Cele News

အဖွားကြီးမဟု‌တ်သေးလို့ ဒုတ်ကောက်ဝယ်ပေးစရာမလိုဘူးဆိုတဲ့ မင်းသမီးကြီး ဒေါ်ခင်လေးဆွေ

ဒေါ်ခင်လေးဆွေကတော့ အနုပညာလမ်းကြောင်းပေါ်မှာ မင်းသမီးကြီးတစ်‌ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ရာစုနှစ်တစ်ခုတိုင် အကောင်းဆုံးရပ်တည်ကြိုးစားပြခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့အောင်မြင်မှုတွေကတော့ပြောစရာမလိုလောက်အောင် အောင်မြင်ခဲ့ပြီး အခုအချိန်ထိလဲ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့အခြေအနေမှာတောင် သရုပ်ဆောင်လုပ်ငန်းကိုလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးပြီဖြစ်တာကြောင့်ရောဂါဝေဒနာဆိုတာဝင်ရောက်လာစမြဲပါ။သူမမှာလဲ ဒူနာတက်တာကြောင့် မြေးဖြစ်သူက ဒုတ်ကောက်ဝယ်ပေးတာကို ငါကအဖွားကြီးမှမဟုတ်တာ ဒုတ်ကောက်ဝယ်ပေးစရာလားလို့ ပြန်လည်ချေပခဲ့ပါတယ်။အသက်အရွယ်ကြီးမြင့်သော်လည်း စိတ်ထဲမှာတော့ငယ်ရွယ်စိတ်ကလေးရှိနေဆဲဖြစ်တဲ့ မင်းသမီးကြီးဖြစ်ပါတယ်။ Photo Source; စမိုင်းလ် smile

Cele News

ဘဝမှာ မေးခွန်းစာရွက်တွေက ရင်အခုန်ရဆုံးဆိုတဲ့ ပိုပို

ပိုပိုကတော့ ဂီတအနုပညာအပိုင်းမှာ သီချင်းလေးတွေကိုအသံချိုချိုအေးအေးလေးနဲ့သီဆိုတက်သူလေးဖြစ်ပြီး နောက်ပိုင်းမှာတော့သူမရဲ့ သီချင်းတွေကို သူမကိုယ်တိုင်ဦးစီးပြီး အမိုက်စား Music Video အနေနဲ့ ရိုက်ကူးချပြလေ့ရှိပါတယ်။ သူမပုံဖော်ခဲ့တဲ့ MTV တိုင်းကိုပရိသတ်တွေအကြိုက်တွေ့ခဲ့ကြတာဖြစ်ပြီး သူမရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုထားကြတာပဲဖြစ်ပါတယ်။သူမကတော့ အနုပညာပိုင်းမှာကြိုးစာယုံတင်မက သူမရဲ့ပညာရေးကိုလဲအကောင်ဆုံးဖြစ်နေ‌အောင်ကြိုးစားနေတာပဲဖြစ်ပါတယ်။ ပိုပိုကတော့ ဥပဒေကျောင်းသူလေးဖြစ်ပါတယ်။ဒုတိယ အသုတ်စာမေးပွဲဖြေနေရတာဖြစ်တဲ့ ဥပဒေကျောင်းသူလေးသူမကတော့ သူမရဲ့ဒုတိယမြှောက်စာမေးပွဲရက်လေးကိုကျော်လွှားခဲ့ပါတယ်။သူမရဲ့ဘဝမှာ ရည်စားစာရွက်နဲ့ မေးခွန်းစာရွက်လေး ယှဉ်လာရင် မေးခွန်းစာရွက်ကိုမြင်တာနဲ့ ရင်ခုန်နေတော့တာပဲလို့ စနှောက်ဟန်လေးနဲ့သိရပါတယ်။ Photo Source ;ပိုပို

Cele News

ပရိသတ်တွေပေးတဲ့ ဖိနပ်ကလေးနဲ့ အင်္ကျီလေးကိုဝတ်ဆင်ကာ Night Out ထွက် ခဲ့တဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုး လေးကတော့ ပရိသတ်တွေကိုဦးစားပေး ဆက်ဆံတက်တဲ့ အနုပညာရှင်မလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာနဲ့ပတ်သက်လာရင်လည်း အကောင်းဆုံးကြိုးစားပြီး ပရိသတ်တွေကိုချပြနေတာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့သူမကတော့ အနုပညာတွေကိုလက်လွှတ်မခံဘဲ ဂီတဘက်မှာကော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေအကြိုက်တွေ့အောင်ခံစားချက်နဲ့အညီ ပြုလုပ်တက်တဲ့ အနုပညာရှင်လေးလဲဖြစ်ပါတယ်။လွတ်လွတ်လပ်လပ်နေတက်ပြီး ချစ်ဖို့ကောင်းတဲ့ သူမကတော့ Yagon Night Life လေးကိုထိတွေ့ခဲ့ပါတယ်။ Night Out ထွက်ခဲ့တဲ့ နေ့ရက်လေးမှာတော့ပရိသတ်တွေ ပေးခဲ့တဲ့ အမှတ်တရလက်ဆောင်လေးတွေကိုဝတ်ဆင်ခဲ့ ပါတယ်။ဖိနပ်ကလေးနဲ့ သူမ ၀တ်ထားတဲ့ အင်္ကျီလေးကတော့ ပရိသတ်တွေဆီကနေ ရရှိခဲ့တာဖြစ်ပြီး ထိုအမှတ်တရပစ္စည်းလေးတွေကို ၀တ်ဆင်ထားတာလေးကိုကြည့်ခြင်း အားဖြင့် ပရိသတ်တွေကို ဘယ်လောက်အလေးထားလဲဆိုတာတွေ့ ရမှာပဲဖြစ်ပါတယ်။ Photo Source ;Nansu Yati Soe

Cele News

ဆေးပေါင်းခတဲ့ ည ရန်ကုန်ရဲ့ ပွဲမှာတော့ ပါဝင်ဖျော်ဖြည့်မယ့် Eternal Gosh Band

Rock Star တွေပဲတွေ့မြင်ရမယ့်ညတစ်ညဖြစ်တဲ့ ” ဆေးပေါင်းခတဲ့ ည ” ပွဲကတော့ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကြပွဲလေးပဲဖြစ်ပါတယ်။ ထိုပွဲမှာဆိုရင် ဂီတလောကထဲက Rock သီချင်းတွေကို ဖန်တီးချပြနေတဲ့ Rock Star တွေကို တစ်စုတစည်းထဲတွေ့မြင်ရမှာဖြစ်ပြီး သူတို့ရဲ့သီချင်းတွေကိုလဲ တစ်ဝကြီးနားထောင် ရမှာပဲဖြစ်ပါတယ်။ ထိုပွဲလေးမှာတော့ အရင်က Rock Star ဝါရင့်ကြီးတွေကိုတွေ့မြင်ရမှာဖြစ်သော်လည်း အခုအခါမှာတော့ ဂီတလောကရဲ့ အခြေချနေပြီဖြစ်တဲ့ Band တွေလဲပါဝင်လာမှာပဲဖြစ်ပါတယ်။ထိုBand တွေထဲမှာဆို Eternal Gosh Band လဲ ပါဝင်ပါတယ်။ Eternal Gosh Bandကတော့ Rock Music နဲ့ရပ်တည်နေတာကြာပြီဖြစ်သော်လည်း အ၇င်ကသူတို့ Band ကိုလူသိနည်းခဲ့ပြီး အတိုင်းအတာတစ်ခုကိုကျော်လွန်ခဲ့တဲ့ အချိန်မှာတော့ လူငယ်ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်လာခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာဆို သူတို့ရဲ့သီချင်းများကို အများဆုံး သီဆိုလာကြပါတယ်။ထို […]

Cele News

မြန်မာနိုင်ငံကို အလည်ရောက်နေပြီး မြန်မာစကားတွေကိုပါ သင်ယူလေ့လာနေတဲ့ Sinon Loreasca

Sinon ကတော့ ကမ္ဘာလှည့်ခရီသည်တစ်ယောက်အနေနဲ့ ခရီးသွားနေတာဖြစ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိနေကာ အနေကြာနေပြီပဲဖြစ်ပါတယ်။သူအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲချို့တဲ့ပြီး အကူအညီလိုအပ်နေတဲ့ သူတွေကိုလဲ သူတက်နိုင်တဲ့ ဘက်ကနေအကောင်းဆုံး ကြိုးစားကူညီပေးတာကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေက မျက်စိကျနှစ်သက်နေတာပဲဖြစ်ပါတယ်။ သူရဲ့ တမူထူးခြားတဲ့ ၀တ်စားဆင်ယင်မှု Catwalk လမ်းလျှောက်မှုတွေကြောင့်လဲ နိုင်ငံအနှံ့အပြားမှာဆိုရင် Sinonကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အများစုလဲရှိနေပါတယ်။Sinon ကတော့ မြန်မာပြည်မှာနေထိုင်မှုကြာလာပြီး အနုပညာရှင်များနဲ့လဲ လက်တွဲကာ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ဖို့လဲရှိပါတယ်။ ဒါရိုက်တာကိုယ်ပေါက်ရိုက်ကူးတဲ့လူထဲကလူ ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး အကယ်ဒမီဆုရှင်များဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ သရုပ်ဆောင်ရမှာကြောင့် ပျော်ရွှင်နေပြီ ပရိသတ်တွေရဲ့နွေးထွေးမှုကြောင့်ပျော်ရွှင်ပီတိဖြစ်ရပြီး ပရိသတ်တွေနဲ့ ပိုမိုနွေးနွေးထွေးထွေးဆက်ဆံနိုင်ဖို့အတွက် မြန်မာစကားကိုလည်းသင်ကြားနေပြီဖြစ်ကြောင်းသိရပါတယ်။ Photo Source ; Sinon Loreasca

Cele News

မတွေ့ဖြစ်တာကြာခဲ့ပြီး ပြန်လည်တွေ့ဆုံခဲ့တဲ့ သူငယ်ချင်းနှစ်ဦး သင်ဇာဝင့်ကျော်နဲ့ ရေမွန်

အနုပညာလောကရဲ့ အဟော့ဆုံးသရုပ်ဆောင်မင်းသမီးလေးဖြစ်ပြီး ကြယ်ပွင့်လေးတစ်ပွင့်လေးဖြစ်တဲ့ သင်ဇာဝင်ကျော်ကတော့ Rock ဂီတအပြင်းစားတွေကိုမှ ပရိသတ်တွေကိုမှ ချပြတင်ဆက်လေ့ရှိတဲ့ လူငယ်ပရိသတ်တွေရဲ့ Rock Star တစ်ယောက်ဖြစ်ပြီး Idiots Band အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရေမွန်တို့ကတော့ သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အနုပညာရပ်ဝန်းပေါ်မှာရပ်တည်နေကြတယ်ဆိုပေမယ့်လဲ လျှောက်လှမ်းနေကြတဲ့ အနုပညာ လမ်းကြောင်းချင်းမတူညီတာကြောင့်တွေ့ဆုံဖို့ မလွယ်ကူကြတာပဲဖြစ်ပါတယ်။Halloween အဖြစ်သတ်မှတ်တဲ့ အောက်တိုဘာလ ၃၁ရက်နေ့ကို သတ်မှတ်ထားတာကြောင့် ထိုပွဲလေးကို အကြောင်းပြုပြီးတွေ့ဆုံဖြစ်ခဲ့ တာပဲဖြစ်ပါတယ်။ Inya Lake Hotel ရှိတဲ့ Sport Bar မှာတွေ့ဆုံခဲ့ကြတာပဲဖြစ်ပါတယ်။မတွေ့ရတာကြာပြီးဖြစ်တဲ့ အနုပညာရှင်သူငယ်ချင်းနှစ်ယောက်တွေ့ဆုံခဲ့တဲ့ပုံရိပ်ကလေးတွေကို သူတို့ရဲ့ Social Media ပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။ထိုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Photo Source ; Raymond Idiots / Thin Zar Wint Kyaw

Cele News

ငြိမ်းငြိမ်းချမ်းချမ်း​လေးနဲ့ကုသိုလ်​​ရေး​တွေလုပ်​ကာ ​ပျော်​ရွှင်​​နေတဲ့ သင်​ဇာဝင့်​​ကျော်

ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အထူးအား​ပေးခြင်းကို ရရှိထားတဲ့ မင်းသမီး​ချော​လေးဖြစ်​တဲ့ သင်​ဇာဟာအမြဲလိုလိုလည်း ဖက်​ရှင်​အလန်းစား​တွေနဲ့ ပရိတ်​သတ်​​တွေကြားထဲ ပွဲဆူ​စေသူလည်းဖြစ်​ပါတယ်​။ သင်​ဇာက​တော့ သူမရဲ့ အလှအပ​တွေကို ယုံကြည်​မှုရှိရှိနဲ့ ထုတ်​​ဖော်​တတ်​ပြီး ​ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အထူးရရှိထားတဲ့သူလည်း ဖြစ်ပါတယ်​။ သင်​ဇာဟာ ​ခေတ်​ဆန်​ဆန်​နဲ့ အမြဲ တက်​ကြွ​နေတက်​ပြီး ဘာသာတရားကိုလည်း လိုက်​စားတဲ့သူလည်းဖြစ်​ပါတယ်​။ ဘာသာ​ရေးလည်းမြဲသလို အလှုအတန်းအ​ပေးအကမ်းမှာလည်း လက်​မတွန့်​သူဖြစ်​တာမို့အနုပညာရှင်​အချင်းချင်းကပါ ချီးကျူးရသူပါ။ မကြာခဏ အလှူအတန်း​တွေလုပ်​​လေ့ရှိသလို အခုတစ်​ခါမှာလည်း ​အောင်​ဇမ္ဗူ​တောရဓမ္မရိပ်​သာ​ကျောင်းကိုလည်း ​ငွေ​ကြေးလှုူ ဒါန်းခဲ့ပါ​သေးတယ်​။ ပရိတ်​သတ်​​တွေကလည်း သင်​ဇာကို အလှူအတန်းနဲ့ပတ်​သတ်​ရင်​ မချီးကျူးဘဲ မ​နေနိုင်​ကြပါဘူး။ သင်​ဇာဟာ အခြားအနုပညာရှင်​​တွေနဲ့အတူတူ အလှူအတန်းပြုလုပ်​ခဲ့ပြီး သူမတို့အုပ်​စုရဲ့အမှတ်​တရပုံ​လေး​တွေကိုလည်း My day​တွေမှာတင်​ထားခဲ့ပါတယ်​။ သင်​ဇာဟာလတ်​တ​လောမှာ မြမြ ဇာတ်​ကားမှာပါဝင်​သရုပ်​​ဆောင်​လျက်​ရှိပြီး မကြာခင်​ပရိတ်​သတ်​​တွေ​ရောက်​ရှိလာမှာဘဲဖြစ်​ပါတယ်​။ Source Thin zar wint kyaw

Cele News

ဝမ်းနည်းတက်သူမို့ တစ်ယောက်ထဲပစ်မထားပါနဲ့ဆိုတဲ့ အေးငြိမ်းဖြူ

အေးငြိမ်းဖြူလေးကတော့ ဖြူဖွေးလှပပြီး အရုပ်မလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့သူမကတော့ အနုပညာလောကထဲကို ဓါတ်ပြားရုပ်ရှင်မင်းသမီးတစ်ယောက်အဖြစ်စတင်ဝင်ရောက်လာပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေ Photo Model အဖြစ်အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်နေတာပဲဖြစ်ပါတယ်။ သူမကတော့ကျမ်းမာရေးအရလည်းခြူချာသူလေးဖြစ်တာကြောင့်မိသားစုကကော ချစ်သူကောင်လေးဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်ကလည်း အလေးပေးဂရုစိုက်ထားရပြီး ပိုးဥသလိုလေး ဥထားတဲ့မင်းသမီးလေးဖြစ်ပါတယ်။ အခုအခါမှာတော့ သူမရဲ့ ထိုင်းမှိုင်းလှတဲ့ ပုံရိပ်ကလေးတွေနဲ့ တခုခုဆိုဝမ်းနည်းလွယ်သူလေးမို့ ပစ်မထားပါနဲ့ဆိုတဲ့စာသားလေးနဲ့ ရေးသားပြီးတင်ထားတာပဲဖြစ်ပါတယ်။သူမရဲ့ပုံရိပ်ကလေးတွေကိုကြည့်ရှုခံစားလို့ရအောင် ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်။ Photo Source; A Nyein Phyu

Cele News

ဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ သရုပ်ဆောင်အသစ်တွေကိုတွဲဖက်မြင်တွေ့ရမယ့် စတုတ္ထမြောက်သွေးကြောမျှင်

မတူညီတဲ့ အသွင်အပြင်နဲ့ သရုပ်ဆောင်တွေကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုထဲမှာတွေ့မြင်ရမယ့် ဇာတ်ကားကြီးကတော့ စတုတ္ထမြောက်သွေးကြောမျှင် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ထိုရုပ်ရှင် ဇာတ်ကားကြီးကိုတော့ 7th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးမှ တင်ဆက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဘယ်လိုမျိုး ဇာတ်ကွက်တွေမျိုးနဲ့ ထွက်ပေါ်လာမလဲဆိုတာကတော့ စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ ထိုဇာတ်ကားကြီးမှာဆိုရင်တော့ ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ နိုင်းနိုင်း နဲ့ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်အငယ်လေးတွေဖြစ်တဲ့ ရွှေထူးနဲ့ မေမြင့်မိုရ်လေးတို့ကလဲ အတူတူပါဝင် သရုပ်ဆောင် ကြမှာပဲဖြစ်ပါတယ်။ဘယ်လိုထူးကဲတဲ့ သရုပ်ဆောင်ချက်တွေနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ စတုတ္ထမြောက်သွေးကြောမျှင် ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ နေဟိန်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဇာတ်ညွှန်းအနေနဲ့ကတော့ လူနေကနေ ရေးစပ်ပုံဖော်ထားတာပဲဖြစ်ပါတယ်။7th Sense Creation ထုတ်လုပ်ရေးကနေ ပုံဖော်ထုတ်ဝေသမျှ ရုပ်ရှင်ကားကြီးတွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကြခဲ့ပါတယ်။အခုထွက်ရှိလာမယ့် ဇာတ်ကားကြီးကလဲ ဘယ်လို ပုံရိပ်တွေနဲ့ ထွက်ပေါ်လာမယ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားနေပြီပဲဖြစ်ပါတယ်။ […]

Cele News

ဂုဏ်​ပြု ပုံတူရုပ်​တု​လေး​ကြောင့်​ ပီတီဖြစ်​ခဲ့ရတဲ့ သက်​မွန်​မြင့်

ပရိတ်​သတ်​​တွေသည်းသည်းလှုပ်​ချစ်​ကြတဲ့ အကယ်​ဒမီ မင်းသမီး​ချောသက်​မွန်​မြင့်​က​တော့အနုပညာ သက်​တမ်းကြာမြင့်​တဲ့အထိကို ပရိတ်​သတ်​​တွေရဲ့ အား​ပေးချစ်​ခင်​မှု​လျော့ကျသွားခြင်းမရှိဘဲ လက်​ရှိအချိန်​ ထိ​အောင်​မြင်​​နေဆဲ မင်းသမီးတစ်​လက်​ဘဲ ဖြစ်​ပါတယ်​။ သား​လေးသမီး​လေး​တွေနဲ့အတူ သာယာတဲ့ မိသားစု​လေး တစ်​ခု တည်​​ဆောက်​ထားပြီး တစ်​ဖက်​မှာလည်း အနုပညာအလုပ်​​တွေကို လုပ်​ကိုင်​​နေသူလည်းဖြစ်​ပါတယ်​။ သက်​မွန်​မြင့်​ဟာ ရုပ်​ရှင်​ဇာတ်​ကား​တွေကိုလည်း​သေချာ​လေးစီစစ်​ပြီးရိုက်​ကူး​နေပြီးသူမရဲ့ ဇာတ်​ကား​ကောင်းများဟာလည်းရုံတင်​ထားလျက်​ရှိပါတယ်​။ လာမယ့်​ ၃၁ ၇က်​​နေ့မှာ ရုံတင်​မယ့်​ “သခင်​ကြီးနဲ့ငပိတို့စရာ ” ဇာတ်​ကားမှာလည်း သူမတူတဲ့ ကာရိုက်​တာတစ်​မျိုးနဲ့ ပရိတ်​သတ်​​တွေကိုသူမရဲ့ အနုပညာကိုချပြထားပါ​သေးတယ်​။ အားလုံးကိုသ​ဘောထား​ကောင်းလွန်းတဲ့သူ၊ အလုပ်​ကိုတာဝန်​​ကျေ​ကျေလုပ်​တတ်​တဲ့ ချစ်​သက်​​လေးကို “သခင်​ကြီးနဲ့ငပိတို့စရာ ” အဖွဲသား​တွေက ပုံတူရုပ်​တု​လေးနဲ့ ဂုဏ်​ပြု​ပေးခဲ့ပါတယ်​။ ချစ်​သက်​လေးက​တော့” ဝမ်းသာပါတယ်​မင်းသမီးတစ်​​ယောက်​ကို ဒီလို​လေးလုပ်​​ပေးလို့ ပြီးဒီ​ကားမှာသက်​မွန်​လုပ်​ကွက်​လည်း ရတယ်​ အစက ပုံတူလုပ်​​ပေးမယ်​ surprise တဲ့ ထင်​တာ အိမ်​မှာထားလို့ရမယ့်​ အရုပ်​​လေးထင်​​နေတာ ဒီ​ရောက်​​တော့မှ​တွေ့ရ​တော့ အံ့သြသွားတယ်​ ၁၈ […]