ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ မှာ မနေ့ညက အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ စစ်သားဟောင်း တစ်ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ခလရ ၃၄ တပ်ရင်းက ထွက်သွားတဲ့ တပ်မတော်သားဟောင်း ဖြစ်ပြီး ရူးစံပြ ကျေးရွာမှာ ဇနီးဖြစ်သူနဲ့ နေထိုင်နေတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြောပါတယ်။
မနေ့ည ၇ နာရီလောက်က နေအိမ်အတွင်း ထမင်းစားနေစဉ် အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြော ကြောင်း RFA က ဖေါ်ပြပါတယ်။

တပ်မတော်က ထွက်ထားသူတွေကို တပ်သတင်းပေးဆိုပြီး ရက္ခိုင့်တပ်တော် အေအေ က သတ်တာလို့လည်း တပ်ကစွပ်စွဲပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို စုံစမ်းနေဆဲဖြစ်ပြီး အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောတယ်လို့ ဆိုပါတယ်။
Source: RFA