ဟဲဟဲ.. ဒီရက်ပိုင်းက အတင်းပြောတဲ့ကိစ္စတွေ ကြောင့် သောက်ပြဿနာတွေ တက်နေကြတော့ ကျွန်တော်တို့ လူငယ်မီဒီယာကနေပြီးတော့ လက်တွေ့ကျတဲ့ အကျိုးမြတ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။
လူပေါင်း ၁၅၀၀ ကျော်ကို စစ်တမ်းကောက်လိုက်တဲ့အခါမှာ သူများအကြောင်း အတင်းပြောကြတယ်ဆိုတာ ၆၀ % သော လူတွေက အလုပ်အတွင်းမှာ အတင်းပြောကြကြောင်း သက်သေပြခဲ့ပါတယ်။
လူတယောက်ရဲ့ တရက်တာပြောတဲ့ စကားအားလုံးမှာ ၆၅% ကနေ ၈၀% အထိကို သူများတွေရဲ့ အကြောင်းကို ပြောပြီး ကုန်ဆုံးတတ်ကြပါတယ်တဲ့ဗျာ..။
သူများအကြောင်း အတင်းပြောတဲ့ နေရာမှာ မကောင်းပြောချည်းပဲတော့ ဘယ်ဟုတ်ပ့ါမလဲလေ။ ဟုတ်တယ်မလား။ ဒါတွေကတော့ အတင်းပြောခြင်းကနေရလာနိုင်တဲ့ ကောင်းကျိုး ၅ ခုပါပဲဗျာ။
၁။ စိတ်ထဲမှာ ရှိနေတဲ့ အရှုပ်ထွေးတွေကို ရှင်းထုတ်လိုက်နိုင်ခြင်း
တခါတလေမှာ အတင်းပြောချင်လာတဲ့ အချိန်မျိုးက သူများတွေအကြောင်းပြောချင်တာ မဟုတ်ပဲ ဖြေရှင်းရခက်ခဲနေတဲ့ ပြဿနာတခုခုကြောင့် ဖြစ်လာတတ်ပါတယ်။
ဥပမာ – အလုပ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို အလုပ်ထဲက လူတွေဆုံတုန်း အတင်းပြောသလိုမျိုး ပြောလိုက်ရင် စိတ်ထဲလဲ ပေါ့ပါးသွားနိုင်ပြီး ၊ ပြဿနာရဲ့ အရင်းမြစ်ကိုတောင် ရှာဖွေ တွေ့ရှိသွားတတ်ပါတယ်။
၂။ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာခြင်း
ပညာရှင်တွေရဲ့ အဆိုအရတော့ လူတွေဟာ တယောက်နဲ့ တယောက်အကြောင်းကို အတင်းပြောနေရင်းနဲ့ သိရှိနားလည် တတ်လာပါတယ်တဲ့ဗျာ။
အဲ့ဒီ့လို သိလာတဲ့အခါမျိုးမှာ ကိုယ်နဲ့ ကိုက်တဲ့ လူတွေကို ချိန်ထိုးပြီး ပေါင်းသင်း ဆက်ဆံဖို့ ရွေးချယ်တတ်ကြပါတယ်။ အလုပ်ခွင်ထဲမှာလည်း အဲ့လိုပါပဲ။
သူများအကြောင်း မကောင်းသတင်း မဟုတ်ရင်တော့ အလုပ်ခွင်ထဲမှာလည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း အပြန်အလှန် နားလည်မှုရလာနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ပါတယ်။
၃။ စိတ်ဖိအားလျှော့ကျစေခြင်း
တပါးသူတယောက် ရင်ဆိုင်ခဲ့ရတဲ့ စိတ်ဖိအားပြင်းထန်တဲ့ ဖြစ်ရပ်ဆိုး တခုခုကို ကိုယ့်အသိတွေကို ပြန်လည် မျှဝေပေးလိုက်ခြင်း အားဖြင့် ကိုယ့်အသိတွေလဲ အဲ့လိုမျိုးကြုံလာတဲ့အခါ အရမ်းကြီးမဆိုးလာလောက်ပါဘူး။
ဒီ့အပြင် ကိုယ်ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကို အတင်းပြောပြီး ရင်ဖွင့်လိုက်ရခြင်းက ကိုယ်ခံစားနေရတဲ့ စိတ်ဖိအားတွေကို လျှော့ကျသွားစေပါတယ်။
၎။ တကိုယ်ရည် အကျင့်များ ကောင်းမွန်လာစေခြင်း
အတင်းပြောတာကတော့ မကောင်းတာများပါတယ်။ အဲ့ဒီမကောင်းတာ အပြောခံရတဲ့သူတွေက ဒီအချက်ကို ခံစားရပါတယ်။
ပထမတခါ အတင်းပြောခံရတဲ့ သူက သူ့အနေနဲ့ တပါးသူတွေက နောက်ထပ်တကြိမ် အတင်းတွေ အများကြီး ပြောကြလိမ့်မယ်ဆိုတာ သိတဲ့အတွက် အမူကျင့်တွေကို မြှင့်တင်လာနိုင်ပါတယ်။
၅။ ပြဿနာကို အဖြေရှာနိုင်ခြင်း
အကယ်လို့ အတွေ့အကြုံဆိုးတွေကို ရင်ဆိုင်နေရတဲ့အခါ တပါးသူမှာကော ကိုယ့်လိုမျိုး ခံစားနေရပါ့မလားဆိုတာကို သိစေဖို့အတွက် အပြစ်ပြောတဲ့ လေသံမျိုး မဟုတ်တဲ့ အမူရာမျိုးနဲ့ တောင်းဆိုနိုင်ပါတယ်။
ဒီလိုအခါမှာ တဖက်လူကို မဟုတ်က ဟုတ်ကတွေ အတင်းပြောတာမျိုး မဟုတ်တော့ပဲ သူ့ရဲ့ အခက်ခဲကို နားထောင်ဖို့ စကားစလိုက်တာဖြစ်တဲ့အတွက် ပြဿနာကို ဖြေရှင်းနိုင်ပါလိ့မ်မယ်။