Cele News

အကူအညီလိုအပ်နေတဲ့ ‌မင်းသမီးကြီး ဒေါ်ခင်မေသက်ဆီသွားရောက်လှူဒါန်းခဲ့တဲ့ အိစိ‌ကွေးတို့ သူငယ်ချင်းအုပ်စု

အကူအညီလိုအပ်လာလျှင်ကိုယ်တက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးကူညီဖို့ အစွမ်းကုန် တည်ရှိနေတဲ့ အိစိ‌ကွေးကတော့အခုအခါမှာ‌လဲ တကယ့်ကိုအကူအညီလိုအပ်နေတဲ့ မင်းသမီးကြီးဒေါ်ခင်မေသက်ဆီအလှူပစ္စည်းများဖြင့်သွားရောက်ကန်တော့ခဲ့ကြပါတယ်။ ငယ်စဉ်ကအနုပညာလောကထဲကိုဝင်ရောက်ခဲ့စဉ်အချိန်မှာ အမေနဲ့အတူတူတွဲရိုက်ခဲ့စဉ်အမှတ်တရတွေကို‌ပြောပြရင်း ငယ်ဘဝကအမှတ်တွေကို မှတ်မိစေကာ ပျော်ရွှင်စွာပြုံးနေတဲ့အမေ့ကိုမြင်ရတော့ စိတ်ချမ်းသာမိ‌စေခဲ့ပါတယ်။ ထိုသို့သွားရောက်လှူဒါန်းခဲ့ကာ အမှတ်တရတွေပြောကြရင်း အမေဒေါ်ခင်မေသက် ကျမ်းမာရေးအမြန်ဆုံးကောင်းမွန်လာပြီး အနုပညာအလုပ်တွေလဲပြန်လည်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ;Eisi Kway

Cele News

လမ်းမထက်မှာ အမိုက်စား ပုံစံတွေနဲ့တွေ့မြင်ရမယ့် ပျောက်ဆုံးနေသောအမှန်တရား အဖွဲ့ဝင်များ

ပျောက်ဆုံးနေသောအမှန်တရားဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ ပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့ဇာတ်လမ်းတွဲလေးဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်မာစွာ အကောင်းဆုံးတည်ဆောက်ထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်များကတော့ ကိုယ်ကျရာဇာတ်ကောင်မှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်နိုင်ခဲ့ကြပြီး စည်းလုံးမှုရှိရှိ ကြိုးစားခဲ့တာကြောင့်မျှော်လင့်ထားတာထက်ပိုပြီး ပရိသတ်တွေအကြိုက်တွေ့စေခဲ့ပါတယ်။ ရုပ်သံလိုင်းမှာထိုဇာတ်လမ်းတွဲပြသခဲ့တာပြီးဆုံးသွားပေမယ့်လဲ ပရိသတ်တွေလွှမ်းဆွတ်တမ်းတနေကြမှာဖြစ်တာကြောင့် အဓိကဇာတ်ဆောင်တွေကြီးပဲ ညဘက်မီးရောင်အောက်မှာ အမိုက်စား ဒီဇိုင်း များဖြင့် အဖွဲ့လိုက်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source;Hnin Lai Yi

Cele News

ရိုးမပေါ်ကျတဲ့မျည်ရည် ဇာတ်ကားကြီးထဲမှာ ဝင်းချစ်အဖြစ်တွေ့မြင်ရမယ့် အောင်ရေချမ်း

ရုပ်ရှင်ဇာတ်ဇာတ်လမ်းတွဲတွေမှာအများဆုံးတွေ့ရပီး အခုအခါမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာတာတွေ့ရမှာပဲဖြစ်ပါတယ်။သူရဲ့ပီပြင်လှတဲ့ဇာတ်ဆောင်မှု ကျရာဇာတ်ရုပ်မှာ အလိုက်ဖက်ဆုံးဖြစ်အောင်တီထွင်ကြံစမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေတာပဲဖြစ်ပါတယ်။ သူပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ဇာတ်ကကြီးကတော့ ရိုးမပေါ်မကျတဲ့မျက်ရည် ဇာတ်ကားကြီးဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာတော့ ဝင်းချစ်ဇာတ်ကောင်နေရာကနေအကောင်းဆုံးဇာတ်ဆောင်မှုများနဲ့တွေ့ရမှာဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပြီး ထိုဇာတ်ကားကြီးထဲက သူ့ရဲ့ဇာတ်ရုပ်က ဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာစောင့်ကြည့်ရမှာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးကြိုးစားထားတဲ့ပုံစံတွေကိုပရိသတ်‌တွေ မျှော်လင့်ထားသလို မြင်တွေ့ရမလားဆိုတာတော့မျှောင့်လင့်နေရမှာပဲဖြစ်ပါတယ်။ Photo Source;Aung Yay Chan

Cele News

တရုတ်မလေးလိုဝတ်ဆင်ထားတဲ့ အေး‌သောင်း

အနုပညာလောကရဲ့ ဝတ်စားဆင်ယင်မှုပိုင်းမှာမိန်းကလေးတွေ အတုယူဝတ်ဆင်မှုအားအကောင်းဆုံးမင်းသမီးတစ်လတ်ဖြစ်တဲ့ အေးသောင်း လေးကတော့ အခုအခါမှာ တရုတ်ဝတ်စုံလှလှလေးနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ မြန်မာ့အမျိုးသမီးပီပီလှပကျော့ရှင်းအောင်ဝတ်ဆင်တက်တာဖြစ်ပြီး ကြည့်ရှုသူပရိသတ်‌ကပါ သူမရဲ့ဝတ်စားဆင်ယင်မှုကိုကြည့်ရှုပြီးဝတ်ဆင်နိုင်ကြတာပဲဖြစ်ပါတယ်။သူမကတော့ အခုအချိန်မှာ မန္တလေးမြို့မှာရောက်ရှိနေတာဖြစ်ပါတယ်။ မန္တလေးမြို့မှာကျင်းပခဲ့တဲ့ The red flower beauty spa ဖွင့်ပွဲမှာဆိုရင်တော့ အများနဲ့မတူပဲတမူထူးခြားတဲ့ ဝတ်စုံမျိုးနဲ့ ပွဲတက်ခဲ့တာဖြစ်ပါတယ်။ထိုဝတ်စုံလေးကတော့တရုတ်ဝတ်စုံလေးဖြစ်ပြီး သူမနဲ့လိုက်ဖက်တာကြောင့် တရုတ်မလေးအလား မှားမိလောက်အောင် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ Photo Source;Aye Thaung

Cele News

ပုဂံမြို့တော်ကြီးဆီအလည်ရောက်နေတဲ့ မေမြင့်မိုရ်

မေမြင့်မိုရ်လေးကတော့ အနုပညာလုပ်ငန်တွေလုပ်ဆောင်ရန်အတွက်ကိုကော အားလပ်ရက်မှာအနားယူရန်အတွက် ပုဂံမြို့သို့ရောက်ရှိနေတညပဲဖြစ်ပါတယ်။သူမရဲ့ ပုဂံမြို့ကိုရောက်ရှိနေတဲ့အလှပုံရိပ်တွေကို မျှဝေထားပါတယ်။ သူမကတော့ဇာတ်လမ်းတွဲလေးတွေရဲ့ ဘုရင်မလို့တောင်တင်စားခေါ်ဝေါ်လို့ရအောင် ရုပ်ရည်လေးကကော သရုပ်ဆောင်ချက်‌တွေကကော လစ်ဟာမှုမရှိအောင် ပြီပြင်လှတာကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်နေတာပဲဖြစ်ပါတယ်။ အခုသူမရောက်ရှိနေတဲ့ပုဂံမြို့ကြီးမှာဆိုရင်တော့ ဧရာဝတီမြစ်ကြီးကိုနောက်ခံထားပြီး ကောင်းကင်နဲ့မြစ် ရဲ့အလှတရားကိုတခါထဲတပြိုင်နက် ကြည့်ရှုခံစားလို့ရမယ့် သဘာဝအလှတရားတွေကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ပုံရိပ်ကလေးတွေကိုပရိသတ်တွေ ကြည့်ရှုဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ Photo Source ;May Myint Mo

Cele News

Mera ပုံစံမျိုး ဝတ်ဆင်မှုပုံစံဖြင့်ထွက်ပေါ်လာတဲ့ ဝါဆိုမိုးဦး

ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပြီး လှပကျော့ရှင်းတဲ့သူမရဲ့အလှကတော့ တမူမတူအောင် ဆွဲဆောင်မှုရှိရှိလှပနေတဲ့သူလေးကတော့ ဝါဆိုမိုးဦးပဲဖြစ်ပါတယ်။သူမကတော့ အောင်မြင်မှုရဲ့ထပ်ဆုံးမှာတည်ရှိနေပါတယ်။ သူမနေနဲ့ကတော့အနုပညာအလုပ်တွေကိုလက်လှမကွာပြီးလစ်ဟာသွားတာမရှိဘဲ အကောင်းဆုံဖြစ်အောင်ကြိုးစားတင်ပြနေတဲ့သူလေးလဲဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာကျွမ်းကျင်တော့ရုံသာမက အဆိုပိုင်းမှာလဲ တမူထူးခြားတဲ့အရည်အချင်းတွေနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်လေးပါ။ သူမထုတ် ဖော်ပြသလိုက်တဲ့ ပုံလေး‌လေးတွေထဲမှာဆိုရင်တော့ မင်းသမီး Mera လိုဝတ်ဆင်ထားပြီး သူမရဲ့အမိုက်စားခန္ဓာကိုယ်အချိုးအစားကြောင့် Mera ထပ်တောင် ခပ်မိုက်မိုက်ပုံစံလေးတွေတွေ့ရမှာဖြစ်ပါတယ်။ပရိသတ်တွေကြည့်ရှုဖို့အတွက် ထိုပုံလေး‌တွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source; Warso Moe Oo

Cele News

ပျော်ရွှင်ခြင်းရဲ့ အစစ်အမှန်ဆိုတာ စိတ်ရဲ့အေးချမ်းခြင်းပါဆိုတဲ့ ထူးအောင်

အနုပညာလမ်းကြောင်းပေါ်မှာ အေးဆေးတည်ငြိမ်စွာလျှောက်လှမ်းနေပြီး တဟုန်ထိုးအောင်မြင်လာတာမဟုတ်ပဲ ဖြည်းဖြည်းမှန်မှန်နှင့် အောင်မြင်မှုများဖြင့် လျှောက်လှမ်းနေတာဖြစ်ပြီး အကောင်းဆုံးကြိုးစားပြီးအနုပညာတွေကိုချပြနေတဲ့ သူလေးကတော့ ထူးအောင်ပဲဖြစ်ပါတယ်။ အနုပညာလောကထဲ ကိုရောက်ရှိလာတာကြာပြီး အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရပ်တည်နေပြီး နှုပ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လည်းဖြစ်ပါတယ်။သူရဲ့ကိုယ်နေကိုယ်ထား အချိုးအစားကိုလဲ ပရိသတ်တွေ ကြိုက်နှစ်သက်ကြပြီး သူ့ရဲ့ သရုပ်ဆောင်မှုအပိုင်း သဘောကျကျတာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ စိတ်ရဲ့ ငြိမ်းချမ်းရာဖြစ်တဲ့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို ရှာဖွေနေပြီး ဘုရားပေါ်မှာ ဘုရားဝတ်ပြုဖို့ရောက်ရှိနေကာ သူရဲ့စစ်မှန်တဲ့ အပြုံးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထူးအောင်ရဲ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source; Htoo Aung

Cele News

ဘွဲ့ယူတဲ့​နေ့​လေးမှာ ကိုယ်​ချစ်​ရသူ​တွေနဲ့အတူ ​ပျော်​ရွှင်​စရာ အမှတ်​တရများစွာ ဖန်​တီးခဲ့တဲ့ ဧငြိမ်းဖြူ

ပရိတ်​သတ်​ကြီး​ရေ ဖြူဖြူသွယ်​သွယ်​​လေးနဲ့ ချစ်​စရာ​ကောင်းတဲ့ အပြုံး​လေး​တွေပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​ချော​လေး ​ဧငြိမ်းဖြူက​တော့ ပရိတ်​သတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုရရှိထားတဲ့ မင်းသမီး​လေး တစ်​လက်​ပဲဖြစ်​ပါတယ်​။ လက်​ရှိမှာ​တော့ချစ်​သူ ရဲရင့်​​အောင်​နဲ့အတူ ​ပျော်​ရွှင်​​တဲ့အခ်ျ​​ရေး​လေးကိုပိုင်​ဆိုင်​ထားပြီး နှစ်​ဦးသား နားလည်​မှုရှိရှိ​နဲ့ ဖြတ်​သန်း​နေတာကို​တွေ့ရပါတယ်​။သူတို့နှစ်​ဦးရဲ့အချစ်​​ရေးကို ပရိတ်​သတ်​​တွေအားကျရတဲ့ စုံတွဲ​လေးအဖြစ်​ သတ်​မှတ်​ထားကြတာပဲဖြစ်​ပါတယ်​။ ယခုမှာ​တော့ ဧငြိမ်းဖြူဟာ သူရဲ့ဘွဲ့ယူတဲ့​နေ့​လေးမှာ ချစ်​ရသူ​တွေနဲ့အတူ အမှတ်​တရများစွာကို ဖန်​တီးခဲ့ပါတယ်​​။Victoria University Collage ကပေးအပ်တဲ့ ဘွဲ့အခမ်းအနားကို ဧငြိမ်းဖြူတစ်ယောက် သူမချစ်ရတဲ့ သူတွေနဲ့အတူ ဖြတ်သန်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့​နေ့မှာ​တော့ သူမကို အမြဲအား​ပေး​ထောက်​ခံတဲ့ မိဘ​တွေ​နဲ့အတူတူ ချစ်​သူရဲရင့်​​အောင်​ပါ အတူရှိ​နေ​ပေးခဲ့တာ​ကြောင့်​ သူမဘ၀ အဓိပ္ပါယ်​ရှိတဲ့​နေ့​လေး တစ်​​နေ့ကိုဖန်​တီးနိုင်​ခဲ့တာပဖြစ်​ပါတယ်​။ Source,A Nyine Phyu

Cele News

သီလရှင်ဝတ်အလှူ ပြုလုပ်ခဲ့တဲ့ မိုးအောင်ရင်ရဲ့မိခင်

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ မိခင်ဒေါ်မိုးသဉ္ဇာကတော့ အောက်တိုဘာလ ၂၅ရက်နေမှာတော့ သီလရှင်ဝတ်ကာအလှူအတန်းများပြုလုပ်ခဲ့ပါတယ်။မိခင်ဖြစ်သူရဲ့ အလှူလုပ်ချင်တဲ့ ဆန္ဒကို သားဖြစ်သူတစ်ယောက်အနေနဲ့ ဖြည့်စည်းပေးခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ သီလရှင်ဒေါ်မိုးသဉ္ဇာ ရဲ့ ဘွဲ့နာမည်ကတော့ ဒေါ်သိပ္ပဉာဏီဖြစ်ခံယူထားပါတယ်။သီလရှင်ဝတ်အလှူပြုလုပ်ပွဲကိုတော့ အောက်တိုဘာလ ၂၅ရက်နေ့ ညနေ၅နာရီမှာ ရွှေမြိုင်သီရိ သီလရှင်စာသင်တိုက်မှာ ပြုလုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ခမ်းနားကြီးကျယ်မှုတွေမပါဝင်ဘဲ ရိုးရှင်းလှတဲ့ အလှူလေးတစ်ခုဖြစ်ပါတယ်။ ထိုအလှူပွဲလေးမှာတော့ မိသားစုသုံးယောက်ကို သိုက်သိုက်ဝန်းဝန်းတွေ့မြင်ရမှာဖြစ်ပြီး အနုပညာမောင်နှမအားလုံးကိုဖိတ်ကြားထားခြင်းမရှိပဲ အလှူပွဲလေးကိုကြားသိတဲ့ မိတ်ဆွေတစ်ချို့နဲ့ မီဒီယာအနည်းငယ်သာလာရောက်ကြပြီး အကျဉ်းချုပ်ကာပြုလုပ်ခဲ့တဲ့ အလှူပွဲလေးလဲဖြစ်ပါတယ်။ Photo Source; Cele Gabar

Cele News

ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်၁၀၀ ပြည့် ပြက္ခဒိန်အတွက် အတူ ရိုက်ကူးပုံဖော်နေတဲ့ နေတိုးနဲ့ ပိုင်ဖြိုးသု

နေတိုးနဲ့ပိုင်ဖြိုးသုတို့ကတော့ အနုပညာလောကရဲ့ ကြယ်ပွင့်တွေဖြစ်သလို တိုင်းသိပြည်သိရုံသာမက နိုင်ငံကျော် အနုပညာရှင်တွေပဲဖြစ်ပါတယ်။သူတို့နှစ်ဦးအတူရိုက်ကူးပုံဖော်နေတာကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်၁၀၀ ပြည့် ပြက္ခဒိန်မှာဆိုရင် အတွဲညီညီတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ပြက္ခဒိန်ရဲ့ အခြေခံကိုတော့ ၁၉၂၀-၁၉၄၅ လောက်ကပုံစံကိုအဓိကအခြေခံထားပြီးရိုက်ကူးနေတာပဲဖြစ်ပါတယ်။ထိုသို့အခြေခံထားတဲ့ ကာလနဲ့ လိုက်လျောညီထွေအောင် အတိအကျကြီးမဟုတ်ပေမယ့်လဲ အနီးစပ်ဆုံးဖြစ်အောင် နောက်ခံအပိုင်းကအစ သေချာစီစစ်ပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ အနုပညာကြယ်ပွင့်နှစ်ဦးရဲ့ လိုက်ဖက်ညီအောင် ဘယ်လိုများ အပေးအယူမျှမျှ ရိုက်ကူးထားလဲဆိုတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ငွေရတုခေတ်က ပုံရိပ်ကလေးတွေကိုပရိသတ်တွေအနေနဲ့ ကြိုတင်ခံစားကြည့်ရှုလို့ရအောင် အခုလိုမျှဝေပေးလိုက်ပါတယ်။ Photo Source ; Min Thet Saen