ဆိုင်ကယ်အရှိန်လွန်၊ဓါတ်တိုင်ဝင်တိုက်ပြီး လူက သံလွင်မြစ်ထဲကျ – Myanmar Hot News
31st May 2023

ဆိုင်ကယ်အရှိန်လွန်၊ဓါတ်တိုင်ဝင်တိုက်ပြီး လူက သံလွင်မြစ်ထဲကျ

မော်လမြိုင်မြို့ကမ်းနားလမ်အထ္တရံဟိုတယ်ကွေ့တွင် ဆိုင်ကယ်တစ်စီးမှ အရှိန်လွန်ပြီး အထ္တရံ ဟိုတယ် စားသောက်ဆိုင် နောက်ဝင်ပေါက်ဝရှိ ဓါတ်တိုင်အား ဝင်တိုက်ပြီး ဆိုင်ကယ်က အပေါ်မှာကျန်ခဲ့ပြီး လူက မြစ်ကမ်းထဲ ပြုတ်ကျသွားမှု ဖြစ်ပွားခဲ့ပါသည်။

အခင်းဖြစ်ရပ်သို့မော်လမြိုင်RESCUEလူမှုကယ်ဆယ်ရေးအဖွဲနှင့် ကျိုက်ဖနဲ (၁၆)နယ်မြေ လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ရောက်ရှိလာပြီး လူနာအား မြစ်ကမ်းမှမတင်ကာမော်လမြိုင်RESCUEအရေးပေါ် ကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

လူနာ၏ဆိုင်ကယ်အားမော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ရုံးတွင်သယ်ဆောင်လာ၍ထိန်းသိမ်းထားပေးပါသည်။

Source: မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *