Cele News

ထာဝရနှောင်ကြိုး ရဲ့ အကြိုပြသပွဲမှာတင် ပရိသတ်တွေရဲ့အားပေးနှစ်သက်မှုကိုရရှိခဲ့တာကြောင့် အရမ်းပျော်နေတဲ့ Christina Kyi

ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုအများကြီးပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပါတယ် ။ ထိုဇာတ်ကားကတော့ အချစ်ကို ဦးစားပေးပါရှိသော်လည်း Psychological နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါဝင်တာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ ထိုဇာတ်ကားကြီးရဲ့ Trailer ထွက်ရှိလာထဲက ပရိသတ်တွေရဲ့အားပေးသဘောကြမှုကိုခံခဲ့ ရပြီး မှတ်ချက်များစွာလဲ ရရှိထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ အောက်တိုဘာလ ၂၁ရက်နေ့မှာတော့ အကြိုပြသပွဲကို သမ္မတရုပ်ရှင်ရုံမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုအကြိပြသပွဲမှာတင် ပရိသတ်များစွာလာရောက်အားပေးခဲ့ကြပြီး မီဒီများစွာကလည်းသွားရောက်ရိုက်ကူးခဲ့ပါတယ်။ ပရိသတ်တွေရဲ့ လာရောက်အားပေးမှုကိုကျေနပ်တဲ့အပြင် သူတို့ရဲ့ လက်ဆောင်ပန်းစီးတွေကြောင့် ပျော်ရွှင်နေတဲ့ သူလေးကတော့ Christina Kyi ဖြစ်ပြီး လာရောက်အားပေးကြတဲ့ အနုပညာရှင်တွေ ပရိသတ်တွေနဲ့အတူတူ မီဒီယာ တွေကိုလဲ ကျေးဇူးတင်စကားပြောကြားထားပါတယ်။ Photo Source ; Christina Kyi

Cele News

ကျေးလတ်တောရွာလေးမှာ ပျော်ရွှင်နေတဲ့ အေးသောင်း

နေရာဒေသတွေကိုစူစမ်းလေ့လာကာသွားရောက်လည်ပတ်နေတဲ့ သူလေးကတော့ အေးသောင်းပဲဖြစ်ပါတယ်။ သူမကတော့ အနုပညာလျှောက်လှမ်းမှာအောင်မြင်နေရုံသာမက အပြင်လောကစီပွားရေးဘက်မှာလဲအောင်မြင်နေတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာလောကထဲမှာ ငယ်ရွယ်စဉ်က တရှိန်ထိုးမအောင်မြင်ခဲ့ပေမယ့် အခုအခါမှာတော့ အသက်အ၇ွယ်ရင့်ကျက်လာတာနဲ့အမျှ အောင်မြင်မှုလမ်းစပေါ်မှာ ပိုတိုးလို့အောင်မြင်လာပါတယ်။သူမပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲရုံတင်ပြသနေတာဖြစ်ပြီး ဇာတ်ရုပ်အလိုက်ပီပြင်အောင် သရုပ်ဆောင်နိုင်သူလဲဖြစ်ပါတယ်။ အခုအခါမှာတော့ ကျေးလတ်တောရွာလေးကိုရောက်ရှိနေပြီး သာယာလှပတဲ့ ရှုခင်းလေးတွေကိုတွေ့မြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သူမရောက်ရှိနေတဲ့ ကျေးလတ်ဒေသရဲ့ အလှတရားတွေကိုနောက်ခံထားကာရိုက်ကူးထားတဲ့ ပုံလေးတွေကို ” သမီးရီးစား စကားလာမပြောနဲ့ တောသူများ ဘာထင်တယ် ရိုသေစွာ လင့်ဝတ်တရားကို အများကြီးသိတတ်တယ် ” ဆိုတဲ့ သီချင်းစာသားလေးနဲ့ Social Media ပေါ်မှာရေးသား တင်ပြထားပါတယ်။ Photo Source; Aye Thaung

Cele News

အပြုံးချိုချို​လေး​တွေ ချစ်​တဲ့ ပရိတ်​သတ်​အတွက်​ sunkist နဲ့ဆို ချိုပါတယ်​ဆိုတဲ့ လိ​မ္မော်​​ရောင်​​လေးနဲ့လှ​နေတဲ့ ခြူး​လေး

ပရိတ်​သတ်​ကြီး​ရေ ခြူး​လေးက​တော့mrtv4 ဇာတ်​လမ်းတွဲများမှတစ်​ဆင့်​ ​အောင်​မြင်​မှု​တွေရရှိခဲ့တဲ့ မင်းသမီး​ချော​လေးတစ်​ဥိးပါ။သူမရဲ့ ကျရာ​ဇာတ်​ရုပ်​တိုင်း သက်​၀င်​ပီပြင်​စွာ သရုပ်​​ဆောင်​နိုင်​တဲ့အတွက်​ ပရိတ်​သတ်​​တွေချစ်​ခင်​မှုကို အခိုင်​အမာရရှိထားပါတယ်​။ Tiktok​ဆော့ကစားရင်း သူမရဲ့ အပြုံးချိုချို​လေး​တွေနဲ့ ပရိတ်​သတ်​​တွေကို ဆွဲ​ဆောင်​နိုင်​တဲ့မင်းသမီး​လေးလည်းဖြစ်​ပါတယ်​။လက်​ရှိမှာ သူမပါဝင်​သရုပ်​​ဆောင်​ထားတဲ့ “​ကျော်​ကြားနဲ့ အ​မွှေစိန်​ ၀ိညာဉ်​”ဆိုတဲ့ဇာတ်​ကားကြီးကလည်း ရုံတင်​ပြ​သ​တော့မှာပါ။ ယခုမှာ​တော့ ခြူး​လေးသူမရဲ့ အပြုံးချိုချို​လေး​တွေကိုချစ်​တဲ့ ပရိတ်​သတ်​​တွေအတွက်​ သူမရဲ့ပုံ​လေး​တွေနဲ့အတူ”အပြုံး ချိုချိုလေးတွေ ကိုချစ်တယ် ဆိုလို့ Sunkist နဲ့ ဆို အပြုံးတွေ ချိုလို့ ….. 😍😍”ဆိုပြီး​ဖော်​ပြ​ပေးခဲ့ပါတယ်​။ ပရိတ်​သတ်​ကြီးလဲ တကယ်​ပဲ ခြူး​လေးရဲ့ အပြုံး ချိုချို​လေးကိုချစ်​ကြတာလား။ Wunna Source,Chue Chue’fb

Cele News

ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ပုံလေးတွေတင်ခဲ့တဲ့ ခင်လေးနွယ်

ခရီးတွေထွက်နေတာဖြစ်ပြီး အနုပညာ သရုပ်ဆောင်ပိုင်းမှာ အရိုက်ကျဲလာတာဖြစ်ပေမယ့်လဲ ကင်းကွာနေတာမျိုးမဟုဘဲ တည်ရှိနေတဲ့သူလေးကတော့ ခင်လေးနွယ်ပဲဖြစ်ပါတယ်။ သူမကတော့ တစ်ချိန်က အနုပညာကြယ်ပွင့်တစ်ပွင့်အဖြစ်ရပ်တည်နေတာဖြစ်ပြီး ယခုအချိန်ထိလဲ ပရိသတ်တွေရဲ့ရင်ထဲမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ တည်ရှိနေဆဲဖြစ်ပါတယ်။ သူမတို့သူငယ်ချင်းတစ်စုကတော့ ခရီးထွက်ရတာဝါသနာပါသူလေးတွေဖြစ်ပြီး မိုးလေကင်းလွတ်တာနဲ့ အနုပညာအလုပ်တွေကင်းရှင်းချိန်မှာတော့ ခရီးအတူတူထွက်ကြတာပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့ ခရီးထွက်ရတာကိုကြိုက်နှစ်သက်ရုံသာမက အားကစားဘက်မှာလဲ အလှအတွက်ကော ကျမ်းမာရေးအတွက်ပါ ပေါင်းစပ်ကစားသူလေးဖြစ်ပါတယ်။ သူမရဲ့ Account ပေါ်မှာတော့ ဒီဒီရဲ့ သမီးလေး ရက်တစ်ရာပြည့်မွေးနေ့ပွဲမသွားခင်ကပုံလေးတွေကို ချပြခဲ့ပါတယ်။” လ၀န်းလေး ဘာပဲဖြစ်ဖြစ်ချစ်တယ်မဟုတ်လား ” ဆိုတဲ့ စာသားလေးနဲ့ ရေးစပ်သီကုံးပြီး ပုံလေးတွေနဲ့ အတူတူ တင်ထားခဲ့ပါတယ်။ထို့ပုံလေးတွေကိုကြည့်ရှုခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ Photo Source; Khin Lay Nwe

Cele News

တမူထူးခြားတဲ့ ၀တ်စုံလေးနဲ့“Myanmar’s Pride Awards” press conference ပွဲသို့တက်ရောက်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

အမြဲဆန်းပြားလှပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့ တခြားသူငေးမောရလောက်အောင် ၀တ်စားဆင်ယင်တက်တဲ့ အိန္ဒြာကျော်ဇင်ကတော့ “Myanmar’s Pride Awards” press conference ပွဲကိုတမူထူးခြားတဲ့ ၀တ်စုံလေးနဲ့ပွဲတက်လာတာပဲဖြစ်ပါတယ်။သူမကတော့ ဘယ်အချိန်ကြည့်ကြည့် လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်များစွာကို စိုက်ထူနိုင်ယုံသာမက အနုပညာလောကရဲ့ ကြယ်ပွင့်တစ်ပွင့်ဆိုလဲမမှားပါဘူး။ ပြည်တွင်မှာသာအောင်မြင်ရုံသာမက ပြည်ပကိုပါ အောင်မြင်ပေါက်ရောက်သူလေးဖြစ်ပါတယ်။ သာယာလှပတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို ဆက်တက် လုပ်ကိုင်နေပြီး သူမပါဝင်အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလဲ ရုံတင်ပြသနေတာပဲဖြစ်ပါတယ်။“Myanmar’s Pride Awards” press conference ပွဲသို့ တက်ရောက်ခဲ့တဲ့ သူမရဲ့ဖတ်ရှင်တွေနဲ့ အတူ အလှပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source : Eaindra Kyaw Zin

Cele News

မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလှနေတဲ့ မိုးစက်ဝိုင်

မော်ဒယ်လောကကနေ သရုပ်ဆောင်လောကထဲသို့ပြောင်းရွှေ့လာတဲ့ အနုပညာရှင်များစွာရှိပါတယ်။မော်ဒယ်လောကမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ မိုးစက်ဝိုင်ကတော့ မော်ဒယ်လောကထဲတွင် အခြေချနေပြီး ခြေလှမ်းသစ်များအဖြစ် သရုပ်ဆောင် လုပ်ငန်းတွေကိုပါ ချဲ့ထွင်လုပ်ကိုင်လျက်ရှိပါတယ်။ သူမအနေနဲ့ မော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် ခေတ်ရေစီးကြောင်း ပြောင်းလဲမှုနဲ့အညီ လိုက်လျောညီထွေအောင် ၀တ်ဆင်နေထိုင်ရပြီး အမိုက်စား ၀တ်စုံပုံစံတွေနဲ့ပဲတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။သူမရဲ့ လှပသွယ်လျတဲ့ ခန္ဓာကိုယ်ကြောင့် ဘယ်အ၀တ်အစားပဲဝတ်ဝတ် ကြည့်ကောင်းနေပါတယ်။ အခုအခါမှာတော့ တမူထူးခြားနေတဲ့ မြန်မာဝတ်စုံလေးနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။အမြင်ထူးပေမယ့်လည်း မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်နေတာကြောင့် ကျက်သရေရှိရှိ လှပနေပါတယ်။သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ အလှတရားပြည့်စုံနေပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Photo Source; Moeset Wine

Cele News

အမိုက်စားဖတ်ရှင်အလန်းစားနဲ့ထွက်ပေါ်လာတဲ့ နန်းစုရတီစိုး

အရုပ်ကလေးတစ်ရုပ်လိုချစ်ဖို့ကောင်းပြီး ဖတ်ရှင်ဒီဇိုင်း အလန်းစာတွေနဲ့ အခုနောက်ပိုင်းတွေ့မြင်လာရတာကတော့ နန်းစုပဲဖြစ်ပါတယ်။ သူမကတော့ မကြာသေးခင်ကမှ သစ်ချင်းအသစ်တစ်ပုဒ်ထွက်ရှိထားပြီး စိတ်ကူးယဉ်ဆန်လောက်အောင်ကောင်းတဲ့ Music Video လေးကို ရိုက်ကူးပုံဖော်ခဲ့ ပြီး သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့အနုပညာသက်တမ်းကကြာမြင့်နေပြီဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာကော အဆိုပိုင်းမှာပါ ၀မ်းစာဖြည့်ပြီးအကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ် ။ အောင်မြင်မှုတွေရရှိထားပြီးပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။ အခုအခါမှာတော့ သူမရဲ့ အလန်းစားဖတ်ရှင်တွေနဲ့ ခက်မိုက်မိုက် ပုံစံလေးကို တွေ့မြင်ရမှာဖြစ်ပြီး တွေ့နေကျ ပုံစံမျိုးမဟုတ်ဘဲမြင်တွေ့ရမှာပါ။သူမရဲ့ အမိုက်စား ဖတ်ရှင်ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Photo Source ; Nansu Yati Soe

Cele News

အသက်တစ်နှစ်ထပ်တိုးကြီး သွားပြီဖြစ်တဲ့ ခါရာ

အောက်တိုဘာလ၂၁ရက်နေ့မှာတော့ ခါရာရဲ့မွေးနေ့လေးပဲဖြစ်ပါတယ် ။ ခါရာကတော့အနုပညာလောကထဲကို မော်ဒယ်လောကနေတဆင့်ဝင်ရောက်လာတာဖြစ်ပြီး အောင်မြင်ခါစအနုပညာရှင်အနေနဲ့ရပ်တည်နေပါတယ်။ သူလျှောက်လမ်းနေတဲ့ အနုပညာလျှောက်လမ်းပေါ်မှာတော့အနုပညာကြယ်ပွင့်တစ်ပွင့်အနေဖြင့်ထွန်းလင်းစွာ တောက်ပနေပြီး ကြိုးစားလေ့လာသင်ယူရင်း အောင်မြင်မှုမှတ်တိုင်‌တွေကိုစိုက်ထူနိုင်အောင်အကောင်းဆုံးကြိုးစားနေတဲ့ အနာပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်အားဖြည့်ထားတဲ့ လိပ်ပြာဇာတ်လမ်းတွဲကလဲပရိသတ်တွေရဲ့အားပေးသ‌ဘောကျမှုကိုရရှိထားပါတယ်။ သူရဲ့ခန္ဓာကိုယ် ရဲ့တောင့်တင်းမှုကတော့ ယောင်္ကျားလေးပရိသတ်တွေပါမက မိန်းကလေးပရိသတ်တွေပါကြွေရတဲ့သူလေးပဲဖြစ်ပါတယ်။သူရဲ့‌အောက်တိုဘာလ ၂၁ရက်နေ့မှာကျရောက်ခဲ့တဲ့မွေးနေ့ပုံရိပ်ကလေးတွေက်နေ့မှာကျရောက်ခဲ့တဲ့မွေးနေ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ် ။ Photo Source ; Khar Ra

Cele News

ပုဂံမြို့လေးကိုအလည်ရောက်နေတဲ့ ခင်ဝင့်ဝါ

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး မော်ဒယ်လောက ကနေ အနုပညာကိုလျှောက်လှမ်းနေတဲ့ ခင်ဝင့်ဝါကတော့ အနုပညာကြယ်ပွင့်လေးတစ်ပွင့်အနေဖြင့် အနုပညာလောကထဲမှာရပ်တည်နေဖြစ်ပြီး အနုပညာနဲ့ပက်သက်လာရင် ကြိုးစားလေ့လာတဲ့သူလဲဖြစ်ပါတယ် ။ မိုးလေအနည်းငယ်ရှင်းလင်းနေပြီး ပွင့်လင်းရာသီဖြစ်နေတာကြောင့် ခရီးတွေထွက်နေကြပြီး ခင်ဝင့်ဝါကလဲ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ ပုဂံမြို့သို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သူမကတော့ ပုဂံမှာ ပျော်ရွှင်နေပြီးချစ်စရာကောင်းတဲ့ပုံလေးတွေကိုတင်ထားခဲ့ပါတယ်။ ပေါက္ကံသူလေးပါပဲလို့ ပုဂံရဲ့အလှတရားတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေရယ် သူမရဲ့ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေရယ် ပေါင်းစပ်လိုက်တဲ့အခါမှာ အလှတရားတွေပေါင်းစပ်ထားတဲ့ ဓါတ်ပုံလေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Photo Source ;Khin Won’t Wah

Cele News

ချစ်သူနဲ့အတူ ကမ္ဘာအနှံမှာ အမှတ်တရတွေချန်ထားခဲ့ချင်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိမ်း

အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ဝိုင်းစုခိုင်သိမ်းနဲ့ အောင်လကတော့ ချစ်သူသက်တမ်းအဖြင့်ကြာလှပါပီဖြစ်ပါတယ် နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့သူတို့ရဲ့ အချစ်ကာလလေးကတော့ အေးဆေးတည်ငြိမ်းနေတာပဲဖြစ်ပါတယ်။ တစ်ယောက်ရဲ့ဖြစ်တည်မှုကိုတယောက်ကချစ်မြတ်နိုးပြီး ဖေးမလက်ခံနေတဲ့ သူတို့စုံတွဲလေးငတော့ ကမ္ဘာအနှံကိုခရီးထွက်ဖို့လဲ ရှိနေပြီး အနုပညာအလုပ်တွေ နည်းပါချိန်တွေမှာဆိုရင်တော့ တစ်ယောက်လက်တစ်ယောက်တွဲကာ ခရီးတွေထွက်နေကြပါတယ် ။ ” တိုင်ပေက Yehliu ကျွန်းပေါ်မှာ အမှတ်တရတွေ အများကြီးရှိခဲ့တယ်…. သူနဲ့ဆိုရင် ကမ္ဘာမြေအနှံ့ လျှောက်သွားမယ်…. နေရာအနှံ့မှာ အမှတ်တရတွေ ချန်ခဲ့မယ်…. ပြီးတော့ Photo လှလှလေးတွေ ရိုက်ကြမယ်…. “လို့သူမကရေးသားထားပါတယ်။ Source ; Wyne Su Khaing Thein