ဖိလစ်ပိုင်၌ ကုန်တင်ယာဉ်တစ်စီး ချောက်ထဲ ထိုးကျ၊ ၁၅ ဦးသေဆုံး – Myanmar Hot News
24th March 2023

ဖိလစ်ပိုင်၌ ကုန်တင်ယာဉ်တစ်စီး ချောက်ထဲ ထိုးကျ၊ ၁၅ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကုန်တင်ယာဉ် တစ်စီး ချောက်ထဲသို့ထိုးကျရာ ယာဉ်ပေါ် တွင်လိုက်ပါလာသူ ခရီးသည် ၁၅ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသတွင်း အရေးပေါ်ဌာနမှ တာဝန်ရှိ သူများက ပြောသည်။

အဆိုပါ ကုန်တင်ယာဉ်သည် မနီလာ မြို့တောင်ဘက် ကီလိုမီတာ ၁၀၃၀ အကွာတောင်ပိုင်း ကိုတာဘာတိုပြည်နယ်ရှိ တီဘိုလီ မြို့အတွင်း မောင်းနှင်နေစဉ် ချောက်ထဲသို့ထိုးကျခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာမှ လူသေအလောင်း ၁၅ လောင်းကိုတွေ့ရှိ ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရိုလီအကွီနိုက ပြောသည်။

ကုန်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်အရေအတွက်ကို အတိအကျမသိ ရသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ များကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပြီး ဖြစ်ကြောင်း အကွီနိုက ဆက်ပြောသည်။

အကွီနိုက လူမှုကွန်ရက်တွင်တင်ထားသည့် ဗီဒီယိုဖိုင်၌ သေဆုံးသူများ၏အလောင်းများကို စီရီထားသည်ကိုတွေ့ရ သည့်အပြင် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက် နေသည် ကိုလည်း တွေ့ရသည်။

mwd; Ref: DPA

Leave a Reply

Your email address will not be published. Required fields are marked *