နောင်ချိုမြို့အတွင်း TNLA အဖွဲ့မှ ဆက်ကြေးကောက်ခံနေသူ တစ်ဦးကို ဖမ်းဆီးရမိသည်ဟုဆို – Myanmar Hot News
30th May 2023

နောင်ချိုမြို့အတွင်း TNLA အဖွဲ့မှ ဆက်ကြေးကောက်ခံနေသူ တစ်ဦးကို ဖမ်းဆီးရမိသည်ဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးကျေးရွာအနီး အမြင့်ကမ္ဘာဆီဆိုင်နေရာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူများ ဆက်ကြေး ကောက်ခံနေကြောင်း သိရသဖြင့် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် သွားရောက်၍ နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဟိုခိုကျေးရွာနေ စိန်ရွှေ (ဘ) ဦးသောင်းထွေး အား ဆက်ကြေးကောက်ခံသည့် စာရွက်စာတမ်းများ နှင့်အတူ ဖမ်းဆီး ရမိခဲ့သည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယနေ့ သတင်း ထုတ်ပြန် ဖေါ်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည် လည်း ဆိုသည်။

Photos & News ref: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply

Your email address will not be published. Required fields are marked *