Cele News

ပုဂံမှာ မြန်မာမှုမပျက် ထိန်းသိမ်းထားတဲ့ ဝတ်စုံလေးနဲ့ Pre Wedding ရိုက်ခဲ့တဲ့ အလှမယ် အေးငြိမ်းဆွေ (အမရာငြိမ်း) တို့ စုံတွဲ

အလှမယ် အေးငြိမ်းဆွေတို့စုံတွဲဟာဆိုရင် လက်ရှိမှာ Pre Wedding ပုံလေးတွေကို ဥရောပမှာရော မြန်မာနိုင်ငံအနှံ့မှာပါ ရိုက်ကူးနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမတင်လိုက်တဲ့ ပုဂံ Pre Wedding ပုံလေးတွေက ပရိသတ်ကြားမှာ ရေပန်းစားနေပြန်ပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ Pre Wedding ပုံလေးတွေက တစ်ခြားသူတွေနဲ့မတူ တမူထူးခြားစွာ လှပနေလို့ပါပဲ။ မြန်မာမှုမပျက်ထိန်းသိမ်းထားတဲ့ ဝတ်စုံလေးနဲ့ ပုဂံဘုရားတွေရဲ့ ရှုခင်းလေးတွေကလည်း သူမတို့ရဲ့ Pre Wedding ပုံလေးတွေကို ပိုပြီး အားဖြည့်ပေးထားသလိုဖြစ်နေပါတယ်။ အေးငြိမ်းဆွေရဲ့ စိတ်ကူးအိပ်မက်က ပုဂံနဲ့ ပြင်သစ်က အိဖဲလ်တာဝါအောက်မှာ Pre Wedding ရိုက်ဖို့ပါတဲ့။ အခုတော့ သူမရဲ့ ချစ်လှစွာသောခင်ပွန်းဖြစ်သူက သူမရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ဖြည့်ဆည်းပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အေးငြိမ်းဆွေက သူမရဲ့ ဖေ့ဘုတ်မှာ ” […]

Cele News

တောင်ငူမြို့တွင် ကျင်းပတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲတွင်တွေ့မြင်ရမယ့် အနုပညာရှင်ပုံရိပ်များ

နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ကတော့ ယခုနှစ်မှာ (၈၈)ကြိမ်မြှောက် ဖြစ်ဖြစ်ပြီး ကေတုမတီမြို့တည် နန်းတည် (၅၀၉)နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကိုတော့ နိုဝင်ဘာလ ၁၁ရက်နေ့ တန်ဆောင်မုန်းလပြည့်နေမှာ ပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ထိုပွဲလေးမှာတော့ နှစ်တိုင်း အနုပညာရှင်တွေတက်ရောက်ခဲ့ပြီး ပါဝင်အားဖြည့်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာလဲ ပါဝင်အားဖြည့်ခဲ့တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ် ။အနုပညာ၇ှင်တွေကိုတော့ သူ့နေရာနဲ့သူ လိုက်ဖက်ညီအောင် တွေ့ရှိရမှာဖြစ်ပြီး တောင်ငူမြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီး တစ်ပွဲလဲဖြစ်ပါတယ်။ ထိုပွဲကြီးမှာ အနုပညာရှင်တွေနဲ့ အတူတူ စီကားသိုက်မြိုက် လှတဲ့ ပုံရိပ်ကလေးတွေကို မတွေ့မြင်ရသေးတဲ့ ပရိသတ်တွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ထိုမြင်ကွင်း ပုံရိပ်ကလေးတွေကိုတွေ့မြင်ရတဲ့ အခါမှာတော့ ကြည်နူးပီတိဖြစ်စေမှာပဲဖြစ်ပါတယ်။ Source ; MC

Cele News

ဒိုက်ဦးမြို့မှာ ငါးထောင်တန် အထပ်လိုက်ကြီးနဲ့ ပစ်ပေါက်ပြီး လှူဒါန်းခဲ့တဲ့ Travel blogger မလေး အိမ့်ချစ်ချော

ချစ်သက်တမ်း (၁၁) နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဆိုတော်နေဝင်းနဲ့ ခရီးသွားဘလော့ကာလေး အိမ့်ချစ်ချောတို့ချစ်သူ နှစ်ယောက်ဟာ ပရိသတ်တွေအားလုံးသဘောကျတဲ့ ဆယ်လီစုံတွဲလေး တစ်တွဲပါပဲ။ ကိုယ်စီလျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေကိုယ်စီနဲ့ ပရိသတ်အားပေးမှုကို ရရှိထားကြသူတွေဖြစ်ပြီး အချိန်တွေအကြာကြီး တွဲလာခဲ့ပေမယ့် အခုချိန်ထိ အချစ်မလျော့ပဲ ပိုပိုတိုးပြီးသားချစ်နေခဲ့ကြပါတယ်။ ခရီးသွားဘလော့ကာလေးဖြစ်လို့ မြန်မာပြည်အနှံ့ခရီးတွေသွားခဲ့ပြီး သူမဝါသနာပါတဲ့အလုပ်ကို ပျော်ပျော်ကြီးလုပ်နေခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ နေဝင်းကလည်း အားတဲ့အချိန်တိုင်း ချစ်သူလေးနောက်ကိုလိုက်ပြီး အချစ်နဲ့အတူတူ ခရီးထွက်ပြီး ပျော်စရာကောင်းတဲ့အချိန်တွေကို အတူတူကုန်ဆုံးရင်း အချစ်တွေကိုပျိုးထောင်နေခဲ့တာပဲဖြစ်ပါတယ်။ မနေ့က သူခိုးကြီးညမှာတော့ မြန်မာတို့ရဲ့ဓလေ့တစ်ခုဖြစ်တဲ့ လိုအပ်နေသူတွေကိုရည်စူးပြီး ပံ့သကူပစ်တဲ့အလေ့အထလေး ကို ချောတစ်ယောက် ” ဒီနေ့ည ပံ့သကူပစ်မယ် လိုအပ်သူတွေ ရကြပါစေ ဘယ်သူတွေကော ဘယ်မြို့မှာ ပံ့သကူပစ်ကြမှာ လဲ? ချောကအခုဒိုက်ဦးရောက်နေလို့ ဒိုက်ဦးမြို့မှာ ပံ့သကူပစ်ပါမယ်ဆိုပြီး လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ သာဓုပါ ချောလေးရေ။

Cele News

နေပြည်တော်တွင် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားများတည်ထားသော စေတီတော်အား ထီတော်တင်ပွဲပြုလုပ်ခဲ့

နိုဝင်ဘာလ ၁၁ရက်နေ့မှာတော့ မုန်းစွဲအဖွဲ့သားတွေ စုစည်းလှူဒါန်းတည်ထားခဲ့တဲ့ စေတီတော်ကို ထီးတော်တင်ခြင်းအခမ်းအနားကို နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာသွင်း ၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာတင် အခမ်းအနားနှင့်ပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ထိုမင်္ဂလာအခမ်းအနားသို့ မုန်းစွဲရုပ်ရှင်ဇာတ်ကားတွင်ပါဝင်ခဲ့ သရုပ်ဆောင်များနဲ့ အဖွဲ့သားတွေ ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေတက်ရောက်ခဲ့ပြီး စည်းစည်းလုံးလုံးနဲ့ ထီးတော်တင်ခြင်းအခမ်းအနားကို အောင်မြင်စွာအဆုံးသက်ပြီးစီးခဲ့ပါတယ်။မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အောင်မြင်မှုတွေများစွာကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ၀မ်းနည်းစရာတစ်ခုကတော့ ထိုရုပ်ရှင်ဇာတ်ကားကြီးဖြစ်မြှောက်ဖို့ အစစအရာရာ သူကပဲဦဆောင်ခဲ့ပြီး ကိုယ်တိုင်ကျရာဇာတ်ရုပ်မှာ ပြီပြင်အောင် သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်မင်းသွေး မရှိတော့တာပဲဖြစ်ပါတယ်။ထိုသို့ပြုလုပ်ခဲ့တဲ့ ထီးတော်တင်အခမ်းအနားကုသိုလ်တွေကိုလဲ ကောင်းရာမွန်ရာ ဘ၀ကနေ သာဓုခေါ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။ Source ; 7th Sense Creation

Cele News

နိုဝင်ဘာလ (၁၂)ရက်နေ့တွင် တန်ဆောင်တိုင်အလှူအဖြစ် ချစ်တီးထမင်းကျွေးမွေးလှူဒါန်းခဲ့တဲ့ နေမင်း

တန်ဆောင်တိုင်လရဲ့ လပြည့်ကျော် ၁ရက်နေ့ နိုင်ဝင်ဘာလ၁၂ရက်နေ့မှာတော့ သရုပ်ဆောင် အနုပညာရှင်လေးနေမင်းအနေနဲ့ စတုဒီသာအလှူလေးပြုလုပ်ခဲ့ပါတယ်။ထို့အလှူလေးမှာတော့ လာရောက်သုံးဆောင်သူများခဲ့တာကြောင့် ကျေနပ်ဝမ်းသာပီတိ ဖြစ်နေမိပြီး ပျော်ရွှင်အားရစေတဲ့ ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုအလှူပွဲလေးကိုတော့ (၃၅)လမ်း၊အထက်ဘလောက်၊ရန်ကုန်မှာ နိုင်ဝင်ဘာလ၁၂ရက်နေ့မှ လှူဒါန်းခဲ့တာဖြစ်ပြီး အလှူအဒါန်းနဲ့ပက်သက်ရင် လက်မနှေးတဲ့ အနုပညာရှင်လေးဖြစ်တာကြောင့် ထိုအလှူပွဲကြီးအတွက်လဲ အကောင်းဆုံးပြင်ဆင်ပြီးလစ်ဟာမှုမရှိအောင်ပြင်ဆင်ပြီး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ တန်ဆောင်တိုင်အလှူ ပွဲလေးအဖြစ် စတုဒီသာ လှူဒါန်းခဲ့တဲ့ နေမင်းကိုချစ်ကြတဲ့ ပရိတ်သတ်တွေကြည့်ရှုပြီး ၀မ်းသာကြည်နူး သာဓုခေါ်နိုင်ရန်အတွက် အလှူပုံရိပ်လေးအချို့ကို ကြည့်ရှုခံစားရင်း ကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့သလို သာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။ Source ; MC

Cele News

နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် ထီးတော်တင်ပွဲသို့ တက်ရောက်ခဲ့တဲ့ ယွန်းယွန်း

မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းလေးဟာဆိုရင် ကလေးသရုပ်ဆောင်ဘဝကနေ စပြီး ခု မင်းသမီး ဖြစ်တဲ့အထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ ရှိနေခဲ့ပါတယ်။ သူမဟာ ပညာရေးမှာလဲ ထူးချွန်သူတစ်ယောက်ပါ။ ဘာသာရေး၊ လူမူရေး ပွဲတွေမှာလဲ သူမကို အမြဲ တွေ့နေရပါတယ်။ နေပြည်တော်မှာရှိတဲ့ ထာဝရငြိမ်းချမ်းရေးစေတီတော် ထီးတော်တင်ပွဲကို နိုဝင်ဘာလ ၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။ ထိုပွဲတော်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။ ဒီအထဲမှာ မင်းသမီးလေး ယွန်းယွန်းလဲ ပါဝင်ပါတယ်။ သူမဟာ အပြာရောင်ဝတ်စုံလေးကို သူမမေမေနဲ့ ဆင်တူ ဝတ်ဆင်ထားပါတယ်။ အရင်က ဆံနွယ်ရှည်ရှည် အမဲလေးကို ခုဆို နီညိုရောင်လေး ပြောင်းဆိုကာ နုပြီး အရမ်းကို လှနေပါတယ်။ သူမရဲ့ Facebook စာမျက်နှာမှာ အမေစုကို ကြည့်ပြီး […]

Cele News

ရိုက်ချက်တွေလွန်ကဲတာကြောင့် ” ကိုရေဘာတွေလဲ ” သီချင်း MTV ကို ရှုံ့ ချတယ်ဆိုတဲ့ မေပန်းချီ

မေပန်းချီကေတော့ အနုပညာလောကထဲကိုဝင်ရောက်လာတာကြာပြီဖြစ်သလို အနုပညာကိုလဲ အနုပညာနဲ့တူအောင် တက်နိုင်သမျှ အနုပညာနဲ့ မတူညီမှုတွေကို ရှာင်ရှားပြီး ပြုလုပ်တက်တဲ့ အနုပညာရှင်လေးလဲဖြစ်ပါတယ်။အခုအခါမှာတော့ ” ကိုရေဘာတွေလဲ ” သီချင်းလေးကိုတော့ အနုပညာ ပုံစံမပေါက်ဘူး မကိုက်ညီဘူးလို့လဲ ဝေဖန်ခဲ့ပါတယ်။ MTV ဆိုတာကတော့ ပရိသတ်တွေအလွယ်တကူကြည့်လို့ရတာဖြစ်တာကြောင့် လူငယ်တွေကြည့်ရှုပြီး အတုယူမှားမှာကိုတော့မလိုလားဘူး ဒါကြောင့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အတုယူမှားစေတဲ့ အရာဆိုရင်တော့ ရှုံ့ ချရမှာပဲ ဒါကြောင့် ” ကိုရေဘာတွေလဲ ” သီချင်း MTV ကိုရှုံ့ ချပါတယ်လို့လဲပြောကြားထားပါတယ်။ အနုပညာအချင်းချင်းကို မလေးစားလို့ပြောတာမဟုတ်ဘူးနော် အနုပညာသမားအားလုံးကိုလေးစားတယ်။အနုပညာရှင်တစ်ယောက်ချင်းစီမှာ အနုပညာနဲ့ ပက်သက်ပြီးတော့ အားသာချက်တွေအများကြီး ရှိကြတယ် ဒါမယ့် အနုပညာရှင်တွေက အနုပညာနဲ့ပက်သက်ပြီး မသင့်တော်တာတွေလုပ်နေရင်တော့ ပြောစရာရှိတာပြောရမှာပဲ ငါးခုတ်မတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုတဲ့အတိုင်းပဲ အနုပညာအသိုင်းအဝိုင်းက ဒီလိုကြီးပဲလားထင်မှာမြင်မှာ […]

Cele News

အက်စတာကို ဝန်းရံလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တစ်ဦးအနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်တွေကို ကိုယ်တိုင်ရိုက်ကူးပုံဖော်နေတဲ့ ဒါရိုက်တာ တစ်ဦးအဖြစ်ရပ်တည်နေတဲ့ ကိုပေါက်ကတော့ Myanmar Idol Season 4 မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ချင်းတိုင်းရင်သူလေး အက်စတာဒေါ့သ်ချင်းဆုန်ကို “ကျုပ် က သူ့ ပရိသတ် ဖြစ်တယ်” ဆိုပြီး အက်စတာရဲ့ Rock Week ဖျော်ဖြေထားတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှ ဝန်းရံလိုက်ပါတယ်။ အက်စတာကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ ပရိသတ်အကြားမှာ နိုင်ငံကျော်အဆိုတော် ဆုန်သင်းပါရ်လို လင်းလက်လာမည့် ကြယ်ပွင့်လေးလို့ ချီးမွမ်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။သူမကတော့ ပြိုင်ပွဲကြီးစတင်ကတည်းပရိသတ်တွေသာမက နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့ရဲ့ အားပေးထောက်ခံချီးကျူးမှုကို ရရှိထားပါသေးတယ်။ သူ့ရဲ့ ထူးခြားတဲ့ အဆိုစွမ်းရည်နဲ့ […]

Cele News

ပုသိမ်ထီးလေးနဲ့ အရမ်းကို အိနြေ္ဒရှိပြီး လှပနေတဲ့ မင်းသမီးလေး မိုးဟေကို

နာမည်ကြီး သရုပ်ဆောင် မင်းသမီး မိုးဟေကိုကတော့ ခုတလော အလှဓာတ်ပုံတွေ အရမ်းကို ရိုက်လာပါတယ်။ သူမရဲ့ မျက်နှာ နဲ့ ခန္ဒာကိုယ်လေးဟာ အရမ်းကို လှပ တည်ငြိမ်လွန်းပါတယ်။ ဘယ်လိုလေးပဲ ဝတ်ဝတ် တော်တော်လေးကို ပြည့်စုံပြီး လှပလွန်းပါတယ်။ လွန်ခဲ့တဲ့ လ အောက်တိုဘာလကမှ သူမ သရုပ်ဆောင်ပြီး ရိုက်ကူးခဲ့တဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးဟာလဲ အရမ်းကို ကြည့်ကောင်းလွန်းခဲ့ပါတယ်။ အဲ့ဒီကားမှာဆိုရင် မင်းသမီးချောလေး ဖွေးဖွေးနဲ့ သူမဟာ အလှအပ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြတာ တကယ်ကို ကြည့်ကောင်းပါတယ်။ ပရိသတ်တွေလဲ အရမ်းကို အားပေးခဲ့ကြပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေက သူမရဲ့ ဇာတ်ရုပ်နဲ့ အရမ်းကို လိုက်ဖက်ပါတယ်။ အရမ်းလဲ နန်းဆန်တဲ့ အလှမျိုးကို ပိုင်ဆိုင်ထားသူ သူမကတော့ ခုချိန်ထိကို […]

Cele News

၅ပတ်မြှောက်အထိ ရုံတင်ပြနေရဆဲ ဖြစ်တဲ့ “အခမ်းနားဆုံး မေတ္တာ”

အခမ်းနားဆုံး မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေတဲ့ အချိန်ကနေစပြီး ပရိသတ်တွေ အားပေးမှုကို အများဆုံးရရှိထားတဲ့ ဇာတ်ကားကြီးဖြစ်ပြီး နေနှစ်နေ ပါဝင်သရုပ်ဆောင်ထားပြီး မေတ္တာ တရားကိုဦးစားပေးဖော်ပြထားတဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် စိတ်ကူးယဉ်ဆန်တဲ့ ပရိသတ်တွေအတွက်အကြိုက်တွေ့စေတဲ့ဇာတ်ကားကြီးဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ နေတိုးနဲ့ သရုပ်ဆောင်သက်တမ်း နုသော်လည်း ရောက်ရှိလာတဲ့ အခွင့်အရေးမှန်သမျှကို အကောင်းဆုံး ချပြ လုပ်ဆောင်တက်တဲ့ နေခြည်ဦးတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ထိုဇာတ်ကားကြီးကတော့ မျှော်လင့်ထားတဲ့ အောင်မြင်မှုအတိုင်းအတာကိုကျော်လွန်ပြီး ၅ပတ်မြှောက်ရုံတင်ပြသစာရင်းထဲမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု သရုပ်ဆောင်တွေရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးလိုက်ဖက်အောင် သရုပ်ဆောင်ထားကြတာကြောင့် ထိုသို့အောင်မြင်မှုတွေကိုရရှိနေတာပဲဖြစ်ပါတယ်။မကြည့်ရသေးတဲ့ ပရိသတ်တွေလဲ ကြည့်ရှုခံစားနိုင်ဖို့အတွက် ရေးသားတင်ပြလိုက်ရပါတယ်။ Source ; 7th Sense Creation