Cele News

ချစ်ရတဲ့ ခင်ပွန်းအတွက်မွေးနေ့ Surprise လုပ်ပေးခဲ့တဲ့ စမိုင်းလ်

စမိုလ်းကတော့ သူသိပ်ချစ်ရတဲ့ ခင်ပွန်းဖြစ်တဲ့ မွေးနေ့လေးကို နေအိမ်မှာပဲ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မွေးနေရဲ့ အစ လထဲက ကောင်းမှုကုသိုလ်များဖြင့် အလှူအတန်းများပြုလုပ်ပေးခဲ့ပြီး မွေးနေ့လ လေးကိုစတင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၂ရက်နေ့မှာကျရောက်ခဲ့တဲ့ သူမရဲ့ ခင်ပွန်းမွေးနေ့မှာတော့ သူမတို့ရဲ့နေအိမ်မှာ Surprise အနေနဲ့ အကောင်းဆုံးပြင်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အလှအပအခမ်းနားဆုံးဖြစ်အောင်ပြုလုပ်ပေးခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်တဲ့မိသားစုဖြစ်ကြောင်းတွေ့မြင်ရပါတယ်။ Surprise လုပ်ပေးခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ Account ပေါ်မှာဝေမျှပေးခဲ့ပြီး စိတ်ကူးယဉ်ဆန်ဆန် အလှပဆုံးလှပနေပါတယ်။ထိုပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှု ခံစားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ Photo Source; စမိုင်းလ် Smile

Cele News

ကိကိလေးရယ် ထိပ်ထားလေးရယ် ခေတ်လေးတို့နဲ့ အတူကလေးဗိုလ် လုပ်ခဲ့တဲ့ ချစ်သုဝေ

ဆရာဝန်မလေး ချစ်သုဝေလေးကတော့ ယနေ့မှာ ကျင်းပခဲ့တဲ့ Lifebuoy ရဲ့ help a child learn hand washing ပွဲလေးမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်စဉ်ထဲက အနုပညာလောကထဲကိုရောက်ရှိလာတာဖြစ်ပေမယ့် အခုအချိန်မှာတော့ သရုပ်ဆောင်အလုပ်ကိုမလုပ်ကိုင်တာ ၅နှစ်ရှိနေပြီဖြစ်ပါတယ်။ အနုပညာနဲ့ပက်သတ်လာရင်တော့ ကြော်ငြာတွေရိုက်ကူးနေဖြစ်ပြီး ပွဲတွေလာဖိတ်ရင်တော့ သီချင်းတွေသီဆို ဖြစ်နေတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ သူမကတော့ သာယာလှပတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလဲပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ သမီးလေးတွေရှိတဲ့ မိခင်ဖြစ်တဲ့ အပြင် ကလေးချစ်တက်တဲ့သူမကတော့ help a child learn hand washing ပွဲလေးမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ကိကိလေးရယ် ထိပ်ထားလေးရယ် ခေတ်လေးရယ် မီးမီးလေး ၃ယောက်နဲ့အတူတူ ကလေးဗိုလ်လေးအဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ; Chit Thu Wai […]

Cele News

ချစ်​သူသက်​တမ်း ၁၀နှစ်​​ကျော်​ခိုင်​မြဲ​နေတဲ့ အ​ကြောင်းအရင်းကို​ပြောပြလာတဲ့ ​နေ၀င်း

ပရိတ်​သတ်​ကြီး အဆို​တော်​​နေ၀င်း(snare)ကို​တော့ ​တော်​​တော်​များများသိကြမယ်​ထင်​ပါတယ်​​နော်​​။လူငယ်​ပရိတ်​သတ်​​တွေရင်​ထဲကို ထိ​စေမယ့်​ စာသား​တွေကို ထိထိမိမိ​ရေးစပ်​သီဆိုနိုင်​ခဲ့လို့ ​အောင်​မြင်​မှု​များစွာကို ပိုင်​ဆိုင်​ထားတဲ့ အဆို​တော်​တစ်​​ယောက်​ပါ။နေ၀င်းဟာ Travel Blogger​လေး အိမ့်​ချစ်​​ချောနဲ့ ချစ်​သူ သက်​တမ်း ၁၀နှစ်​​ကျော်​ရှိပြီပဲ ဖြစ်​ပါတယ်​။ လက်​ရှိ အချစ်​​ရေးအ​ခြေ​အ​နေကို​တော့‘’ကျွန်တော်တို့လည်း ပုံမှန်အတိုင်းပဲ ရွေ့လာတာ နှစ်တွေက ကြာလာပြီဆိုတော့ သက္ကရာဇ်တွေက အသိအမှတ်ပြုပေးတာပေါ့နော်။ ကျွန်တော်တို့ နှစ်ယောက်ဟိုးအချိန်တွေ စတွဲလာကတည်းက ဒီအတိုင်းပါပဲ။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါကျတော့ ချောကလည်း သူ့ရဲ့ ခရီးသွားတဲ့ဘက်မှာ အဆင်ပြေလာတယ်။ ကျွန်တော်တို့ကလည်း ဒီဘက်မှာ ကိုယ့်အလုပ်နဲ့ကိုယ် ရှိပြီးသားဆိုတော့ လူတွေက ပိုပြီးတော့ သတိထားမိကြတယ်။ အဲဒီနောက်မှာလည်း ပိုချစ်ကြတယ်၊ ပိုအားပေးလာကြတယ်’’ ​ဆိုပြီး သူရဲ့အချစ်​​ရေးအ​ကြောင်းကို ​ဖြေကြား​ပေးခဲ့ပါတယ်​။ ၁၀နှစ်​​ကျော်အ​ချိန်​ထိ ခိုင်​မြဲ​နေတဲ့ သူတို့အချစ်​​ရေးအ​ကြောင်းကို​တော့‘’ လူတစ်ယောက်နဲ့ တစ်ယောက်မှာတော့ အဓိက က […]

Cele News

၁၉၁၀-၂၀ ခေတ်ကိုပြန်လည်ရောက်ရှိသွားတဲ့ အေးသောင်း

အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာမြင့်နေပြီဖြစ်ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ အေးသောင်းကတော့ ရှေ့ခေတ်ပြေး ဖတ်ရှင်တွေကိုသိပ်ဝတ်ဆင်လေ့မရှိဘဲ ရိုးရိုးယဉ်ယဉ်လေးတဲ့ လူအများမျက်စိထဲ မှာ အမြင်အေးစေတဲ့ ၀တ်စုံလေးတွေကိုပဲဝတ်ဆင်တက်တဲ့ သူလေးဖြစ်ပါတယ်။ အခုအခာမှာတော့ ဟိုးရှေးခေတ်က၀တ်စားဆင်ယင်မှုပုံစံကို ၀တ်ဆင်ချပြခဲ့တာပဲဖြစ်ပါတယ်။ ၁၉၁၀-၂၀ လောက်ကိုသွားထားတဲ့ ဓါတ်ပုံလေးကို သူမရဲ့ Social Media ပေါ်မှာ ” စစ်ပြီးခေတ်မှာ တစ်ထောက်နားခဲ့သေးတာ ” ဆိုတဲ့ စာသားလေးနဲ့ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ထိုဓာတ်ပုံလေးမှာတော့ သူမရဲ့အမူအရာ ၀တ်စားဆင်ယင်မှုတွေကတော့ တကယ့်ကိုခေတ်နောက်ပြန်ရောက်ရှိသွားတဲ့ အချိန်ခရီးသည်လိုခံစားရပါတယ်။နောက်ခံပုံရိပ်များကလည်း အသက်ဝင်လှပြီး ဓာတ်ပုံဆရာရဲ့လက်စွမ်းကလဲအံ့မခန်းဖြစ်လောက်အောင် ထိုဓာတ်ပုံလေးကိုကြည့်လိုက်တာနဲ့တိုက်ရိုက်ခံစားမိစေပါတယ်။ Photo Source; Aye Thaung

Cele News

မေမေနဲ့ အတူတူပျော်ပါးနေတဲ့ မြတ်နိုးအေး

မြတ်နိုးအေး ကတော့ သူစိမ်းအိမ်ကားထဲမှာ ပရိသတ်တွေစတင်သတိထားခဲ့တာဆိုပေမယ့်လဲ အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေသဘောကျရတဲ့ အနုပညာရှင်ကြယ်ပွင့်လေးဖြစ်နေပါပြီ။အနုပညာလောကထဲကိုရောက်ရှိလာတာမကြာသေးပေမယ့်လဲ သရုပ်ဆောင် ဘက်ပိုင်းမှာ ကျရာဇာတ်ရုပ်မှာအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူလေးလဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာပြီး ဇာတ်လမ်းတွဲအများစုတွေမှာလဲတွေ့မြင်လာရပါတယ်။သူမအခုလောလောဆယ် ပါဝင်အားဖြည့်ထားတဲ့ ဇာတ်လမ်းတွဲလေးကတော့ ရုပ်သံလိုင်းမှာပြသနေတဲ့ လိပ်ပြာဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲလေးမှာတော့ မြတ်နိုးဆိုတဲ့ ဇာတ်ကောင်နေရာမှာ အဓိကသရုပ်ဆောင်ထားပါတယ်။ အနုပညာတွေအလုပ်တွေနည်းပါးပြီးအားလပ်ချိန်မှာတော့ မေမေနဲ့အတူတူ အပန်းဖြေခရီးလေး အတူတူ ထွက်နေတာပဲဖြစ်ပါတယ်။ မေမေကလည်း သမီးနဲ့အတူတူ အပြိုင်လှနေပါတယ်။ သူမတို့နှစ်ဦးရဲ့ အပန်းဖြေနေတဲ့ ပုံလေးတွေရဲ့ အလှဆုံးပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source ; Myat Noe Aye

Cele News

တရုတ်စကားပန်းလေးနဲ့အရမ်း လှနေတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသု လေးကတော့ သူမသရုပ်ဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Now & Ever movie World Premier ပြပွဲလေးကို အောက်တိုဘာလ ၂၂ရက်နေ့မှာပြသခဲ့တာဖြစ်တာကြောင့် ထိုပွဲလေးကိုတက်ရောက် ခဲ့ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီး ကတော့ ချစ်ခြင်းမေတ္တာတရားကိုဖော်ညွှန်းထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ Review များစွာလဲရရှိထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ Now & Ever ရုပ်ရှင်ဇာတ်ကားကြီး မှာဆိုရင်တော့ သူမအကောင်းဆုံးကြိုးစား ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာ တမူမတူတဲ့ ဇာတ်ရုပ်မှာ ဇာတ်လမ်းရဲ့အဓိကဇာတ်ရုပ်ကိုပေါ်လွင်အောင် စိတ်နှစ် ပြီး ကြိုးစား သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ထိုပွဲလေးကိုတက်ရောက်လာတဲ့ သုသုရဲ့ အလှကတော့ ပြောစရာမလိုအောင်ပြီးပြည့်စုံလွန်းနေပါတယ်။အဝါရောင်ဂါဝန်လေးနဲ့ တရုတ်စကားပန်းလေးပန်ထားကို တွေ့ရတာ ကလေးလေးတစ်ယောက်လိုချစ်ဖို့ ကောင်းနေပါတယ်။သူမရဲ့လှပပြီးပြည့်စုံနေတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Photo Source ; Paing […]

Cele News

Body အမိုက်စားနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကိုထုတ်ကြွားလိုက်တဲ့ ထူးအောင်

ထူးအောင်ကတော့ ဇာတ်လမ်းတွဲတွေထဲမှာ အကောင်းဆုံးဇာတ်ဆောင်နေရာတွေမှာတွေ့မြင်နေရပြီး Body အမိုက်စားနဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဆိုလဲမမှားပါဘူး။ အနုပညာသက်တမ်းနုနယ်သေးတယ်ဆိုသော်လည်း ကြိုးစားပြီး အောင်မြင်မှုမှတ်တိုင်တွေကိုစိုက်ထူနေတဲ့ သူလဲဖြစ်ပါတယ်။ အနုပညာလောကထဲသို့ ၀င်ရောက်လာတာ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ ဇာတ်ဆောင်ပိုင်းမှာ ပိုမို ဆွဲဆောင်မှုရှိလာပြီး Body အနေအထားကလည်း အရမ်းမိုက်လာပါတယ်။သူ့ရဲ့ Body ကို ယောကျာ်းလေးတွေကပါ သဘောကျရုံသာမက မိန်းကလေးတွေရဲ့အသည်းစွဲလဲဖြစ်ပါတယ်။ အခုအခါမှာတော့ Body ကိုပိုမိုပေါ်လွင်စေတဲ့ ဓါတ်ပုံလေးတွေကို သူ့ရဲ့ Social Mediaေါ့်မှာဖော်ပြခဲ့ပါတယ်။ သူရဲ့ ပုံလေးတွေကို ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ Photo Source ; Htoo Aung

Cele News

India မှာ အပန်းဖြေခရီးထွက်နေတဲ့ Bella

ပွင့်လင်းရာသီဖြစ်လာတာနဲ့အမျှ အနုပညာရှင်များကတော့ အပန်း‌ဖြေ ခရီးတွေထွက်နေကြတာပဲဖြစ်ပါတယ်။အခု India မှာသွားရောက်လေ့လာရင်းအပန်းဖြေနေတာကတော့ Bella လေးပဲဖြစ်ပါတယ် ။ အနုပညာတွေနည်းပါးပြီးအားလပ်ချိန်တွေမှာတော့ အပန်းဖြေခရီတွေထွက်လေ့ရှိတဲ့ Bella လေးကတော့ Indiaကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။India မှာရှိတဲ့အဆောက်အအုံတွေနဲ့ သဘာဝရှုခင်းတွေကြောင့် ခရီးသွားသူများအတွက်စိတ်ဝင်စားစရာနေရာတစ်နေရာဖြစ်ပါတယ်။ သူမရောက်ရှိနေတဲ့ နေရာဒေသရဲ့ အလှအပတရားတွေကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကိုအလှအပဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။India ကိုရောက်ရှိနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source;Bella-မြတ်သီရိလွင်

Cele News

Shanghai ရောက်မြန်မာမလေး အောန်ဆိုင်း

မော်ဒယ်မလေးအောန်ဆိုင်းကတော့ ပြည်တွင်မှာ အောင်မြငါရုံသာမကပြည်ပမှပါအောင်မြင်နေတာပဲဖြစ်ပါတယ်။သူမဝါသနာပါရာ မော်ဒယ်အလုပ်ဖြင့်အနုပညာလောကထဲတွင်လျောက်လှမ်းနေတာဖြစ်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ မော်ဒယ်လောကကိုစ‌တင်ဝင်ရောက်ခဲ့စဉ်ကတည်းကယခုအချိန်ထိတခြားအနုပညာလမ်းကြောင်းဘက်ကိုပြောင်လဲခြင်းမရှိဘဲ မော်ဒယ်လောကနဲ့ဆက်စပ်တဲ့ အနုပညာအလုပ်တွေကိုပဲလုပ်ကိုင်နေတာဖြစ်ပါတယ်။အခုအခါမှာတော့ သူမရဲ့မျှော်လင့်ချက် အိမ်မက်ပန်းတိုင် တခုကိုလဲစိုက်ထူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ထိုအိမ်မက်ပိုင်းတိုင်ကတော့ Hugo Bossက Shanghai Fashion Week မှ Runway Model အနေနဲ့လျှောက်လှမ်းရတာပဲဖြစ်ပါတယ်။Shanghai မှာရောက်ရှိနေတဲ့သူမကတော့ မြန်မာလူမျိုးဖြစ်တဲ့အလျောက် မြန်မာဝတ်စုံလေးနဲ့လှပနေပါတယ်။သူမရဲ့ လေးနဲ့ဖတ်ရှင်ကျလှပမှုလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source; Awn Seng

Cele News

ထွန်းထွန်းမှာ ချစ်သူချစ်နေတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ Sinon Loresca

နှင်းဆီလှေအငြိမ့်ပွဲတွင် Sinon နေရာကနေ ဖျော်ဖြေခဲ့တဲ့ထွန်းထွန်းကတော့ ပွဲပြီးဆုံးပြီး နောက်နေ့မှာတော့ ‌တစ်ယောက်နဲ့တစ်ယောက် သွားယောက်တွေ့ဆုံခဲ့ပြီး မိတ်ဆက် ပွဲလေးအနေဖြင့်တွေ့ရှိခဲ့ကြပါတယ်။ Sinon ကတော့ထွန်းထွန်းကိုအရမ်းသဘောကျပြီး ထွန်းထွန်းရဲ့ နွေးထွေးပျူငှာစွာ ဆက်ဆံမှုနဲ့အတူလက်ဆောင်တွေလဲပေးလိုက်တာကြောင့် အရမ်း သဘောကျပေမယ့် သူမှာချစ်သူရှိနေတာကြောင့်စိတ်မကောင်းဖြစ်နေရှာပါတယ်။ Sinon က သူနဲ့ရှိနေတဲ့အချိန်တုန်းက ထွန်းထွန်းနဲ့သူ့ရဲ့ကောင်မလး video call ပြောနေတာတွေ့တယ် အရမ်းချစ်ဖို့ကောင်းတယ် ကိုယ်နဲ့တောင်တူတယ်လို့ရယ်မောစွာပြောပြခဲ့ပါတယ် ။ ထွန်းထွန်းနဲ့လက်တွဲပြီးအနုပညာအလုပ်တွေလုပ်ကိုင်ရမယ်ဆိုရင် သူအနေနဲ့ငြင်းဖို့မရှိပါဘူး yes လို့ပဲဖြေမိမှာပါ ဘာလို့လဲဆိုတော့အကယ်ဒမီဆုရှင်လဲဖြစ် အနုပညာဝမ်းစာပြည့်နေတာဖြစ်တာကြောင့်ပါ ပြီးတော့ ဆယ်လီတစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်ထိတွေ့ဖို့မလွယ်ကူဘူးလို့လဲပြောကြားထားပါသေးတယ်။ Source,အကုန်​သိ