Cele News

ရိုက်​ကူး​နေကျဇာတ်​ရုပ်​မျိုးမဟုတ်​ပဲ ရိုးမ​ပေါ်ကမျက်​ရည်​ ရုပ်​ရှင်​ကားကြီးမှာ ကွဲပြားပြီး စိတ်​၀င်​စားစရာ ကာရိုက်​တာနဲ့ သရုပ်​​ဆောင်​ခဲ့တဲ့ မြင့်​မြတ်

မြင့်မြတ်လို့ပြောလိုက်တာနဲ့ ဟာသဇာတ်ကားတွေ ခပ်ဇိုးဇိုးဇာတ်ကားတွေနဲ့တွဲဖက်မြင်တွေ့မိမှာဖြစ်ပြီး အမြင်တည်ငြိမ်တဲ့သရုပ်ဆောင်ကာရိုက်တာဘက်ကိုတော့ ပရိသတ်တွေ တွေးတောစဉ်းစားမိမှာမဟုတ်လောက်ဘူးထင်ပါတယ်။အခုအခါမှာတော့ တမူထူးခြားတဲ့ပုံစံတွေနဲ့ အမြင်မတူမှုတွေနဲ့အတူတူတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားကြီးထဲမှာတော့ တည်ငြိမ်ပြီး စကားပြောပြတ်သားတဲ့ အနာဂါတ်ပန်းပျိုးသူဆရာတစ်ယောက်အနေနဲ့ တွေ့ရှိရမှာပဲဖြစ်ပါတယ်။အရင်ကသူရိုက်ကူးထားတဲ့ဇာတ်‌ကောင် ပုံစံတွေနဲ့ ထိုဇာတ်ကားကြီးရဲ့ဇာတ်ကောင်‌နေရာနဲ့တော့ ကွာခြားနေတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အပြင်လောကမှာလဲ မြင့်မြတ်က အနေအေးပေမယ့် စနှောက်ပြီးပျော်ရွှင်စွာနေတက်တဲ့သူဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးရဲ့ကာရိုက်တာကတော့ အရမ်းတည်ငြိမ်အေးချမ်းတဲ့ ကာရိုက်တာမျိုးဖြစ်တာကြောင့် အပြင်လောကနေထိုင်မှုပုံစံနဲ့ကတော့ကွဲပြားနေတာပဲဖြစ်ပါတယ်။ Photo Source;Forever Myint Myat’s Fan

Cele News

နွားကျောင်းသူ Album ကိုမကြာခင် ပရိသတ်တွေရဲ့ လက်ထဲဆီ အရောက်ပို့ပေးမယ့် ဝိုင်းစုခိုင်သိမ်း

သရုပ်ဆောင် လုပ်ငန်းမှာကော ဂီတလုပ်ငန်းမှာပါအောင်မြင်မှုတွေရရှိနေတဲ့ဝိုင်းစုခိုင်သိမ်းကတော့ သူရဲ့ နောက်ထွက်မယ့်Album နာမည်ကို နွားကျောင်းသူလို့နာမည်ပေးထားပြီး မကြာခင်မှာတော့ ပရိသတ်တွေဆီအရောက်ထည့်ပေးပို့စီစဉ်နေတာပဲဖြစ်ပါတယ်။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကတော့သရုပ်ဆောင်ဘက်မှာရပ်နားထားပြီး ဂီတဘက်မှာတော့ သူမရဲ့ ချစ်သူ အောင်လရဲ့ပံ့ပိုးမှုတွေနဲ့အတူတူ သီချင်းများစွာကို ဖန်တီးနေပြီး ထိုAlbum လေးကိုလဲ အောင်လကပဲ လိုအပ်ချက်များကိုဖြည့်စွက်ပေးထားတာပဲဖြစ်ပါတယ်။ ထို Album လေးထဲမှာတော့ သီချင်းဘယ်နှစ်ပုဒ်ပါတယ် ဘယ်လိုအမျိုးအစားတွေပါဝင်လဲဆိုတာတော့အတိအကျမသိရသေးဘဲ မကြာခင်မှာတော့ ပရိသတ်တွေဆီရောက်ရှိတော့မှာပဲဖြစ်ပါတယ်။Album Name ကတော့ပရိသတ်တွေစိတ်ဝင်စားမယ့် နွားကျောင်းသူ နာမည်နဲ့ထွက်ရှိမှာပဲဖြစ်ပါတယ်။ Photo Source; Wyne Su Khaing Thein

Cele News

Love Equation ရုပ်ရှင်ဇာတ်ကားကြီးအတွက်မေမြို့ကိုရောက်ရှိနေတဲ့ သက်မွန်မြင့်

ရင့်ကျက်တည်ငြိမ်တဲ့အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာလောကရဲ့ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ သက်မွန်မြင့်ကတော့ အနုပညာအလုပ်တွေနဲ့လက်လှမ်းဝေးသွားတယ်ဆိုတာမရှိအောင် ကြိုးစားပြီးသူမရဲ့ အနုပညာတွေကိုချပြနေတာပဲဖြစ်ပါတယ်။ Love Equation ရုပ်ရှင်ဇာတ်ကားကြီးအတွက် မေမြို့ကိုရောက်ရှိနေတာဖြစ်ပြီး ထိုဇာတ်ကားကြီးထဲမှာတော့ဖွေးဖွေးရဲ့အစ်မနေရာကနေ သရုပ်ဆောင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကို‌တော့ အကောင်းဆုံးရိုက်ချက်များနဲ့ စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ မေမြို့မှာရိုက်ကူးထားတဲ့သူမရဲ့ပုံရိပ်ကလေးတွေကတော့ ကိုယ်ပိုင်မိသားစုပိုင်ဆိုင်ထားတဲ့မိခင်နဲ့မတူဘဲ ငယ်ရွယ်နုပျိုပြီးလှပနေတာပဲဖြစ်ပါတယ်။သူမရဲ့ဝတ်ဆင်ထားတဲ့အဝါရောင်ဝတ်စုံလေးနဲ့လိုက်ဖက်မှု နေကြာ‌ပန်းလေးရဲ့ လှပမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြင်သူတိုင်းငေးရမှာပဲဖြစ်ပါတယ်။ Photo Source;They Mom Myint

Cele News

လိမ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲတွင် လရိပ်ထူး အဖြစ်တွေ့မြင်ရမယ့် ဟိန်းထက်

အနုပညာလောကထဲကို ဇာတ်လမ်းတွဲတွေကနေတဆင့်ဝင်ရောက်လာခဲ့ပြီး သူရဲ့သရုပ်ဆောင်မှုတွေကတော့ လစ်ဟာမှုမရှိဘဲ ပရိသတ်တွေနှစ်သက်သဘောကျခဲ့ပါတယ်။အခု အခါမှာလဲ လိပ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲမှာလဲ လရိပ်ထူးအဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ သူပါဝင်သရုပ်‌ဆောင်ရတဲ့ ဇာတ်ကောင်နာမည်ဖြစ်တဲ့ လရိပ်ထူးကတော့ ရုပ်ရည်သန့်ပြန့် ပြီးစိတ်စေတနာ ကလဲကောင်းမွန်ပြီး ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံတက်သူလေးဖြစ်ပြီး ဓါတ်မြေဩဇာ ကုမ္မဏီရဲ့ marketing ငှာနမှာလုပ်ကိုင်သူလေးအနေနဲ့ တွေ့ရှိရမှာဖြစ်ပါတယ်။ ဇာတ်ကောင်‌အနေအထားအရတော့ရိုးရှင်းလှပေမယ့် ဇာတ်လမ်းဇာတ်ကွက် ကတော့ ဇာတ်လမ်းတွဲစတင်ထုတ်လွှင့်ချိန်မှာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဇာတ်ကောင်သဘောနဲ့လိုက်ဖက်အောင် ဘယ်လိုများကြိုးစားပြင်ဆင်သရုပ်ဆောင်ထားလဲဆိုတာကို ဇာတ်လမ်းတွဲပြသချိန်မှာတွေ့မြင်ရမှာပါ။ Photo Source; Hein Htet

Cele News

တမူထူးခြားတဲ့ အင်္ကျီဝတ်စုံ ဒီဇိုင်း နဲ့ တွေ့မြင်ရမယ့်ဖြူဖြူကျော်သိန်း

ဂီတအနုပညာလျှောက်လှမ်းပေါ်မှာဆိုရင်တော့မှတ်တိုင်များစွာ စိုက်ထူးနိုင်ခဲ့ပြီး ရာစုနှစ်များစွာရပ်တည်နိုင်ခဲ့ကာ အခုအချိန်ထိအောင် အောင်မြင်နေဆဲဖြစ်တဲ့ ဖြူဖြူကျော်သိမ်းကတော့ သူမရဲ့တစ်မူထူးခြားတဲ့ဝတ်ဆင်မှုတွေကြောင့်လဲ ပရိသတ်တွေပိုမိုစိတ်ဝင်စားကြတာပဲဖြစ်ပါတယ်။ သူမကတော့ Myanmar Idol မှာ အကဲဖြတ်သူအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး သူမဝတ်ဆင်တဲ့အဝတ်အစားပုံစံများကလဲ အများနဲ့မတူအောင် ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုကိုတွေ့ရပါမှာပဲဖြစ်ပါတယ်။ အခု သူဝတ်ဆင်ထားတဲ့ပုံစံကတော့ သူမရဲ့ စေမယ့်အရောင်မျိုးကိုရွှေးချယ်ဝတ်ဆင်ထားပြီး မိတ်ကပ်ရွေးချယ်မှုအပိုင်းမှာလဲ သူမရဲ့မျက်နှာကျလေးနဲ့လိုက်ဖက်မှုရှိနေအောင် သေချာဖှီးလိမ်းချယ်သထားပြီး ကြည့်မိသူတိုင်း ဟာခနဲဟင်ခနဲဖြစ်သွားစေမယ့် အပြင်အဆင်မျိုးပဲဖြစ်ပါတယ်။ Photo Source; Phyuphyukyawthein

Cele News

ပထမဦးဆုံး သီချင်းလေးအဖြစ် အချစ်သီချင်းလေးတစ်ပုဒ် ထွက်လာခဲ့တဲ့ ကျော်ထက်အောင်

ကျော်ထက်အောင်ကတော့ Myanmar Idol ရဲ့ အစီအစဉ်တင်ဆက်မှုကနေ ပရိသတ်တွေသိရှိခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်ကိုစတင်ခြေချခဲ့တာပဲဖြစ်ပါတယ်။Myanmar Idol ရဲ့ ပင်တိုင် အစီအစဉ်တင်ဆက်သူဖြစ်ပြီး သူရဲ့အစီအစဉ်တင်ဆက်မှုတွေကို ပရိသတ်တွေနှစ်သက်သဘောကျခဲ့တာပဲဖြစ်ပါတယ်။ သူအနေနဲ့ကတော့ အနုပညာလျှောက်လှမ်းပေါ်မှာဆိုရင်တော့ အခြေချကာ ထဲထဲဝင်ဝင်ရောက်ရှိနေဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တွေထဲမှာလဲပါဝင်သရုပ်ဆောင်ထားကာ သူပါဝင်အားဖြည့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ နှစ်သက်အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ နောက်ထပ်ခြေလှမ်းအသစ်အနေနဲ့ ဂီတအနုပညာပိုင်း ကိုလဲထပ်တိုးဝင်ရောက် ခဲ့ပါတယ်။နှစ်ကိုယ်တူ အမြဲ သီချင်းလေးကတော့ ဖြိုးဖြိုးခိုင်နဲ့ အတူတူ သီဆိုထားတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး နားထောင်လိုက်တဲ့ သူအဖို့ မင်္ဂလာတောင်ဆောင်ချင်တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်လောက်အောင် ဖန်တီးလုပ်ယူတီးခက်ထားတာပဲဖြစ်ပါတယ်။ Photo Source; Kyaw Htet Aung

Cele News

မိသားစုအတွက်​ ကြည်​နူးစရာ အပန်း​ဖြေ​နေရာ​လေးတစ်​ခုကို ကိုယ်​တိုင်​အိမ်​မှာပဲ ဖန်​တီးခဲ့တဲ့ စမိုင်းလ်

ချစ်​စရာအပြုံး​လေး​တွေ ပရိတ်​သတ်​ကြီးရဲ့ အချစ်​​တော်​ စမိုင်းလ်​ဟာ ယခုလက်​ရှိမှာ ​ပျော်​ရွှင်​စရာ မိသားစု​လေးကို ပိုင်​ဆိုင်​ထားပြီးဖြစ်​ပါတယ်​။အလှူတန်း​တွေလည်း အမြဲလိုလိုပြုလုပ်​​လေ့ရှိပြီး ပရိတ်​သတ်​​တွေက ယ​နေ့ထိတိုင်​ သူမကိုချစ်​ခင်​အား​ပေးလျက်​ရှိပါတယ်​။ သူမဟာ မိသားစုအတွက်​ အ​လေးထားပြီး အထိမ်းအမှတ်​​တွေများစွာကိုဖန်​တီး​ပေး​လေ့ရှိပါတယ်​။ ယခုမှာ​တော့ သူမရဲ့ သမီး​လေး​တွေနဲ့ မိသားစုအတွက်​ရည်​ရွယ်​ကာ သူမရဲ့အိမ်​ ​ခေါင်​မိုးထပ်​မှာ အပန်း​ဖြေစရာ ​နေရာ​လေးတ်​ခုကို ဖန်​တီးခဲ့ပါတယ်​။မြက်​ခင်း​လေး​တွေနဲ့စိမ်းစိမ်းစိုစို ​လေးဖြစ်​ကာ စိတ်​​ချမ်း​မြေ့စရာ​နေရာ​လေးတစ်​ခုကို ဖန်​တီးနိုင်​တဲ့ စမိုင်းလ်​ရဲ့ စိတ်​ကူးက​တော့ ချီးကျူးစရာပါပဲ​နော်​။ စမိုင်းလ်​ရဲ့စိတ်​ကူး​လေးနဲ့ ဖန်​တီးထားတဲ့ အပန်း​ဖြေ​နေရာ​လေးရဲ့ ပုံရိပ်​​လေးကို​ ချစ်​ပရိတ်​သတ်​ကြီးအတွက်​​ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​။ Source, Smile’fb

Cele News

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်များနဲ့ အတူတူ ကြည့်ရှုခဲ့ တဲ့ ပိုင်ဖြိုးသု

အခုတစ်ပတ်ရဲ့ ရုပ်တင်ဇာတ်ကားကြီးတွေထဲမှာဆိုရင်တော့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပြီး ပွဲဦးထွက်ပြသစဉ်ကထဲက ပရိသတ်များ အားပေးမှုအပြည့်အ၀ရရှိထားတဲ့ ကားဆိုလည်းမမှားပါဘူး။ ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ မေတ္တာတရားနဲ့ ပက်သက်ပြီး အထူးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သလို ကြည့်ရှုသူပရိသတ်အနေနဲ့ စိတ်ထဲမှာခံစားမှုရသတစ်ခုခု ကို ထင်ဟက်စွဲထင် ကျန်ရှိစေနိုင်တဲ့ ဇာတ်လမ်းကောင်းရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်း ဇာတ်အိမ် ဒါရိုက်တာရဲ့ ရိုက်ချက် ကာရိုက်တာအလိုက် ဇာတ်ကောင်အနေအထားအရ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များရဲ့ ပြီးပြင်မှုတို့ကတော့ ကြည့်ရှုသူအဖို့ အနှစ်သာရရှိတဲ့ ဇာတ်ကားကြီးဖြစ်စေမှာပါ။ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပိုင်ဖြိုးသု ကတော့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပြီး သူမအနေနဲ့ ဇာတ်ကားတစ်ခုထဲမှာပဲ ဇာတ်ရုပ်နှစ်မျိုးနဲ့ သရုပ်ဆောင်ခဲ့သော်လည်း လစ်ဟာမှုမရှိပဲ အကောင်းဆုံးကြိုးစားထားတာတွေ့မြင်ရမှပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီး စတင်ရုံတင်ပြသချိန်ထဲက ပရိသတ်တွေ တခဲနက်အားပေးခဲ့ပါတယ်။ဇာတ်ကားကြီး […]

Cele News

တပ်​မ​တော်​ဂု​ဏ်​ပြုရုပ်​ရှင်​မှာ ဆရာဝန်​မ​လေးအဖြစ်​ပါဝင်​သရုပ်​​ဆောင်​မယ့်​ ​မေမြင့်​မိုရ်

ပရိတ်​သတ်​​တွေ အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ မင်းသမီး​ချော​လေး ​မေမြင့်​မိုရ်​ ဟာ ကျရာဇာတ်​ရုပ်​မှာညလိုက်​ဖက်​မှုရှိ​အောင်​ အပြီအပြင်​ဆုံး သရုပ်​​ဆောင်​နိုင်​တဲ့မင်းသမီး​ချော​လေး ဖြစ်​ပါတယ်​။သူမပါဝင်​တဲ့ ဇာတ်​လမ်းတွဲတိုင်​ယဟာလည်း ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အတစ်​ခဲနက်​ရရှိထားပြီး လက်​ရှိမှာ​တော့ ဇာတ်​ကားကြီး​တွေမှာပါ သရုပ်​​ဆောင်​​နေပြီဖြစ်​ပါတယ်​။ မကြာ​သေးခင်​က ထွက်​ရှိထားတဲ့ “ကမ္ဘာနှစ်​ထပ်​”ဇာတ်​ကားမှာလည်းပါဝင်​ထားပြီး ယခုလာမယ့်​ ၇ ရက်​​နေ့မှာထွက်​ရှိမယ့်​ “ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ “ဇာတ်​ကားမှာလည်းပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​။ လတ်​တ​လောရိုက်​ကူးဖို့ပြင်​ဆင်​​နေတဲ့ တပ်​မ​တော်​ဂုဏ်​ပြုဇာတ်​ကား​လေးဖြစ်​တဲ့ “တစစ်​တမက်​ကိုယ်​နှင့်​သက်​ကို”ဇာတ်​ကား​လေးမှာလည်း ဆရာဝန်​​လေးအဖြစ်​ပါဝင်​သွားမည်​ဖြစ်​​ကြောင်း​ပြောပြလာပါတယ်​” ဒုတိယပိုင်းမှပါရမှာ ၂၀၁၆ကပုံစံ​လေး ဆရာဝန်​မ​လေးအဖြစ်​ပါရမှာပါ ငယ်​ငယ်​က ကိုယ်​တိုင်​​စောင့်​ကြည့်​အား​ပေးရတဲ့ ဇာတ်​ကားမှာပါဝင်​ရ​တော့ဂုဏ်​ယူပါတယ်​ အခု​ဆေးပစ္စည်းအသုံးပြုပုံ​တွေ ဆရာဝန်​နဲ့ပတ်​သတ်​တာ​တွေ​လေ့လာ​နေပါတယ်​”ဟုဆိုပါတယ်​။ Source momolaytv

Cele News

ကျောအပြည့်​ပုံတူတက်​တူးထိုးထားတဲ့ပရိတ်​သတ်​ကြောင့်​ပီတိဖြစ်​ခဲ့ရတဲ့ ​ဇော်​ဝင်းထွဋ်

အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို သီဆိုပြီး ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ဇော်ဝင်းထွဋ်ကတော့ အနုပညာလောကမှာ အချိန်တော်တော်ကြာကြာအောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိကိုအနုပညာ အလုပ်​​တွေကို လုပ်​ကိုင်​​နေဆဲဖြစ်​ပြီးပရိတ်​သတ်​အ​မြောက်​အများကိုပိုင်​ဆိုင်​ထားတုန်းပါဘဲ။ ဒီ​နေ့မှာ​တြော ဦးညီက သူ့ရဲ့ ပရိတ်​သတ်​တစ်​​ယောက်​ရဲ့ အား​ပေးမှု​တွေ​ကြောင့်​ ပီတိဖြစ်​ခဲ့ရပာံကိုတင်​ထားခဲ့ပါတယ်​။ ဦးညီရဲ့ အမာခံပရိတ်​သတ်​တ်​​ယောက်​က​တော့ သူ့ရဲ့ ​ကျောဘက်​မှာ ပုံတူ တက်​တူးအပြည်​နဲ့အားရပါးရကို အား​ပေးခဲ့တာ​ကြောင့်​ဦးညီတစ်​​ယောက်​​ပျော်ရွှင်​​နေရတာဘဲဖြစ်​ပါတယ်​။ အခုလို ကျောအပြည့်တက်တူးထိုးထားတဲ့ပရိသတ်အတွက်ကို ဦးညီက “ငါ့ပုံကို ပုံတူထိုးတဲ့အထဲမှာ ကျောအပြည့်ထိုးတာ မင်းတယောက်ပဲရှိတယ်”ဆိုပြီး ချီးကျူးစကားဆိုလိုက်တာပဲဖြစ်ပါတယ်။ Source – Zaw Win Htut Song’s Crazy Grou