Cele News

အပြာရောင်ဝတ်စုံလေးနဲ့ မင်းသမီးလေးတစ်ပါးအသွင်ပြီးပြည့်စုံအောင်လှပနေတဲ့ ဖုန်းသီရိကျော်

လှပတက်ကြွတဲ့ခြေလှမ်းတွေနဲ့လျှောက်လှမ်းလာပြီး အပြာရောင်အရောင်တောက်တောက် လေးကိုဝတ်ဆင်ထားတဲ့ ဖုန်းသီရိကျော် ကတော့ အပြုံးချိုချိုလေးနဲ့ ချစ်ဖို့ကောင်းတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။သူမတော့ ကြော်ငြာတွေနဲ့ပွဲတက်တွေကိုသာ အနုပညာလုပ်ငန်းတွေအဖြစ်လုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေရိုက်ကူး ထားခြင်းတော့မရှိပါဘူး။ ဖြူဖြူဖွေးဖွေး အကောင်သေးသေးလေးနဲ့သူမကတော့ ဘယ်အချိန်ကြည့်ကြည့်ချစ်ဖို့ကောင်းနေပြီး အပြုံးများကလည်း ကြည့်ရှုသူအဖို့ ရင်အေးစေပြီးကြည်နူးရတဲ့ အပြုံးပိုင်ရှင်လေးဖြစ်ပါတယ်။သူမအနေနဲ့တော့ နောက်ပိုင်းမှာအနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်သွားဖို့ရှိပါတယ်။ သူမတက်ရောက်ခဲ့တဲ့ပွဲလေးကတော့ Oppo ဖုန်းသစ်မိတ်ဆက်ပွဲလေးပဲဖြစ်ပါတယ်။ ထိုပွဲလေးကိုအပြာရောင်ဝတ်စုံလေးနဲ့အတူတူ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့လျှောက်လှမ်းလာတာဆိုရင်တော့ မင်းသမီးလေးတစ်ပါလို အပြစ်ကင်းဆင်ပြီး အရာရာပြီးပြည့်စုံနေတဲ့ အလှတရားတွေကို ခံစားရမှာပဲဖြစ်ပါတယ်။ Photo Source; Phone Thiri Kyaw

Cele News

ဘာဘီရုပ်ကလေးလို ချစ်ဖို့ကောင်းနေတဲ့ မေမြင့်မိုရ်

မေမြင့်မိုရ် လေးကတော့ ပန်းနုသွေးလေးဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေစတင်သိရှိခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ကာ အနုပညာကြယ်ပွင့်လေး ဖြစ်ခဲ့ပါတယ်။ထိုဇာတ်လမ်းတွဲလေးထဲမှာတော့ ဆံပင်အရှည်ကြီးနဲ့ မြန်မာမလေးတစ်ယောက်ရဲ့အသွင်အပြင်နဲ့ တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ သူမကတော့ အခုအခါမှာတော့ အနုပညာလျှောက်လှမ်းပေါ်မှာ ကြယ်ပွင့်လေးတစ်ပွင့်အနေနဲ့ရပ်တည်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ တွေ့မြင်လာရပါတယ်။ သူမအနေနဲ့လဲ အနုပညာနဲ့ပတ်သက်လာရင် အစွမ်းကုန်ကြိုးစားလေ့လာသူလေးဖြစ်ပါတယ်။ စစတွေ့မြင်ခဲ့ရတဲ့အချိန်က အရမ်းကိုမြန်မာဆန်တဲ့ မိန်ခလေးတစ်ယောက်အနေနဲ့တွေ့မြင်ခဲ့ရပြီး အချိန်တွေတဖြည်းဖြည်းကြာလာတဲ့အခါမှာတော့ ပိုမိုချစ်ဖို့ကောင်းလာတဲ့ပုံစံလေးကိုတွေ့မြင်ရမှာပါ။သူမရဲ့ Social Media ပေါ်မှာထွက်ပေါ်ခဲ့တဲ့ပုံလေးတွေကတော့ ဘာဘီရုပ်လေးလိုချစ်ဖို့ကောင်းပြီး ပန်းရောင်ဝတ်စုံလေးနဲ့လိုက်ဖက်နေပါတယ်။ Photo Source;May Myint Mo

Cele News

မိစန္ဒီရဲ့ ဈေးဗန်းခင်းမယ်သီချင်းလေးကို MTV အဖြစ် ရိုက်ကူးပုံဖော်

ဈေးဗန်းခင်းမယ် သီချင်းလေးကတော့ လူငယ်ပရိသတ်ကြားမှာ အပောက်ဆုံးသီးချင်းလေးတစ်ပုဒ်ဖြစ်နေတာဖြစ်ပြီး သီချင်းလေးစစထွက်ချင်းမှာပဲ လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားပေါ်မှာ ထိုသီချင်းလေးပဲထွက်ပေါ်လာပါတယ်။ထိုသီချင်းလေးကတော့ မိစန္ဒီလေးရဲ့ သီချင်းလေးဖြစ်ပြီး သီချင်းလေးထဲမှာတော့ တစ်ယောက်ထဲဖြစ်နေတဲ့ သူတွေကနေ ခံစားချက်တွေကိုသီဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ ဈေးဗန်းခင်းမယ်သီချင်း MTV လေးကတော့ ရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။ထို MTV လေးထဲမှာတော့ ရဲလေး၊သုသု၊ဆောင်းဝတ်ရည်မေ၊အိစိကွေး၊မိစန္ဒီကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။သီချင်းရဲ့ အတိုင်းလေး ဘယ်လို ပုံစံလေးတွေ့မြင်ရမလဲဆိုတာကတော့ မကြာခင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ MTV လေးထဲမှာဆိုရင်တော့ ဘယ်လိုပုံစံလေးနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ စောင့်ကြည့်မျှော်လင့်နေရမှာပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်အားဖြည့်ထားတဲ့ သူတွေကလဲ သီချင်းနဲ့လိုက်ဖက်ညီးဆုံး ဇာတ်ကောင်တွေပဲဖြစ်တာကြောင့် အမိုက်စား ပုံစံတွေနဲ့တွေ့မြင်ရမယ်လို့မျှော်လင့်နေပါတယ်။ Photo Source Eisi Kway

Cele News

စိတ်ချမ်းသာလာရလို့ ၀၀ကစ်ကစ်လေးဖြစ်လာတယ်ဆိုတဲ့ အိမ့်ချစ်

ညိုချောလေးအိမ်ချစ်လေးကတော့ အနုပညာပိုင်းမှာထူးချွန်ပြောင်မြှောက်လှတဲ့ ဂီတအနုပညာတွေကို ဖန်တီးနိုင်စွမ်းရှိပြီး ဖေဖေချစ်ကောင်းရဲ့ အနုပညာအမွေတွေကိုဆက်ခံရရှိထားတဲ့သူလေးဖြစ်ပါတယ်။ သူမအနေနဲ့က ဂီတ အနုပညာဘက်မှာ အစွမ်းရှိသမျှ ဖန်တီး ချပြခဲ့ပြီး ပရိသတ်အကြိုက်တွေ့ကာ အောင်မြင်မှုမှတ်တိုင် အများစုကို စိုက်ထူးထားနိုင်ခဲ့ပါတယ်။ သူမရဲ့ အောင်မြင်မှုလမ်းကြောင်းကိုအမြဲထိန်းသိမ်းထားနိုင်ပြီး လူငယ်ကော လူကြီး ပရိသတ်တွေပါ သူမသီဆို ထုတ်ဝေခဲ့တဲ့ သီချင်းတွေကိုနှစ်သက်သဘောကျခဲ့ကြပါတယ်။အရင်ကအိမ့်ချစ်နဲ့ အခုအိမ့်ချစ်နဲ့ မှားလောက်အောင် ၀လာပြီး ပိုလို့ချစ်ဖို့လဲကောင်းလာပါတယ်။ အရင်ကအကောင်သေးသေးလေးနဲ့ အသားညိုညိုကောင်မလေးကတော့ အခုအခါမှာတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်အသွင် ပြောင်းလဲတွေ့ရမှာပဲဖြစ်ပါတယ်။ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ၀လာရတာကတော့ အတိုက်အခိုက်တွေမရှိတာ့ဘဲ စိတ်ချမ်းချမ်းသာသာလေးနေလာရလို့ပဲဖြစ်ပါတယ်။ Photo Source ; Eint Chit

Cele News

First day of school မှာကြည့်မရတဲ့သူတွေကပဲ နောက်ဆုံးတော့လည်း Best Friends တွေဖြစ်လာတတ်တယ်ဆိုတဲ့ ယွန်းယွန်း

ယွန်းယွန်းလေးကတော့ ချစ်ဖို့ကောင်းပြီး ဆံပင်အရှည်လေးနဲ့ မိန်းကလေးပီပီ ၀တ်စားဆင်ယင်မှုအပိုင်မှာလဲ ယဉ်ကျေးသိမ်မွေ့စွာဝတ်ဆင်တက်တဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။မိသားစုထဲမှာလဲ တစ်ဦးတည်းဖြစ်တာကြောင့် ချစ်ခြင်းမေတ္တာ နဲ့ပတ်သတ်လာရင် အတ္တကြီးတက်တဲ့သူလေးဖြစ်ပါတယ်။ သူမတက်ရောက်နေတဲ့ ကျောင်းကနေ တက်ရောက်ပြီးဆုံးကြောင်း အခမ်းအနားလေးမှာတော့ သူမနဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့မြင်ရမှာပဲဖြစ်ပါတယ်။ကျောင်းစစတက်ချင်းကကြည့်မရကြသော်လည်း အချိန်ကြာလာတဲ့အခါမှာတော့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်နဲ့ တည်ရှိနေတာပဲဖြစ်ပါတယ်။ ” First day of school မှာကြည့်မရတဲ့သူတွေကပဲ နောက်ဆုံးတော့လည်း Best Friends တွေဖြစ်လာတတ်တယ် ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ သူငယ်ချင်းနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကိုမျှဝေခဲ့တာပဲဖြစ်ပါတယ်။ Photo Source; Yoon Yoon

Cele News

Toxic ထဲကပုံရိပ်ကလေးတွေကို ထုတ်ဖော်ပြသခဲ့ ​ကျော်ဆု

ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်ကွက်ကြမ်းကြမ်းတွေနဲ့လိုက်ဖက်ပြီး သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အနုပညာမှတ်တိုင်တွေစိုက်ထူနိုင်ခဲ့ပြီး လူကြီးကော လူငယ်ပရိသတ်တွေပါ သဘောကျရဲ့ အနုပညာရှအနုပညာရှင်လေးက​တော့ေ​ကျာ်ဆုပြဲ​ဖစ်ပါတယ်။သူပါဝင်သရုပ်ဆောင်ထားတဲ့ Toxic ဇာတ်လမ်းတွဲကလည်း ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါတယ်။ ထို ဇာတ်လမ်းတွဲမှာ အမှတ်တရတွေအများကြီးရှိပြီး အကောင်းဆုံးကြိုးစားထားတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကိုတွေ့မြင်ရတဲ့အခါ ကြည်နူးပီတိဖြစ်ရပါတယ်။Toxic ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်ကဓါတ်ပုံလေးတွေကို စုစည်းတင်ခဲ့ပြီး အမှတ်တရတွေကို အမှတ်ရစေပါတယ်။ ထိုဓါတ်ပုံလေးတွေထဲမှာတော့ သူရဲ့ ကြိုးစားအားထုတ်မှုတွေကို အာမာန်အပြည့်နဲ့ရိုက်ကူးထားတဲ့ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ပရိသတ်တွေကြည့်ရှုခံစားနိုင်ဖို့အတွက် ပြန်လည်ကူယူပြီး ဖော်ပြပေးလိုက်ရပါတယ်။ Photo Source; Kyaw Su

Cele News

နာမည်မှာ ပိုင်ပါတဲ့ လူတိုင်းချောနေတာခက်တယ် ဆိုပြီး ပိုင်ဖြိုးသုနဲ့ရိုက်ကူးထားတဲ့ပုံလေးတွေကို မျှဝေခဲ့ ပိုင်တံခွန်

အနုပညာမောင်နှမတွေ ဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ပိုင်တံခွန်တွေကတော့ အလိုက်ဖက်ဆုံးအတွဲအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာ ကြယ်ပွင့်များအနေနဲ့ ရပ်တည်နေပြီး ပြည်တွင်း မှာသာအောင်မြင်ရုံသာမက ပြည်ပမှာပါအောင်မြင်နေကြတဲ့ အနုပညာရှင်လေးတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပုံရိပ်ကလေးတွေတွေ့မြင်ရလျှင် လိုက်ဖက်နေတဲ့အတွဲလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပြီး အားကျရလောက်တဲ့ အနုပညာရှင် လေးတွေအဖြစ်တည်ရှိနေပါတယ်။အနောက်ကရူခင်းရဲ့လှပသေသပ်မှုကလဲ သဘာဝဆန်ဆန်အရမ်းလှပနေပြီး သူတို့နှစ်ဦးရဲ့ လိုက်ဖက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကြည့်မ၀တဲ့ ဓါတ်ပုံ လေးများအနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုလှပသေသပ်လှတဲ့ ပုံရိပ်ကလေးတွေကို ” နာမည်မှာ ပိုင်ပါတဲ့ လူတိုင်းချောနေတာခက်တယ် ” ဆိုတဲ့ စနောက်ဟန်လေးဖြစ်တဲ့ စာသားလေးနဲ့အတူတူ တင်ထားခဲ့တာပဲဖြစ်ပါတယ်။ထိုဓာတ်ပုံလေးတွေကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်ဖို့အတွက် ပိုင်တံခွန်ရဲ့ မီဒီယာပေါ်မှာ ပြန်လည်ကူးယူပြီးဖော်ပြပေးလိုက်ပါတယ်။ Photo Source ; Paing Takhon

Cele News

အမြင်မတူတဲ့ ကွဲပြားနေတဲ့ ဆံပင်အတိုလေးနဲ့တွေ့မြင်ရမယ့် ပန်းရောင်ခြယ်

ဆံပင်အရှည်လေးနဲ့ ယဉ်ကျေးသိမ်မွေ့မှုရှိတဲ့ ပုံစံလေးနဲ့ သူလေးကတော့ ပန်းရောင်ခြယ်လေးပဲဖြစ်ပါတယ်။အဆိုပိုင်းကို အမွေရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလဲ ထင်ထားတာထက် ပိုမိုကောင်းမွန်အောင် ကြိုးစားချပြနိုင်ခဲ့ပါတယ်။သူမရဲ့ ပထမဦးဆုံးဖြစ်တဲ့ လိပ်ပြာ ဇာတ်လမ်းတွဲကလဲ စတင်ထုတ်ပြနေပြီပဲဖြစ်ပါတယ်။ ဆံပင်အရှည်လေးနဲ့တွေ့နေမြင်နေကြပုံစံလေးကို အခုအခါမှာတော့ တမူထူးခြားတဲ့ ဆံပင်အတိုလေးနဲ့ပြောင်းလဲတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဆံပင်အရှည်လေးနဲ့တုန်းက ရင့်ကျက်တည်ငြိမ်ပြီး ချစ်ဖို့ကောင်းသလို အခုဆံပင်အတိုလေးနဲ့ကျတော့လဲ လူငယ်ပိုဆန်ပြီး စမတ်ကျကျ ပိုမိုချစ်ဖို့ကောင်းတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အနုပညာရှင်တွေဆိုတာကတော့ ကိုယ့်ရဲ့ အနုပညာအလုပ်ပေါ်မူတည်ပြီးတော့ ကိုယ့်ရဲ့ နေထိုင်မှုပုံစံအနေအထားကိုပြောင်းလဲပြုပြင်နေရတဲ့သူတွေပဲဖြစ်ပါတယ်။ထိုသို့ပြောင်းလဲပြင်ဆင်နေထိုင်ရတာကြောင့် Armani Exchange ပွဲသို့တက် ရောက်တဲ့အခါ ပွဲနဲ့လိုက်ဖက်ပြီး သဟဇာတဖြစ်စေမယ့် ဖက်ရှင်ဒီဇိုင်းမျိုးကို ရွေးချယ်ထားတာဖြစ်ပြီး ဆံပင်အတိုလေးနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ; Pan Yaung Chel

Cele News

ဝါရင့်သရုပ်ဆောင်နေတိုးနဲ့ အတူတူ ကြော်ငြာရိုက်ကူးနေတဲ့ ခြူးလေး

Tik Tok မင်းသမီးလေး ခြူးလေးကတော့ ချစ်ဖို့ကောင်းပြီး အပြုံးချိုချိုလေးရှိတဲ့ မင်းသမီးလေးဖြစ်ပြီး ပရိသတ်တွေကို သူ့ရဲ့ အနုပညာတွေကိုအကောင်းဆုံး ချပြတက်တဲ့သူလေးပါ။အနုပညာလောကထဲမှာ ကျင်လည်တာ သက်တန်းနုသေးသော်လည်း ဝါရင့်သရုပ်ဆောင် တွေဆီကနေ ရသမျှအနုပညာဝမ်းစာတွေကိုစုဆောင်းရင်း အနုပညာမှတ်တိုင်တွေကိုစိုက်ထူနေတာပဲဖြစ်ပါတယ်။ သူမအနေနဲ့ သရုပ်ဆောင်ဝါရင့်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရင်လဲအကောင်းဆုံးပြင်ဆင်ထားတက်တဲ့ သူလေးဖြစ်ပါတယ်။အခုအခါမှာတော့ United Vision ရဲ့ Photo Shooting အနေနဲ့ ရိုက်ကူးနေပါတယ်။သူမအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားတာကို ထိုကြော်ငြာလေးမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုကြော်ငြာလေးကိုတော့ ဝါရင့်သရုပ်ဆောင် နေတိုးနဲ့ အတူတူ တွဲဖက်ရိုက်ကူးနေတာဖြစ်ပြီး အပေးအယူညီညီနှင့် အကောင်းဆုံး ချပြထားတဲ့ ကြော်ငြာတစ်ပုဒ်လဲဖြစ်ပါတယ်။ကြော်ငြာလေးရဲ့ ပုံရိပ်ကလေးတွေ ထွက်ရှိလာရင်လဲ ဘယ်လိုများ အတွဲညီညီနဲ့တွေ့မြင်ရမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ပဲဖြစ်ပါတယ်။ Photo Source ; Chue Chue

Cele News

Box No.88မှာ ကာရိုက်​တာ နှစ်​ခုနဲ့သရုပ်​​ဆောင်​ထားတဲ့ အိန္ဒြာ​ကျော်​ဇင်

ကျရာဇတ်​ရုပ်​ကို အပီပြင်​ဆုံးဖြစ်​​အောင်​၊ ဇာတ်​​ကောင်​နဲ့ ထပ်​တူကျ​အောင်​ ကြိုးစားသရုပ်​​ဆောင်​တတ်​တဲ့ မင်းသမီး​ချော​လေး အိန္ဒြာ​ကျော်​ဇင်​ကို ပရိတ်​သတ်​​တွေက ယ​နေ့တိုင်​ ချစ်​ခင်​အား​ပေး​နေရတာပါ။သူတို့ရဲ့ သာယာ​အေးချမ်းတဲ့ မိသားစု​လေးကိုလည်း တည်​​ဆောင်​ထားပြီး အနုပညာ အလုက်​​တွေကိုမပြတ်​လုပ်​​ဆောင်​​နေသူပါ။ အိန္ဒြာ​ကျော်​ဇင်​ဟာ အနုပညာရှင်​အချင်းချင်းက​တောင်​ တစ်​​ခေတ်​မှာတစ်​​ယောက်​လို့ချီးကျူးယူရတဲ့ အထိကို ဒရာမာချို​တွေကိုပိုင်​နိုင်​ပြီး ပရိတ်​သတ်​​တွေ ကို ရင်​ဘတ်​ထဲ ထိ​စေသူပါ။ အူဝဲရဲ့ “ရင်​ဘတ်​ထဲကဓား” ” ဟစ်​တိုင်​” စတဲ့ ဇာတ်​ကားများမှာလည်း နာမည်​ကြီး​အောင်​မြင်​ခဲ့ပြီး သူမရဲ့ ဇာတ်​ကားများဟာလည်း ရုံတင်​တိုင်း လူအပြည့်​နဲ့ ပရိတ်​သတ်​​အခိုင်​အမာရှိသူပါ။ မကြာမီ လာမယ့်​ ၃၁ ရက်​​နေ့မှာလည်း အူဝဲနဲ့ ​နေတိုးတို့ ပြန်​ဆုံက သရုပ်​​ဆောင်​ထားကြတဲ့ ” Box No.88″ဇာတ်​ကား​လေးဟာရုံတင်​​တော့မှာဖြစ်​ပါတယ်​။ ယင်းဇာတ်​ကား​လေးမှာ အူဝဲက စိတ်​နှစ်​ခုနဲ့ သရုပ်​​ဆောင်​ထားရပြီး သူမမလုပ်​ခဲ့ဖူး​သေးတဲ့ ကာရိုက်​တာ တစ်​ခုကို ဖန်​တီးသရုပ်​​ဆောင်​ထား​ကြောင်းသိရပါတယ်​။ […]