Cele News

သမီးလေးအတွက် သီချင်းလေးတစ်ပုဒ်လုပ်ပေးဖို့ ကျန်နေသေးတယ်ဆိုတဲ့ သက်မွန်မြင့်

အောင်မြင်နေတဲ့ အနုပညာကြယ်ပွင့်လေးဖြစ်တဲ့ သက်မွန်မြင့်လေးကတော့ သာယာပျော်ရွှင်လှတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလဲရရှိထားပါတယ်။အကြီးဆုံးသားလေးကို ရရှိခဲ့တုန်းက သားလေးနဲ့ပတ်သက်ပြီး အမှတ်တရလေးဖြစ်အောင် သီချင်းလေးတစ်ပုဒ် ရေးစပ်သီဆိုခဲ့ပါတယ်။ သရုပ်ဆောင် သက်မွန်မြင့်ကတော့ သီချင်းသီဆိုရတာကိုတော့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်လေးပါ။သူမရဲ့ အသံမူရင်းကတော့ သီချင်းဆိုကောင်းတဲ့ အသံတော့မဟုတ်ပါဘူး။ဒါမယ့် သားဦးလေးကိုရရှိတဲ့ အခါမှာတော့ အမှတ်တရဖြစ်အောင် ခင်ပွန်းဖြစ်သူကနေ သီချင်းစာသားလေးကိုရေးစပ်ပေးခဲ့တာကြောင့် ဂီတအနုပညာရှင်တွေကို အကူအညီတောင်းပြီး သီဆိုခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးကို ပိုင်ဆိုင်ရရှိလာတဲ့အခါမှာတော့ သူအတွက် သီချင်းလေးပြုလုပ်ပေးခဲ့တာမရှိပါဘူး။ဒါ့ကြောင့်လဲ တာဝန်လစ်ဟာသွားတယ်လို့ခံစားနေရပါတယ်။သက်မွန်အနေနဲ့ ဖန်တီးပေးချင်ပေမယ့် ခင်ပွန်းဖြစ်သူ စာသားလေးရေးစပ်ဖြစ်ရင်တော့ သမီလေးအတွက်သီဆိုပေးမှာပဲဖြစ်ပါတယ်။သမီးလေးကတော့ အစ်ကို့အတွက် ရေးစပ်သီကုံးထားတဲ့ သီချင်းလေးကိုပဲ သားနေရာမှာ သမီးပြောင်းဆိုနေတာကြောင့် နည်းနည်းတော့ ကြောက်မိတယ် စိတ်ဒါဏ်ရာ ရမှာဆိုးတာကြောင့် လို့သိရပါတယ်။ Source ; MC

Cele News

ရင့်ကျက်လာလေ တစ်ယောက်တည်း နေရတာကို ပိုသဘောကျလာတယ်ဆိုတဲ့ ခင်ဝင့်ဝါ

အလှမယ်တစ်ဦးနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ အလှမယ် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပြီး၊ အောင်မြင်မှုတွေများစွာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ဝင့်ဝါက ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ခရီးထွက်နေတာဖြစ်ပြီး၊ အရမ်းကို ချစ်စရာကောင်းတဲ့ သူမရဲ့ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရင့်ကျက်လာလေ တစ်ယောက်တည်း နေရတာကို ပိုသဘောကျလာတယ်ဆိုတဲ့ ခင်ဝင့်ဝါကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုချစ်တော့မယ်လို့ ရေးသားထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ချစ်စရာပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ခင်ဝင့်ဝါကတော့ “ရင့်ကျက် လာလေ တစ်ယောက် ထဲ နေရတာကိုပိုသဘောကျပြီး ကိုယ့် ကိုယ်ကိုပို ချစ်လာလေ ပဲ 🥰” ဆိုပြီး သူမရဲ့ခရီးသွား အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ […]

Cele News

‌ဒေါင်းနဲ့ဖွေးဖွေးကို အတွဲညီညီတွဲဖက်မြင်တွေ့ရဦးမှာဖြစ်တဲ့ ကြော်ငြာလေး

အကယ်ဒမီများရှင် သရုပ်ဆောင်မင်းသမီးချော‌လေး ဖွေးဖွေးနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်းအောင်မြင်မှုတွေကိုသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသားချောလေး ဒေါင်းတို့ကတော့ သူတို့နှစ်ဦးရဲ့ ပထမဦးဆုံးတွဲဖက်မြင်တွေ့ရမယ့် ကြော်ငြာလေးတစ်ခုကိုရိုက်ကူးပုံဖော်နေတာပဲဖြစ်ပါတယ်။နှစ်ဦးသားကို အနုပညာအလုပ်တွေတွဲဖက်လုပ်ဆောင်တာမတွေ့ရသော်လည်း ကြော်ငြာထဲမှာတော့ ဒါကပထမဦးဆုံးကြော်ငြာလို့တောင်ဆိုရပါမယ် ။ ဖွေးဖွေးနဲ့ဒေါင်းတို့ရဲ့ အနုပညာတွဲဖက်လှုပ်ရှားမှုတွေကိုတော့ ရုပ်ရှင်ကားကြီး တစ်ကားမှလဲတွဲဖက်မြင်တွေ့ရမှာပါ။ထိုရုပ်ရှင်ကားကြီးကတောရိုက်ကူးနေတာဖြစ်ပြီး ရုံတင်တဲ့အခါကြရင်လဲဘယ်လိုမျိုးတွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကိုတွေ့မြင်ရမလဲဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါ။ အနုပညာရှင်မောင်နှမ‌တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးကို အတူတူတွေ့မြင်ရမယ့်ကြော်ငြာလေးကတော့ ချမ်းသာပုဆိုးကြော်ငြာလေးပဲဖြစ်ပါတယ်။ထိုကြော်ငြာပုံရိပ်ကလေးတွေကိုပရိသတ်တွေ ခံစားကြည့်ရှုနိုင်ဖို့အတွက် ကူးယူမျှဝေပေးလိုက်ပါတယ်။ Source ; Phway Phway

Cele News

ကြွေလွင့်သွားပြီဖြစ်တဲ့ အနုပညာရှင်တွေရဲ့ နံရံပန်းချီပုံရိပ်တွေကို လာရောက်ကြည့်ရှုခဲ့တဲ့ မိုးဒီ

အနုပညာလောကမှာ တန်ဖိုးရှိလှပြီး အရည်အချင်းရှိလှတဲ့ အနုပညာရှင်များအများစုကတော့ လောကဓံရဲ့ စိန်ခေါ်မှုတွေကြောင့် သဘာဝတရားကြီးကို မလွန်ဆန်နိုင်ဘဲ သေပွဲဝင်ခဲ့ကြရပါတယ်။ထိုအနုပညာရှင်တွေကို အမှတ်ရစေဖို့အတွက်ရယ် သဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းသောအားဖြင့် နောက်ဘေးလမ်းကြားလေးထဲမှာ အနုပညာပုံရိပ်တွေကို နံရံပန်းချီများအဖြစ် အသက်သွင်းပြောင်းလဲထားပါတယ်။ ကြွေလွင့်သွားတဲ့ အနုပညာရှင်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲမှာတွေ့ကြမှာဖြစ်တဲ့ အနုပညာလမ်းကြားလေးကတော့ အခုလက်ရှိမှာတော့ လူငယ်များကြားမှာရေပန်းစားနေတဲ့ နေရာလေးဖြစ်ပါတယ်။နံရံပန်းချီလေးတွေဖြစ်ပေမယ့်လဲ အရမ်းကို အနုပညာဆန်တာကြောင့် သက်ရှိထင်ရှားတွေ့မြင်နေရသလိုခံစားရမှာပဲဖြစ်ပါတယ်။ ထို အနုပညာလမ်းကြားလေးကို ပထမဦးဆုံးဖွင့်လစ်ခဲ့တဲ့ နေ့လေးမှာပဲ ဟာသ သရုပ်ဆောင်မိုးဒီကတော့ နေမကောင်းတဲ့ကြားထဲကနေ သွားရောက်ကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပြီး စကားတွေကိုဖော်ရွှေစွာပျော်နေပေမယ့် မျက်လုံးထဲမှာတော့ ကြွေလွင့်သွားတဲ့အနုပညာရှင်တွေအတွက်မျက်ရည်စတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် တွဲဖက်ပြီး ဟာသတွေအတူတူ တင်ဆက်ပြသခဲ့တဲ့ ညီအစ်ကို မော့စ်ရဲ့ပုံလေးကိုတွေ့မြင်တဲ့အခါမှာလဲ သတိရလွမ်းဆွတ်တဲ့ မျက်လုံးလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Source ; Cele Gaber

Cele News

အေးမြဖြူကို Winner ဖြစ်စေချင်ပေမယ့် အနုပညာကိုလွှတ်လွှတ်လပ်လပ်ပဲလုပ်စေချင်တယ်ဆိုတဲ့ ဆိုဖီယာ

Myanmar Idol Program ကတော့မြန်မာနိုင်ငံမှာ ဆိုရင်တော့ အဆိုပြိုင်ပွဲကြီးတွေထဲမှာအအောင်မြင်ဆုံးပွဲကြီးဖြစ်ပါတယ်။အခုအခါမှာတော့ Season 4ထိရောက်ရှိလာပြီဖြစ်ပါတယ်။Season 1 ကနေ 3အထိ ယောကျာ်းလေးတွေပဲ winner ရနေကြတာကြောင့် ပရိသတ်တွေကော ပြိုင်ပွဲဝင်ခဲ့တဲ့ အနုပညာရှင်အချို့ကပါ မိန်ကလေး winner ဖြစ်လာဖို့ကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ Myanmar Idol Season 1မှာ စတင်ပါဝင်ယဉ်ပြိုင်ခဲ့ပြီး Top 10ထိပါဝင်ခဲ့တဲ့ ဆိုဖီယာကတော့ အေးမြဖြူလေးကို Winner ထိရှိစေချင်တာပဲဖြစ်ပါတယ်။သူ့အသံစကြားတုန်းက ပြိုင်နေတယ်လို့တောင်မထင်ဘူး ပြီးတော့ အလုပ်များတဲ့ရက်တွေဆိုတော့ အစီအစဉ်လဲသိပ်မကြည့်ဖြစ်ဘူး။သူဆိုတာ ပြီးသွားတော့မှ ဒိုင်တွေဆုံးဖြတ်သံကြားတော့မှပြိုင်နေတာသိရတာ နောက်မှ လိုင်းပေါ်မှာပြန်ရှာပြီးကြည့်ရတယ်။ အေးမြဖြူလေးကို Winner တော့ဖြစ်စေချင်တယ် ဒါမယ့် အလုပ်တွေကိုလွတ်လွတ်လပ်လပ် မလုပ်ရတော့မှာလဲဆိုးတယ် အခွင့်အရေးများလေ ကိုယ့်အတွက်အကြပ်အတည်းများလေပဲလေ အာ့ကြောင့်တကယ်ကိုယ်ဝါသနာပါတာပဲ လုပ်စေချင်တယ် ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပဲလျှောက်လှမ်းစေချင်တယ်လို့ ပြောပြခဲ့ပါတယ်။ Source ; Sunday […]

Cele News

သတို့သား ဝတ်စုံကြီးနဲ့ အရမ်းခန့်ပြီးကြည့်ကောင်းနေတဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်များ

မြန်မာ Idol အစီအစဉ်မှာ အစီအစဉ်တင်ဆက်ရင်းကတဆင့် ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ကျော်ထက်အောင်ဟာလည်း ပရိသတ်အချစ်တော်တစ်ဦိးပါ။ လက်ရှိမှာတော့ ကျော်ထက်အောင်ဟာ မြန်မာ idol season 4 မှာပဲ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေပြီး တစ်ဖက်မှာလည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ ကျော်ထက်အောင်ဟာ အခုအခါမှာတော့ သတို့သားဝတ်စုံကြီးနဲ့ သူ့ရဲ့ အရမ်းခန့်နေတဲ့ ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebookကနေ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ သတို့သားဝတ်စုံနဲ့အတူ ‘ယူတို့အကိုကြီး သတို့သမီးမျှော်နေပုံ အကုန်လုံး ready ဖြစ်နေပေမယ့် လိုနေတာ သတို့သမီး’ ဆိုတဲ့ စာသားလေးနဲ့အတူ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ ကျော်ထက်အောင်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရသူဖြစ်ပါတယ်။ ပရိသတ်တွေရော အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတဲ့ ကျော်ထက်အောင်ကိုအားပေးကြမယ် ထင်ပါတယ်။ Source; Kyaw Htet Aung

Cele News

ညောင်ဦးဖီးကျွန်း မှ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ စိုးပြည့်သဇင်

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင် ရဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ စိုးပြည့်သဇင်က အနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတက်များနဲ့ လူးလူးစိန် ဇာတ်လမ်းတွဲကို သရုပ်ဆောင် ကျော်ကျော် နဲ့အတူ ရိုက်ကူးထားတာပါ။ ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်က “သုံးပန်လှကျိန်စာ ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်က ညောင်ဦးဖီးကျွန်း ကမ်းခြေမှ သူမရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလိုက်တာပါ။ စိုးပြည့်က အပြုံးချိုချိုလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ်။ စိုးပြည့် ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။ သရုပ်ဆောင်စိုးပြည့်သဇင်ရဲ့ အလှပုံရိပ်ကလေးတွေကို […]

Cele News

အနက်ရောင်ဝတ်စုံနဲ့ နိုင်ငံခြားမင်းသားတစ်ဦးလို့ သန့်ပြန့်ခန့်ညားနေတဲ့ ပိုင်တံခွန်

နိုင်ငံကျော်မင်းသားချော ပိုင်တံခွန်က ယောကျာ်းပီသတဲ့ ခန္ဒာကိုယ်နဲ့ ညိုပြီးဝင်းတဲ့ အသားအရည်ကြောင့် မိန်းကလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေး တစ်ပါး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိနေပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေလျက် ရှိပါတယ်။ ပိုင်တံခွန်ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒီနေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့ ပုံရိပ်တွေကို ဖော်ပြလာပါတယ်။ ပရိသတ်တွေအတွက် ဆိုင်ဖွင့်ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ပိုင်တံခွန်က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့က မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ STYLIST Jiejie Showmei ဆိုင်ဖွင့်ပွဲ အခမ်းအနားကို […]

Cele News

ပိုင်ဖြိုးသုလေးကို ဆံပင်အတိုလေးနဲ့ တွေ့တဲ့အချိန်ဆို ယောကျာ်းလေးတစ်ယောက်နဲ့ ဒိတ်နေရသလို ခံစားရတယ်ဆိုတဲ့ ဒါရိုက်တာဏကြီး

ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး အနုပညာပိုင်းမှာကြိုးစားအားထုတ်မှုအပိုင်းမှာတော့ လိုလေးသေးမရှိအောင် ပရိသတ်တွေကိုချပြလေ့ရှိတဲ့ ပိုင်ဖြိုးသုလေးကတော့ သာယာပြီး အရမ်းဂရုစိုက်တက်တဲ့ အမျိုးသားကိုလဲပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဗိုလ်နေတိုးဇာတ်ကားကြီး ကလဲ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ ဗိုလ်နေတိုးဇာတ်ကားကြီးထဲမှာဆိုရင်တော့ ပိုင်ဖြိုးသုက လူဆိုးမလေးအနေနဲ့ သရုပ်ဆောင်ရတာကြောင့် ဆံပင်အတိုလေးဖြစ်အောင် သဘာဝဆန်ဆန်ညှပ်ဖြစ်ခဲ့တာဖြစ်ပြီး ဇာတ်ရုပ်နဲ့ လိုက်ဖက်ဖို့ အကောင်းချပြနိုင်အောင် အသေးစိပ်ကအစ ပြင်ဆင်ချယ်သခဲ့တာပဲဖြစ်ပါတယ်။ဗိုလ်နေတိုးဇာတ်ကားကြီးကိုတော့ သွားရောက်ကြည့်ရှုရင်းသူမရဲ့ အမြငါမတူတဲ့ပုံစံလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ထိုဇာတ်ကားကြီးပြီးတော့ ဆံပင်အတိုလေးနဲ့တုန်းက အပြင်သွားဖို့တွေ့ဖြစ်တဲ့ အချိန်မှာ ကိုကိုယ်တိုင်ကခံစားရတယ် ငါ ယောကျာ်းလေးနဲ့များ ဒိတ်နေတာလားပေါ့ တခါမှ ယောကျာ်းလေးပုံစံမတွေ့ဖူးဘူးလေ။သူရဲ့ဝတ်စားတဲ့ ပုံစံလေးက ပုံမှန်အားဖြင့် ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းတာကြောင့် ယောကျာ်းလေးပုံစံကတော့ အာ့တုန်းက ပထမဦးဆုံးတွေ့ဖူးတာ လို့ ဒါရိုက်တာဏကြီးကပြောပြထားပါတယ်။ Source ; MC

Cele News

ချစ်သူသက်တမ်း ၈နှစ် ၈လ ၈ရက် ပြည့်သွားပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့နန်းသူဇာ

ဂီတအနုပညာရှင်လေးတွေဖြစ်ကြပြီး နန်းသူဇာလေးကတော့ သရုပ်ဆောင်ကြော်ငြာလေးတွေလဲ ရိုက်ကူးသရုပ်ဆောင်ခဲ့တာလဲရှိပါတယ်။ ကျော်ထွဋ်ဆွေ ကတော့ဂီတအနုပညာဘက်ကိုတစိုက်မက်မက် လုပ်ဆောင်နေတာဖြစ်ပြီး အခုလက်ရှိမှာတော့ Vlog လေးတွေကိုနှစ်ယောက်သားရိုက်ကူးနေကာ ပရိသတ်တွေဆီကိုလဲမျှဝေပေးနေတာပဲဖြစ်ပါတယ်။နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကတော့ အတူတူပွဲလေးတွေကိုလဲ တက်ရောက်လာတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေထင်မှတ်မထားအချိန်လေးအတွင်းမှာပဲ နှစ်ကာလကြာခဲ့ပြီပဲဖြစ်ပါတယ်။အမြဲတမ်း တကြပ်ကြပ်ရန်ဖြစ်တက်ပြီး ကောက်စိန်လေးတွေဖြစ်တဲ့ သူတို့နှစ်ဦးကတော့ ကြာရှည်စွာလက်တွေခိုင်မြဲနေပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ ချစ်သူသက်တမ်း ၈နှစ် ၈လ ၈ရက် ကြာခဲ့ပြီပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ တစ်ယောက်ကိုချစ်တက်ကြပြီး နားလည်မှုတွေကြောင့် ပရိသတ်တွေချစ်ခင်သဘောကျရတဲ့ အနုပညာစုံတွဲလေးဖြစ်ပါတယ်။ ၈နှစ် ၈လ ၈ရက် ပြည့်တဲ့နေ့မှာတော့ နန်းသူဇာက လူမှုကွန်ယက်ပေါ်မှာ ကောက်ကောက်စိန် ကထဆ နဲ့အတူတူရှေ့ဆက်မယ်လို့ရေးသားခဲ့ပါတယ်။အရမ်းချစ်ဖို့ကောင်းတဲ့ သူတို့နှစ်ဦးလဲ နောင်နှစ်ပေါင်းများစွာ လက်တွဲဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Source ; Nan Thuzar