National

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား (၇၀) အဖမ်းခံရ

Sept 3,2019
ဒီကနေ့ နံနက်အစောပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  ဟွေ့ မောင်းကျေးရွာ ထစိုင်လွတ်ရပ်ကွက်အတွင်းကို အမှတ် ၁၄ စစ်တပ်နဲ့  ရဲ တပ်ဖွဲ့ အင်းအား ၇၀ကျော်ဟာ မြန်မာနိုင်ငံသားတွေ အများဆုံးခိုအောင်နေထိုင်နေတဲ့ နေအိမ်တွေကိုဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မိုးတွေရွာနေတဲ့ကြားက မူးယစ် နဲ့  လူကုန်ကူးတားဆီးရေးအတွက် ခုလိုဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ရာမှာ တရားမ၀င်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားအများစုဟာ ခြုံတောတွေအတွင်း ၀င်ရောက်ထွက်ပြေးခဲ့ကြပေမယ့် အားလုံးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ဖမ်ဆီးခံရ တဲ့ အမျိုးသား အမျိုးသမီး (၇၀)ဟာ မြန်မာနိုင်ငံ မြ၀တီမြို့ ကနေ ၀င်ရောက်ခဲ့ပြီး အထောက်အထားမရှိ ဘဲ ထိုင်းနိုင်ငံထဲမှာဆက်လက်နေထိုင်နေကြတာလို့  သိရပါတယ်။


ဒါအပြင် မြန်မာနိုင်ငံသားတွေ တ၇ားမ၀င်နေထိုင်နေတဲ့ နေအိမ်တွေကိုလည်း အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ မူးယစ်ဆေးဝါးနဲ့  ပါတ်သက်ပြီး မတွေ့ ရကြောင်း ၊ ဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသားတွေကိုကိုယ်ရေးရ ဇ၀င်အချက်အလက်ယူ မှတ်တမ်းဓါတ်ပုံရိုက်ပြီး မြန်မာ
နိုင်ငံဘက်ပြန်ပို့ မှာဖြစ်ကြောင်း သိရပါတယ်။

News Source: SAW

Leave a Reply

Your email address will not be published. Required fields are marked *