မန္တလေးမြို့မှ ဆုကိုယ်ပိုင်အထက်တန်း ကျောင်းတွင် စက်တင်ဘာ ၁၂ ရက်ကဖြစ်ပွားခဲ့ သည့် ဆရာတစ်ဦးမှ ကျောင်းသူတစ်ဦးအား ကာယိနြေ္ဒပျက်ပြား အောင်ပြုလုပ်သည်ဆိုကာ မိဘများဘက်မှ စွပ်စွဲခဲ့ခြင်းအပေါ် ယင်းသို့ပြုမူ ခြင်းမရှိခဲ့ကြောင်းနှင့် ဂုဏ်သိက္ခာထိပါးအောင် ဆောင်ရွက်ခြင်းများပြုလုပ်ပါက အရေးယူသွား မည်ဟု စက်တင်ဘာ ၂၅ ရက်က သတင်းစာမှ အသိပေး ကြေညာခဲ့သည်။

စွပ်စွဲခံရသူ ဆရာဦးညီညီထွေးအား ကျောင်းသူမိဘများက ကိုယ်ထိလက်ရောက်ပြုမူ ခဲ့ခြင်းကြောင့် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့်အပြင် ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စွပ်စွဲပြောဆိုခဲ့ခြင်း များရှိခဲ့သော်လည်း အကြောင်းများစွာကို ထောက်ရှု၍ ကျေအေးခွင့်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က တောင်းပန်ခိုင်းတာက တောင်းပန်စရာ အကြောင်းမရှိဘူး။ သူတို့က တောင်းပန်ရမှာ။ ဒါပေမဲ့ လောလောဆယ် နှစ်ဖက် ကျေအေးထားပြီ။ ဒါက ကာယကံရှင် သဘောပါ။ သူ့သဘောထားက ကျောင်းသား တွေ စာမေးပွဲနီးနေတော့ စာသင်ပျက်မှာလည်း စိုးတယ်။ ဒီနေ့သတင်းစာမှာ အသိပေးကြေညာ ထားပါတယ်”ဟု ဆရာဦးညီညီထွေးက လွှဲအပ် ထားသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းဦးက ပြောဆိုသည်။

ဖြစ်စဉ်နေ့က ဆရာဦးညီညီထွေးသည် ဆုကိုယ်ပိုင်အထက်တန်းကျောင်းတွင် တပည့် ကျောင်းသူတစ်ဦးအပေါ် လက်ရောက်စော် ကားခဲ့သည်ဟူသော စွပ်စွဲချက်မှာ လုံးဝ မှန်ကန်မှုမရှိဘဲ ထိုစဉ်က စာသင်ချိန်တွင် ကျောင်းသား ၅၀ ခန့်ရှိပြီး ဆရာ့အနီး၌လည်း အကူဆရာမနှစ်ဦးရှိနေကြောင်းနှင့် ဆရာ တစ်ဦးအား ဂုဏ်သိက္ခာထိပါးစေရန် ဆောင် ရွက်လာပါက ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့် လုံခြုံမှုကိုကာ ကွယ်ပေးရေးဥပဒေအရလည်းကောင်း၊ အခြား ရာဇဝတ်ကြောင်း၊ တရားမကြောင်းဥပဒေများ အရလည်းကောင်း အရေးယူဆောင်ရွက်မည် ဟု ကြေညာထားသည်။
ကျောင်းသူမိဘများက စက်တင်ဘာ ၂၃ ရက်က မန္တလေးမြို့ မီဒီယာစင်တာတွင် ၎င်းတို့ နစ်နာမှုကို သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့ပြီး ရှေ့နေတစ်ဦးအားလွှဲအပ်ကာ ၎င်းတို့သမီး ဖြစ်သူအား ကာယိနြေ္ဒပျက်ယွင်းစေခြင်းနှင့် ဖြေရှင်းရန် ကျောင်းသို့လာရောက်စဉ် ဝန်ခံမှု မပြုဘဲ မချေမငံ ဆက်ဆံပြောဆိုမှုများရှိခဲ့မှု ကြောင့် သတင်းမီဒီယာများနှင့် လူမှုကွန်ရက်မှ ခုနစ်ရက်အတွင်းတောင်းပန်ရန် စက်တင်ဘာ ၂၄ ရက်စွဲဖြင့် စာပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။
crd Bagantar