Cele News

Lvy အပေါ်မှာ Single Mon တစ်ယောက်အနေနဲ့ လစ်ဟာမှုမရှိအောင် နေထိုင်ရတာကြောင့် အခက်အခဲတွေအများကြီးရှိတယ်ဆိုတဲ့ အေသင်ချိုဆွေ

မိန်းမသားတစ်ယောက်အနေနဲ့ ကိစ္စတိုင်းကို ဦးဆောင်ဖြေရှင်းရတဲ့ နေရာမှာလွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။အေသင်ချိုဆွေကတော့ Single Mon တစ်ယောက်အနေနဲ့ နေထိုင်နေတာဖြသ်ပြီး သမီးလေးဖြစ်တဲ့ Lvy လေးကို ပြုစုစောင့်ရှောက်ရတာ ခက်ခဲကြောင်း သူမရဲ့ လူမှုကွန်ယက်ပေါ်မှာရေးသားခဲ့ပါတယ်။ သမီးလေးက သူရဲ့ အသည်းနှလုံးလေးမို့ ဘယ်လောက်အခက်အခဲရှိပါစေ သမီးလေးရှိနေတယ်ဆိုတဲ့အတွေးနဲ့ အရာရာအကောင်းဆုံး ဖြတ်ကျော်နိုင်တယ်။ သမီးလေးရဲ့ ဘ၀ကိုအကောင်းဆုံးပြုစုပျိုးထောင်နေတာ ဖြစ်ပြီး သမီးလေးကတော့ သူမကိုဘုရားပေးထားတဲ့ ဆုလာဒ်တစ်ခုပဲလို့ သတ်မှတ်ထားလို့ သမီးလေးရှိရင် ဘယ်အရာပဲဖြစ်ဖြစ် အကောင်းဆုံးလဘုပ်ဆောင်နိုင်တယ်။ သမီးလေးကို ကမ္ဘာကြီးကဘယ်လောက်ခမ်းနားကြောင်းလဲပြသချင်တယ် သမီးလေး အရွယ်လေးရောက်လာရင်တော့ ခရီးတွေအများကြီးအတူတူထွက်ကြမယ်။သမီးလေးအတွက်စဉ်းစားထားတာတော့အများကြီးပဲ အချိန်အခါကိုကြည့်ပြီးတော့ အကောင်းဆုံး ဖြစ်အောင် သမီးလေးအတွက်ပဲစဉ်းစားသွားမယ်လို့ ရေးသားထားပါတယ်။ Source ; Athen Cho Swe

Cele News

အိမ်ကိုအလည်ပြန်လာတဲ့ ယွန်းဝတီလွင်မိုးတို့မိသားစု

နွေးထွေးမှုတွေကို မြင်တွေ့သူကိုယ်တိုင်ခံစားရမယ့် မိသားစုလေးကိုပြပါဆိုရင်တော့ အနုပညာလောကထဲမှာ လွင်မိုးတို့မိသားစုဟာလည်းနွေးထွေး ကြင်နာမှုကိုအကောင်းဆုံးချပြနိုင်တဲ့မိသားစုလို့တောင် တင်စားခေါ်ဝေါ်လို့ရပါတယ်။သမီးဖြစ်သူ ယွန်းဝတီလွင်မိုးလေး အိမ်ထောင်ပြုသွားသော်လည်း ဖခင်စိတ်ထဲမှာတော့ အမြဲတမ်းကလေးတစ်ယောက်လို့ မြင်တွေ့နေမှာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ရက်နေ့မှာတော့ ယွင်းဝတီလွင်မိုးတို့ မိသားစုကတော့ မွေးရပ်မြေ ဖြစ်တဲ့ အိမ်ကို ပြန်လည် အလည်ရောက်ရှိလာပါတယ်။နွေးထွေးတဲ့ကမ်းလှမ်းမှုတွေနဲ့ အတူတူ ဖခင်ဖြစ်သူက လေဆိပ်မှာ သွားရောက်စောင့်ဆိုင်းကာ စီးကြိုခဲ့ပါတယ်။Liam လေးကလဲ မိဘရဲ့နွေးထွေးမှုကို လိုအပ်နေတဲ့ အရွယ်လေးမို့အရမ်းကိုပျော်ရွှင်နေပါတယ်။ လေဆိပ်မှာ သွားရောက်ကြိုခဲ့တဲ့ မိသားစုရဲ့နွေးထွေးမှုပုံစံလေးတွေကိုတွေ့မြင်ရမှာဖြစ်တာကြောင့် မြင်တွေ့ရတဲ့ ပရိသတ်ကြီးကလဲ ၀မ်းသာကြည်နူးမိမှာပါ။ထိုပုံရိပ်ကလေးတွေကို ပရိသတ်တွေတွေ့ရှိနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ Source ;MC

Cele News

မေတိုးခိုင်ရဲ့ နေအိမ်သို့ အလည်သွားရောက်ခဲ့တဲ့ နော်ဖောအယ်ထား

အနုပညာမျိုးရိုးရှိပြီးသား တက်သစ်စသရုပ်ဆောင် မင်းသမီးလေးတွေဖြစ်တဲ့ မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ကတော့ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ပြီး နော်ဖောက မေတိုးခိုင်တို့အိမ်တွင် တစ်ညအလည်သွားရောက် ခဲ့တာပဲဖြစ်ပါတယ်။ အလည်ရောက်ခဲ့တဲ့နေ့မှာတော့ သူငယ်ချင်းလေးနဲ့အတူတူပျော်ရွှင်နေတဲ့ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။လောကမှာ ချစ်ခြင်းမေတ္တာ ပက်သက်လာလျှင် သူငယ်ချင်းအချစ်ကသာပိုမိုခိုင်မာတာကြောင့် သူတို့နှစ်ဦးကို ကြည့်ရှုရင်းနဲ့ ချစ်ခြင်းမေတ္တာတရားကိုပိုမိုခံစားမိမှာပါ။ သူတို့နှစ်ဦးရဲ့ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြသခဲ့တာဖြစ်ပြီး ကြည်နူးစရာပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထိုပုံရိပ်လေးတွေကိုပရိသတ်တွေခံစားကြည့်ရှုနိုင်ဖို့ ကူယူဖော်ပြပေးလိုက်ပါတယ်။ Photo Source; Naw Phaw Eh Htar ,May Toe Khine

Cele News

မတူညီတဲ့ နာဂဒီဇိုင်းနဲ့ စက်ရုပ်ဒီဇိုင်း ပေါင်းစပ်ထားတဲ့ ဖက်ရှင်ဝတ်စားဆင်ယင်မှုနဲ့တွေ့မြင်ရမယ့် ဖြူဖြူကျော်သိန်း

Myanmar Idol ရဲ့ အကဲဖြတ်ဒိုင်အဖြစ်ပါဝင် လုပ်ဆောင်နေတဲ့ ဖြူဖြူကျော်သိန်းကတော့ ဂီတအနုပညာပိုင်းမှာဆိုရင်သူမတူအောင်တမူထူးခြားတဲ့ အသံအနေအထား နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိပြီး အများနဲ့မတူညီတဲ့ ၀တ်စားဆင်ယင်မှုမတူညီများနဲ့ အတူတူ ပရိသတ်တွေကြားမှာ ပေါ်လွင်ထင်ရှားတဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မြင်တွေ့ရမှာကတော့ နာဂနဲ့ စက်ရုပ်မတူညီတဲ့ ဖက်ရှင်နှစ်မျိုးကို ပေါင်းစပ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထိုသို့ဝတ်ဆင်ထားမှုအပေါ် ပရိသတ်တွေရဲံ ဝေဖန်စကားတွေရှိသော်လည်းပဲ အနုပညာရှင်ဆိုတာ သမာရိုးကျမသွားဘဲ ဆန်းသစ်တည်ထွင်မှုရှိမှ အနုပညာရှင်အစစ်ဖြစ်မယ်လို့ခံယူထားတာကြောင့် သူမအနေနဲ့ကတော့ ပြန်လည်ဖြေရှင်စရာမရှိပါဘူး။ အရင်ထဲက ဖက်ရှင်ဒီဇိုင်းနဲ့ ပက်သက်လာလျှင် Fashion Queen လို့တောင်တင်စားရအောင် ဆန်းသစ်တည်ထွင်မှုတွေ အများကြီးပြုလုပ်ခဲ့တဲ့ သူမအနေနဲ့ကတော့ ပရိသတ်တွေကိုအမြင်မတူတဲ့ ပုံစံတွေကို တွေ့မြင်ချင်တာကြောင့် ပြုလုပ် ပြသခဲ့ပါတယ်။အခု သူမရဲ့ ထူးခြားတဲ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo Source; Phyuphyukyawthein

Cele News

ချစ်သူရည်းစားထားဖြစ်ရင်တောင် မပြောပြတော့ဘူးဆိုတဲ့ စံရတီမိုးမြင့်နဲ့ မေမြင့်မိုရ်

ချစ်ဖို့ကောင်းပြီး အနုပညာအလုပ်ထဲကို အသက်ငယ်ရွယ်ရွယ်နဲ့ရောက်ရှိနေတဲ့ အချိန်ကနေအခုထိ အောင်မြင်နေတဲ့ စံရတီမိုးမြင့် နဲ့ တည်ငြိမ်တဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်လေး မေမြင့်မိုရ် လေးတို့ကတော့ Single life မှာ ပျော်ရွှင်နေပြီး အပူအပင်မရှာချင်တော့လို့ ချစ်သူရည်စားမထားတော့ဘူးလို့ဆိုပါတယ်။ မတည်မြဲတဲ့လောကကြီးထဲမှာ ချစ်သူရည်စားရရင်တောင် မပြောတော့ဘူး မင်္ဂလာဆောင်မှပဲတခါထဲပြောပြလိုက်တော့မယ် အမှန်တကယ်တော့ ရည်းစားထားတယ်ဆိုတာ စမ်းကျတယ် ကိုယ်အတွက်တင်မကဘူး သူ့အတွက်ပါလိုက်စဉ်းစားပေးရတော့ ရုပ်ကျတယ် ကိုယ့်စိတ်ဆုံးဖြတ်ချက်အတိုင်းဆိုရင်တော့ ရည်းစားမထားတော့ဘူး လို့လဲနှစ်ယောက်သား တက်ညီလက်ညီပြောကြားခဲ့ပါတယ်။ ကိုယ့်ချစ်သူဖြစ်လာမယ့်သူဆိုရင်တော့ မှီလို့ရတဲ့ အကြီးပဲကြိုက်တယ် ချီရမယ့် အငယ်တွေဆိုမကြိုက်ဘူး အသက်အရွယ်သာတစ်နှစ်ပြီး တစ်နှစ်ကြီးသွားလိမ့်မယ် စိတ်ကတော့ကလေးဆန်ပြီး နုပျိုနေတာ အာ့တော့ကိုယ့်ကို ဖေးမမှီခိုနိုင်တဲ့ လူကိုပဲပိုသဘောကျတယ် အငယ်ဆိုရင်တောင်ကိုယ်ပဲဆိုးချင်တာ လို့လဲသိရပါတယ်။ Source ; MC

Cele News

A (တစ်စုံတစ်ယောက်) ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်မယ့် Project K အဖွဲ့ဝင် ဝီလျှံထွန်းနဲ့ ရဲရင့်သော်

A (တစ်စုံတစ်ယောက်) ရုပ်ရှင်ဇာတ်ကားကြီးကတော့ Laurel ရုပ်ရှင်ထုန်လုပ်ရေးမှ ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးမှာတော့ Project K အဖွဲ့ဝင် ဝီလျှံထွန်းနဲ့ ရဲရင့်သော် လည်းပါဝင်သရုပ်ဆောင်အားဖြည့်ကြမှာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ အကရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် ဇာတ်ကားအတွက် လိုအပ်တဲ့ အကပိုင်းကိုတော့ ထိုင်းနိုင်ငံမှ (I am Bazic) Crew ရဲ့အဓိကအကဆရာများဖြစ်ကြတဲ့ “Smart ” နဲ့ “Sofia”တို့ကပါဝင်အားဖြည့်ထားကြတာပဲဖြစ်ပါတယ်။ ရဲရင့်သော် ကတော့ သရုပ်ဆောင်အနုပညာအပိုင်းမှာ သူ့အတွက် ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ ထိုဇာတ်ကားကြီးမှာတော့ ” ပထမဦးဆုံးခြေလှမ်းမို့လို့ အကောင်းဆုံးကြိုးစားသွားမှာပါ ” လို့သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားပါတယ်။ ဝီလျှံထွန်းအတွက်ကတော့ သရုပ်ဆောင်ပိုင်းကရင်းနှီးကျွမ်းဝင်ထားသော်လည်း သူအတွက်လည်း ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် Project K အဖွဲ့ဝင်နေနဲ့ အတူတူ MRTV Entertainment ကရေဒီယိုရုပ်သံဇာတ်လမ်းတွဲတွေရဲ့ပင်တိုင်စံတွေ ဖြစ်တဲ့စောယုနန္ဒာ၊ဧငြိမ်းဖြူ၊ဘလိပ်တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာတော့ ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ အကောင်းဆုံးတွေ့မြင်ရမလဲဆိုတာကတော့ […]

Cele News

တိုင်ရွန်နဲ့ နှစ်ယောက်အတူတူ ဥရောပ ၆နိုင်ငံကို ခရီးအတူတူထွက်မယ့် သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အရမ်းအောင်မြင်ကျော်ကြားနေပြီး ပုရိသတွေရဲ့အချစ်တော်တစ်ဦးလဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလဲ ခြေလှမ်းမပျက်တွေ့မြင်ရပြီး မကြာခင်အချိန်မှာလဲ တိုင်ရွန်နဲ့ အတူတူ ဥရောပ ၆နိုင်ငံကို အလည်အပတ်ခရီးအနေနဲ့ သွားရောက်ဖို့၇ှိနေတာဖြစ်ပြီး ဘယ်လိုမျိုး ဖတ်ရှင်ကျကျနဲ့ တွေ့မြင်ရမလဲဆိုတာကတော့စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ အရင်တုန်ကလဲ အာ့လိုခရီးသွားပုံစံမျိုးကမ်းလှမ်းလာတာမျိုးရှိပေမယ့်လဲ အချိန်ညှိမရတာကြောင့် လက်မခံဖြစ်ဘူး။ အခုကအချိန်လဲညှိလို့ရတယ် ပြီးတော့ တိုင်ရွန်နဲ့ကလဲ ကိုယ့်မောင်အရွယ်လောက်ပဲရှိတာဆိုရင်တော့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးထွက်ကြမယ်ပေါ့နော်။ထိုအစီအစဉ်လေးမှာတော့ ကိုယ်မရောက်ဖူးတဲ့ တခြားနိုင်ငံမှာ နိုင်ရောက်ထဲလည်ပတ်လို့ရမယ့်ပုံစံလေးနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်လို့ပြောကြားထားပါတယ်။ ထိုခရီးစဉ်နဲ့ ပက်သတ်ပြီးတော့ ထွေထွေထူးထူးပြင်ဆင်ထားတာမရှိဘဲ သွားမယ့်အချိန်ကလဲ ဆောင်းရာသီဖြစ်တာကြောင့် ထူထူထဲထဲ အ၀တ်အစားတွေနဲ့ တွေ့မြင်ရမှာဖြစ်ပြီး နှစ်ယောက်အတူတိုင်ပင်ပြီးဝတ်ဖြစ်ဖို့ကတော့ အရမ်းကြီးစီစဉ်ထားတာမရှိဘူး။ ဟိုနိုင်ငံတွေရောက်မှလဲဝယ်ဝတ်လို့ရတယ်လို့လဲ ပြောကြားထားပါသေးတယ်။ Source ; MC

Cele News

ညီအစ်​မ​တွေဖြစ်​​ပေမယ့်​ ရန်​သူအဖြစ်​နဲ့ “A”ဇာတ်​ကားမှာ​တွေ့ရမယ့်​ ဧငြိမ်းဖြူ နဲ့ ​စောယုနန္ဒာ

ကတ်​ဆက်​တိပ်​​ခွေဇာတ်​လမ်း​တွေကို ပြန်​လည်​ သရုပ်​​ဆောင်​ရင်​ ပရိတ်​သတ်​အခိုင်​အမာရရှိထားသူတို့ ညီအစ်​မနှစ်​​ယောက်​ဟာ အခုမှာ​တော့ ရုပ်​ရှင်​ဇာတ်​ကားကြီးမှာပါဝင်​ဝင်​သရုပ်​​ဆောင်​​တော့မှာဖြစ်​ပါတယ်​။အသက်​ နှစ်​နှစ်​သာ ကွာတဲ့ သူတို့ ညီအစ်​မ​တွေဟာ အလုပ်​ကိုတူတူ လုပ်​ကိုင်​​နေကြပြီး နှစ်​ဦးစလုံးဟာလည်း ပရိတ်​သတ်​အခိုင်​အမာရှိထားသူ​တွေဘဲ ဖြစ်​ပါတယ်​။ နှစ်​​ယောက်​လုံးဟာ သရုပ်​​ဆောင်​ဘက်​မှာအပြင်​ အကပိုင်းမှာပါ ပါရမီ ရှိသူဆိုတာပရိတ်​သတ်​​တွေသိကြမှာပါ။အကမှာလည်း ပါရမီရှိသူ Cover danceများစွာလည်း ကထားကာ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို ရရှိထားပါတယ်​။ ဒီ​နေ့မှာ​တော့ သူတို့ရဲ့ “A” ဇာတ်​ကား​လေးနဲ့ပတ်​သတ်​ကြီး​ပြောပြလာပါတယ်​” ကား​လေးက အကကား​လေး မြန်​မာလည်း သိပ်​မရှိဘူး အကအမျိုးအစားက​တော့ သူ့ဟာသူပါတယ်​ ​တော်​​တော်​​လေးပင်​ပန်းပြီး ၃ ​၄ နာရီ အထိမအိပ်​ဘဲ တိုက်​ထားရတာ​တွေရှိတယ်​ ညီအစ်​မနှစ်​​ယောက်​ လုံးဝမတည့်​တဲ့ သူ​တွေ အ​နေနဲ့ ​တွေ့ရမှာပါ” လို့ဆိုပါတယ်​။ “A” ဇာတ်​ကား​လေးမှာသူတို့ညီအစ်​မနှစ်​​ယောက်​အပြင်​ ရဲ​အောင်​ ​မေသင်​ဇာဦးနဲ့ အခြား […]

Cele News

အားလပ်​ချိန်​မရှိဘဲ ပင်​ပန်းကာ ​ဆေးရုံ​ရောက်​ခဲ့တဲ့ ခိုင်​နှင်း​ဝေ

ပရဟိတ မင်းသမီး​လေး အဖြစ်​နဲ့ပရိတ်သ​တ်​​တွေသိကြတဲ့ ခိုင်​နှင်း​ဝေရဲ့ လိုအပ်​တဲ့​နေရာ​တွေမှာတတ်​နိုင်​သ​လောက်​ဝင်​​ရောက်​ ကူညီတတ်​သူ စိတ်​သ​ဘောထားဖြူစင်​သူဆိုတာအထူး​ပြောစရာမလိုပါဘူး​နော်​။လက်ရှိမှာလည်း မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ က​လေး​တွေကို မိခင်​ရင်းပမာ ပြုစု ​စောင့်​​ရှောက်​​နေတာဘဲဖြစ်​ပါတယ်​။ ဇာတ်​ပို့ဇာတ်​ရံ ​တွေကိုလည်း ​ထောက်​ပံ့ကူညီ​ပေးတတိပြီး အစဉ်​အမြဲ တတ်​နိုင်​သ​လောက်​ ဝိုင်းဝန်းကူညီ​တတ်​​လေ့ရှိပြီး သူမရဲ့ ​မေတ္တာ တရားကြီးမားပုံကို ပရိတ်​သတ်​​တွေက အသိအမှတ်​ပြုကာ ​လေးစားရတာဘဲဖြစ်​ပါတယ်​။ခိုင်နှင်းဝေက သူမရဲ့ အနုပညာအလုပ်​​တွေနဲ့ လူမှု​ရေး​တွေမှာ ဗျာများပြီး ​နေမ​ကောင်းဖြစ်​ခဲ့ပါတယ်​။ “မနက်ကရိုက်ကူးရေး၊ နေ့လည်ကညီမလေးတွေနဲ့ Hot pot၊ ပြီးတော့ မျက်နှာ Skin Care၊ အခု ဗိုက်တွေအရမ်းအောင့်လို့ ဆေးရုံရောက် ” ဆိုပြီး သူမရဲ့ အခြေအနေကို ပြောပြလာပါတယ်။ ပရိတ်​သတ်​​တွေ စ်​တ်​သ​ဘောထား​ကောင်း​ပြီး ကြင်​နာတတ်​တဲ့ ခိုင်​နှင်း​ဝေကို ကျန်းမာပြီးအလုပ်​​တွေပြန်​လုပ်​နိုင်​​အောင်​ဆု​တောင်း​ပေးလိုက်​ဦး​နော်​။ Source_ […]

Cele News

” ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ ” ကို ပရိတ်​သတ်​​တွေကိုလက်​မှတ်​ဝယ်​​ပေးကာတူတူကြည့်​​ပေးမယ့်​ ​ကောင်းမြတ်​စံ

မင်းသားချောလေးကောင်းမြတ်စံကတော့ The sign of love ဇာတ်​လမ်းတွဲ ဖြင့်​ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကိုရရှိထားတဲ့ မင်းသား​ခေော​လေးဖြစ်​ပါတယ်​။ပါးချိုင့်​​လေးနဲ့မို့ မိန်းက​လေး​တွေရဲ့ အသည်းကို ဖမ်းဆုပ်​နိုင်​သူ​လေးဘဲဖြစ်​ပါတယ်​။လက်ရှိမှာလည်း “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲမှာ နေလင်းသစ်ဆိုတဲ့နာမည်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်လမ်းမှာတော့ ဟက်ကာတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါ​သေးတယ်​။ လက်​ရှိမှာလည်း “ရိုးမ​ပေါ်ကျတဲ့မျက်​ရည်​ ” ဇာတ်​ကားမှာ သရုပ်​​ဆောင်​ထားပါ​သေးတယ်​။ “ရိုးမပေါ်ကကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးယင်း​ဇာတ်ကားမှာ ကောင်းမြတ်စံဟာ ကျောင်းဆရာလေးစန်းနိုင်အနေနဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ကောင်းမြတ်စံဟာ ယင်းဇာတ်​ကား​လေးမှာ ဝါရင့်​သရုပ်​​ဆောင်​ ​တွေနဲ့အတု တွဲဖက်သရုပ်ဆောင်ထားပြီး အရမ်း​ကောင်းမယ့်​ဇာတ်​ကား​လေးဖြစ်​မှာအ​သေအချာပါဘဲ။ ဇာတ်​လမ်းတွဲ​တွေဖြင့်​ ပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့ရတာ​ကြောင့်​ ဒီကား​လေးကသူ့ရဲ့ပထမဆုံးရုံတင်ဇာတ်ကားဖြစ်တဲ့အတွက် ချစ်ရတဲ့ပရိသတ်တွေနဲ့တူတူကြည့်ဖို့ စီစဉ်ထားတဲ့အကြောင်းကို “(၉)ရက်နေ့မှာ ရန်ကုန်ကပရိသတ်တချို့နဲ့ “ရိုးမပေါ်ကျတဲ့မျက်ရည်” အတူတူကြည့်ဖို့အစီအစဉ်ရှိတယ်။ ကျွန်တော်အားလုံးအတွက် လက်မှတ်လေးတွေဝယ်ထားမယ်။ အားအောင်လုပ်ထားဖို့က မင်းလေးတို့တာဝန်..ဆိုတော့ အချိန်နဲ့နေရာပြန်ပြောမယ်။ လောလောဆယ် ကြည့်မယ့်သူလေးတွေ messenger မှာ Groupဖွဲ့ထားပေးပါ…အတူတူကြည့်ကြမယ်နော်” ဆိုပြီး သူ့ရဲ့Fbမှာ […]