Cele News

ပုသိမ်ထီးလေးနဲ့ လှပနေတဲ့ မြတ်သူသူ

မြတ်သူသူကတော့ အနုပညာအတွက်ဆို နာမည်ကိုတောင်ပြောင်းလဲပြင်ဆင်ရင်း အနုပညာဘက်ကိုပဲခြေစုံချ ဝင်ရောက်နေတဲ့သူလေးဖြစ်ပါတယ်။အခွင့်ရေးရှိသမျှအကောင်းဆုံးကြိုးစားနေပြီး ပရိသတ်တွေကိုအမြင်ဆန်းတွေပဲချပြနေသူလေးဖြစ်ပါတယ်။ သူမအနေနဲ့တော့ဇာတ်လမ်းတွဲတွေအများဆုံးရိုက်ကူးထားပြီး ကြော်ငြာတွေမှာလဲတွေ့မြင်ရမှာဖြစ်ပါတယ်။အနုပညာလောကထဲသို့ဝင်ရောက်တာ ကြာပြီဖြစ်သော်လည်း အောင်မြင်မှုကိုတော့ အခုအခါမှာတော့ ပိုမိုရရှိလာတာပဲဖြစ်ပါတယ်။ အဝါရောင်ဝတ်စုံဂါဝန်လေးနဲ့ ပုသိမ်ထီးလေးဆောင်းကာ လှပကျော့ရှင်းနေတဲ့အလှအပတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သူမရဲ့လှပတဲ့အပြုံးတွေကလူကို ရူးမိုက်သွားစေပါတယ်။သူမရဲ့လှပတဲ့ဓါတ်ပုံလေးတွေကိုပြသပေးလိုက်ပါတယ်။ Photo Source; 7th Sense Creation

Cele News

OPPO ဖုန်းသစ်မိတ်ဆက်ပွဲမှာတွေ့မြင်ရတဲ့ ပိုင်အုပ်စိုးအောင်

အနုပညာလျှောက်လှမ်းပေါ်ကနေ ယုံကြည်မှုရှိရှိလျှောက်လှမ်းနေတဲ့ပိုင်အုပ်စိုးအောင် ကတော့ အသက်ငယ်ရွယ်သော်လည်း ကြိုးစားလေ့လာသင်ယူရင်း အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့ သူလေးလဲဖြစ်ပါတယ်။ OPPO ဖုန်းအသစ်မိတ်ဆက်ပွဲမှာတော့ စမတ်ကျကျပုံစံမျိုးနဲ့တွေ့မြင်ရမှာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အကြိုက်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူအနေနဲ့ကတော့ အနုပညာနဲ့ပတ်သက်လို့အခုလောလောဆယ်မှာတော့ ပွဲတက်တွေပဲရှိပါတယ်လို့ သိရပါတယ်။ ထိုပွဲကိုတက်ရောက်ခဲ့တဲ့သူ့ရဲ့ခပ်မိုကိမိုက်ပုံစံ လေးနဲ့ရိုက်ကူးထားတဲ့ ပုံရိုက်‌ကလေးတွေကို ပရိသတ်တွေ တွေ့မြင်နိုင်အောင်ကူးယူဖေိာပြပေးလိုက်ပါတယ်။ Photo Source ,Paing Oak Soe Aung

Cele News

မြန်မာဝတ်စုံလေးနဲ့တွေ့မြင်ရမယ့် ကူးကူးဇင်အောင်

“သူစိမ်းအိမ်” ဇာတ်ကားကြီးကတော့ သူမရဲ့ ပထမဆုံးဇာတ်ကားကြီးဖြစ်ခဲ့ပြီး ထိုကားကြီးနဲ့ပဲ သူမကိုပရိသတ်တွေစတင်သိရှိခဲ့ပြီး သူမရဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ချင်းကိုခံရတဲ့ အနုပညာရှင်လေးကတော့ ကူးကူးဇင်အောင်ပဲဖြစ်ပါတယ်။ သူမအနေနဲ့ကတော့ထိုဇာတ်ကားကြီးရုံတင်ပြသပြီးကတည်းက အနုပညာအလုပ်တွေကိုအဆက်မပျက်လုပ်ကိုင်နေပြီး အခုအခါမှာလဲ ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သရုပ်ဆောင်ထားတာတွေ့မြင်ရမှာဖြစ်ပါတယ် ။ဒီဇာတ်လမ်းတွဲကတော့သူမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲလေး‌ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲလေးရဲ့နာမည်ကတော့ နင်ရှိတဲ့ကမ္ဘာ ပဲဖြစ်ပါတယ်။ထိုဇာတ်လမ်းတွဲလေးထဲမှာတော့ရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာဝတ်စုံးလေးများနဲ့အတူတူတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ,Ku Ku Zin Aung

Cele News

Beer festival ပွဲမှာအတူတွေ့မြင်ရမယ့် အိမ့်ချစ်နဲ့ ဟန်နေတာ

အောက်တိုဘာလ၂၅ရက်နေ့မှာကျင်းပမယ့် beer festival အတွက် သီချင်းတွေတိုက်နေကြတာဖြစ်ပြီး ထိုပွဲမှာတော့ အသံအနိမ့်အမြင့်ကိုအကောင်းဆုံးထိမ်းထားနိုင်ပြီး ဝါရင့်အဆိုတော်လို့တောင်တင်စားခေါ်ဝေါ်လို့ရတဲ့ အိမ့်ချစ်ရယ် အခုမှပရိသတ်တွေပိုမိုစိတ်ဝင်စားပြီး တဟုန်ထိုး အောင်မြင်လာတဲ့ Eternal Gosh အဖွဲ့ဝင် ဟန်နေတာတို့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Rock အကြမ်းစားတွေနဲ့ဖြုတ်ပစ်မယ် Eternal Gosh အဖွဲ့ကတော့ ထို Beer festival ပွဲမှာလဲဘယ်လိုမျိုး အမိုက်စားသီးချင်းတွေနဲ့တွေ့မြင်ရမလဲဆိုတာ‌တွေ့မြင်ရမှာဖြစ်ပါတယ်။အိမ့်ချစ်ကကော ဘယ်လိုသီဆိုဖျော်ဖြေမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့အနုပညာမောင်နှမတွေဖြစ်ပြီး ဝါရင့် သီဆိုသူတစ်ဦးဖြစ်တဲ့ အိပ်ချစ်ကတော့ Eternal Gosh အဖွဲ့ကို ကြိုက်နှစ်သက်ပြီး ဟန်နေတာ ရဲ့သီဆိုမှုအပေါ်မှာသက်ဝင်လွန်းလို့ သီဆိုမှုပုံစံကို ကြိုက်နှစ်သက်တယ်လို့လဲသိရပါတယ်။ Photo Source; Eint Chit

Cele News

ပန်းခင်းလေးထဲမှာ ချစ်ဖို့ကောင်းနေတဲ့ မေတိုးခိုင်

အနုပညာကြယ်ပွင့်လေးရဲ့တူမ ဖြစ်တဲ့မေတိုးခိုင်ကတော့ အဒေါ်ရဲ့ ခြေရာကိုနင်းပြီး အနုပညာအမွေဆက်ခံမယ့် သူလေးဖြစ်ပါတယ်။သူမအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး‌တွေလဲ ရိုက်ကူးနေတာဖြစ်ပြီး သူမပါဝင်သရုပ်‌ဆောင်ထားတဲ့ ဇာတ်ကားကြီးကလဲ ပရိသတ်တွေအကြိုက်တွေ့စေခဲ့ပါတယ်။ ထိုဇာတ်ကားကြီးထဲမှာတော့ဝါရင့်အနုပညာရှင်ကြီး‌တွေနဲ့ တွဲဖက်သရုပ်ဆောင်ရ‌သော်လည်းအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီးသူမရဲ့ သရုပ်ဆောင်ချက်တွေကိုချပြနိုင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။အနုပညာလောကပိုင်းမှာ ပါရမီပါသူလေးတစ်ဦးလေးလဲဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်ပြီးချစ်ဖို့ကောင်းတဲ့သူမကတော့ အခုအခါမှာတော့ ပန်းခင်းကြီးထဲမှာချစ်စရာကောင်း‌လောက်အောင် ပျော်မွေ့နေတဲ့ပုံလေးတွေကို ချပြခဲ့ပါတယ်။ ထိုအလှပုံရိပ်ကလေးတွေကို ကြည့်ရှုနိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Photo Source ;May Toe Khine

Cele News

၁၉၈၀ လောက်ကပုံစံမျိုး ပြန်လည်မြင်တွေ့ရမယ့် မြတ်သူသူ

အနုပညာနဲ့ပတ်သက်လာရင် အရာအားလုံးပြောင်းလဲပြင်ဆင်ဖို့အသင့်ရှိသူလေး မြန်သူသူကတော့ ရရှိလာတဲ့အခွင့်အရေးကိုအကောင်းဆုံးကြိုးစားလေ့လာသင်ယူရင်း ရရှိလာတဲ့ သူရဲ့အနုပညာဝမ်းစာတွေကို ပရိသတ်တွေကိုချပြနေတာပဲဖြစ်ပါတယ်။ အခုအခါမှာတော့၁၉၈၀ခန့်က မြန်သန်းနု အမျိုးသမီးလေးအဖြစ်ထပ်မံတွေ့ရှိရမှာဖြစ်ပြီး ပြင်ဆင်မှုအပိုင်းမှာလဲလစ်ဟာမှုမရှိအောင် အကောင်းဆုံးကြိုးစားပြင်ဆင်နေတာပဲဖြစ်ပါတယ်။ထိုဇာတ်လမ်းလေးထဲမှာတော့ သူမရဲ့အနုပညာချပြချက်တွေကဘယ်လောက်တောင် စိတ်ဝင်စရာကောင်းလဲဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အနုပညာအတွက်ဆို သူမရဲ့နာမည်ကိုတောင်ပြောင်လဲပြင်ဆင်ဖို့ဝန်မလေးဘဲ ပြင်ဆင်ခဲ့ပါတယ်။အာ့လောက်ထိအနုပညာနဲ့ပတ်သက်ရင် စွန့်လွှတ်ရဲတဲ့သူလေးပါ။သူမရဲ့ အကောင်းဆုံးတင်ပြ မှုတွေကိုမကြာခင်မှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ;Myat Thu Thu

Cele News

အလှပဆုံးအပြုံးတွေနဲ့တွေ့မြင်ရတဲ့ ဂျူးဂျူး​​ကေ

ဂျူးဂျူ​ကေလေးကတော့ သရုပ်ဆောင်ရဲ့အနုပညာပိုင်းမှာတော်ရုံသာမက ဂီတပိုင်းရဲ့တယောထိုးရာမှာလဲ တဖက်ကမ်းတော်တဲ့အနုပညာရှင်လေးဖြစ်ပါတယ်။သူမရဲ့လှပတဲ့အပြုံတွေကြောင့်လဲ ရုန်းမထွက်နိုင်လောက်ပဲ ချစ်ခင်သဘောကျနေကြတာပဲဖြစ်ပါတယ်။ သူမကတော့ အခွင့်အရေးရရင်ရသလို အနုပညာအလုပ်တွေကိုလက်လွှတ်မခံဘဲ ကြိုးစားလုပ်ကိုင်နေတဲ့သူလေးလဲဖြစ်ပါတယ်။အခုသူမပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ လိပ်ပြာဇာတ်လမ်းတွဲမှာလဲ ပရိသတ်‌တွေမတွေ့ သေးဘူးတဲ့ကာရိုက်တာမျိုးနဲ့ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ သူမအနေနဲ့ ကြုံတွေ့လာရတဲ့အခက်အခဲတွေကိုဘယ်လိုပဲရှိနေပါစေအကောင်းဆုံးအပြုံးနဲ့ပဲဖြေရှင်းတက်သူလေး‌ပါ။သူမရဲ့ အပြစ်ကင်းစင်တဲ့အပြုံးလေးတွေကြောင့် သူမဇာတ်ရုပ်ကာရိုက်တာဘယ်လိုပဲရှိနေပါစေ အားပေးချစ်ခင်သဘောကျနေကြတာပဲဖြစ်ပါတယ် Photo Source,Ju Jue K

Cele News

ဆံပင်ရှည်လေးနဲ့ ဂျင်းအင်္ကျီဝတ်ထားတာကြောင့် လမ်းသရဲမထင်စေချင်ဘူးဆိုတဲ့ အိစိကွေး

ငယ်ရွယ်ချိန်ထဲ‌ကကလေးသရုပ်ဆောင်အ‌ဖြစ် ရောက်ရှိလာတာဖြစ်ပြီး အခုချိန်ထိအနုပညာအလုပ်တွေကိုလျောက်လမ်းနေဆဲဖြစ်တဲ့ အိစိကွေးလေးကတော့ အခုအခါမှာတမူထူးခြားပြီးအမြင်မတူတဲ့ပုံစံလေးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ အနုပညာလေးကထဲကိုရောက်ရှိလာတဲ့အခါ ကိုယ့်တာဝန်ကျရာ ကောင်နေရာမှာလိုက်ဖက်မှုရှိအောင်ပြင်ဆင်ချယ်သရပါတယ်။အိစိကွေးလေးကလည်း အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်ကိုယ်ကျရောက်မယ့်ဇာတ်ကောင်အတွက်ပြင်ဆင်ထားတာဖြစ်တာကြောင့် ဆံပင်အရှည်ဆက်ထားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဆံပင်အရှည်ဆက်ထားတာကြောင့်အရင်မြင်နေကျပုံစံမဟုတ်ပဲ တမူထူးခြားနေတာ သူရဲ့ ထွက်ရှိလာတဲ့ဓာတ်ပုံထဲမှာဆို ဂျင်းအင်္ကျီ ဝတ်ဆင်ထားတာကြောင့် လမ်းသရဲလို့မမြင်စေချင်ဘူး ဒီလိုဆံပင်အရှည်ဆက်ထားတာကလည်း အလုပ်ကိစ္စကြောင့်ပါလို့ သိရပါတယ်။ Photo Source ; Eisi Kway

Cele News

Pre Birthday လေးအနေနဲ့ ရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင်ပူဇော်ခဲ့တဲ့ ရွှေအိမ်စည်

မော်ဒယ်လောကထဲကိုဝင်ရောင်စဉ်ထဲက အခုချိန်ထိ အနုပညာလျှောက်လှမ်းပေါ်မှာ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်လေးကတော့ သူမရဲ့မွေးနေ့အကြိုလေးကို ရွှေတိဂုံဘုရားပေါ်မှာ မိသားစု၊သူငယ်ချင်းတွေနဲ့အတူတူ ဆီမီးတစ်ထောင် သွားရောက်လှူဒါန်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ နေ့ရက်လေးကိုအေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တာဖြစ်တာကြောင့် တနေကုန်အလုပ်တွေဖြတ်ထားတာပဲဖြစ်ပါတယ်။မွေးနေ့ ရဲ့ညနေ့ဘက်လေးအချိန်မှာတော့ မွေးနေ့ပွဲလေးပြုလုပ်သွားမှာဖြစ်ပါတယ်။မွေးနေ့ရဲ့ ညလေးမှာတော့ သူငယ်ချင်းများက Surprise လေးလုပ်ပေးခဲ့ပါတယ်။ မနှစ်ကမွေးနေ့တွေမှာက အလုပ်တွေနဲ့ပဲရှုပ်နေခဲ့တာကြောင့် ကိုယ့်မွေးနေ့ကိုယ်တောင် မေ့နေခဲ့တယ်။အခုနှစ်တွေမှာတော့ သူမအနေနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ အေးအေးဆေးဆေး မိသားစု သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းချင်တယ်။ အရင်နှစ်တွေက မေမေကအနားမှာမရှိဘူး ဒီနှစ် မှာတော့မေမေ ကအနားမှာရှိတော့ ပိုအားရှိတယ်လို့လဲပြောပြထားပါတယ်။ Photo Source; Shwe Eain Si

Cele News

ခန္ဓာကိုယ်လေးလှပဖို့အတွက် အရမ်း ကြိုးစားထားရတယ်ဆိုတဲ့ ခေးဆက်သွင်

ခေးဆက်သွင်လေးကတော့ ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်ကောင်တော်တော်များများမှာတွေ့ရမှာပဲဖြစ်ပါတယ်။သူမကအရမ်းကြိုးစားပြီးဇာတ်ကောင်ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အမူအယာကော အ၀တ်အစားကအစ သေချာပြီပြင်အောင် စီစစ်တက်တဲ့ သူလေးလဲဖြစ်ပါတယ်။ အခုအခါမှာတော့သူမရဲ့ ခန္ဓာကိုယ်လေးကို လှပကျစ်လစ်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ထိုခန္ဓာကိုယ်လေးရဖို့အတွက် ရက်တော်တော်များများ အစားအသောက်တွေလျော့ပြီး Gym တွေကစားပြီး ကျစ်လစ်အောင်ပြုလုပ် ကစားထားရတာပဲဖြစ်ပါတယ်။ သူမအခုတင်ထားတဲ့ ပုံလေးတွေထဲမှာတော့ အရမ်းလှပတဲ့ သူမရဲ့ ကိုယ်လုံး ပုံစံလေးတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။” ဒီလိုကိုယ်လုံးလေးရဖို့ အတွက် အငတ်ခံထားခဲ့ရတဲ့ရက်တွေကို ရေတွက်လို့ပြချင်တယ်” ဆိုပြီးအမိုက်စားပုံလေးတွေနဲ့အတူတူ တင်ထားတာပဲဖြစ်ပါတယ်။ Photo Source; Khay Sett Thwin