Cele News

ဦးပိန်တံတားကြီးကိုနောက်ခံထားကာဆွဲဆောင်မှုရှိရှိလှပနေတဲ့ နန်းဆုရတီစိုး

အရုပ်ကလေးတစ်ရုပ်လိုချစ်ဖို့ကောင်းပြီး ဘိုမလေးတစ်ရုပ်လိုဝတ်ဆင်တက်တဲ့သူမကတော့ အခုအခါမှာလဲ သဘာဝအလှတရားကြီးကိုနောက်ခံထားပြီး ဆွဲဆောင်မှုရှိရှိနဲ့ အလွန်လှပနေပါတယ်။အနုပညာကိုလျောက်လှမ်းနေတာအချိန်ကြာလာတာနဲ့အမျှ ပိုမိုဆွဲဆောင်မှုရှိလာပါတယ်။ သူမအနေနဲ့တော့လောလောလတ်လတ်မှာ သူမရဲ့သီချင်းအသစ်လေးဖြစ်တဲ့ ငါသေလို့ရတယ်ဆိုတဲ့ သီချင်းလေးထွက်ရှိထားတာဖြစ်ပြီး အကောင်းဆုံးရိုက်ချက်တွေနဲ့ရိုက်ကူးထားတဲ့ music video နဲ့အတူတူထွက်ရှိထားတာပဲဖြစ်ပါတယ်။ သူမရောက်ရှိနေတဲ့ ဦးပိန်တံတားကြီးကိုနောက်ခံထားကာ ညနေဆည်းဆာနဲ့အတူတူရိုက်ကူးပုံဖော်ထားတဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေဆီမျှဝေခဲ့ပါတယ်။”ညနေနေဝင်ချိန်ဟာအလှပဆုံးလို့ အလှအပဆုံးလို့သူ အားပါးတရပြောပြခဲ့ဘူးတယ် လှပရုံတင်မကဘူး အမှတ်တရတွေလဲအများကြီးရှိဖူးတယ်” ဆိုတဲ့စားသားလေးနဲ့အတူတူမျှဝေပေးထားတာပဲဖြစ်ပါတယ်။ Photo Source; Nansu Yati Soe

Cele News

အရမ်းလန်းတဲ့ဝတ်စုံလေးနဲ့ အရမ်းမိုက်နေတဲ့မေကဗျာ

အနုပညာလောကရဲ့ ကြယ်ပွင့်တစ်ပွင့် သမီးလေးရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့မေကဗျာကတော့ နှောင်လူနှောင်သားတွေရဲ့ ပါးစပ်ဖျားမှာ သူမရဲ့ နာမည်ကဗ္ဗည်းရေးထိုးနိုင်အောင် ကြိုးစားဖော်ဆောင်နေတဲ့အနာပညာရှင်လေးဖြစ်ပါတယ်။ သူမလုပ်ဆောင်ခဲ့တဲ့အရာတိုင်းကတော့ အနုပညာလောကမှာအောင်မြင်မှုလမ်းကြောင်းပေါ်ရပ်တည်နိုင်ဖို့ပဲဖြစ်ပါတယ်။အခုအခါမှာလဲအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အခုမြင်တွေ့ရမှာတော့သူမရဲ့အလှတရားတွေပဲဖြစ်ပါတယ်။ သူမဝတ်ဆင်ထားတဲ့ အလန်းစားအဝတ်စားကြောင့် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုမိုပေါ်လွင်စေပြီး ကြည့်ရှုသူအတွက်သူမရဲ့အလှကိုပိုမိုမြင်တွေ့စေမှာပဲဖြစ်ပါတယ်။ Photo Source; May Kabyar

Cele News

8days journal အတွက်အမိုက်စားပုံရိပ်တွေနဲ့ထွက်ပေါ်လာတဲ့ ပိုပို

အနုပညာလောကထဲကို ဂီတလျောက်လှမ်းဘက်ကနေစတင်ဝင်ရောက်ခဲ့ပြီးအနုပညာဝမ်းစာပြည့်ဝလာတာနဲ့အမျှ သရုပ်ဆောင် မော်ဒယ်ပိုင်းကိုပါကူးပြောင်းလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ သီချင်း music videoတွေကိုလဲ သူမကိုယ်တိုင်ရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ 8days journal အတွက်ရိုက်ကူးထားတဲ့အမိုက်စားပုံရိပ်ကလေးတွေထွက်ပေါ်လာခဲ့ပါတယ်။ သူမကအမြဲတမ်းခပ်မိုက်မိုက်ပုံစံလေးနဲ့ ယောကျာ်းဆန်ဆန်တွေ့မြင်နေရတဲ့အတွက်အရမ်းမဆန်းပေမယ့်လဲ ပိုပြီးအမြင်ဆန်းတဲ့ခပ်မိုက်မိုက် ဒီဇိုင်း နဲ့မြင်တွေ့ရမှာပါ။ သူမ‌အနေနဲ့အခုလောလောဆယ်တော့ ကျောင်းစားမေးပွဲတွေရှိတာကြောင့် အနုပညာလုပ်ငန်းတွေကိုခနရပ်နားထားတာဖြစ်ပါတယ်။ စာမေးပွဲပြီးသွားရင်တော့သူမရဲ့တစ်ကိုယ်တော် show ပွဲပြုလုပ်ဖို့အတွက်လဲကြိုးစားပြင်ဆင်နေတာပဲဖြစ်ပါတယ် ။ Photo Source, ဝတ်ရည်မိုး

Cele News

ရဲသားတစ်ဦးအဖြစ်ထပ်မံတွေ့ရှိရမယ့် ချာလီ

ချာလီကတော့ ဇာတ်လမ်း‌တွဲတွေမှာသူ့ရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေကိုတွေ့ရှိလာရမှာဖြစ်ပြီး အနုပညာလောကရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်အောင်လျောက်လှမ်း နေတဲ့တက်သစ်စ အနုပညာရှင်လေးဆိုလဲမမှားပါဘူး။သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်အားဖြည့်ထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့ လိပ်ပြာဇာတ်လမ်းတွဲလေးကတော့ ရုပ်သံလိုင်းမှာပြသနေတာဖြစ်ပြီး ရဲသားတစ်ယောက်အနေနဲ့ပါဝင် ထားတာပါတယ်။သူရဲ့ဇာတ်ကောင်မျိုးမင်းဇာတ်ရုပ်ကိုပေါ်လွင်အောင်လဲအကောင်းဆုံးကြိုးစားထားတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အချိုးအစားတောင့်တင်းမှုကြောင့် ရဲသားဝတ်စုံဝတ်ဆင်လိုက်တဲ့အခါမှာတော့ အလိုက်ဖက်ဆုံးလိုက်ဖက်နေပါတယ်။သူရဲ့အမိုက်စားပုံရိပ်လေးတွေကိုပရိသတ်တွေခံစား ကြည့်ရှုလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။ Photo Source ;Kyaw Ye Myint Nyein

Cele News

အရမ်းလှပလွန်းတဲ့ဝတ်စုံလေးကြောင့် မမှတ်မိလှအောင်လှနေတဲ့ ခိုင်သင်းကြည်

ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ လှပကျော့ရှင်းနေဆဲဖြစ်တဲ့သူမရဲ့ခန္ဓာကိုယ်ကြောင့် လူငယ်တွေနဲ့အတူ နုပျိုလှပပြီးအပြိုင်လှပနေတာပဲဖြစ်ပါတယ်။ပျော်ပျော်နေတက်တဲ့သူမ‌ကတော့ စိတ်ပျို ကိုယ်နုဖြစ်နေတာကြောင့် ချစ်ဖို့ကောင်းနေဆဲဖြစ်ပါတယ်။ ဟာသဘုရင်မတောင်ခေါ်တွင်လို့ရတဲ့သူမရဲ့ ဟာသ သရုပ်ဆောင်မှုကတော့ ကြည့်ရှုနေတဲ့ ပရိသတ်တွေကို ဘဝအမောတွေကိုပြေပျောက်သွားအောင်လုပ်ဆောင်နိုင်တဲ့ ဟာသ သရုပ်ဆောင်‌ဖြစ်ပါတယ်။ အခုမှာတော့တည်ငြိမ်ရင့်ကျက်ပြီးလှပနေတဲ့သူမကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ညိုချောလေး သူမကတော့ ‌မြင်တွေ့သူတိုင်းငေးမောလောက်ရအောင် သူမရဲ့ အလှပတရားတွေကိုပေါ်လွှင်စေတဲ့ ဝတ်စုံလေးနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ;Khine Thin Kyi

Cele News

တက်နိုင်သမျှအလှူလေးတွေလုပ်ရင်းပျော်နေတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ထဲကပရိသတ်အချစ်တော်လေး အိစိကွေးကတော့ အနုာပညာတွေနဲ့ လစ်ဟာမှုမရှိအောင် ကြိုးစားလုပ်ကိုလုပ်ရှားနေပြီး လူငယ်ဇာတ်ရုပ်တွေကိုလဲပါဝင်ရိုက်ကူးနေပြီးဖြစ်ပြီး ကျလာတဲ့ဇာတ်ရုပ်ကိုပီပြင်အောင် အကောင်းဆုံးကြိုးစား နေတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ ဖြစ်တည်နေတဲ့လူဘဝကြီးမှာလူသားချင်းစာနာထောက်ထားတဲ့စိတိကဘလးတွေနဲ့ လူသားအချင်းချင်းကို ဒုက္ခရောက်နေသူကို တက်နိုင်သမျှအချင်းချင်းကူညီရိုင်းပင်ရင်း နဲ့ရှင်သန်းနေထိုင်‌နေကြတာပဲဖြစ်ပါတယ်။ အနုပညာရှင်သမားဖြစ်တာနဲ့အမျှ နှလုံးသားနုနယ်သူလေးဖြစ်တဲ့အိစိကွေး‌ကတော့ လူ့ဘဝရောက်ရှိနေတဲ့အခိုက် လူသားကိုပဲ လူသားပီသတဲ့လူပဲဖြစ်ချင်တယ် တန်ဖိုးရှိတဲ့လူသားပဲဖြစ်ချင်တယ် ပိုက်ဆံတော့မရှိဘူး လိုအပ်မယ်ဆိုဘယ်နေရာပဲဖြစ်ဖြစ် ပါဝင်ကူညီဖို့အသင့်ပဲလို့ သူ့ရဲ့ရင်ဘက်ထဲမှာရှိတဲ့တယ့်စိတ်ထားလေးကိုတွေ့မြင်ရပါတယ် ။ Photo Source ; Eisi Kway

Cele News

ပါးချိုင့်လေးထဲမှာ ခိုလှုံလို့ရအောင် ပြုံးပေးထားတယ်ဆိုတဲ့ ယွန်းယွန်း

ချစ်စရာကောင်းပြီး ဆံပင်အရှည်လေးနဲ့ ကလေးသရုပ်ဆောင်ဘ၀ကနေ လူကြီးသရုပ်ဆောင်အရွယ် ရောက်ရှိနေပြီးဖြစ်ပြီး ငယ်ငယ်လေးနဲ့ အကယ်ဒမီဆုကြီးကိုလဲရရှိထားသူဖြစ်ပါတယ်။သူမအနေနဲ့ အနုပညာလောကထဲမှာတောက်ပနေတဲ့ ကြယ်ပွင့်လည်းဖြစ်နေပါပြီ။ အခုမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ ပါးပေါ်မှာရယ်လိုက်ရင် ပါးချိုင့်လေးထွက်ပေါ်လာတဲ့သူမကတော့ ပြုံးရယ်လိုက်လျှင် တကယ့်ကို ချစ်ဖို့ကောင်း တဲ့ အပြုံးလေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အပြုံးတစ်ခါတွေ့မြင်လိုက်တာနဲ့ မမေ့နိုင်အောင် ဖြစ်လောက်တဲ့ အလှတရားကိုမြင်တွေရမှာပါ ။ ” ပါးချိုင့်လေးထဲမှာ ဝင်အိပ်နေလို့ရအောင် ပြုံးပေးထားတယ် ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ အပြုံးချိုချိုလေးနဲ့ ပုံလေးတွေကို လိမ္မော်ရောင်ပုံလေးနဲ့ တင်ထားခဲ့တာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Photo Source ; Yoon Yoon

Cele News

ကြော်ငြာတစ်ခုကိုအမိုက်စားပုံစံတွေနဲ့တွေ့မြင်ရမယ့် သင်ဇာဝင့်ကျော်နဲ့ ရွှေအိမ်စည်

မော်ဒယ်လောကထဲကနေ အနုပညာလောကထဲကိုဝင်ရောက်လာကြပေမယ့် ဝါရင့်သရုပ်ဆာင်ဖြစ်နေတဲ့ သင့်ဇာဝင့်ကျော်နဲ့ အနုပညာလောကထဲကိုရောက်၇ှိလာတာမကြာသေးပေမယ့်လဲ အနုပညာလောကမှာ မှတ်တိုင်တွေစိုက်ထူဖို့အတွက် ကြိုးစားနေတဲ့ ရွှေအိမ်စည်လေးတို့ကတော့ ကြော်ငြာတခုမှာအတူတူတွေ့ရှိရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားအမိုက်ဆုံးရှိတဲ့ သူမတို့နှစ်ရောက်ကိုတော့ အတူတူ ကြောငြာတစ်ခုထဲမှာတွေ့ရှိရမှာဖြစ်ပြီး ဘယ်လိုအမိုက်စားကြော်ငြာအနေနဲ့ထွက်ပေါ်လာမလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။ပရိသတ်တွေ လဲကြည့်ရှုဖို့ မျှော်လင့်နေလောက်ပြီပဲဖြစ်ပါတယ်။ သူမတို့ရိုက်ကူးနေတဲ့ ကြော်ငြာကတော့ ကောမတ်အတွက်ရိုက်ကူးနေတာဖြစ်ပြီး နေရောင်ခြည်ဖျာကျနေတဲ့ ညနေခင်းဘက်မှာ သူမတို့ရဲ့ အလှတရားတို့နဲ့ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သာယာလှပတဲ့ညနေခင်းလေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Photo Source ; Shwe Eain Si

Cele News

ပင်လယ်ပျော်မလေး ၀တ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်လေးကတော့ အနုပညာလောကထဲမှာ ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်တဲ့ အပြင် ပြည်တွင်းမှာသာအောင်မြင် နေရုံသာမက ပြည်ပမှာပါအောင်မြင်မှုတွေကိုရရှိနေတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ သူမကတော့ အခုလောလောဆယ်မှာတော့ Bangkok မြို့မှာ အလုပ်ကိစ္စနဲ့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ KENEBOရဲ့ ပွဲသို့တက်ရောက်ရန် Bangkok မြို့မှာရောက်ရှိနေတာဖြစ်ပြီး အနုပညာအလုပ်တွေပြီးစီးချိန်မှာတော့ စိတ်ပြေလက်ပျောက် စိတ်ကော ကိုယ်ပါ အနားပေးအပန်းဖြေ တဲ့အနေနဲ့ ပင်လယ်ဘက်သို့ သွားရောက်အနားယူနေပါတယ်။ သူမသွားရောက်အပန်းဖြေနေတဲ့ ကမ်းခြေအလှကတော့ ရင်သက်၇ှုမောဖွယ်လှပနေပြီး ကောင်းကင်ကြီးနဲ့ပင်လယ်ကြီးကြီးယှဉ်ပြီးတွေ့မြင်ရတာ တစ်သက်မှာ တစ်ခါသာမြင်တွေ့ရတဲ့ မြင်ကွင်းလို လှပနေပါတယ်။ သူမရဲ့အလှနဲ့အတူတူ အပြိုင်လှနေတဲ့ သဘာဝအလှတရားတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source ; Wutt Hmone Shwe Yi

Cele News

မင်းသမီးကြီး ဒေါ်ခင်မေသက်ဆီ သွားရောက်အားပေးစကားပြောခဲ့ Sinon Loresca

တိုက်ခန်း ရဲ့ ၈လွှာမှာနေထိုင်နေရတာဖြစ်ပြီး တစ်ယောက်ထဲ ရှင်သန်နေရတဲ့ မင်းသမီးကြီးဒေါ်ခင်မေသက်ကတော့ တချိန်ကအနုပညာလောကမှာ မှတ်တိုင်များစွာကိုစိုက်ထူခဲ့ပြီး အနုပညာလျောက်လှမ်းပေါ်က ကြယ်ပွင့်များထဲက တစ်ပွင့်ဖြစ်ပါတယ်။ သူမကိုသွားရောက်ကူညီမယ့်သူမရှိသေးဘဲ နေထိုင်မှုအခက်အခဲဖြစ်နေတာကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ Sinon Loresca ကနေ သူရဲ့ချွေးနည်းစာလေးနဲ့ သွားရောက် ကန်တော့ကာ အားပေးစကားများပြောဆိုခဲ့ပြီး တခြားတက်နိုင်တဲ့သူတွေကို လာရောက်ကူညီအားပေးကြဖို့လဲ Media မှတဆင့် ပြောကြားခဲ့ပါတယ်။ Sinon Loresca ကသူလဲတစ်ယောက်ထဲ နေထိုင်ရတဲ့အခါ အရမ်းခက်ခဲတယ် လူငယ်တစ်ယောက်အနေနဲ့ကတော့ ကြုံတွေ့လာတဲ့အခက်အခဲကိုရင်ဆိုင်ရတာ အဆင်ပြေပေမယ့် မိန်းမကြီးတစ်ယောက်အနေနဲ့ ရင်ဆိုင်ဖို့ကမလွယ်ကူဘူး။ သူအနေနဲ့ မြန်မာပြည်မှာ ကူညီမှုတွေ လုပ်နေတယ်ဆိုတာ မြန်မာလူမျိုးတွေက အရမ်းဖော်ရွှေတာကြောင့်ရယ် ကျင်နာတရားရှိတာကြောင့်ရယ်လို့ ပြောပြထားခဲ့ပါတယ်။ Source; MC