Cele News

“ခင်ပွန်းသည်ရဲ့ စကားလေးတစ်ခွန်းက စိတ်ကျေနပ်မှုရစေတယ်ဆိုတဲ့ မိုးယုစံ”

ပရိသတ် လက်ခံအားပေးမှု အပြည့်အဝရရှိထားတဲ့ မိုးယုစံကတော့ လက်ရှိမှာ ချစ်ခင်ပွန်း၊ချစ်ရတဲ့သားလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးတစ်ခုကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်သားမွေးပြီး တစ်သွေးလှလာတဲ့ မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေသူတစ်ယောက်လို့ ဆိုရမှာပါ။ ချစ်စဖွယ်သားလေး ကောင်းသိင်္ခမိုးသူကလည်း မေမေ့အတိုင်းချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကို လျှော့ထားပြီး မိသားစုကို အချိန်အများဆုံးပေးနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာခြေလှမ်းကျဲသွားပေမယ့် နှင်းဆီအငြိမ့်ရဲ့ ပင်တိုင်စံမင်းသမီးတစ်ယောက်ဖြစ်တဲ့ မိုးယုစံဟာ သူတတ်ကျွမ်းတဲ့အနုပညာနဲ့ ရံပုံငွေဖျော်ဖြေပွဲတွေအတွက်ဆို လက်မနှေး သွားရောက်ကူညီတတ်သူတစ်ဦးဆိုလည်း မမှားပါဘူး။ ချစ်ခင်ပွန်းဖြစ်သူကလည်း အစစအရာရာ လိုလေသေးမရှိဖြည့်ဆည်းပေးတဲ့အပြင် မိုးယုစံကို စိတ်ကျေနပ်မှုရရှိစေမယ့် စကားလေးတွေပြောပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ပြောစကားကို သဘောကျတဲ့အတွက် ပရိသတ်တွေကို ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။ “ချစ်ချစ်ကပြောတယ် မိန်းမက အမှတ်တမဲ့ကြည့်ရင်သိပ်မလှဘူး…ကြည့်ရင်းလှလာတာတဲ့…အကြည့်ခံတယ်တဲ့ (သဘောကျအောင်ပြောတာလည်းဖြစ်နိုင်တာပဲ)ကိုယ်ကလည်းအကြည့်ခံတဲ့အလှကိုပဲသဘောကျမိသူပါ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ […]

Cele News

ရုပ်ရှင်လာကြည့်ပြီးမှ အနုပညာခံစားချက်တစ်ခုခုမရရင် မတန်ဘူးဆိုတဲ့ မင်းသန့်မောင်မောင်

ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ မေသန်းနုတို့ရဲ့ တစ်ဦးထဲသော သားလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကတော့ မိဘနှစ်ပါးရဲ့ အနုပညာအ‌မွေတွေကိုဆက်ခံထားပြီး ဒါရိုက်တာအလုပ်နဲ့ အနုပညာလောကထဲကိုစတင်ခြေချနေတာပဲဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ရဲ့ ပထမဦးဆုံးဇာတ်ကားကြီးဖြစ်တဲ့ နိုင်ငံတကာအဆင်မှီ တိမ်တွေပေါ်ကပန်းရုပ်ရှင်ဇာတ်ကားကြီးကို ကိုရီးယား မြန်မာ ချစ်ကြည်ရေးအနေနဲ့ ရိုက်ကူးထားကာဖြစ်ကာ ထိုကားကြီးရဲ့ Family Show ကို နိုဝင်ဘာလ ၁၄ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ကိုရီယားနိုင်ငံမှ သရုပ်ဆောင်မင်းသား Ryu Sang Wook ၊ကျော်ထက်အောင်၊ဝတ်မှုန်ရွှေရည်၊ မေသန်းနု၊တို့ကအဓိကပါဝင်အားထြည့်ထားတာဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့အခါ ပရိတ်သတ်တွေလာကြည့်ရင် အနုပညာနဲ့ပတ်သက်ပြီး အနှစ်သာရတစ်ခုခုကိုခံစားမိမှာပါ။ ပိုက်ဆံပေးပြီး ရုပ်ရှင်းကားကြီးတကားကို လာရောက်ကြည့်ရှုပြီးမှ ရုံထဲကထွက်သွားရင် အနုပညာခံစားချက် တစ်ခုခုများ မရသွားမှာဆိုးရိမ်တယ် တန်လဲမတန်ဘူးလေ။ဒီကားကြီးကိုလာကြည့်ရင်တော့ ခံစားချက်တစ်ခုခုမရရင်တောင် ပနှစ်သာရရှိလှတဲ့ အနုပညာပြချက်တွေကိုတွေ့မြင်ရမှာပါလို့ ပြောခဲ့ပါတယ်။ Source; 8day journal

Cele News

ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတဲ့ နန်းစုဦး

ဗီဒိုယိုဇာတ်ကားခေတ်မှစပြီး ယနေ့ထိတိုင်အောင် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေနဲ့ အနုပညာလောကမှာ ရပ်တည်နိုင်သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းစုဦးပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာ အလုပ်တွေအပေါ် ဝါသနာကို အရင်းခံကာ လုပ်ကိုင်နေတဲ့ မင်းသမီး တစ်လက်ပါ။ ပရိတ်သတ်တွေကလည်း သူမရဲ့ ဖြစ်ချင်တဲ့ စိတ်ထားလေးကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်ခင်လာကြပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်တာပါ။ သူမရဲ့ အနုပညာအလုပ်တွေကိုလည်း လူမူကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်တွေဆီကို အမြဲ မျှဝေပေးလေ့ ရှိပါတယ်။ ခုတလောကတော့ သူမရဲ့ ကျန်းမာရေး အခြေအနေကို ရေးသားတင်ပြထားခဲ့ပါတယ်။ ” Been sick this whole month… November has to be my […]

Cele News

အနုပညာအလုပ်တွေမရှိတဲ့အချိန်မှာ Online shopping လုပ်နေတယ်ဆိုတဲ့ ပွင့်နဲ့ယွန်းရွှေရည်

သရုပ်ဆောင်လုပ်ငန်းဘက်မှာ ဇာတ်ပို့နေရာကနေ ဇာတ်‌ကောင်တွေကိုအကောင်းဆုံးဇာတ်ရုပ်‌တွေဆီသို့ အရောက်ပို့ပေးနေတဲ့ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ ပွင့်နဲ့ ယွန်းရွှေရည်တို့က‌တော့ အနုပညာအလုပ်တွေအားလပ်နေတဲ့အချိန်မှာတော့ online shopping ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေဖြစ်တာကြောင့် တခြားလုပ်ငန်းရှင်တွေဆီမှာသွားရောက်လုပ်ကိုင်ရတာမလွယ်ကူတြာဖစ်ပြီး အရင်းနည်းနည်းနဲ့ အားလပ်ချိန်လေးကို အကျိုးရှိအောင် ပြုလုပ်တဲ့အနေနဲ့ လုပ်ကိုင်ဖြစ်ကြောင်းသိရပါတယ်။ ယွန်းရွှေရည်ကတော့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး online shopping ပြုလုပ်နေတာဖြစ်ပြီး ခန္ဓာအကိုယ်အချိုးအစားကလဲ ကြည့်ကောင်းသူမို့အဆင်ပြေကာ တစ်ဖက်တလှမ်းကငွေဝင်နည်းလမ်းဆိုတော့ လုပ် တွေမရှိတဲ့အချိန်မှာတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောပြခဲ့ပါတယ်။ ပွင့်ကတော့ ယွန်းရွှေရည်က ခန္ဓာကိုယ်ကလှတော့အဝတ်အစားတွေကိုအဓိက ရောင်းတယ်ပေါ့‌လေ ကိုယ်ကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ကျတော့အစားသောက်တွေရောင်းတယ်။သူတောင်စားကောင်းလို့ ဒီလိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်လို့ထင်နိုင်တယ်လို့‌လေ ဆိုပြီးရောမောစွာပြောပြခဲ့ပါတယ်။ Source ;MC

Cele News

သူငယ်ချင်းတွေထဲမှာ အနေအေးတာကြောင့် မင်းသမီးဖြစ်လာမယ်လို့တောင်မထင်ကြဘူးဆိုတဲ့ ချောရတနာ

မင်းသမီးချောလေး ချောရတနာကတော့ လတ်တလောတုန်းက ၁၀တန်းကျောင်းသူဘဝတုန်းက ငယ်သူငယ်ချင်း‌တွေနဲ့အတူတူ ရိုက်ကူးထားတဲ့ကျောင်းသူပုံရိပ်‌ကလေးတစ်ပုံကို သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ထုတ်ပြသခဲ့တာပဲဖြစ်ပါတယ် ထိုပုံထဲမှာတော့ ဆံပင်အရှည်ကြီးနဲ့ရိုးအေးတဲ့ပုံစံမျိုးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ငယ်ငယ်ကတော့အရမ်းအေးတယ် ရိုးရိုးကြီးနဲ့စကားနဲတဲ့သူ ကျောင်းသွားရင်လဲ သနပ်ခါးပါးကွက်ကြားနဲ့အမြဲကျောင်းသွားတက်တဲ့သူဆိုတော့ သူငယ်ချင်းတွေ၊ကိုယ်သိတဲ့သူတွေကောက သရုပ်ဆောင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့မထင်ကြဘူး။ကိုယ်တွေအဖွဲ့ထဲကဆို သူငယ်ချင်းအကောင်သေးသေးလေး တစ်ယောက်ကိုပဲ မင်းသမီးဖြစ်လာလိမ့်မယ်လို့ထင်ကြတာ သူကလဲ ကိုယ့်ထက်စာရင်သွက်တယ်လေ။ အာ့အချိန်တုန်းက အရှက်အကြောက်လဲကြီးတော့ ဘယ်သူ့မှဒီလိုအခြေအနေထိရပ်တည်လာမယ်လို့မထင်ကြဘူး။ဒါမယ့် အနုပညာမျိုးရိုးရှိပြီးသားလူဆိုတော့ အပြင်ပိုင်းမှာသာရိုးအေးတာ အတွင်းစိတ်ထဲမှာတော့ အနုပညာပိုးကတော့အပြည့်ပဲ ငယ်ငယ်ကဆို မကြီးစိုးတို့ရိုက်ကွင်းတွေဆို ခနခနရောက်ဖြစ်တယ်။ လို့ပြောပြခဲ့ပါတယ်။ Source ; Popular Journal

Cele News

နိုဝင်ဘာ ၂၁ရက်နေ့တွင် ရန်ကုန်မှာ Fan Meeting ပြုလုပ်သွားမယ်ဆိုတဲ့ ၀တ်မှုန်ရွှေရည်

နိုင်ငံကျော် ပြည်သူ့အချစ်တော် ၀တ်မှုရွှေရည်လေးကတော့ ရာစုနှစ်တွေကျော်အောင် အောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး အခုအခါမှာတော့ နှစ်အတော်ကြာမလုပ်ဖြစ်တဲ့ Fan Meeting ပွဲလေးကိုဒီနှစ်မှာတော့ ပြုလုပ်နိုင်အောင် လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။သူမရဲ့ Fan Meeting လေးကိုတော့ နိုဝင်ဘာလ ၂၁ရက် နေမှာပြုလုပ်မှာဖြစ်ပြီး ပြုလုပ်မယ့်နေရာကတော့ Junction Square Promotion Area မှာ ညနေ ၄နာရီကနေစတင်ပြီးတော့ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ နီးနီးစပ်စပ် မတွေ့ရတာကြာပြီး တွေ့ဖြစ်ရင်လဲ သူများပွဲတွေ ရုပ်ရှင်ပြသပွဲတွေမှတွေ့ရတာ ဆိုတော့ အရမ်းကြီး ရင်းရင်းနှီးနှီး မတွေ့ဖြစ်တာကြောင့် Fan Meeting ကိုလုပ်ဖြစ်တာပါ။ Fan Meeting လုပ်ချင်တာကတော့ မနှစ်ထဲက ဒါမယ့်ခွင့်ပြုချက်မရသေးလို့စောင့်နေရတာ အာ့ထဲကပွဲလေးအတွက် စပြီးပြင်ဆင်ဖြစ်နေတာပါ ဒီပွဲလေးကိုကြည့်ပြီး တခြားမြို့တွေကိုလဲ Fan Meeting ပြုလုပ်သွားမှာပါလို့ ပြောပြထားပါတယ်။ Fan Meeting […]

Cele News

ဆံပင်ပုံစံအသစ်လေနဲ့ အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းစွာ တွေ့ရတဲ့ ချစ်သုဝေ

ပရိသတ်တွေ ချစ်ကြတဲ့ နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်သူ ချစ်သုဝေက ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမ ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ထိန်းကျောင်းရင်းနဲ့ အနုပညာလုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒါ့အပြင် ချစ်သုဝေက ပညာရေးသံတမန်နဲ့ ကျန်းမာရေးသံတမန်စတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။ ချစ်သုဝေက ကလေးမွေးပြီးတဲ့နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို အရင်လောက် မရိုက်ကူးပေမယ့် ကြော်ငြာနဲ့ ပွဲတက်တွေကိုတော့ လက်ခံ ရိုက်ကူး၊ တက်ရောက်ပေးနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၃) ရက်နေ့က ချစ်သုဝေက Lifebuoy ဆပ်ပြာရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ပေးခဲ့ပါတယ်။ ချစ်သုဝေက အစိမ်းရောင်ဝတ်စုံလေးနဲ့ ဂျပန်အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ပွဲအခမ်းအနားနဲ့ […]

Cele News

ပဲရစ်ကိုမိသားစုနဲ့အလည်အပါတ်ရောက်ရှိနေတဲ့ မင်းသမီးချောလေးမေမြင့်မိုရ်

မေမြင့်မိုရ်ဟာ သူမရဲ့ နန်းဆန်တဲ့ ပုံရိပ်လေးတွေကြောင့် မင်းသမီးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေသူတစ်ဦးပါ။ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် တစ်နေ့ထက်တစ်နေ့လူသိများလာပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းကို ပိုမိုရရှိနေတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ဇာတ်လမ်းတွဲတွေက တစ်ဆင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေရပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။ မေမြင့်မိုရ်ဟာ မိသားစုနဲ့အတူ ပြင်သစ်နိုင်ငံပဲရစ်မြို့ကို အလည်အပါတ်ရောက်ရှိနေတဲ့ ပုံရိပ်တွေကိုသူမရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ပဲရစ်မြို့ကိုအလည်အပါတ်ရောက်ရှိနေတဲ့ မေမြင့်မိုရ်တို့မိသားစုပုံရိပ်တွေကိုမျှဝေပေးလိုက်ပါတယ်နော်။ Source; May Myint Mo

Cele News

တောင်ကိုရီးယားမှာ ပြုလုပ်နေတဲ့ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခွင့်ရခဲ့တဲ့ “မီ” ရုပ်ရှင်

ဒါရိုက်တာဏကြီးရဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Week 2019 ပွဲကြီးမှာ ၂ရက်တိုင်တိုင် ပြသသွားမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်မယ့် “2019 ASEAN Film Week Busan Guest Release” ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒါရိုက်တာဏကြီးရဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပါဝင်ပြသခွင့်ရတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ဒါရိုက်တာဏကြီးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာဏကြီးရဲ့ ဇနီး သရုပ်ဆောင် အကယ်ဒမီ ပိုင်ြဖိုးသုက ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။ “Bon Voyage ဦးရေခဲ ❤ ဒီနေ့ သူရဲ့ ရုပ်ရှင် Busan ASEAN Film Week မှာ ပါခွင့်ရလို့ […]

Cele News

ဒီဇင်ဘာလ မှာရိုက်ကူးမယ့် ရုပ်ရှင်ကားကြောင့်ဝိတ်လျော့နေတယ်ဆိုတဲ့ထူးအောင်

ခန္ဓာကိုယ်အမိုက်စားနဲ့ ယောင်္ကျားလေးပရိသတ်ကော မိန်းကလေးပရိသတ်တွေပါနှစ်သက်သဘောကျတဲ့ သရုပ်ဆောင် ထူးအောင်ကတော့ ဒီဇင်ဘာလမှာရိုက်ကူးမယ့်ရုပ်ရှင်ကားအတွက် လက်ရှိခန္ဓာကိုယ်အနေအထားကနေ သူပါဝင်သရုပ်ဆောင်မယ့်ကာရိုက်တာနဲ့လိုက်ဖက်အောင် ဝိတ်ချနေရတာပဲဖြစ်ပါတယ်။ အနုပညာနဲ့ပက်သက်လာရင်ကျရာဇာတ်ရုပ်မှာအကောင်းဆုံးသရုပ်ဆောင်ချပြနိုင်တဲ့ သူ့အနေနဲ့ကတော့ အခုရုပ်ရှင်ကားအတွက်လဲ အံဝင်ဂွင်ကျဖြစ်အောင် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ပြင်ဆင်းမှုအပိုင်းမှာတော့ ကျမ်းမာရေးလဲမထိခိုက်အောင် ခန္ဓာကိုယ်လဲလိုချင်တဲ့အခြေအနေရောက်အောင် ကြိုးစားပြီးလျော့ချနေတာပဲဖြစ်ပါတယ်။ ထူးအောင်ပါဝင်သရုပ်ဇောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ သူရရှိထားတဲ့ဇာတ်ကောင်နဲ့လိုက်‌ဖက်အောင်ပြင်ဆင်ပြီး သရုပ်ဆောင်နိုင်ခဒ့တာကြောင့် ထိုကားကြီးထဲမှာဆိုရင်တော့ ပရိသတ်တွေ အလွန်ကိုသဘောကျခဲ့ကြပါတယ်။ဒီဇင်ဘာလမှာရိုက်ကူမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလဲ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့တွေ့မြင်ရမလဲဆိုတာကတော့ စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။ Source ;MC