မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ကြား တွင် ကရင်နှင့် မွန်လက်နက်ကိုင်တို့ တိုက်ပွဲဖြစ် – Myanmar Hot News
23rd March 2023

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ကြား တွင် ကရင်နှင့် မွန်လက်နက်ကိုင်တို့ တိုက်ပွဲဖြစ်

ဝင်းရေးဒေသ မှာ NMSP,MNLA မွန်လက်နက်ကိုင် အဖွဲ့နဲ့ KNU, KNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီး ညှိနှိုင်းလို့ မရသေးကြောင်း ကြားသိရပါတယ်။

တာဝန်ရှိကို မေးမြန်းကြည့်ရာ ကရင် နယ်မြေအတွင်းမှာ အလံထောင်ရခြင်း ကို မွန်အဖွဲ့မှ တားဆီးလို့ အင်အားပြသော မွန်အဖွဲ့အား ကရင်အဖွဲ့ မှတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

မွန်အဖွဲ့မှ အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ လည်း သတင်းရရှိပါတယ်။

နောက်ဆက်တွဲအနေ့ နဲ့ လည်း ၁၈ ရက်နေ့ ညပိုင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားသေးတယ်လို့ ဆိုပါတယ်။

Source: ကရင့်မီဒီယာ

Leave a Reply

Your email address will not be published. Required fields are marked *