Cele News

မျက်လုံးသွေးကြောပေါက် ထိခိုက်ဒါဏ်ရာကြောင့် ပရိသတ်တွေစိုးရိမ်နေတဲ့ ဟိန်းဝေယံ

ဗီဒီယိုခေတ်က နှုတ်ခမ်းနီးမလေးတွေရဲ့ အရူးမူးကြိုက်ကြတဲ့မင်းသားချောလေးလို့ပြောလိုက်တာနဲ့ ဟိန်းဝေယံဆိုတာကိုတန်းမြင်မိမှာပဲဖြစ်ပါတယ်။အနုပညာလောကသရုပ်ဆောင်ပိုင်းမှာ အခုနောက်ပိုင်း လျှောက်လှမ်းမှုနည်းပါးနေသော်လည်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေဆဲပါ။ မိန်းမချောချောပြီး ဖြူဖွေးနေတဲ့အသားအရည်နဲ့ မြင့်မားတဲ့အရပ်အမောင်းကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခံရတဲ့ ဟိန်းဝေယ့ကတော့ အခုလက်ရှိမှာ မျက်လုံးကို မတော်တဆထိခိုက်ဒါဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာလ၆ရောက်နေ့မှာတော့ မျက်လုံးသွေးကြောပေါက်သွားတယ် ဆိုတဲ့စာသားနဲ့အတူတူ သူရဲ့မျက်လုံးဒါဏ်ရာပုံနဲ့ အတူတူ လူမှုကွန်ရက်စာမျက်ကနေတဆင့် ပရိသတ်တွေဆီမျှဝေခဲ့ပါတယ်။ ထိုသို့ ဒါဏ်ရာရတာကတော့ ဘာအကြောင်းကြောင့်ဖြစ်လဲဆိုတာကတော့ မရေးထားပေမယ့် ဟိန်းဝေယံကိုချစ်ခင်တဲ့ ပရိသတ်တွေကတော့ အ၇မ်းကိုစိတ်ပူနေပါတယ်။သူရဲ့ထိခိုက်မိခဲ့တဲ့ ပုံရိပ်ကလေးကိုလဲမျှဝေပေးလိုက်ပါတယ်။အမြန်ဆုံးပြန်လည်သက်သာလာပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။ Photo Source; Hein Wai Yan

Cele News

စားမေးပွဲ ပြီးတဲ့နောက် တောင်ကြီးတန်ဆောင်တိုင်ကိုရောက်ရှိနေတဲ့ ပိုပို

ဒုတိယအသုတ် စာမေးပွဲကို နိုဝင်ဘာလ ၆ရက်နေ့မှာပြီးဆုံတာဖြစ်တာကြောင့် ထိုနေ့ညချင်းတွင်းမှာပဲ တောင်ကြီးတန်ဆောင်တိုင်းပွဲကိုရောက်ရှိတဲ့ ပိုပိုကတော့ သူ့ရဲ့ဖြစ်တည်မှုပုံစံကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြတက်တဲ့ သူလေးဖြစ်ပါတယ်။အခုလဲ သူမရောက်ရှိတဲ့ပုံစံလေးတွေကိုလဲ ပရိသတ်တွေဆီချပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ကာလမှာတော့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကတော့ လူတိုင်းသွားချင်လောက်တဲ့အလှတရားတွေနဲ့ဆွဲဆောင်နေတဲ့ နေရာလဲဖြစ်ပါတယ်။သူမကတော့ ထိုပွဲကိုရောက်ရှိနေတာဖြစ်ပြီး မီးရှူးမီးပန်းအလှတွေနဲ့ ရိုက်ကူးထားတဲ့ပုံရိပ်ကလေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အနုပညာ ဂီတပိုင်းမှာ ထူးချွန်ထက်မြတ်တဲ့သူလေးဖြစ်သလို ပညာရေးပိုင်းမှာလဲ ဥပဒေကျောင်းသူလေး အနေနဲ့ ကြိုးစားနေတာပဲဖြစ်ပါတယ်။သူမရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ ခံစားနိုင်ဖို့အတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်။ Photo Source;ပိုပို

Cele News

မျက်နှာခွဲစိတ်မှုခံယူပြီး မျက်နှာရောင်နေသေးသော်လည်း သူမရဲ့ခွဲစိတ်ပြီးစီးတဲ့ပုံလေးကို ပရိသတ်တွေကိုချပြလိုက်တဲ့ ထွန်းအိန္ဒာဗိုလ်

ထွန်းအိန္ဒာဗိုလ် ကတော့ ကိုယ်ရီးယားနိုင်ငံသို့သွားရောက်ပြီး မျက်နှာခွဲစိတ်ပြုပြင်မှုကိုလုပ် ဆောင်ခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Banobagi Plastic Surgery Clinic မှာခွဲစိတ်မှုကို ဆောင်ရွက်ပြုလုပ်ခဲ့တာဖြစ်ပြီး သူမရဲ့ ခွဲစိတ်ပြီးစီးကြောင်း ပုံလေးကိုလဲ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ သူမချစ်ပရိတ်ကြီးတွေစိတ်ပူနေမှာဆိုးလို့ မျှဝေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ခွဲစိတ်ထားတာကြောင့်မိတ်ကပ်လိမ်းလို့မရသေးဘဲ ရောင်နေဦးမှာဖြစ်ပြီး တစ်လကြာတဲ့အချိန်လောက်မှ မိတ်ကပ်စလိမ်းလို့ရမှာလို့လဲသိရပါတယ်။မျက်နှာခွဲစိတ်ပြုပြင်မှုအတွက် မူးရင်းမျက်နှာပုံစံကို ခြောက်လလောက်မှ သိရမှာဖြစ်ပါတယ်။တချို့ပရိသတ်တွေကလဲ ထိုသို့ခွဲစိတ်ပြုပြင်မှုအတွက်လဲစိုးရိမ်နေတာပဲဖြစ်ပါတယ်။ ထွန်းအိန္ဒာဗိုလ် ခွဲစိတ်ပြုပြင်တာကတော့ မျက်ရစ်ဖော်ခြင်း၊အသားအရောင်ပြောင်းလဲခြင်း ၊ အသားအရေပင့်တင့်ခြင်း တို့ကိုပြုလုပ်တာကြောင့် စိုးရိမ်နေတဲ့ ပရိသတ်ကြီးကိုလဲ မဆိုးရိမ်ဖို့ ပြောထားပါသေးတယ်။လက်ရှိအချိန်မှာတော့ ခွဲစိတ်မှုအပိုင်းမှာဆိုရင်တော့ မျက်ရစ်နေရာကအရောင်ဆုံးဖြစ်နေပြီး မိတ်ကပ်လည်းမလိမ်းရ မျက်နှာရဲ့ ပြောင်းလဲသွားမယ့်ပုံစံလဲ မသိရသေးတာကြောင့် စိတ်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။နောက် ခြောက်လကြာရင်တော့ ဘယ်လိုမျက်နှာပုံစံအနေအထားနဲ့တွေ့မြင်ရမလဲဆိုတာကတော့ စိတ်ဝင်စိတ်လှုပ်ရှားစရာပဲဖြစ်ပါတယ်။ Photo Source; Htun Aeindra Bo

Cele News

အဖြူရောင်သတို့သမီးဝတ်စုံ ​​လေးနဲ့ အမြင်မရိုးအောင် တွေ့မြင်ရမယ့် ယွန်းယွန်း

အနုပညာလောကရဲ့ သရုပ်ဆောင်အငယ်ထဲမှာဆိုရင်တော့ ချစ်ဖို့ကောင်းပြီး အောင်မြင်မှတ်တိုင်တွေကို စိုက်ထူးထားနိုင်တဲ့ ယွန်းယွန်းကတော့ သတို့သမီးဝတ်စုံအဖြူရောင်လေးနဲ့တွေ့မြင်ရအုန်းမှာပဲဖြစ်ပါတယ်။အနုပညာရှင်ဆိုတာကတော့ ကိုယ့်ရဲ့အနုပညာအလုပ်နဲ့လိုက်ဖက်မှုရှိအောင်အမြဲတမ်း တစ်ထပ်တည်းကျအောင် လုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။ သီတင်းကျွတ်ရာသီကာလကို ရောက်ရှိနေတာဖြစ်တာကြောင့် ကြော်ငြာမျက်နှာဖုံးတွေမှာ သတို့သမီးဝတ်ဆုံလေးတွေနဲ့ မြင်တွေ့ရတာဖြစ်တာပြီး ထိုသို့ဝတ်စားဆင်ယင်ထားရတာကတော့ ကြော်ငြာမျက်နှာဖုံးအတွက် ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ငယ်ရုပ်ကိုပျောက်စေကာ ကြီးရုပ်ကိုထင်ဟက်စေတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်။ အသက်အရွယ်ငယ်သော်လည်း ပညာရေးမှာပဲဖြစ်ဖြစ် အနုပညာပိုင်းမှာပဲဖြစ်ဖြစ် သူမရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး ကြိုးစားချပြလေ့ရှိတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။သူမရဲ့ ပုံရိပ်ကလေးတွေကို သူမရဲ့ လူမှုကွန်ယက်မှတဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။ Photo Source;Yoon Yoon

Cele News

ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေပြီး Cobra နဲ့အခွေသစ်အတွက် cover photo ရိုက်နေတဲ့ ဖြူဖြူကျော်သိန်း

ဂီတလောကရဲ့ ကြယ်ပွင့်တစ်ပွင့်လို့ခေါ်ဆိုလို့လဲရသလို ဂီတရဲ့အနုပညာအသစ်တွေကို ပြုစုပျိုးထောင်ရင်းကျေနပ်ပျော်ရွှင်နေတဲ့ သူကတော့ ဖြူဖြူကျော်သိန်းပဲဖြစ်ပါတယ်ဖြစ်ပါတယ်။သူမကတော့ ဂီတအနုပညာလောက ကိုချစ်ခင်မြတ်နိုးသူဖြစ်တာကြောင့် သူမရဲ့ အသက်မွေးကြောင်းကိုလဲ အနုပညာလောကထဲမှာပဲ မြှုတ်နှံ ထားသူပဲဖြစ်ပါတယ်။ Wyndham Grand Hotel မှာ Cobra နဲ့ခွေသစ်အတွက် cover photo ရိုက်ကူးနေတဲ့ သူမကတော့ ချစ်ဖို့ကောင်းတဲ့ဝတ်စားဆင်ယင်မှုလေးတွေနဲ့အတူတူ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေအောင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဝတ်စားဆင်ယင်မှုနဲ့ ပက်သတ်လာရင်အမြင်မတူဘဲ တမူထူးခြားတဲ့ ၀တ်စားဆင်ယင်တွေနဲ့ တွေ့မြင်ရပြီး အခုအခါမှာတော့ ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့တွေ့မြင်ရမှာပါ။ ကလေးတစ်ယောက်ပုံစံလေးနဲ့တွေ့မြင်ရတာရှားပါသော်လည်း သူမနဲ့ထိုပုံစံလေးကလိုက်ဖက်မှုရှိနေတာကြောင့် ငယ်ရွယ်နုပျိုတဲ့ အရွယ်လေးကိုရောက်ရှိသွားသလိုတွေ့မြင်ရမှာပါ။သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေမြင်တွေ့ခံစားနိုင်ရန် ကူးယူဖော်ပြပေးလိုက်ပါတယ်။ Photo Source; Phyuphyukyawthein

Cele News

ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ red carpetမှာ မြန်​မာဆန်​ဆန်​နဲ့ ယဉ်​ယဉ်​​လေးလှ​နေတဲ့ ​မေမြင့်​မိုရ်

“ပန်းနု​သွေး” ဇာတ်​လမ်းဖြင့်​ ပရိတ်​သတ်​​တွေရဲ့ သနားချစ်​ခင်​ခြင်းကို ရရှိထားပြီး ” ပုဂံမြို့သူ ” နဲ့ “အရိပ်​” ဇာတ်​လမ်းတွဲ​တွေဖြင့်​လည်း ပရိတ်​သတ်​အခိုင်​အမာရရှိထားသူဘဲ ဖြစ်​ပါတယ်​။ ​မေမြင့်​မိုရ်​ကလက်​ရှိမှာလည်းအနုပညာအလုပ်​​တွေကိုကြိုးစားလုပ်​ကိုင်​​နေပြီး ပရိတ်​သတ်​​တွေနဲ့ အဆက်​မပြတ်​ရှိ​နေပါတယ်​။ မကြာ​သေးခင်​က ထွက်​ရှိထားတဲ့ “ကမ္ဘာနှစ်​ထပ်​”ဇာတ်​ကားမှာလည်းပါဝင်​ထားပြီး ယခုလာမယ့်​ ၇ ရက်​​နေ့မှာထွက်​ရှိမယ့်​ “ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ “ဇာတ်​ကားမှာလည်း ​ခြေမသန်​​ကောင်​မ​လေးအဖြစ်​သရုပ်​​ဆောင်​ထားပါ​သေးတယ်​။ မာလာအဖြစ်​နဲ့ပရိတ့သတ်​ရင်​ထဲ​ရောက်​ရှိလာဦးမယ့်​မင်းသမီး​လေးး​မေမြင့်​မိုရ်​ဟာ မ​နေ့က တက်​​ရောက်​ခဲ့ တဲ့ ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ red carpet show​လေးကိုတက်​တဲ့ ပွဲတက်​ပုံရိပ်​​လေး​တွေကိတြင်​ထားခဲ့ပါတယ်​။ပရိတ်​သတ်​​တွေအတွက်​ မြန်​မာဆန်​ဆန်​​လေးနဲ့လှ​နေတဲ့ ​​မေမြင့်​မိုရ်​ရဲ့ ပုံ​လေး​တွေကိုတင်​​ပေးလိုက်​ပါတယ်​။ Source May myint mo

Cele News

အသက်တစ်နှစ်ကြီးသွားလေလေ မိသားစုနဲ့ ပို​​မို​နွေး​ထွေး​အောင်​​​ နေထိုင်နေတယ်ဆိုတဲ့ နေမျိုးအောင်

နေမျိုးအောင်ကတော့ အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင် ဖြစ်ပြီး နိုဝင်ဘာလ ၇ရက်နေ့ကတော့ သူရဲ့အသက်တစ်နှစ်ကြီးသွားတဲ့နေ့လေးပဲဖြစ်ပါတယ်။သာယာအေးဆေးနဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် ဦးဆောင်လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ အနုပညာလောကမှာဆိုရင် ဇာတ်ကြမ်းသရုပ်ဆောင်ပိုင်းမှာပိုင်နိုင်လှပြီး ဇာတ်ကောင်ပိုင်းမှာဆိုရင် ဘ၀သရုပ်ဖော် ဇာတ်လမ်းတွဲတွေကို ဦးစားပေးရိုက်ကူးလေ့ရှိပြီး ကြည့်ရှုသူပရိသတ်အဖို့ ခံစားချက်ရသကို နှလုံးသားထဲတွင် စူးစိုက်ကျန်ခဲ့အောင် အရောက်ပို့နိုင်တဲ့ အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သားနှစ်ယောက်ရှိတဲ့ မိသားစုဘ၀လေးကို နွေးထွေးမှုအပြည့်ပေးပြီး သာယာလှပတဲ့ ဘ၀လေးကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်နေတဲ့သူလေးဖြစ်ကာ ထိုနေ့မှာတော့ သူ့ဘ၀ရဲ့အသက်တစ်နှစ်ကြီးသွားပြီဖြစ်တာကြောင့် အနုပညာလုပ်ငန်းတွေကို ပိုမိုကြိုးစားလုပ်ကိုင်၇င်း မိသားစုကိုလဲ ပိုမိုဂရုစိုက်သွားမယ်လို့ခံယူချက် ထားထားပါတယ်။သူရဲ့ မွေးနေ့လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့ အတူတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Photo Source ;Nay Myo Thandar Aung

Cele News

စာ​မေးပွဲပြီးပြီမို့ အနုပညာ အလုပ်​​တွေ ပြန်​လုပ်​​တော့မယ့်​ယဉ်​လတ်

အက်​ရှင်​မင်းသမီး​လေးလို့ပရိတ်​သတ်​​တွေအား​ပေးချစမခင်​ရတဲ့ မင်းသမီး​ချော​လေး ယဉ်​လတ်​ဟာ လတ်​တ​လောမှာ စာ​မေးပွဲကာလဖြစ်​တာ​ကြောင့်​ အနုပညာ အလုက်​​တွေကိုမလုပ်​ကိုင်​ဘဲ စာကိုဘဲ အာရုံစိုက်​​နေတာဖြစ်​ပါတယ်​။ယဉ်လတ်က ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း ရိုက်ကူးထားသူပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ယဉ်လတ် က သူမကျောင်းမှာ ရိုက်ထားတဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။ယဉ်လတ်က ” စာမေးပွဲကြီး အောင်မြင်စွာ ဖြေဆိုပြီး . တက္ကသိုလ်ကျောင်းသူ ဘ၀ မှ အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက် ရန် . . . ” ဆိုပြီးပြောထားပါတယ်။ ကျားကျားလျားလျား​လေးနဲ့လည်း လိုက်​သလို အခုလို မြန်​မာဆန်​ဆန် ​လေးနဲ့လည်းလှတာပါဘဲ။မြန်​မာဝတ်​စုံ​လေးနဲ့ သိမ်​​မွေ နူးညံ့တဲ့ မိနိးကလေးအဖြစ်​နဲ့ ပရိတ်​သတ်​​တွေကိုရင်​ခုန်​​စေသူပါဘဲ။ပရိတ်​သတ်​​တွေအတွက်​ ယဉ်​လတ်​ရဲ့ပုံ​လေး​တွေကိုတင်​​ပေးလိုက်​ပါတယ်​။ Source Yin lat

Cele News

အဖြူ​ရောင်​​လေးနဲ့ အပြစ်​ကင်းစင်​ကာဆယ်​​ကျော်​သက်​​လေး​တွေလိုလှ​နေတဲ့ ချစ်​သု​ဝေ

ခေတ်​နဲ့သစ်​​လေးတို့​မေ​မေ ချစ်​သု​ဝေက​တော့ တစ်​ချိန်​က. အနုပညာအလုပ်​​တွေကိုမနားတမ်းလုပ်​ကိုင်​ခဲ့​ပေမယ့်​လက်​ရှိအချိန်​မှာ​တော့ အိမ်​​ထောင့်​တာဝန်​ ထမ်း​ဆောင်​ရင်​ မိသားစုကို ဘဲအချိန်​အပြည့်​​ပေးထားကာ အနုပညာအလုပ်​​တွေကို အရင်​က​လောက်​ သိပ်​မလုပ်​ဖြစ်​​တော့ပါဘူး။ သူမရဲ့ ချစ်​စရာ​ကောင်းတဲ့ အမြွာသမီး​လေး နှစ်​​ယောက်​ဟာလည်း တဖြည်းဖြည်း နဲ့ ပရိတ်​သတ်​​ရှေ့မှာတင်​ကို ကြီးပြင်းလာကြပါပြီ။ ​မေ​မေချစ်​သူ့​ဝေက​တော့ ရှပ်​ရှင်​​တွေ မရိုက်​ကူးနိုင်​​တော့​ပေမယ့်​ ​ကြော်​ငြာ​တွေနဲ့ ပွဲတက်​​တွေမှာ လှပစွာနဲ့ဘမြင်​​တွေ ​နေရတုန်းပါဘဲ။ အခု​တစ်​ခါမှာလည်း အဖြူ​ရောင်​​လေးနဲ့လှရက်​​နေတာ တကယ်​ကို က​လေးနှစ်​​ယောက်​အ​မေလို့ဘယ်​သူကထင်​မှာလဲ​နော်​.. “အဖြူရောင်လေးဟာ ကိုယ့်အရောင် တစ်ညလုံးမအိပ်ပဲ ကလေးအမေလေး လိုချင်တဲ့အတိုင်းချုပ်ပေးတဲ့ကိုဖြိုးရေ.. your passion and enthusiasm is really extraordinary!!!!! Phyo Thura Soeအမှန်တော့ ပွဲနေ့မတိုင်ခင်ညမှ ငိုမလိုရီမလို ဘာဝတ်ရမှန်းမသိတဲ့ ဒေါ်ထရီဇာကို ဆင်ပေးလိုက်တာပါ အမြန်ချုပ်လို့သာတော်တော့တယ်..ကွက်တိ!!ကြိုက်လွန်းလို့ ပုံသစ်လေးတွေထပ်တင်လိုက်ရပါတယ်ရှင့်”ဟုဆိုကာချစ်​သု​ဝေက သူမရဲ့ ချစ်​စရာ​ကောင်းတဲ့ပုံ​လေး​တွေကိုတင်​ထားပါတယ်​။ပရိတ်​သတ်​​တွေအတွက်​ ချစ်​သု​ဝေရဲ့ပုံ​လေး​တွေကို​ဖော်​ပြလိုက်​ပါတယ်​။ […]

Cele News

မပြင်​မဆင်​ သဘာဝအလှ​လေးနဲ့ Box No. 88ကိုအား​ပေးခဲ့တဲ့ခြူး​လေး

Mrtv4ဇာတ်​လမ်းတွဲဖြင့်​ ​အောင်​မြင်​​ကျော်ကြားလာသူမင်းသမီးခြူး​လေး ခြူး​လေးက​တော့ လက်​ရှိမှာ​တော့ ရုပ်​ရှင်​ ဇာတ်​ကား​တွေမှာပါ ပါဝင်​သရုပ်​​ဆောင်​လျက်​ရှိ​နေပါပြီ။ ခြူး​လေးဟါ ယခု ၂၀၁၉​နှစ်​ပိုင်း​တွေမှာမှ ယခင်​ကထက်​လူသိများလာကာ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို တစ်​ခဲနက်​ရရှိလာသူပါ။ ခြူး​လေးဟာ လတ်​တ​လောမှာ​ကြော်​ငြာ​တွေနဲ့ ပွဲတက်​​တွေမှာ မပြတ်​​တွေ့​နေရပြီး ရုပ်​ရှင်​ဇာတ်​ကားကြီူအ​နေနဲ့ နိယာမအလွန်​ဇာတ်​ကား​လေးမှာပါဝင်​သရုပ်​​ဆောင်​​နေတာဖြစ်​ပါတယ်​။ဒီ​နေ့မှာ​တော့ ခြူး​လေးက Box No.88ရဲ့ ဇာတ်​ကား​ ​လေးကို ပင်​ကိုယ်​အလှမခြယ်​မသဘဲနဲ့ တက်​​ရေါက်​အား​ပေးခဲ့ပါတယ်​။ ခြူး​လေးက” မနေ့ကပေါ့ …… BOX NO.88 Cele Show လေး သွားကြည့်လိုက်တယ် ….” ဆိုကာ သူမရဲ့ ပြံ​လေး​တွေပ်ုတင်​ထားခဲ့ပညတယ်​။ခြူး​လေးဟာ သူမရဲ့ idolဖြစ်​တဲ့ ​နေတိုးကိုလည်း အားရပါးရအား​ပေးခဲ့ပြီး အိန္ဒြာ​ကျော်​ဇင်​ ဆီကလည်း အများကြီးသင်​ယူခဲ့ရတယ်​လို့ဆိုပါတယ်​။ ပရိတ်​သတ်​​တွေအတွက်​ ခြူး​လေးရဲ့ မိတ်​ကပ်​မပါဘဲ သဘာဝအတိုင်းလှ​နေတဲ့ ပုံ​လေး​တွေကို​ဖော်​ပြလိုက်​ပါတယ်​။ Source chue chue