Knowledge

ဒေါသအရမ်းထွက်နေတဲ့အခါ လုပ်သင့်တဲ့အချက် (၅)ချက်

လူဆိုတာ စိတ်ခံစားချက်နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်ကြောင့် တစ်ခါတလေတော့ စိတ်ဆိုးဒေါသထွက်မိမှာပါပဲ။ တစ်ချို့လူတွေဟာ ဒေါသကိုမျိုသိပ်ထားပါလို့ တိုက်တွန်းတတ်ပါတယ်။ ကျွန်တော် ကတော့ ဒီအယူအဆကို လုံးဝလက်မခံပါဘူး။ ဒါကြောင့် ဒေါသထွက်တဲ့အခါ သင့်အတွက် ဒေါသလည်းပြေ အကျိုးလည်းမယုတ်စေမယ့် အရာလေးတွေကို ဝေမျှပေးပါမယ်။ (1) ပြေးပါ အရမ်းဒေါသထွက်လာတဲ့အခါ Gym ဒါမှမဟုတ် ဘောလုံးကွင်းတစ်ခုခုကို သွားပြီး ချွေးတွေဆိုရွှဲတဲ့အထိ ပြေးလိုက်ပါ။ ပြေး တာဟာ အသက်ကိုရှည်စေတယ်လို့လည်း သိပ္ပံပညာရှင်တွေ လက်ခံထားကြပါတယ်။ သင်ဒီလိုပြေးလိုက်တာ့ နဲ့ ကိုယ်ကျန်းမားရေးလည်း အထောက်အကူပြုမှာဖြစ်ပြီး ဒေါသထွက်တာတွေလည်းေပြေပျောက်သွားမှာပါ။ (2) အိမ်သန့်ရှင်းလုပ်ပါ ဒါဟာလည်း သင့်အတွက် အလွန်အသုံးဝင်စေပါတယ်။ သာမန်အချိန်မှာ အိမ်သန့်ရှင်းရေးလုပ်ဖို့ သင်ပျင်းရိနေမယ်ဆိုရင်တောင် အခုလို ဒေါသထွက်နေတဲ့အချိန်မျိုးမှာ လုပ်ရတာ စိတ်သက်သာရာရစေပါတယ်။ အိမ်လည်းသန့်ရှင်းပြီးသားဖြစ်ပြီး သင့်ဒေါသလည်းပြေသွားမှာပါ။ (3) […]