Cele News

သီတင်းကျွတ်အထိန်းအမှတ်​ လက်​​ဆောင်​အဖြစ်​ လိုချင်​​နေတဲ့ ​နောက်​ဆုံး​ပေါ် i phoneကို ရရှိခဲ့လို့ ​ပျော်​ရွှင်​​နေတဲ့ ဟာသလူရွှင်​​တော်​ ခင်​လှိုင်

လူရွှင်​​တော်​အဖြစ်​နဲ့ အနုပညာလုပ်​ငန်းကို စတင်​လုပ်​ကိုင်​ခဲ့ပြီး ရုပ်​ရှင်​​လောကမှာပါ ​အောင်​မြင်​မှု​တွေရရှိ​နေတဲ့ ဟာသသရုပ်​​ဆောင်​ ခင်​လှိုင်​ကို​တော့ အားလုံးသိကြမယ်​​ထင်​ပါတယ်​​နော်​။ခင်​လှိုင်​ဟာ နှစ်​​တော်​​တော်​ကြာ အနုပညာ​လောကမှာ ကျရာဇာတ်​ရုပ်​ကိုပီပီပြင်​ပြင်​ သရုပ်​​ဆောင်​နိုင်​ခဲ့တာ​ကြောင့်​ ပရိတ်​သတ်​ အား​ပေးမှုကို အခိုင်​အမာရရှိထားသူဖြစ်​ပါတယ်​။ လက်​ရှိမှာ သရုပ်​ပိုင်းအပြင်​ ကိုယ်​တိုင်​ဒါရိုက်​တာအ​နေနဲ့ ရိုက်​ကူးထားတဲ့ ချိုးရုပ်​ဆိုတဲ့ ရုပ်​ရှင်​ကားကြီးကလည်း ပရိတ်​သတ်​ ၀န်းရံမှု​တွေနဲ့ အတူ မကြာခင်​မှာ ရုံတင်​ပြသ​တော့မှာပဲဖြစ်​ပါတယ်​။ ယခုမှာ​တော့ သူလိုချင်​​နေတဲ့ ​နောက်​ဆုံး​ပေါ် iphoneကြီးကို သတင်းကျွတ်​ အထိမ်းအမှတ်​အဖြစ်​ ကန်​​တော့ခဲ့တဲ့ သူ့မိသားစုကို ​ကျေးဇူးတင်​ပြီး ​ပျော်​ရွှင်​​နေတဲ့ ပုံရိပ်​​လေး​တွေကို သူ့ရဲ့ ပရိတ်​သတ်​​တွေအတွက်​ လူမှုကွန်​ရက်​မှာ မျှ​ဝေ​ပေးခဲ့ပါတယ်​။ Wunna Source,Khin Hlaing

Celebrity

ဆံပင်အရှည်နဲ့ အမြင်ဆန်းစေတဲ့ ပုံလေးတွေကိုမျှဝေခဲ့တဲ့ အိစိကွေး

အချိန်တွေကြာအောင် ငယ်ဘ၀လေးကနေ လူလတ်ပိုင်းရောက်လာတဲ့ အခုအချိန်အထိ အနုပညာသရုပ်ဆောင်ပိုင်းတွင် တစိုက်မတ်မတ် ရပ်တည်နေပြီ အနုပညာကြယ်ပွင့်လေးအဖြစ်ရပ်တည်နေတဲ့ သူလေးကတော့ အိစိကွေးလေးပဲဖြစ်ပါတယ်။ ငယ်ငယ်က ကလေးသရုပ်ဆောင်ပိုင်းမှာ အသက်အ၇ွယ်အရမ်းငယ်သော်လည်း သွတ်သွတ်လပ်လပ်နဲ့ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်ခဲ့ရပါတယ်။အခုအချိန်မှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေး လေးတစ်ယောက်ဖြစ်နေပါပြီ။ သရုပ်ဆောင် ပိုင်းမှာ တော်ရုံမက အဆိုပိုင်းမှာလဲ ထူချွန်သူဖြစ်ပြီး အနုပညာနဲ့ပတ်သက်လာရင် ပါရမီပါသူလေးဖြစ်ပါတယ်။အခုသူရဲ့ လက်ရှိ ဆံပင်အတိုလေးကို ဆက်ထားတာကြောင့် ဆံပင်အရှည်လေး ဖြစ်နေပြီး ” ဆံပင်ရှည်သွားပြီ မိန်းကလေးနဲ့တူတယ်တော့ မပြောကြေး ” ဆိုပြီး စနှောက်ဟန်လေးနဲ့ရေးထားပါတယ်။ Photo Source ; Eisi Kway

Cele News

ချစ်​ခင်​ပွန်းရဲ့ ၃၈နှစ်​ပြည့်​ ​မွေး​နေ့မှာ စတုဒီသာအလှူပြုလုပ်​ခဲ့တဲ့ စမိုင်းလ်

စမိုင်းလ်​က​တော့ အပြုံးချိုချို​လေးနဲ့ ချစ်​စရာ​ကောင်းတာ​ကြောင့်​ ပရိတ်​သတ်​​တွေအား​ပေးမှုရရှိထားတဲ့ မင်းသမီး​လေးတစ်​ဦးပါ။အနုပညာ လုပ်​ငန်း​တွေနဲ့​ဝေးကွာ​နေပြီဖြစ်​​ပေမယ့်​ သူမရဲ့ပရိတ်​သတ်​​တွေက​တော့ ယ​နေ့ထိတိုင်​ အား​ပေးချစ်​ခင်​​နေဆဲပါ။ လက်​ရှိမှာ ချစ်​ခင်​ပွန်းနဲ့အတူ သမီး​လေး​တွေနဲ့ သာယာတဲ့မိသားစု​လေးကိုပိုင်​ဆိုင်​ထားပြီး အလှူ​အတန်း​တွေဆက်​တိုက်​ဆိုသလို ပြုလုပ်​လျက်​ရှိပါတယ်​။ ယခုမှာ​လည်း ချစ်ခ​င်​ပွန်းရဲ့ ၃၈နှစ်​ပြည့်​ ​မွေး​နေ့​လေးမှာ ​ရွှေတိဂုံဘုရား အ​ရှေ့ဘက်​မုဒ်​မှာ ဘုရားဖူးဧည့်​သည်​​တွေ စတုဒီသာ​ကျွေး​မွေးပြီး အလှူတန်း​တွေပြု လုပ်​ခဲ့ပါတယ်​။စိတ်​ထား​ကောင်းလွန်းတဲ့ စမိုင်းလ်​တို့မိသားစု ဒီထက်​မက လှူနိုင်​ပါ​စေလို့ ဆု​တောင်း​ပေးကြပါဦး​နော်​။ ပရိတ်​သတ်​ကြီးအတွက်​ စမိုင်းလ်​တို့မိသားစုရဲ့ စတုဒီသာ အလှူပုံရိပ်​​လေး​တွေ ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ Wunna Source,စမိုင်းလ်​’fb

Celebrity

ဝေလျှံ ရဲ့ သားလေးအမွှာ နှစ်နှစ်ပြည့် မွေးနေ့လေး

အဆိုတော် ဝေလျှံကတော့ တစ်ချိန်တခါက ပရိသတ်အချစ်တော် တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အချိန်နဲ့အမျှ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်ခဲ့ပြီး သရုပ်ဆောင် လုပ်ငန်းကိုပါ လုပ်ကိုင်ခဲ့ပါတယ်။ အိမ်ထောင် ပြုပြီးနောက်ပိုင်းမှာ အနုပညာလုပ်ငန်းပိုင်းမှာအားလျော့လာပြီး သာယာလှပတဲ့ မိသားစုလေးဖြစ်အောင် ထူထောင်နေတာဖြစ်ပြီး သားလေးနှစ်ယောက်ရရှိကာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားမိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ Frank&Tank ရဲ့ ၂နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။” ကျွန်တော် အသွေးအသားလေးတွေ ၂နှစ်ပြည့်ပြီ ဟတ်ပီးဘတ်ဒေးပါ ဖေဖေအချစ် ဖေဖေအသက် ဖေဖေအနာဂတ် ဖေဖေရဲ့ ကဲစိန်လေးတို့ရေ ” လို့ အကဲပိုအောင်ချစ်ပြနေတဲ့ ဖေဖေဝေလျှံကတော့ မွေးနေ့ဆုတောင်းလေးအဖြစ်ရေးသားထားပါတယ်။ Photo source; Wai Hlian Phyo

Cele News

ပန်းနု​ရောင်​ မြန်​မာဝမ်းဆက်​​လေးနဲ့ နုပျိုပြီး အလှကြီးလှ​နေတဲ့ အိန္ဒြာ​ကျော်​ဇင်

သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်သူ့အသည်းကျော် ထိပ်တန်းမင်းသမီးချောတစ်ဦးဖြစ်သလို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်.. ချစ်​စရာသားသားမီးမီး​တွေနဲ့ သာယာတဲ့အိမ်​​ထောင်​​ရေးတစ်​ခုကို ပိုင်​ဆိုင်​ထားပြီး ယ​နေ့ထိတိုင်​​အောင်​ အလှကြီးလှ​နေတဲ့ မင်းသမီး​ချော တစ်​ဦးပါ။ လက်​ရှိ သူမရဲ့လူမှုကွန်​ရက်​မှာ မင်္ဂလာပွဲတစ်​ခု ကိုတက်​​ရောက်​ထားတဲ့ သူမရဲ့ ပုံရိပ်​​လေး​တွေကို ပြန်​လည်​မှ​ဝေထားပါတယ်​။ပန်းနု​ရောင်​၀မ်းဆက်​​လေးနဲ့ အပြစ်​​ပြောရက်​စရာမရှိ​အောင်​လှ​နေတဲ့ အူဝဲရဲ့ ပုံရိပ်​​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ Wunna Source,Eaindra Kyaw Zin’fb

Celebrity

ထာဝရနှောင်ကြိုး ရုပ်ရှင် ဇာတ်ကားကြီးရဲ့ စတင် ရုံတင်ပြသပွဲ

ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီး ကတော့ ဒါရိုက်တာခရစ္စတီးနားခီ ရဲ့ ဒုတိယမြှောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇာတ်ကားနဲ့ Trailer စတင်ထွက်ရှိလာထဲက ပရိသတ်တွေထဲ စိတ်ဝင်စားမှုကို ရရှိထားပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာရုံတင်ပြသမှာပဲဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးရဲ့ အကြိုပြသပွဲကိုတော့ ယနေ့ညနေ ၆နာရီမှာပြသမှာဖြစ်ပါတယ်။ ထိုကားကြီးမှာ အဓိကဇာတ်ဆောင်များအနေဖြင့် ဇဏ်ခီ နဲ့ ပိုင်ဖြိုးသုတို့က ဇာတ်ရုပ်ကာရိုက်တာနဲ့လိုက်ဖက်အောင် အကောင်းဆုံး သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ” ကိုယ့်စာမေးပွဲအဖြေလွှာကို ကိုယ်ပြန်ဖတ်ခွင့်ရမယ့်ကျောင်းသူလိုပဲ ညကတည်းကအိပ်မပျော်…ရင်တွေတုန်…လက်တွေလည်းဘာကိုင်ကိုင်အမြဲလွတ်ကျ… ကြောက်လိုက်တာဗျာ !!!!! ” လို့ ထိုရုပ်ရှင်ဇာတ်ကားပေါ်ကြိုတင်ရင်ခုန်နေမိ တာကိုလဲ သုသုက သူမရဲ့ Social Media ပေါ်မှာ တင်ထားခဲ့ပါတယ်။ Photo Source ; Paing Phyo Thu

Cele News

တန်​ဖိုးကြီးအမိုက်​စား ကားကြီးဝယ်​ပြီးမ​မောင်းရဲလို့ မစီးရဖူးဆိုတဲ့ ​ဖွေး​ဖွေး

မြန်​မာပြည်​ရဲ ထိပ်​တန်းမင်းသမီး တစ်​ဦးအဖြစ်​ သတ်​မှတ်​ခံထားရတဲ့ ​ဖွေး​ဖွေးဟာ အကယ်​ဒမီထူးချွန်​ဆုများနဲ့အတူ ပရိတ်​သတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အခိုင်​အမာရရှိထားတဲ့ မင်းသမီးတစ်​ဦးပါ။ လတ်​​တ​လောမှာ​လည်း အနုပညာလှုပ်​ရှားမှု​တွေ ဆက်​တိုက်​ရှိ​နေပြီး သူမရဲ့ပရိတ်​သတ်​ကြီးအတွက်​ အမြဲလိုလို သူမရဲ့လူမှုကွန်​ရက်​က​နေ မျှ​ဝေ​ပေးလျှက်​ရှိပါတယ်​။ ယခုမှာ​တော့ တန်​ဖိုးကြီးGMCကားအသစ်​ကြီးကို “၀ယ်​ပြီး မ​မောင်းရဲလို့ မစီးရတဲ့ကားနဲ့” ဆိုပြီး သူမရဲ့ပုံရိပ်​​လေးနဲ့အတူ ပရိတ်​သတ်​​တွေ ​ဖော်​ပြ​ပေးထားပါတယ်​။ ပရိတ်​သတ်​ကြီးလည်း ​ဖွေးစိန်​​လေးကို ဒီထက်​မက ​အောင်​မြင်​ဖို့ ဆု​တောင်း​ပေးလိုက်​ကြပါဦး​နော်​။ Wunna Source,Phwe Phwe’fb

Cele News

ချစ်​​မေ​မေနဲ့အတူ မြန်​မာဝတ်​စုံ​လေးနဲ့ မြင်​သူတကာ​ငေး​မောရ​စေတဲ့ ခင်​၀င့်​ဝါ

မော်​ဒယ်​​လောက က​နေ အနုပညာလုပ်​ငန်းစတင်ခဲ့တဲ့ မင်း​သမီး​ချော​လေး ခင်​၀င့်​ဝါကို​တော့ အားလုံးသိကြမယ်​ထင်​ပါတယ်​။သူမက​တော့ လက်​ရှိမှာ အကြင်​နာမြစ်​ဖျားဆိုတဲ့ ဇာတ်လမ်းတွဲ​​ကြီးမှာ ပါဝင်​သရုပ်​​ဆောင်​ထားပြီး ​အောက်​တိုဘာ၂၃မှာ စတင်​ပြသ​တော့မှာဖြစ်​ပါတယ်​။ အမြဲလို ချစ်​စရာ​ကောင်းတဲ့ ပုံစံ​လေးနဲ့ ပရိတ်​သတ်​​တွေ​ဖော်​​ဖော်​​ရွေ​ရွေ ဆက်​ဆံတတ်​တဲ့ သူမက​တော့ ပရိတ်​သတ်​​တွေ ချစ်​ခင်​မှုကို အများကြီးရရှိထားပါတယ်​။ ယခုမှာ​တော့ ပန်း​ရောင်​ မြန်​မာဝတ်​စုံ​လေးနဲ့ လှ​နေတဲ့ သူမရဲ့ ပုံရိပ်​​လေး​တွေကို​တော့ “​ခေးကိုသတိရ လွမ်းဆွတ်​​နေမှာ စိုးလို့ ဓာတ်​ပုံ​လေး​တွေ ​နေ့တိုင်းလာတင်​မယ်​​နော်​”ဆိုပြီး သူမရဲ့ ​ဖေ့စ်​ဘွတ်​ အ​ကောင့်​မှာ ချစ်​တဲ့ပရိတ်​သတ်​ကြီးအတွက်​ ​ဖော်ြ​ပ​ပေးခဲ့ပါတယ်​။ ပရိတ်​သတ်​ကြီးအတွက်​ အရုပ်​​လေးတစ်​ရုပ်​လို ချစ်​စရာ​ကောင်းတဲ့ ​ခေးရဲ့ပုံ​လေး​တွေ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ Wunna Source,Khin Wint Wah’fb

Cele News

အရမ်းလိုက်ဖက်ပြီး ချစ်စရာကောင်းနေတဲ့ ချစ်စနိုးဦးတို့စုံတွဲရဲ့ pre wedding ဓာတ်​ပုံ​လေးများ

ပရိတ်​သတ်​ကြီး​ရေ မင်းသမီး​ချော​လေး ချစ်​စနိုးဦးကို​တော့ သိကြမယ်​ထင်​ပါတယ်​​နော်​။ဗီဒီယို​ခေတ်​မှာ ​အောင်​မြင်​​ကျော်​ကြားတဲ့ ထိပ်​တန်းမင်းသမီး​လေးတစ်​ဦးဖြစ်​ပြီး သူမရဲ့ အပြုံးချိုချို​လေး​တွေ​ကြောင့်​ ပရိတ်​သတ်​ချစ်​ခင်မူ ပိုမိုရရှိထားသူ​လေးပါ။ လက်​ရှိမှာ​တော့ သူမဟာ ​တေး​ရေး​တေးဆို ဖိုးသားနဲ့ မင်္ဂလာဦး ဆွမ်​​ကျွေးပွဲ​လေး ဆင်​နွှဲခဲ့ပြီး ​ပျော်​ရွှင်​တဲ့ အိမ်​​ထောင်​​ရေး​လေးကို စတင်​​လျောက်​လှမ်း​နေကြပီပဲဖြစ်​ပါတယ်​။လက်​ထပ်​​ပွဲ​​ကို ​အောက်​တိုဘာ၂၆ရက်​​နေ့မှာ နို​ဗိုတယ်​ ဟိုတယ်​ကြီးမှာဆင်​နွှဲသွားကြမှာ ဖြစ်​ပါတယ်​။ လိုက်​ဖက်​တဲ့ သူတို့နှစ်​ဦးရဲ့ ဥ​ရောပမှ pre wedding photo​လေး​တွေကိုPhotographerကိုဝဏ္ဏခွာနီးမှ”ညီ​လေးနဲ့ ညီမ​လေး ထာဝရ​ပျော်​ရွှင်​ပါ​စေ၊ပန်းခင်​​သောလမ်​​လျောက်​လှမ်း နိုင်​ပါ​စေ”ဆိုပြီးဆု​တောင်း​ပေးခဲ့ပါတယ်​။ ကဲ ပရိတ်​သတ်​ကြီးအတွက်​လည်း သူတို့နှစ်​ဦးရဲ့ ဓာတ်​ပုံ​လေး​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​.. Wunna Source, Chit Snow Oo’fb