Cele News

အမေရိကားကနေ နေအိမ်ကိုပြန်လာဖို့ခက်ခဲတာကြောင့် မိသားစုနဲ့ နှစ်လလောက်ခွဲခဲ့ရတယ်ဆိုတဲ့ ဆုပန်ထွာ

မိသားစုကိုချစ်ခင်ပြီး အနုပညာလုပ်ငန်းတွေကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ အနုပညာရှင် ဆုပန်ထွာကတော့ မကြာသေးခင်ကမှ အမေရိကား ကိုမိသားစုမပါဘဲ အလုပ်ကိစ္စနဲ့ရောက်ရှိခဲ့တာဖြစ်ပြီး Green Card ပျောက်သွားတာကြောင့် နေရပ်မြန်မာပြည်သို့ပြန်လာဖို့ခက်ခဲ‌ဖြစ်ကာ ၂လလောက်ကြာအောင် မိသားစုနဲ့ခွဲနေခဲ့ရတာပဲဖြစ်ပါတယ်။ မိသားစုမပါပေမယ့်လဲ ဟိုမှာကအမျိုးသားဘက်က အမျိုး‌တွေရှိတယ်။ သူတို့က ပန့်ကိုအရမ်းဂရုစိုက်ကြတယ် အရမ်းမစိုးရိမ်ဖို့နဲ့ ပြန်ဖို့အကုန်လုံးကိုလိုက်လုပ်ပေးတယ်။မရောက်ဘူးသေးတဲ့နေရာတွေကိုလိုက်ပို့ပြီး ပေါ့ပေါ့ပါးပါးပဲ နေခိုင်းတယ် တခါတလေတော့ ကိုယ်ကို့ချစ်ရတယ့်သူတွေရှိတာ အရမ်းကံကောင်းတယ်လို့ အခက်အခဲကြုံလာတော့မှ ပိုသ်နိုင်တယ် လို့ပြောပြခဲ့တယ်။ သားလေးကတော့ အမေဖြစ်သူကိုမတွေ့ရတော့ ညဘက်ကျရင်အရမ်းငိုတယ်။အစပိုင်းကတော့ ကလေးငိုရင် ဖုန်းဆက်ပြီးချော့တယ် နောက်ပိုင်းမတွေ့တာများလာတော့ အရမ်းငိုလာတော့ ဖုန်းဆက်တိုင်း သူ့ငိုသံကြားရင် ကိုယ်ကပါဒီဘက်ကငို ဘေးကလူတွေကပါရောငိုကုန်ရော နောက်တော့မှသေချာနားလည်အောင်ရှင်းပြပြီးတော့ထားရတာပေါ့ သာလေးကလည်းနားလည်တဲ့အရွယ်ရောက်နေပြီလေ လို့သိရပါတယ်။ Source ; 7days Journal

Cele News

ပြည်တွင်းဘဏ်တစ်ခုကနေ ငွေကြေး အကန့်အသတ်မရှိ ထောက်ပံ့ ခံလိုက်ရတဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ

အီဂျစ်မှာ ရွှေတံဆိပ်ဆုကိုရယူပြီး လက်ရှိချန်ပီယံဆု ကို ကာကွယ်ထားနိုင်တဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်သက်ထားသူဇာဟာ အခုရက်ပိုင်းမှာတော့ ယူနိုက်တက်အမရာဘဏ်နဲ့ စပွန်ဆာစာချုပ်တစ်ခုချုပ်ဆိုသွားခဲ့တာပါ။ ယူနိုက်တက်အမရာဘဏ်က အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကုန်ကျမယ့် စရိတ်တွေနဲ့ နည်းပြငှားရမ်းခတွေကိုပေးချေသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းက ၂ နှစ်အထိ ရှိမှာဖြစ်ကာ ထပ်မံတိုးသွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။သက်ထားသူဇာဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် ၆၅ မှာရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာ လေ့ကျင့်မှုတွေပြုလုပ်နေကာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းအတွက် ပြင်ဆင်နေတာပါ။ သက်ထားသူဇာနဲ့ ယူနိုက်တက်အမရာဘဏ်တို့နဲ့ စပွန်ဆာ စာချုပ်လက်မှတ်ရေးထိုးပွဲကို ယူအေဘီတာဝါမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မီဒီယာအများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။ဒီလက်မှတ်ရေးထိုးပွဲမှာ သက်ထားသူဇာက “အားကစားသမားတစ်ယောက်အနေနဲ့အိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတာဟာ နိုင်ငံဂုဏ်ဆောင်တာဖြစ်သလို အားကစားသမားတစ်ယောက်အတွက်လည်း ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အမရာဘဏ် […]

Cele News

ရွှေထူးက သဲထက် ပိုချစ်တက်တယ်ဆိုတဲ့ ရွှေမှုန်ရတီ

ရွှေနှစ်ရွှေကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာကြယ်ပွင့်လေးတွေပဲဖြစ်ပါတယ်။ နှစ်ဦးသားရွှေလက်တွဲပြီးထဲက ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့ စုံတွဲလေးဖြစ်သလို သူတို့နှစ်ဦးရဲ့ တစ်ယောက်ပေါ်တစ်ယောက် ချစ်တက်ကြတဲ့ ပုံစံလေးတွေကိုလဲ အားကျနှစ်သက်ကြတာပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေရဲ့ အိမ်ထောင်သက်တမ်းကတော့ ၁နှစ်ပြည့်ခဲ့ပြီးဖြစ်ပြီး အရင်ကထက်အချစ်ပိုနေဆဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ တစ်ယောက်ပေါ်တစ်ယောက် ချစ်ခင်ကြပြီး ဂရုစိုက်ကြတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေက အကဲပိုလွန်းတဲ့ သူလေးတွေလို့လဲ ချစ်စနိုးလေးနဲ့ ခေါ်ကြတာပဲဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ကြည့်ရင်တော့ ရွှေမှုန်က ရွှေထူးအပေါ်ပိုချစ်တယ်လို့ ပရိသတ်တွေ သိကြပေမယ့်လဲ ရွှေထူးကပိုချစ်တက်တယ်လို့ ပြောပြခဲ့ပါတယ်။သူကသဲအပေါ်အရမ်းဂရုစိုက်တယ် ပြီးတော့ အရမ်းလဲချစ်တက်တယ် အခုတောင် အလုပ်တွေနဲ့ ခရီးထွက်သွားတယ် သဲ ကလဲအလုပ်တွေနဲ့ဆိုတော့ မလိုက်နိုင်ဘူး ပြန်လာရင်တော့ အလွမ်းသယ်ရတော့မယ်လို့လဲ ပြောပြထားပါတယ်။ Source ; MC

Cele News

Harley Quinn ပုံစံနဲ့ မမှတ်မိလောက်တော့အောင်ပြောင်းလဲသွားတဲ့ ဘီလီလမင်းအေး

Myanmar Idol အစီအစဉ်မှ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေ ရင်ထဲကိုရောက်ရှိခဲ့တဲ့ ဘီလီလမင်းအေးကတော့ အပြုံးချိုချိုလေးနဲ့ အမြဲလန်းစမ်းတက်ကြွပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်းပြောင်းလဲလိုက်တာနဲ့ ပရိသတ်တွေမမှတ်မိလောက်အောင် ပြောင်းလဲတက်တဲ့ဂီတအနုပညာရှင်လေးလဲဖြစ်ပါတယ်။ အခုအခါမှာတော့ သီချင်းရဲ့ ကာဗာ ဓါတ်ပုံလေးကိုတော့ Harley Quinn ရဲ့ပုံစံလေးနဲ့ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ထိုဓါတ်ပုံလေးထွက်ပေါ်ခဲ့ချိန်မှာတော့ ပရိသတ်တွေက ဘယ်သူလဲလို့ပြန်မေးရလောက်အောင် အမြင်လွဲမှားစေခဲ့ပါတယ်။ကာဗာ ဓါတ်ပုံ‌ရိုက်ကူးခဲ့တဲ့ သီချင်းလေးကတော့ မီနိုနဲ့ အတူတူ ဖန်တီးထားတဲ့ ကိုကိုလူပြတ်ဆိုတဲ့ သီချင်းလေးအတွက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Harley Quinn ပုံစံနဲ့တွေ့မြင်ရမယ့် ဘီလီကတော့ လိမ္မာတဲ့ Harley လေးပါလို့လဲပြောပြခဲ့ပါတယ်။ သီချင်းလေးကတော့ ပြောင်ချော်ချော်လုပ်တက်တဲ့ချစ်သူရည်းစားလေးအကြောင်းသီဆိုထားတာပဲဖြစ်ပါတယ်။မီနိုနဲ့ ဘီလီတို့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပြီး မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ သီချင်းလေးလဲဖြစ်ပါတယ်။ နောက်လကျရင်လဲ သီချင်းအသစ်တစ်ပုဒ် ထပ်မံ ဖန်တီးဖို့ရှိတယ်လို့လဲသိရပါတယ်။ Source ; MC

Cele News

အောန်ဆိုင်းကို မိန်းကလေးချင်းကြွေရတယ်လို့ပြောလိုက်တဲ့ နေခြည်ဦး

နေခြည်ဦးကတော့ နာမည်ကြီး Beauty Blogger တစ်ယောက်ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်နဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။သွက်လက်ထက်မြက်ပြီး အချိန်တိုင်းအောင်မြင်မှုအရှိန်မြင့်လာသူတစ်ယောက်ပါ။ခြည်ခြည်ဟာ အလုပ်နှစ်ခု သုံးခုကိုတစ်ပြိုင်တည်းလုပ်နေပြီး ၀၀ကစ်ကစ်ကိုယ်လုံးလေးကိုလည်း ကျစ်လစ်လှပလာအောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ အရင်တုန်းက (၁၄၅) ပေါင်လောက်ရှိပေမဲ့ အခုဆိုရင် ပေါင် (၁၂၀) ရှိနေပြီး (၂၅) ပေါင်လောက်ကျသွားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဓာတ်ပုံထဲမှာပြုပြင်လိုက်ရင် ပိုလှသွားပေမဲ့အပြင်မှာလည်း ကျစ်ကျစ်လစ်လစ်နဲ့လှတဲ့ကိုယ်လုံးမျိုးရှိနေချင်သူတစ်ယောက်ဖြစ်ပါတယ်။။မြန်မာနိုင်ငံရဲ့စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းရဲ့ကိုယ်ခန္ဓာဟာကျစ်လစ်ပြီးအချိုးအစားလှတာကြောင့် နာမည်ကြီးလှသူပါ။ နေခြည်ဦးကတော့ အောန်ဆိုင်းရဲ့အမိုက်စားဘော်ဒီကို အားကျနေတာလည်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းကို”မိန်းကလေးချင်းကြွေတဲ့အထဲမှာမအောန်ဆိုင်းလည်းပါတယ်။တကယ်လည်း Gym ဆော့တယ်။တကယ်လည်း Exercise လုပ်တယ်။Diet လုပ်တယ်။ မြန်မာနိုင်ငံရဲ့မော်ဒယ်လ်တွေထဲမှာ fitness ပိုင်းရော ရုပ်ပိုင်းဆိုင်ရာရော မော်ဒယ်လ်ပိုင်းမှာရော နေခြည်အရမ်းအားကျရတဲ့သူတစ်ယောက်ပါ” ဆိုပြီး ပြောခဲ့ပါသေးတယ်။ဇာတ်ကားတစ်ခုအတွက်လည်း ဒီထက်ပိုပြီးကျစ်လစ်လာအောင်ကြိုးစားမယ်လို့လည်းဆိုပါသေးတယ်။နေခြည်တစ်ယောက်ကို အမိုက်စားဘော်ဒီနဲ့မကြာခင်တွေ့ရတော့မယ်ထင်ပါရဲ့နော်…။ Source ;Myanmar Celebrity TV

Cele News

သက်တူရွယ်တူတွေနဲ့ပဲ ပေါင်းတော့တယ်ဆိုတဲ့ ကလေးလေး ပိုင်ဖြိုးသုရဲ့ချစ်စရာပုံရိပ်တွေ

အရမ်းချစ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဝါသနာပါရာ အနုပညာအလုပ်တွေလုပ်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို ပုံဖော်နေတာပါ။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက ကလေးဆန်ဆန်ဖက်ရှင်လေးနဲ့ ပွဲတက်ဖြစ်ခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို Facebookမှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရောင်စုံအကျီင်္လေးနဲ့ ဂျင်းစကတ်လေးဝတ်ပြီး ဖက်ရှင်ကျကျ ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။ ပိုင်ဖြိုးသုကတော့ “အိုင်သိပ်လူကြီးဆန်သွားပြီ….😎 သက်တူရွယ်တူတွေနဲ့ပဲ ပေါင်းတော့တာသာကြည့်……😎” ဆိုပြီး ကလေးတွေနဲ့ ပျော်နေတဲ့ သူမရဲ့ပုံရိပ်တွေကို Facebookမှာ ဝေမျှပေးထားတာပါ။ ပိုင်ဖြိုးသုရဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကတော့ အလုပ်ကိစ္စနဲ့ ကိုရီးယားရောက်နေတာကြောင့် သုသုလေးတစ်ယောက်တည်း ပွဲတက်လာတာပါနော်။ ချစ်ပရိသတ်တွေအတွက် ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားလိုက်တဲ့ ချစ်စရာမင်းသမီးလေး ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာကို အရမ်း ချစ်မြတ်နိုးတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံနှစ်ဦးကတော့ […]

Cele News

အဖိုးဖြစ်သူ ဂဠုန်ဦးစောနေရာမှာ ပါဝင်သရုပ်ဆောင်မယ့်အကြောင်း ပြောပြလာတဲ့ ဇော်ဇော်ပိုင်

အောင်ဆန်းရုပ်ရှင်နဲ့ပက်သက်ပြီးတော့ လူရွေးချယ်မှုတွေပြုလုပ်ပြီးပြီဖြစ်တာတော့ကြာပါပြီ။ရိုက်ကူးဖို့အတွက်ကတော့ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး အချိန်ကာလ ၅လကြာမှာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ကြမယ့် ဇာတ်ကောင်များကလည်း ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်စီစဉ်ပြီးနေပြီဖြစ်ပါတယ်။ ဂဠုန်ဦးစော နေရာကနေတော့ ပါဝင်အားဖြည့်မယ့် သူကတော့ မြေးဖြစ်သူ ဇော်ဇော်ပိုင်ပဲဖြစ်ပါတယ်။သူ့အနေနဲ့ကတော့ သရုပ်ဆောင်ပိုင်းမှာ အသစ်ဖြစ်တာကြောင့် စိုးရိမ်နေပေမယ့်လဲ အ၀တ်အစားပိုင်းနဲ့ ရှေးခေတ်ကပုံစံအနေအထားတွေကိုတော့ လေ့လာထားတာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ဖို့အတွက်တော့ အမျိုးတွေကတော့ မရိုက်ဖို့တားကြတယ်။အဘိုးဆိုးသမျှကို မြေးအလှည့်ကျမှဖော်တယ်ဆိုတာမဖြစ်ချင်ကြဘူး ဒါမယ့် အကောင်းဆုံးကြိုးစားပြီး အဘိုးကျေးဇူးဆပ်ချင်တယ်လို့ ပြောပြခဲ့ပါတယ်။ ငယ်ငယ်ကဆို အဖိုးရွာကိုရောက်တော့ ဂဠုန်ဦးစောဝင်စားတယ်လို့တောင်ပြောခံရတယ်။ အာ့အချိန်ကတော့ အသက် ၆နှစ်လောက်ပဲရှိလိမ့်မယ် အဖိုးနဲ့ မြေးတူတာကတော့ မျိုးရိုးကြောင့် အများကြီး သက်ဆိုင်တယ် ဒါကြောင့် အရမ်းကြီး ထူးဆန်းတာမျိုးမရှိပါဘူး။ ဒီဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက်က ကိုလူမင်းကိုလဲယုံကြည်လို့ပါ ဒါကြောင့် လက်ခံဖြစ်တာလဲဖြစ်ပါတယ်။အဖိုးရဲ့ ပုံရိပ်ကိုမထိခိုက်အောင်တော့ လုပ်ဆောင်သွားမှာပါ လို့လဲသိရပါတယ်။ Source ; MC

Cele News

မနက်ခင်းလေးကိုပိုမိုပြည့်စုံစေတဲ့ ယွန်းယွန်းရဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်များ

ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအထူးရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အခုအခါမှာတော့ သူမရဲ့ ကလေးသရုပ်ဆောင်ဆိုတဲ့ ပုံရိပ်ပျောက်ကွယ်ပြီး မင်းသမီးငယ်လေးတစ်ယောက်အဖြစ် ပရိသတ်လက်ခံလာတာလည်းတွေ့ရပါတယ်။ ယွန်းယွန်းဟာ တစ်ဖက်မှာ အနုပညာအလုပ်တွေဆက်တိုက်လုပ် ကိုင်နေသလို တစ်ဖက်မှာလည်း ကျောင်းပညာကိုဆက်လက်လေ့လာနေတာလည်းဖြစ်ပါတယ်။ အမြဲလိုလိုချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလေ့ရှိတဲ့ ယွန်းယွန်းဟာ အခုအခါမှာလည်း မနက်ခင်းလေးမှာ သူမရဲ့ ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးကို သူမရဲ့ Facebook စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ယွန်းယွန်းဟာ ၂၀၁၆ ခုနှစ်မှာ မြန်မာ၊ ဇီဝ နှစ်ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး အခုအခါမှာတော့ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာအထူးပြုနဲ့ကျောင်းတက်နေတာလည်းဖြစ်ပါတယ်။ ငယ်ငယ်ထဲက ဆံပင်ရှည်လေးနဲ့ ချစ်ဖို့ကောင်းနေပြီး ပြုံးလိုက်ရင်လည်းပါးချိုင့်လေးနဲ့ လှနေတဲ့ ကလေးလေးယွန်းယွန်းဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း လူကြီးဆန်ဆန်လှပနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးကိုချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ Source; […]

Cele News

ကမ်းခြေမှာ သူမရဲ့ အလှပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ စိုးပြည့်သဇင်

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင် ရဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ စိုးပြည့်သဇင်က အနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတက်များနဲ့ လူးလူးစိန် ဇာတ်လမ်းတွဲကို သရုပ်ဆောင် ကျော်ကျော် နဲ့အတူ ရိုက်ကူးထားတာပါ။ ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်က “သုံးပန်လှကျိန်စာ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ စိုးပြည့် က ဒီတစ်ခါမှာတော့ သူမရဲ့ ကမ်းခြေမှ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလိုက်တာပါ။ စိုးပြည့်ရဲ့ အပြုံးချိုချိုလေးတွေက ပရိသတ်တွေရဲ့ ရင်ကို အေးမြစေပါတယ်။ စိုးပြည့် ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။ သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့ […]

Cele News

ယူနက်စကို စာရင်းဝင် World Heritage ကို သွားလည်ခဲ့တဲ့ စမိုင်းလ်

စိတ်ထားကောင်းပြီး၊ အနေအထိုင် ပွင့်လင်းတာကြောင့် ပရိသတ် တွေရဲ့အချစ် ကို ရရှိထားတဲ့ စမိုင်းလ် ကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလိုလည်း မိသားစုနဲ့ ခရီးတွေ ထွက်လေ့ရှိတဲ့ စမိုင်းလ်က လတ်တလောမှာ နိုင်ငံခြားသို့ ခရီးထွက်နေတာဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် World Heritage ကို သွားလည်ခဲ့တာ တွေ့ရပါတယ်။ ခရီးသွားနေရရင်ကို ပျော်နေတဲ့ စမိုင်းလ်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို လန်းဆန်းနေတာပါနော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ပျော်စရာကောင်းတဲ့ စမိုင်းလ်ရဲ့ခရီးသွား ပုံရိပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။ စမိုင်းလ်ကတော့ “သူတို့ဆီက ယူနက်စကိုစာရင်းဝင် World Heritage ကလည်းက်ုယ်တွေပုဂံရဲ့ဘုရားတစ်ဆူစာလေး.. ဒါလေးကိုပိုက်ဆံယူပြီးသေချာနိုင်ငံခြားသားတွေအတွက်လုပ်ထားတာ ..Myanmar is better စကားမစပ်ဒါနောက်တစ်မျိုးရိုးရာအကျီတဲ့လှလား” […]