ့ ရည်​မှန်းချက်​တစ်​ခုတည်းကို ဦးတည်​​လျှောက်​လှမ်း​နေတာ ဖြစ်​ပြီ ပရိတ်​သတ်​အားကျရတဲ့ စုံတွဲ​လေးဘဲဖြစ်​ပါတယ်​။ ဒီနေ့ အောက်တိုဘာလ (၁၈)ရက်နေ့က​တော့ ဒါရိုက်​တာခရစ္စတီးနားခီရဲ့ မွေးနေ့ရက်မြတ်လေးဘဲဖြစ်ပါတယ်။ဒါရိုက်တာ ခရစ္စတီနားခီရဲ့ မွေးနေ့လေးအတွက်ကို “ထာဝရနှောင်ကြိုး”ရုပ်ရှင်အဖွဲ့သားတွေက မွေးနေ့ Surprise ပွဲလေးစီစဉ်ပေးခဲ့ကြတာကြောင့် ခရစ္စတီးနားခီက သူ့ရဲ့လူမှုကွန်ရက်က​နေ ကြည်​နူးပီတီဖြစ်​မိ​ကြောင်း​ရေးသားထါးခဲ့ပါ​သေးတယ်​။ ဒီလို မွေးနေ့ Surprise လေးလုပ်ပေးကြတဲ့အကြောင်းကို ခရစ္စတီးနားခီက”ည (၁၂) နာရီကျော် သမ္မတမှာ ရုပ်ရှင်လာစစ်တုန်း surprise လုပ်ခံရ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ရုပ်ရှင် poster အပြင် ခရစ္စရဲ့ပုံနဲ့ Happy Birthday wish လုပ်ပေးတဲ့ သမ္မတ ရုပ်ရှင်ရုံကိုလည်းကျေးဇူးတင်ပါတယ်”ဆိုပြီး ည(၁၂)နာရီမှာ […]

National Politics

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ကြား တွင် ကရင်နှင့် မွန်လက်နက်ကိုင်တို့ တိုက်ပွဲဖြစ်

ဝင်းရေးဒေသ မှာ NMSP,MNLA မွန်လက်နက်ကိုင် အဖွဲ့နဲ့ KNU, KNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီး ညှိနှိုင်းလို့ မရသေးကြောင်း ကြားသိရပါတယ်။ တာဝန်ရှိကို မေးမြန်းကြည့်ရာ ကရင် နယ်မြေအတွင်းမှာ အလံထောင်ရခြင်း ကို မွန်အဖွဲ့မှ တားဆီးလို့ အင်အားပြသော မွန်အဖွဲ့အား ကရင်အဖွဲ့ မှတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မွန်အဖွဲ့မှ အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ လည်း သတင်းရရှိပါတယ်။ နောက်ဆက်တွဲအနေ့ နဲ့ လည်း ၁၈ ရက်နေ့ ညပိုင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားသေးတယ်လို့ ဆိုပါတယ်။ Source: ကရင့်မီဒီယာ

Crime news

မန္တလေး ၆၆လမ်း ကျုံးဘေး ပလက်ဖောင်းပေါ်ရှိ အားကစားကိရိယာများကို မစင်သုတ်လိမ်းသွားခြင်း

မန္တလေးကျုံးပတ်လည်မှာ ပြည်သူတွေ အားကစားလုပ်ရန်အတွက် အားကစားပစ္စည်းများကို ထားရှိပေးထားတာကို စာဖတ်သူတွေ သိရှိပြီးဖြစ်ပါလိမ့်မယ်။ အဆိုပါ အားကစားကိရိယာတွေရဲ့လက်ကိုင်နေရာတွေမှာ မစင်များလာရောက်သုတ်လိမ်းထားရှိမှုကို ကျုံးဘေးမှာ ထားရှိတဲ့ CCTV မှတ်တမ်းများအရ တွေ့ ရှိထားပါတယ်။ ဓါတ်ပုံပါလာရောက်သုတ်လိမ်းသူဟာ ၆၆လမ်း ကျုံးဘေးပလက်ဖောင်းရှိ အားကစားကိရိယာတွေကို လာရောက်သုတ်လိမ်းသွားခြင်းဖြစ်ပါတယ်။ မစင်တွေကို အိပ်နဲ့ ထည့်လာပြီးသုတ်လိမ်းခြင်းဖြစ်တဲ့အတွက် ဒါဟာကြိုတင်ပြင်ဆင်လာတဲ့ အချက်ဆိုတာ သိသာနိုင်ပါတယ်။ ယခုလို လာရောက်သုတ်လိမ်းသူကို ဖမ်းဆီးရမိစေရန်လည်း ပြည်သူတွေက ၀ိုင်းဝန်းကူညီကြဖို့ ကို ဆော်သြ ထားတာကိုတွေ့ ရှိရပါတယ်။ Source: Ohmar Win