TNLA ယာယီအခြေပြုထားတဲ့ နမ့်ဆန်မြို့အနီး တောင်ရိုးဘုရားကုန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိသည် ဟုဆို – Myanmar Hot News
1st June 2023

TNLA ယာယီအခြေပြုထားတဲ့ နမ့်ဆန်မြို့အနီး တောင်ရိုးဘုရားကုန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိသည် ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ ခန့် အကွာရှိ TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်မှ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်း ထုတ်ပြန် ဖေါ်ပြထားသည်။

ဖြစ်စဉ်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်မှ တစ်ဖက်သတ် အပစ်ခတ် ရပ်စဲသည့်ကာလအား အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့ဌာနဆိုင်ရာများ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်သည့် နမ့်ဆန်မြို့အား စိုးမိုးထားသည့် တောင်ရိုးဘုရားကုန်းရှိ သာဿနိက အဆောက်အဦများကို အကာ အကွယ်ရယူပြီး နယ်မြေအသာစီးရယူကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ၎င်းနေရာ တစ်ဝိုက်အား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ခဲ့ရာ စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပစ်ကူပစ်အားရယူပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်မှုကြောင့် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား အောင်မြင်စွာ သိမ်းပိုက် ရရှိခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သောင်းကျန်းသူများထံမှ ဆိုင်ကယ် ၅ စီး၊ သာဿနိက အဆောက်အဦ များအား အကာအကွယ်ယူပြုလုပ်ထားသည့် ပစ်ကျင်း ၄၅ ကျင်း၊ ဘန်ကာ ၅ လုံး သိမ်းပိုက်ရရှိခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသ နယ်မြေအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်ဟု ဆက်လက် ဖေါ်ပြထားသည်။

Photos & News ref: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Leave a Reply

Your email address will not be published. Required fields are marked *