Cele News

ပန်းရောင်ကသူမရဲ့ အကြိုက်ဆုံးအရောင်ဖြစ်တာကြောင့်အမြဲတမ်းရွေးချယ်ဖြစ်တယ်ဆိုတဲ့ ထက်ထက်( B Sox )

Rap သီချင်းတွေကိုပဲနှစ်ကြိုက်စွာသီဆိုလေ့ရှိပြီး အကောင်းဆုံး ပရိသတ်တွေဆီကိုချပြနိုင်ခဲ့ပြီး သူမရဲ့သီချင်းတွေကိုလဲ လူငယ်ပရိသတ်တော်တော်များများကြိုက်နှစ်သက်ကြပါတယ်။သူမကလဲ မရိုးတဲ့အကောင်းဆုံးပုံစံတွေနဲ့ ဂီတကိုပြုလုပ်လေ့ရှိပါတယ်။ ထက်ထက်ရဲ့အကြိုက်ဆုံးအရောင်ကတော့ ပန်းရောင်ဖြစ်တာကြောင့် ရွေးချယ်တဲ့အခါမှာလဲ ပန်ရောင်ဖြစ်ပေမယ့် တခါတလေ အနုပညာနဲ့ပက်သက်ပြီး ဝတ်ဆင်ရတဲ့အခါမှာတော့ အရောင်မရွှေးတော့ဝတ်ဆင်ရတာပဲဖြစ်ပါတယ်။ကိုယ့်ဘာသာရွေးပြီးဝတ်ဆင်ခိုင်းရင်တော့ ပန်းရောင်ပဲရွေးပြီးဝတ်ဆင်ဖြစ်မှာလို့လဲသိရပါတယ်။ သူမကတော့ ပရိသတ်တွေအားကျတဲ့ တက်ဆံရေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပေါ်မှာလဲအောင်မြင်နေတဲ့ဂီတအနုပညာရှင်ဖြစ်ပါတယ်။သူမရဲ့ သေသပ်လှပတဲ့ ပန်းရောင်ဝတ်းစုံလေးနဲ့ပုံရိပ်ကလေး‌တွေကိုတင်ပြပေးလိုက်ပါတယ်။ Photo Source; Htet Htet Aung

Cele News

ကိုကိုတစ်​​ယောက်​လို အလိုလိုက်​ပြီး ​မောင်​​လေးလိုလည်းချွဲတတ်​တယ်​ဆိုတဲ့ ​ကောင်းမြတ်​စံ

Mrtv4ဇာတ်​လမ်းတွဲ​တွေမှတစ်​ဆင့်​ ပါးချိုင့်​က​လေးနဲ့ သရုပ်​​ဆောင်​​ကောင်းလွန်း ​ကောင်းမြတ်​စံက​တော့ မိန်းက​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အခိုင်​အမာရရှိထားသူပါ။ အပြုံးချိုချို​လေးနဲ့ အမြဲတမ်း သူရဲ့လှုပ်​ရှားမှု​တွေကိုမျှ​ဝေတတ်​တဲ့ မင်းသား​ချော​လေး​ကောင်းမြတ်​စံဟာ ယခုမှာ​တော့ သူ့ရဲ့မိန်းက​လေးပရိတ်​သတ်​​တွေကို စကား​လေးတစ်​ခွန်းနဲ့ ညှို့ယူလိုက်​ပြန်​ပါတယ်​။ ​ကောင်းမြတ်​စံက “ကိုကို တစ်ယောက်လို အလိုလိုက်တတ်သလို…. မောင်လေးတစ်ယောက်လိုလဲ ချွဲတတ်တယ်ဗျ 🌚”ဆိုပြီး သူ့ရဲ့ လူမှုကွန်​ရက်​မှတစ်​ဆင့်​ မိန်းက​လေူပရိတ်​သတ်​​တွေရဲ့ အသည်းကိုေ​ခြွလိုက်​ပြန်​တာပဲ ဖြစ်​ပါတယ်​။ Wunna Source,Kaung Myat San

Cele News

“တစစ်တမက်ကိုယ်နဲ့သက်ကို” ဇာတ်ကားကြီးအတွက် လိုချင်တဲ့ပုံစံရအောင် ဝိတ်ချခဲ့ရတယ်ဆိုတဲ့ တိုင်ရွန်း

တစစ်တမက်ကိုယ်နဲ့သက်ကိုရုပ်ရှင်ဇာတ်ကားကြီးကတော့ စစ်ကားကြီးတကားဖြစ်သလို ပါဝင်အားဖြည့်ထားတဲ့သရုပ်ဆောင်များကလဲ အများကြီးဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တွေပါမက သရုပ်ဆောင်အသစ်တွေကိုပါလက်တွဲကာအားဖြည့်ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သတင်းထောက် မောင်ဖေခင် ဇာတ်ကောင်နေရာကနေတွေ့မြင်ရမယ့်သူကတော့ တိုင်ရွန်ပဲဖြစ်ပါတယ်။ထိုဇာတ်ကောင်ကိုသရုပ်ဆောင်ဖို့အတွက်ပိုမိုပြီပြင်အောင် လက်ရှိခန္ဓာကိုယ်ထက်ပိုမိုကျစ်လစ်ပြီး သေးသွယ်အောင်ဝိတ်‌ချခဲ့ရပါတယ်။ တိုင်ရွန်ကတော့အရင်ထဲက သရုပ်ဆောင်နယ်ပယ်လောကထဲကိုမော်ဒယ်လောက ကနေဝင်ရောက်လာတာဖြစ်ပြီး သရုပ်ဆောင်လုပ်ငန်းဘက်ကော မော်ဒယ်လုပ်ငန်းဘက်ကိုပါ အကောင်းဆုံးကြိုးစား ချပြနိုင်တဲ့သူလဲဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာလဲထွက်ရှိလာတဲ့အခါဘယ်လို သရုပ်ဆောင်ချက်တွေနဲ့တွေ့မြင်ရမလဲဆိုတာ‌ မျှော်လင့်စောင့်စားနေရမှာပဲဖြစ်ပါတယ်။ Photo Source;Tyron Bejay

Cele News

မကြာခင်​ပြသေ​တာ့ ​နွေလယ်​ညရဲ့လမင်းဇာတ်​လမ်း​တွဲရဲ့ ကာရိုက်​တာနဲ့ ပတ်​သတ်​ပြီး အမှတ်​တရ​တွေ ​ပြန်​လည်​မျှ​ဝေခဲ့တဲ့ ခြူး​လေး

ခြူး​လေးက​တော့ Mrtv4ရုပ်​သံဇာတ်​လမ်းတွဲ​တွေမှတစ်​ဆင့်​ အနုပညာ​လောကထဲကို စတင်​၀င်​​ရောက်​လာတဲ့ မင်းသမီး​​ချော​လေးတစ်​လက်​ဖြစ်​ပါတယ်​။သူမရဲ့ Tiktok ​ဗီဒီယို​လေး​တွေမှတစ်​တင့်​ ပရိတ်​သတ်​​တွေရဲ့ ချစ်​ခင်​အ​ပေးမှုကို ပိုမိုရရှိလာခဲ့ပြီ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေနဲ့ ​ကြော်​ငြာများပါ ရိုက်​ကူး​နေသည်​အထိ ​အောင်​မြင်​များစွာရရှိ​နေတဲ့ မင်း​သမီး​လေးတစ်​လက်​ပါ။ လက်​ရှိသူမပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ​”​နွေလယ်​ညရဲ့လမင်း”ဇာတ်​လမ်းတွဲရဲ့အမှတ်​တရ​တွေကိုသူမရဲ့ လူမှုကွန်​ရက်​မှာမျှ​ဝေလာတာ​တွေ့ရပါတယ်​။ သူမက” ဒီဇာတ်လမ်းတွဲ စရိုက်ကတည်းက ကိုယ်ကြားထားတာက မမခြူး က ခပ်ဆိုးဆိုး ကာရိုက်တာပေါ့… ဇာတ်ကောင်က စိုးစန္ဒာ ဆိုတဲ့ မိန်းကလေး… သူက ဗီလိန်ဇာတ်လေ အရမ်းတာဝန်ကြီးတယ်… လူမုန်းများမယ့် ကာရိုက်တာအရ မျက်လုံးကစားတာကအစ ကြည့်ရသူမုန်းဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားရမယ့်ဇာတ်… ကိုယ်တွေကတော့ စာအုပ်ဖတ်ရင်း စိုးစန္ဒာ ကို ပါးတွေချည်း ၁၀ချက်လောက် ဆင့်ရိုက်ချင်နေတာ… ဒီလောက်မာယာများရသလားဆိုပီး… မောင်နွေဦး စိုးကို ချစ်မိတာ ကလည်း စိုး ရဲ့ ဒီမျက်လုံးတွေက ဖမ်းစားတာပဲ… […]

Cele News

ရမည်းသင်းမှာ Oasix တို့နဲ့အတူတူဖျော်ဖြေရေးတွေပြုလုပ်နေတဲ့ ပိုပို

ပိုပိုကတော့အနုပညာကိုအလေးအနက်ထားပြီး အနုပညာသာလျှင်ဘဝလို့ခံယူထားတဲ့ အနုပညာရှင်တစ်ဦးပါ။ပိုပိုကတော့ သူမရဲ့ဥပဒေစာမေးပွဲကိုဖြေဆိုနေရသော်လည်း စာမေးပွဲနှစ်ရက်နားတဲ့အချိန်မှာတော့နယ်မှာသီချင်းသနားရောက်ဖျော်ဖြေနေတာပဲဖြစ်ပါတယ်။ စားမေးပွဲရှိသော်လည်းရတဲ့အချိန်လေးမှာပဲ ပရိသတ်‌တွေအတွက်နယ်ဘက်ဆင်းပြီး သွားရောက်ဖျော်ဖြေနေတဲ့ပိုပိုလေးကတော့ တနေ့တခြားပိုမိုချစ်စရာကောင်းလာပြီး ကလေးဆန်ဆန်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုပွဲလေးမှာတော့ Oasix , Y Zet တို့နဲ့အတူတူဖျော်ဖြေခဲ့တာဖြစ်ပြီး သူတို့ရဲ့ပုံရိပ်ကလေးတွေနဲ့ ရမည်းသင်းကပရိသတ်တွေပျော်ရွှင်ကြည်နူးစွာအားပေးခဲ့ရတဲ့ပုံတွေကို ပရိသတ်တွေမြင်တွေ့နိုင်ဖို့အတွက်မျှဝေပေးလိုက်ပါတယ်။ Photo Source; ပိုပို

Cele News

နိုဝင်ဘာလ ၁ရက်နေ့မှာကျရောက်တဲ့ ၃၁နှစ်ပြည့် မွေးနေ့လေးတွင် မျက်ရည်တွေနဲ့အတူတူ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတဲ့ Sinon Loresca

Sinon Loresca ကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ LGBT လောကရဲ့ အောင်မြင်ကျော်ကြားမှု အရရှိဆုံးလို့လဲခေါ်ဆိုလို့ရပါတယ်။သူကတော့လောလောဆယ်မြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး အကူအညီမဲ့နေတဲ့သူများကို တက်နိုင်တဲ့ ဘက် ကနေ အကူအညီ ပေးနေတာကြောင့် မြန်မာနိုင်ငံက ပရိသတ်တွေကပါမက တခြားနိုင်ငံက ပရိသတ်တွေပါ သဘောကျနေကြတာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ရက်နေ့ကတော့ သူ့ရဲ့၃၁နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး တစ်ယောက်ထဲဖြတ်သန်းကာ ကိတ်သေးသေးလေးနဲ့ ဖယောင်းတိုင်လေးထွန်းပြီး မျက်ရည်များနဲ့အတူတူ ကုန်ဆုံးစေခဲ့ပါတယ်။သူမွေးနေ့လေးမှာတော့ သူ့ရဲ့ငယ်ဘ၀ပုံရိပ်ကလေးတွေကို မျှဝေခဲ့ပြီး ဘ၀ရဲ့ အတိတ်ဆီကိုပြန်လည်သွားခဲ့ပါတယ်။ မွေးနေ့ရဲ့နောက်တစ်နေ့မှာတော့ ရွှေတိဂုံ ဘုရားပေါ်တွင်ပန်း ရေချမ်းများလှူဒါန်းခဲ့ပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါတယ်။သူအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ဖို့ရှိပြီး လူထဲကလူ ရုပ်ရှင်ဇာတ်ကားကြီးကိုလဲ ပါဝင်ရိုက်ကူးအားဖြည့် တော့မှာပဲဖြစ်ပါတယ်။ Photo Source; Sinon Loresca

Cele News

မိမိတို့ ဇနီး​မောင်​နှံရဲ့ နာမည်​ကို တက်​တူးထိုးပြီးအား​ပေးခဲ့တဲ့ ပရိတ်​သတ်​တစ်​ဦး​ကြောင့်​ အံ့သြခဲ့ရတဲ့ ဇါဏ်​ခီ

ခီ​မောင်​နှံဟာ ရှင်​ရှင်​​လောကမှာ သီးခြားရပ်​တည်​ပြီး ​အောင်​မြင်​​တွေကိုယ်​စီနဲ့ ပရိတ်​သတ်​အား​ပေးချစ်​ခင်​ကြတဲ့ ဇနီး​မောင်​နှံပဲဖြစ်​ပါတယ်​။ရုပ်​ရှင်​ဇာတ်​ကားကြီးများစွာကို ဖန်​တီးနိုင်​ခဲ့ပြီးဖြစ်​ပြီး ပရိတ်​သတ်​​တွေအကြိုက်​နဲ့ ထပ်​တူကျ​စေခဲ့ပါတယ်​။ လက်​ရှိမှာလည်း ခီ​မောင်​နှံရဲ့ ထာဝရ​နှောင်​ကြိုး ရုပ်​ရှင်​ဇာတ်​ကားကြီးကလည်း ရုံတင်​ပြသလျက်​ရှိပြီး ပရိတ်​သတ်​​တွေအား​ပေးမှုကို ရရှိထားပါတယ်​။ ယခုမှာ​တော့ ခီ​မောင်​နှံရဲ့ နာမည်​ကို တက်​တူးထိုးကားအား​ပေးခဲ့တဲ့ ပရိတ်​သတ်​တစ်​ဦး​ကြောင့်​ ဇာဏ်​ခီဟာ အံ့အားသင့်​ပြီး “Wow! You really did it bro!!! 😯❤️”ဆိုပြီး သူရဲ့ လူမှုကွန်​ရက်​မှာ ပြန်​လည်​​ဖော်​ပြခဲ့ပါတယ်​။ Wunna Source,Zenn Kyi

Cele News

ညီမဖြစ်သူနဲ့ အတူတူ ကိုဖိုးသာနှင့်မချစ်စနိုးဦးတို့ရဲ့ မင်္ဂလာ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ ဟိန်းဝေယံ

ရာစုနှစ်တစ်ခုတိုင်အောင် အောင်မြင်ခဲ့ပြီး အနုပညာအလုပ်တွေကိုရပ်နားထားသော်လည်း ပရိသတ်တွေချစ်ခင် နေဆဲဖြစ်တဲ့ ဟိန်းဝေယံကတော့ ကိုဖိုးသာနှင့်မချစ်စနိုးဦးတို့ရဲ့ မင်္ဂလာ ညစာစားပွဲကိုတက်ရောက်ခဲ့ပါတယ်။ထိုပွဲလေးကိုတက်ရောက်ခဲ့တာကတော့ သူတစ်ဦးထဲမဟုတ်ဘဲ သူရဲ့ ညီမနဲ့အတူတူ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ မောင်နှမနှစ်ဦးရဲ့ ပွဲလေးကိုတက်ရောက်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေကတော့ တည်ငြိမ်းအေးချမ်းတဲ့ ပုံစံလေးကို ဖော်ဆောင်နေပါတယ်။ဒေါင်းမျိုးလို့ခေါ်ရလောက်အောင် အသက်အရွယ်၇င့်ကျက်လာလေ အေးဆေးတည်ငြိမ်းပြီး ခန့်ညားလာတဲ့ပုံစံလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းဆွဲဖြစ်ခဲ့ပြီး အခုအခါမှာလဲ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားဆဲဖြစ်ပါတယ်။သူရဲ့ညီမလေးကလဲ ချစ်ဖို့ကောင်းပြီး မိန်းကလေးဆန်တဲ့ ပုံစံလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ ပွဲတက်ဖက်ရှင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ Photo Source; Heinn Wai Yan

Cele News

သူမဘ၀ရဲ့ အ​ပျော်​ဆုံးအချိန်​​တွေဟာ ပရိတ်​သတ်​​တွေနဲ့​တွေဆုံချိန်​လို့ ​ပြောပြလာတဲ့ ​မေမြင့်​မိုရ်

မေမြင့်​မို့က​တော့ Mrtv 4ဇာတ်​လမ်းတွဲ​တွေမှတစ်​ဆင့်​ ပြီပြင်​လွန်းလှတဲ့ သူမရဲ့ သရုပ်​​ဆောင်​မှု​တွေ​ကြောင့်​ ပရိတ်​သတ်​​တွေ ​တ​နေ့​ထက်​​တ​နေ့ ပိုများများပြားလာခဲ့တဲ့ မင်းသမီး​ချော​လေးတစ်​လက်​ပါ။ သူမက​တော့ လက်​ရှိချိန်​မှာ ရုပိရှင်​ဇာတ်​ကားကြီး​တွေ ​တော်​​တော်​များများမှာ ပါဝင်​သရုပ်​​ဆောင်​​နေပြီဖြစ်​သလို အနုပညာလှုပ်​ရှား​မှု​တွေလည်း ဆက်​တိုင်​လုပ်​​ဆောင်​လျက်​ရှိပါတယ်​။ယခုမှာ​တော့ သူမရဲ့ အ​ပျော်​ဆုံးအချိန်​​လေး​တွေအ​ကြောင်းကို​ပြောပြလာပါတယ်​။ သူမက “ဘယ်အချိန်အပျော်ဆုံးလဲမေးရင်…? ​ချစ်ပရိသတ်တွေနဲ့တွေ့ရတဲ့ အချိန်တိုင်းကအပျော်ဆုံးပါပဲ💙”ဆိုပြီး သူရဲ့ပရိတ်​သတ်​​တွေနဲ့ ​တွေ့ဆုံ​နေပုံ​လေး​တွေနဲ့ အတူ​ဖော်​ပြ​​ပေးခဲ့ပါတယ်​။ပရိတ်​သတ်​ကြီးလည်း မင်းသမီး​ချော​လေး ​မေမြင့်​မိုရ်​ရဲ့ အနုပညာလှုပ်​ရှား​တွေ ဆက်​လက်​အား​ပေးကြပါဦး​နော်​။ Wunna Source,May Myint Mo

Cele News

အနက်ရောင်ဝတ်ဆုံလေးနဲ့ သေသပ်လှပပြီး ကျော့ရှင်းနေတဲ့ခန္ဓာကိုယ်အလှတရားများကိုတွေ့မြင်ရမယ့် မေ

မေလို့ပြောလိုက်တာနဲ့ အခုလောလောလက်လက်မှာ သီချင်းချိုချိုအေးအေးလေးတွေနဲ့တွဲဖက်မြင်တွေ့မိမှာပဲဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းကနေ အဆိုဂီတပိုင်းသို့ပြောင်းလဲလာတာဖြစ်ပြီး သူမရဲ့ သာယာလှပတဲ့အသံ ကြောင့် ပရိသတ်တွေပိုမို သတိထားမိလာကြပြီး အောင်မြင်မှုတွေကိုသိမ်းပိုက်ကာ အနုပညာအလုပ်တွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနေပါတယ်။ 19 crimes ဖွင့်ပွဲအခမ်းအနား သို့ 90ခေတ်လောက်က၀တ်ဆင်တဲ့ အနောက်တိုင်းဖတ်ရှင်အနက်ရောင်ဒီဇိုင်းမျိုးနဲ့ဝတ်ဆင်ကာ တက်ရောက်ခဲ့တဲ့ သူမကတော့ လှပကျော့ရှင်းတဲ့ အလှတရားတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မေ ရဲ့ အသစ်ထွက်ရှိထားတဲ့ သီချင်းလေးကတော့ ကြယ်သီချင်လေးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ ရရှိထားပါတယ်။ အနက်ရောင် ၀တ်ဆုံကြောင့် သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ကိုပိုမိုထင်ဟက်စေတာပဲဖြစ်ပါတယ်။ သူမရဲ့ ပွဲတက်မှုပုံစံလေးတွေကို ပရိသတ်တွေကြည့်ရှုခံစားနိုင်ဖို့အတွက် ကူယူဖော်ပြပေးတင်ဆက်လိုက်ပါတယ်။ Photo Source; May