Cele News

” ချိုးရုပ် ” ရုပ်ရှင်ကားကြီး Red Carpet သို့တက်ရောက်လာတဲ့အဝါရောင်မင်းသမီးလေး ခြူးလေး

Til Tok မင်းသမီးလို့တောင်တင်စားလို့ရအောင် အနုပညာရှင်လေးတွေထဲကမှ ချစ်စရာကောင်းပြီး Tik Tok လေးတွေကလဲကြည့်ကောင်းတာထက် သူမရဲ့အလှတရားနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ချစ်ဖို့ကောင်းသွားတာဖြစ်တာကြောင့် ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကကြီးရဲ့ Red Carpet ပွဲသို့တက်ရောက်ခဲ့တဲ့ခြူးလေးကတော့အဝါရောင်ဝတ်စုံလေးနဲ့ အရမ်းကိုလှပနေပါတယ်။တခြားသူငေးမောလောက်ရတဲ့ အလှတရားတွေပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ တောက်တောက်လေးဝတ်ဆင်ထားတာကြောင့်သူမရဲ့အလှတရားကိုပိုမိုပေါ်လွင်စေပြီး ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်းလေးဖြစ်တဲ့အပြင် သူမကတော့ အနုပညာလျောက်လှမ်းကို ပျက်လက်သွားသည်မရှိအောင် လေ့လာသင်ယူနေရင်းအမြဲကြိုးစားနေတဲ့အနုပညာရှင်လေးဖြစ်ပါတယ်။သူမတက်ရောက်ခဲ့တဲ့ ” ချိုးရုပ် ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet ပွဲတွင်တွေ့ရတဲ့ သူမရဲ့ အလှဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Source ;MC

Cele News

သူငယ်ချင်းတွေတော့စွံကုန်ပြီ ကိုယ်ကတော့ ဘယ်အချိန်မှန်းမသိဘူးဆိုတဲ့ ပိုးကြာဖြူခင်

အနုပညာလောကကိုရောက်ရှိလာတာမကြာသေးပေမယ့်လဲ သူမရဲ့အပြုအမူနေထိုင်မှုအပေါ်ကို ချစ်ခင်ကြိုက်နှစ်သက်တာကြောင့် ပရိသတ်ချစ်တဲ့အနုပညာကြယ်ပွင့်တစ်ပွင့်အနေနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။ သူမ‌ကတော့ ဇာတ်လမ်းတွဲတွေမှာ သူမကျရာဇာတ်ရုပ်ကိုအကောင်းဆုံး သရုပ်ဆောင်ချပြနိုင်သူလေးဖြစ်ပြီး သူမကိုချစ်တဲ့ပရိသတ်တွေကိုလဲအလေးပေးချစ်မြတ်နိုးသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်နေတာပါ။ သီတင်းကျွတ်ကာလရောက်ရှိနေတာကြောင့် သူမရဲ့သူငယ်ချင်းတွေကတော့ မင်္ဂလာဆောင်တွေဖိတ်တာကြောင့် ပန်းကြဲတာတို့ မင်္ဂလာပွဲတက်တာတို့လုပ်ဖြစ်နေပြီး သူမအနေနဲ့တော့ ဘယ်တော့မှန်းမသိလို့ ပရိသတ်တွေကို စနှောက်ဟန်လေးနဲ့ရေးသားခဲ့ပါတယ်။ Photo Source ; Poe Kyar Phyu Khin

Cele News

ချစ်​သား​လေးရဲ့ သုံးလပြည့်​​မွေး​နေ့​လေးမှာ ဆု​တွေ​တောင်း​ပေးခဲ့တဲ့ ပိုးအိအိခန့်

သရုပ်​​ဆောင်​မင်းသမီး​ချော​လေး ပိုးအိအိခန့်​က​တော့ မြန့်​မာ့ဂုဏ်​​ဆောင်​ ​ဘောလုံးသမား ​အောင်​သူနဲ့အတူ သာယာတဲ့အိမ်​​ထောင်​​ရေး​လေးကို ပိုင်​ဆိုင်​ထားသူပါ။ လက်​ရှိသူတို့နှစ်​ဦးမှာ သား​လေးတစ်​ဥိးဖွားမြင်​ပြီး ဖြစ်​ပြီး ပရိတ်​သတ်​​တွေ အား​ပေးချစ်​ခင်​ရတဲ့ စံပြမိသားစု​လေးဖြစ်​​နေပါပြီ။သား​လေးဟာ ယခု လက်​ရှိမှာ ၃လပြည့်​ခဲ့ပြီဖြစ်​ပြီး သား​လေး​အတွက်​ ​မွေး​နေ့ဆု​တောင်းကို ​မေ​မေပိုးအိအိခန့်​က “မေမေ့အသည်းနှလုံး ဖေဖေ့အသည်းတစ်တုတ်ကြီး ဒီနေ့ဆို ၃လပြည့်ပါပီ❤ Happy Birthday❤ ပါသားလေးရေ မေမေ့သားလေး ၃လပြည့်မွေးနေ့ကစပြီး အသက်ရှည်ကျန်းမာ ရိုးဖြောင့်စွာနဲ့ လူတော်လူကောင်း လူလိမ္မာလေးအဖြစ် နိုင်ငံအကျိုး သာသနာအကျိုး ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ပါစေလို့ မေမေတရေးနိုးထ နို့တိုက်ရင်း ဆုတောင်းပေးလိုက်ပါတယ် 😁😁😁”သူမရဲ့ လူမှုကွန်​ရက်​မှာ ချစ်​စရာသား​လေးရဲ့ ပုံ​လေး​တွေနဲ့ ဆု​တောင်း​ပေးခဲ့ပါတယ်​။ ပရိတ်​သတ်​ကြီးလည်း ​အောင်​သူတို့ မိသားစု​လေးကို ချစ်​ခင်​​ပေးကြပါဦး​နော်​။ Wunna Source,Poe Ei Ei Khant’fb

Cele News

” သုံးပန်လှ ကျိန်စာ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ စိုးပြည့်သဇင်

အနုပညာလောကထဲကို ညီအစ်မလေးယောက်လုံးရောက်ရှိနေပြီး အငယ်ဆုံးဖြစ်ပေမယ့်လဲ အနာပညာပိုင်းတွင်ပါရမီပါလှသော စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုကြီးကိုလည်းစွတ်ခူးထားသူလည်းဖြစ်ပါတယ်။ သိမ်မွေ့တဲ့ဟန်ပန်လေးရှိပြီး ပရိသတ်တွေရဲ့အချစ်တော်လေး ဖြစ်တဲ့ အနာပညာရှင်မလေး စိုးပြည့်ကတော့ ” သုံးပန်လှကျိမ်စာ ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထိုကားကတော့ အခုခေတ်ကာလပုံစံမဟုဘဲ ကာလနောက်ပြန်ဆွဲထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကို ပြည်မြို့မှာရိုက်ကူးနေတာဖြစ်ပြီး ဒါရိုက်တာကတော့ ညွန့်မြန်မာညီညီအောင် ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကကြီးဖြစ်သလို ဇာတ်ဆောင်များအနေနဲ့ကတော့ ကျော်သူ၊ဟန်ကိုကိုကျော်၊စိုးပြည့်သဇင်တို့ကပါဝင်အားဖြည့်ထားကြတဲ့ ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ Source;MC

Cele News

စာအုပ်အဟောင်းဆိုင်လေးထဲပျော်မွေ့နေတဲ့ အေး‌သောင်း

မြန်မာဝတ်စုံလေး များနဲ့ လှပသိမ်မွေ့အောင်ဝတ်ဆင်တက်တဲ့ မအေးသောင်းကတော့ ပုရိသတွေရဲ့ အသည်းကျော် မိန်းကလေးပရိသတ်များရဲ့ အတုယူစရာဝတ်စားဆင်ယင်မှုအပိုင်းတွင် တည်ရှိနေတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာကိုသာမာန်လူထက်ပိုမိုခံစားလွယ်သော သူများက စာအုပ်စာပေများကိုပိုမိုဖတ်ရှုလေ့လာကြပါတယ်။ရသကော သုတပါဖတ်ရှုသူတွေကတော့ တကယ့်အနုပညာကို အလွယ်တကူခံစားသိရှိနိုင်ပြီး သာမာန်လူတွေ မလုပ်နိုင်တဲ့ အနုပညာရဲ့ခံစားထိတွေ့မှုကိုရရှိထားသူတွေပဲဖြစ်ပါတယ်။ အခုအခါမှာတော့အနုပညာခံစားတက်သူပီပီ စာအုပ်အဟောင်းဆိုင်လေးကိုရောက်နေတဲ့ မအေးသောင်းလေး‌ကတော့” စာအုပ်အဟောင်းဆိုင်လေး ကိုယ်ကတော့ ဖတ်ပြီးသွားပြီ မဖတ်ရသေးရင် အသစ်ပါပဲ” တချို့စာအုပ်တွေက ဟောင်းပေမဲ့ကောင်းပါတယ် တချို့စာအုပ်တွေကတော့ ဖတ်တဲ့အချိန်တွေကိုတောင် နှမြောမိတယ် ကိုယ့်ခံယူချက်နဲ့ကိုယ့်တန်ဖိုးပေါ့ “လို့သူ့ရဲ့အသိဗဟုသုတလေးကိုမျှဝေပေးခဲ့ပါတယ်။ Photo Source ; Aye Thaung

Cele News

အချစ်​​တွေစစ်​မစစ်​ ဓာတ်​ခွဲကြည့်​မယ်​ဆိုတဲ့ ​အောင်​မင်းခန့်

Mrtv4 ဇာတ်​လမ်းတွဲများမှ ပရိတ်​သတ်​အား​ပေးမှုရရှိခဲ့တဲ့ ​အောင်​မင်းခန့်​ကို အားလုံးသိကြမယ်​ထင်​ပါတယ်​​။နှုတ်​ခမ်းနီမ​လေး​တွေရဲ့ အချစ်​ကို သိမ်းပိုက်​ထားပြီး ​ယောက်ျားပီသတဲ့ ခန္ဓာကိုယ်​နဲ့ ​ချော​မောတဲ့ရုပ်​ရည်​တို့​ကြောင့်​ တဖြည်းဖြည်း ​အောင်​မြင်​မှု ပိုမိုရရှိလာခဲ့ပါတယ်​​​။ လက်​ရှိမှာ​တော့ သူပါဝင်​ရိုက်​ကူးထားတဲ့ “ကွီးတို့ရဲ့မာယာ”ဆိုတဲ့ ရုပ်​ရှင်​ကားကြီးက ရုံတင်​ပြ​သ​တော့မှာဖြစ်​ပါတယ်​။ ယခုမှာလည်း သူရဲ့ မိန်းက​လေးပရိတ်​သတ်​ ကြီးကိုစ​နောက်​တဲ့ အ​နေနဲ့ “အချစ် တွေစစ်မစစ် ဓာတ်ခွဲရမယ် လေ 😷😷😷”ဆိုပြီး သူရဲ့လူမှုကွန်​ရက်​မှာ ပုံ​လေးနဲ့ စ​နောက်​ထားပါတယ်​။ ချစ်​တဲ့ ပရိတ်​သတ်​ ကြီးကို ​အောင်​မင်းခန့်​ရဲ့ ပုံရိပ်​​လေး ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ Source, Aung Min khant’fb

Cele News

မိန်းက​တိုင်း အားကျသွား​လောက်​တဲ့ အမိုက်​စားဂါဝန်​ကြီးနဲ့ပုံ​လေး​တွေ မျှ​ဝေ​ပေးခဲ့တဲ့ ​အေးမြတ်​သူ

အေးမြတ်​သူက​တော့ ပါးချိုင့်​​လေးနဲ့ ချစ်​စရာ​ကောင်းပြီး ကျရာဇာတ်​ရုပ်​ကိုပီပီပြင်​ပြင်​ သရုပ်​​ဆောင်​နိုင်​တာ​ကြောင့်​ ပရိတ်​သတ်​ ချစ်​ခင်​အား​ပေးကျတဲ့ မင်းသမီး​ချော​လေးတစ်​​ယောက်​ပဲ ဖြစ်​ပါတယ်​။ အနုပညာ​လောကမှာ နှစ်​​​ပေါင်းများစွာ ရပ်​တည်​လာခဲ့ပြီး ယ​နေ့ထိတိုင်​ နုပျိုလှပ​နေဆဲ ဖြစ်​​တာ​ကြောင့်​ ပရိတ်​သတ်​​တွေချစ်​ခင်​မှုကို အခိုင်​အမာရရှိထားသူ​လေးပါ။ လက်​ရှိမှာလည်း သရုပ်​​ဆောင်​ ​နေတိုး၊​ကျော်​​ကျော်​​ဗိုလ်​၊ထူး​အောင်​တို့နဲ့ တွဲဖက်​ပြီး စစ်​ကား ရုပ်​ရှင်​ဇာတ်​ကားကြီးကို ရိုက်​ကူးပြင်​ဆင်​လျက်​ရှိပါတယ်​။ ယခုမှာ​တော့ မိန်းက​လေး​တွေ အားကျသွား​စေ​လောက်​တဲ့ အမိုက်​စားဂါဝန်​ကြီးကို ၀တ်​ဆင်​ကာ ဆွဲ​ဆောင်​မှုရှိ​နေတဲ့ သူမရဲ့ပုံရိပ်​လေး​တွေကို ပရိတ်​သတ်​​တွေ အတွက်​ ​ဖော်​ပြ​ပေးခဲ့ပါတယ်​။ ကဲပရိတ်​သတ်​ကြီး အတွက်​​အေးမြတ်​သူရဲ့ အမိုက်​စား ဓာတ်​ပုံ​လေး​တွေမျှ​ဝေ​ပေးလိုက်​ပါတယ်​​နော်​။ Wunna Source,Aye Myat Thu’fb

Cele News

သွယ်လျတဲ့ ခန္ဓာကိုယ်ရဲ့ အလှပုံရိပ်ကလေးတွေနဲ့ ရွှေအိမ်စည်

မော်ဒယ်မလေး အိမ်စည်လေးကတော့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားရှိပြီး အချေမင်းသမီးဆိုရင်လဲမမှားပါဘူး။မော်ဒယ်လောကထဲကိုဝင်လာတာမကြာသေးပေမယ့်လဲ ပုရိသတွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ယုံသာမက မိန်းကလေးပရိသတ်တွေကိုပါ အပိုင်သိမ်းထားသူလေးဖြစ်ပါတယ်။ မော်ဒယ်လောကမှာ ကြယ်ပွင့်တစ်ပွင့်အနေနဲ့ ရပ်တည်နေပြီး အနုပညာလောကထဲကိုလဲခြေချဖို့အတွက် ပြင်ဆင်နေတဲ့ သူလေးဖြစ်ပါတယ်။သူမရဲ့ ခန္ဓာကိုယ်လေးကတော့ အဆီပိုမရှိဘဲ သွယ်လျကျစ်လစ်တဲ့ Body မျိုးပဲဖြစ်ပါတယ်။ ရွှေအိမ်စည်လေးကတော့ ကော်ဖီကြိုက်နှစ်သူလေးဖြစ်တဲ့သူလေးပီပီ ” Coffee ချစ်တဲ့ စည့်အတွက်က အများကြီး မလိုပါဘူး ကော်ဖီကောင်းကောင်းလေးတစ်ခွက် ဖျော်တက်ရုံနဲ့တင် လုံလောက်ပီ ” ဆိုပြီး Coffeetime အနေနဲ့ သူမရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ရဲ့ အလှပုံရိပ်ကလေးတွေနဲ့ အတူတူ သူမရဲ့ Social Media ပေါ်မှာတင်ထားခဲ့ပါတယ်။ Photo Source; Shwe Eain Si

Cele News

ထာဝရ​နှောင်​ကြိုး ဇာတ်​ကားကြီး ရုံတင်​ပြသ​တော့မယ့်​အတွက်​ ရင်​တုန်​​နေတယ်​ လို့​ပြောလာတဲ့ ပိုင်​ဖြိုးသု

ဒါရိုက်​တာ ခရစ္စတီးနားခီရဲ့ အနုပညာဖန်​တီးတစ်​ခုဖြစ်​တဲ့ “Now and Ever “ထာဝရ​နှောင်​ကြိုး ရုပ်​ရှင်​ဇာတ်​ကားကြီးမှာ ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ပိုင်​ဖြိုးသုက​တော့ ပရိတ်​သတ်​အား​ပေးမှု အခိုင်​အမာရရှိထားသူတစ်​ဥိးပါ။ ချစ်​ခင်​ပွန်း ဏကြီးနဲ့အတူ ​ပျော်​ရွှင်​တဲ့အိမ်​​ထောင်​​ရေး​လေးကို ပိုင်​ဆိုင်​ထားသလို ရုပ်​ရှင်​​လောကမှာလည်း ထိပ်​တန်းတစ်​​ယောက်​အဖြစ်​နဲ့ သတ်​မှတ်​ခံထားရတဲ့ မင်းသမီး​ချော​လေးတစ်​​​ယောက်​ပါ။လက်​ရှိမှာသူပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ထာဝရ​နှောင်​ကြိုးရုပ်​ရှင်​ကားကြီး ပြသ​တော့မှာမို့ သူမရဲ့ရင်​ခုန်သံကို “ကိုယ့်စာမေးပွဲအဖြေလွှာကိုယ်ပြန်ဖတ်ခွင့်ရမယ့်ကျောင်းသူလိုပဲ….😅 ညကတည်းကအိပ်မပျော်…ရင်တွေတုန်….လက်တွေလည်းဘာကိုင်ကိုင်မမြဲလွတ်ကျ….. ကြောက်လိုက်တာဗျာ!!!!!! 😱😱😱”ဆိုပြီး သူမရဲ့လူမှုကွန်​ရက်​က​နေ​ဖော်​ပြ​ပေးထားပါတယ်​။ ပရိတ်​သတ်​ကြီး​ရော သုသု​​လေးပါဝင်​ထားတဲ့ ထာဝရ​နှောင်​ကြိုးဇာတ်​ကားကို အား​ပေးကြမှာလား။ Wunna Source,Paing Phyo Thu’fb

Cele News

စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin ရဲ့ ရက် ၁၀ဝပြည့်မွေးနေ့

လူ့လောကထဲဝင်လာတာမကြာသေးတဲ့ ဒီဒီလေးရဲ့ ချစ်သမီးလေးကတော့ အောက်တိုဘာလ ၂၁ရက်နေ့မှ ရက်တစ်ရာပြည့်ခဲ့တာပဲဖြစ်ပါတယ် ။ ကလေးလေးရဲ့ နာမည်အပြည့်ကိုတော့ Treasure Lwin လို့ နာမည်မှည့်ထားခဲ့ပါတယ်။ အသည်းတုန်နေအောင်ချစ်ရတဲ့ မိသားစုဝင်တွေရဲ့ အသည်းကျော်လေးကတော့ ချစ်စရာကောင်းလောက်အောင် ၀၀ကစ်ကစ်လေးရှိနေပြီး အရွယ်ကြီးလာတာနဲ့ အမျှ အရပ်ရှည်လာကာ ဖေဖေနဲ့ပိုတူလာပြီး ချစ်စရာကောင်းတဲ့ သမီးလေးဖြစ်တယ်လို့ မေမေဒီဒီက ပြောလာပါတယ်။ မီးမီ လေးရဲ့ ရက်တစ်ရာပြည့်မွေးနေ့ကိုတော့ ဖေဖေ၊မေမေ၊ တီတီတို့နဲ့အတူတူ ချစ်ခင်ရတဲ့ မိသားစု အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများ တက်ရောက်ခဲ့ကြပြီ မွေးနေ့အလှူလေးတွေလဲ ပြုလုပ်ပေးခဲ့ပါတယ်။ Photo Source ; Dee Dee