အလှကုန်ပစ္စည်းတွေကိုဘယ်အချိန်မှာလွှင့်ပစ်သင့်သလဲ။ – Myanmar Hot News
18th March 2023

အလှကုန်ပစ္စည်းတွေကိုဘယ်အချိန်မှာလွှင့်ပစ်သင့်သလဲ။

အလှကုန်ပစ္စည်းတွေသက်တမ်းကုန်တတ်တာကိုသိပေမယ့်လည်း အမှန်အတိုင်းဝန်ခံရရင် နှမြောတဲ့အတွက် ပစ္စည်းမကုန်မချင်းကိုလွှင့်မပစ်ရက်ကြတာမိန်းကလေးတိုင်းပါပဲ။

ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် အလှကုန်ပစ္စည်းတွေက
ပါကင်ထဲကမထုတ်ရသေးရင် ၃ နှစ်အထိအထားခံပြီး
ဖွင့်သုံးပြီးသွားရင်တော့ ၆ လ ကနေ ၁ နှစ်အတွင်းပဲခံပါတော့တယ်။

အချိန်အရသက်တမ်းမကုန်သေးပေမယ့် ထိန်းသိမ်းနည်းမမှန်ခြင်း
သို့မဟုတ် ရာသီဥတုကြောင့်သော်လည်ကောင်း
အရည်အသွေးပြောင်းလဲသွားတဲ့အခါ ဆက်လက်အသုံးမပြုသင့်တော့ပါဘူး။

ပစ္စည်းအမျိုးအစားအလိုက် အရည်အသွေးပြောင်းလဲပြီးလွှင့်ပစ်ရမယ့် အချိန်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ တိုနာ( Toner )

တိုနာတွေကများသောအားဖြင့် ၂ နှစ်အထိခံပေမယ့် ဘူးထဲမှာအရောင်၊ အနံ့ နဲ့ အပြစ်အကျဲပြောင်းလာပြီဆိုရင် လွှင့်ပစ်သင့်ပါပြီ။

၂။ Moisturizer

Moisturizer ကတော့ ထုပ်ပိုးမှုပုံစံအပေါ်အများကြီးမူတည်ပါတယ်။ ညှစ်ထုတ်ပြီသုံးရတဲ့ tube တောင့်ဆိုရင် ၁ နှစ် သို့မဟုတ်
၁၅ လအထိခံပါတယ်။

အလုံပိတ်အဖုံးနဲ့ဆိုရင်တော့ ၁ နှစ်ထပ်ပိုမခံပါဘူး။
Moisturizer အရည်ကျဲနေပြီး သို့မဟုတ် ပြစ်လွန်းပြီး
အလုံးအခဲလေးတွေဖြစ်နေပြီဆိုရင် ဆက်မသုံးသင့်တော့ပါဘူး။

၃။ နေလောက်ခံခရင်မ်

၃ နှစ်အထိသက်တမ်းရှိပါတယ်။ ၃ နှစ်ထပ်ပိုကြာရင်မသုံးသင့်တော့ပါဘူး။ ဘူးကိုနေပူထဲမှာပစ်ထားမိရင်လဲအရည်အသွေးကျဆင်းလာပါလိမ့်မယ်။

၎။ Primer

၁ နှစ်သက်တမ်းရှိပါတယ်။ ၁ နှစ်ထပ်ကျော်နေလဲအသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ၁ နှစ်ကျော်လာတဲ့အခါ primer အရည်က
ချောမွေ့မှုမရှိတော့တာကြောင့် လိမ်းလို့ကောင်းတော့မှာမဟုတ်ပါဘူး။

၅။ အောက်ခံမိတ်ကပ်

အရည်အမျိုးအစားတွေကတော့ ၁ နှစ်ကနေ ၁၈ လအတွင်းသက်တမ်းရှိပြီပေါင်ဒါအမျိုးအစားကတော့ ၁၅ လကနေ ၁၈ လအတွင်းအထားခံပါတယ်။

ဒါပေမယ့် နေရောင်နဲ့တိုက်ရိုက်ထိတွေ့မခံဘဲအေးပြီး
ခြောက်သွေ့တဲ့နေရာမှာသိမ်းဆည်းရပါမယ်။

လွှင့်ပစ်ရမယ့်အချိန်ကတော့ မိတ်ကပ်အရည်ဆိုရင် မိတ်ကပ်ဘူးထဲမှာအဆီတစ်လွှာကအပေါ်ယံမှာတင်နေပြီဆိုရင် လွှင့်ပစ်သင့်ပါပြီ။

အမှုန့်ဆိုရင်တော့ အမှုန်ချောချောလေးတွေမရှိတော့ဘဲအမှုန့်လေးတွေက
ခဲနေပြီဆိုရင် လွှင့်ပစ်ရပါမယ်။

၆။ Concealer

၁ နှစ်သို့မဟုတ် ဘူးထဲမှာမခြောက်သွားမခြင်းအသုံးပြုလို့ရပါတယ်။

၇။ မျက်တောင်ကော့ဆေး

သက်တမ်းအတိုဆုံးပါပဲ ၆ ပတ်ကနေ ၈ ပတ်အတွင်းသာအထားခံပါတယ်။ တစ်ချို့ တံဆိပ်တွေကတော့ ၃ လအထိခံတယ်လို့ ပြောကြပါသေးတယ်။

Mascara တွေက ၀ယ်ကာစတုန်းကလို စုတ်တံမှာ
ပါမလာတော့ဘူးခြောက်နေပြီဆိုရင် လွှင့်ပစ်သင့်ပါပြီ။

၈။ Eyeliner

လိုင်နာအရည်က ၁ နှစ်သက်တမ်းရှိပါတယ်။ လိုင်နာခဲတံတွေကတော့ မကုန်မချင်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ခဲတံထိပ်ကိုအသုံးမပြုခင် အရက်နဲ့ လိမ်းပြီးသန့်စင်ပေးမှသာဘတ်တီးရီးယားပိုးမွှားတွေ မပေါက်ပွားမှာပါ။

မျက်လုံးမှာအသုံးပြုရတဲ့ပစ္စည်းဖြစ်တဲ့အတွက် သန့်ရှင်းမှုကိုအထူးဂရုစိုက်ရပါမယ်။

လိုင်နာအရည်ကလဲအသုံးပြုတာကြာလာတာနဲ့အမျှ ပိုးမွှားတွေပေါက်ပွားလာနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် လိုင်နာအရည်တွေ ခန်းခြောက်လာချိန် သို့မဟုတ် ၁ နှစ်ကျော်လာရင် လွှင့်ပစ်ပါ။

လိုင်နာခဲတံတွေကိုတော့ ခဲတံထိပ်မှာအဖြူရောင်ဖြစ်လာပြီဆိုရင် မှိုတတ်လာတာဖြစ်တဲ့အတွက် ဆက်မသုံးပါနဲ့တော့။

၉။ ပါးနီ

ပေါင်ဒါပါးနီတွေကပေါင်ဒါအောက်ခံမိတ်ကပ်လိုပါပဲ ။ ၁၅ လကနေ ၁၈ လအတွင်းသက်တမ်းရှိပါတယ်။

ဒါပေမယ့် ပေါင်ဒါပါးနီတွေဟာ မှိုတတ်တတ်သလို
ခြောက်သွေ့တာလဲမြန်တဲ့အတွက် ကြာကြာသုံးလို့မကောင်းပါဘူး။

၁၀။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီတောင့်က ၁ နှစ်ခံပြီးနှုတ်ခမ်းနီအဆီကတော့ ၁၈ လခံပါတယ်။ အနံ့ပြောင်းလဲပြီးအဆီသက်သက်အရောင်သက်သက် ဖြစ်လာပြီဆိုရင် လွှင့်ပစ်လိုက်ပါ။

၁၁။ Eyeshadow

၂ နှစ်မှ ၃ နှစ်အတွင်းသက်တမ်းရှိပါတယ်။ခြောက်သွေ့ပြီး
အပေါ်ယံအလွှာမှာအက်ကွဲနေပြီဆိုရင် ဆက်မသုံးသင့်တော့ပါဘူး။

၁၂။ ရေမွှေး

သက်တမ်းအရှည်ဆုံးလို့ပြောလို့ရပါတယ်။ အနံ့မပြောင်းမချင်း
သက်တမ်းမကုန်သေးပါဘူး ။

Leave a Reply

Your email address will not be published. Required fields are marked *