Content
မူလစာမျက်နှာ
အယ်ဒီတာစကား
အတွေးအမြင်
အက်ဆေး
ဟာသ
ကဗျာ
ဆောင်းပါး
ဝထ္တုတို
အင်တာဗျူး
ကျန်းမာရေးကဏ္ဍ
ပညာရေးကဏ္ဍ
ကွန်ပျူတာကဏ္ဍ
ဓာတ်ပုံပြခန်း
အမျိုးသားရေးရာ
အမျိုးသမီးရေးရာ
ပန်းချီ
ဂီတအနုပညာ
ဓာတ်ပုံဒိုင်ယာရီ
ကလေးများအတွက်ကဏ္ဍ
လောကအလှသူငယ်ချင်းများ
MYANMAR EGRESS
Welcome
Username:
Password:
Remember me
[
Signup
]
[
Forgot password?
]
Online
Guests: 7, Members: 0 ...
most ever online: 44
(Members: 1, Guests: 43) on 10 Mar : 14:04
Members: 728
Newest member:
angelnwe
အင်တာနက်ပေါ်က မြန်မာ့စွယ်စုံကျမ်း နှင့်တွေ့ဆုံခြင်း
ြ
မန်မာ့စွယ်စုံကျမ်း (မြန်မာဝီကီ) ပြုလုပ်ရေးသားနေတဲ့ အဖွဲ့ဝင် ကိုဘလူးဖီးနစ် (blue phoenix)
နဲ့ ကျွန်မ တို့ လောကအလှ အဖွဲ့ဝင်တို့ စကားစမြည်ပြောဆိုခဲ့ကြပြီး မြန်မာဝီကီ အကြောင်း
သိလိုသည်များကို လောကအလှမှ မေးမြန်းခဲ့ပါတယ်။
မြန်မာဝီကီ စလုပ်ဖြစ်ပုံလေး ပြောပြပါဦး။
2008 July 5 တွင် Myanmar Info-Tech, Yangon ၌ မြန်မာဝီကီ သုံးစွဲသူများတွေ့ဆုံပွဲကို
Solveware မှ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာ ကိုစည်သူအောင် က my.wikipedia.org ၏
font ပြဿနာများ၊ data lost ပြဿနာများ တင်ပြခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်
အိုကိစံက my.wikipedia.org ၏ CSS တွင် ဖောင့်ရွေးချယ်ပုံ မမှန်ခြင်း နှင့်
အခြား ပြဿနာများကို တင်ပြခဲ့ပါတယ်။ ထိုပြဿနာများ ဖြေရှင်းရန် စည်သူအောင်
နှင့် အိုကိစံတို့ my.wikipedia.org တွင် sysop ပါဝင်ယှဉ်ပြိုင်ခဲ့သော်လဲ ရှုံးနိမ့်ခဲ့ရပါတယ်။
ကိုငွေထွန်း (CEO Solveware) က myanmarwikipedia.org domain name ကို
စည်သူအောင်အား လှူဒါန်းပြီး ZawGyi.ORG မှ webhosting ပေးလှူကာ
ဤမြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ကိုစတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အိုကိစံသည်
my.wikipedia.org ဖြင့် data sharing လုပ်ရန် Wikipedia Foundation သို့
အဆိုတင်သွင်းခဲ့ပြီး zawgyi.wikipedia.org ဟူသော sub-domain name ကို
ယာယီတောင်းဆိုခဲ့ပေမယ့် Wikipedia Foundation မှ လက်မခံခဲ့ပါဘူး။
myanmarwikipedia.org domain name နှင့် ယခင် logo ကို အသုံးမပြုရန်
Wikipedia Foundation မှတားမြစ်ခဲ့တဲ့ အတွက်ကြောင့် wikimyanmar.org
ဒိုမိန်းနိမ်း နှင့် ယခု logo သို့ပြောင်းလဲပေးခဲ့ပါတယ်။
မြန်မာအွန်လိုင်း စွယ်စုံကျမ်း ကို
ဇူလိုင်လ ၁၈ ရက်
၂၀၀၈ ခုနှစ်
တွင် မြန်မာ ဝီကီပီးဒီးယား အမည် ဖြင့် စတင်
တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ
မြန်မာ့ အွန်လိုင်း စွယ်စုံကျမ်း
(http://wikimyanmar.org) (Myanmar Online Encyclopedia) (MOE)
လို့ ပြောင်းလဲ အမည်ပေးခဲ့ပါတယ်။ MOE ကို မြန်မာလူမျိုး အများစု လက်ခံသုံးစွဲနေတဲ့
ဇော်ဂျီယူနီကုဒ် သုံးပြီးပြုလုပ်ရတာက မြန်မာဝီကီကို သာမန်လူတွေလိုက်
သုံးလာနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပြီး။ ကို
စည်သူအောင်
နှင့် ကို
အိုကီစံ
တို့က
စတင်တည်ထောင်ခဲ့ပါသည်။
ကျွန်တော် ဘလူးဖီးနစ်က စတင်
တည်ထောင်စကတည်းက ဝင်ရောက်ကူညီပေးခဲ့ပါတယ်။
http://blog.engineer4myanmar.org
မှာ
မြန်မာဝီကီနဲ့ ပက်သက်တဲ့
ဆောင်းပါးများ
(
http://blog.engineer4myanmar.com/search/label/%E1%80%BB%
E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%20%E1
%81%80%E1%80%AE%E1%80%80%E1%80%AE
)
ရေးသားပေးခြင်းဖြင့်
စာရေးသူများကို ရှင်းလင်း တိုက်တွန်းခဲ့ပါတယ်။ MOE ဟာ ဇော်ဂျီ ယူနီကုဒ် ဖောင့် ကို
အခြေခံသော်လည်း ယူနီကုဒ် 5.1 ဖောင့်များ ဖြင့်ပါ ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။
ဒါက တစ်ဦးတစ်ယောက်တည်း လုပ်တာထက် ပူးပေါင်းဆောင်ရွက်မှ
အဆင်ပြေမှာမျိုးဆိုတော့ဘယ်သူတွေ ပူးပေါင်းဆောင်ရွက်ကြတာပါလဲ။
အစပိုင်းမှာတော့ တည်ထောင်သူများမှ အဓိက လုပ်ဆောင်ခဲ့ကြပြီး များအကြာခင်မှာ
လူသိများလာပါတယ်။ ရက်ပိုင်းအတွင်း မြန်မာ ဘလောက်ဂါများနဲ့ အခြား
စာရေးဝါသနာ ပါသူများ ရာနဲ့ချီပြီး ပူးပေါင်းပါဝင်လာပါတယ်။ အခုဆို မှတ်ပုံတင်ထားတဲ့
ယူဆာပေါင်း 483 ယောက်အထိ ရှိနေပါပြီ။ အဲဒီအထဲမှာ
အမ်.အမ်.သင်ကာ
(http://mmthinker.net/) နဲ့ အခြား စာရေးကောင်းပြီး မြန်မာဝီကီအတွက် အင်တိုက်အားတိုက်
အလုပ်လုပ်တဲ့ သူပေါင်းများစွာ ပါဝင်လာတာကို အားတက်စရာ မြင်တွေ့ရပါတယ်။
တကယ်တော့ MOE ဟာ တည်ထောင်ထားသူများ ပိုင်ဆိုင်တာ မဟုတ်ပါဘူး။
မြန်မာတိုင်းပိုင်ဆိုင်တဲ့ အများပိုင် စွယ်စုံကျမ်းတစ်စောင်ပါ။ ဒါကြောင့် လူတိုင်းပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးကြဖို့လိုပါတယ်ခင်ဗျာ။
အခက်အခဲကြုံတွေ့ရတာတွေရှိပါသလား။
အစပိုင်းမှာရော အခုအချိန်အထိပါ။ အခက်အခဲတွေ တွေ့ခဲ့ရ၊ ကြုံနေဆဲပါ။
ဒါကို အဖွဲ့သားအားလုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ဖြေရှင်း
နေကြတာ ဖြစ်ပါတယ်။ တစ်ဦးကောင်း ဆုံးဖြတ်လှုပ်ရှားတာမျိုး မဟုတ်ပဲ မဲစံနစ်နဲ့
ဘက်မလိုက်ပဲ MOE တိုးတက်ဖွံ့ဖြိုးရေး အကျိုးကိုသာ ကြည့်ပြီး အကောင်းဆုံး
ဖြစ်အောင် ဖြေရှင်းခဲ့တာချည်းပဲ ဖြစ်ပါတယ်။ MOE ဟာ အင်မတန်လွတ်လပ်ပြီး
မှတ်ပုံတင်စရာ မလိုပဲ စိတ်ကြိုက် ဝင်ရောက်ရေးသားပြင်ဆင်နိုင်တဲ့ အတွက
် အဲလို လွတ်လပ်မှုကို တလွဲ အသုံးချတဲ့ လွတ်လပ်မှုနဲ့ မထိုက်တန်တဲ့ လူနည်းစု
လူတစ်ချို့ရဲ့ ဖျက်လိုဖျက်ဆီး ရေးသားမှု၊ ရန်တိုက်ပေးမှုများ၊ အချက်အလက်အမှားများ
ထည့်သွင်းခြင်း စတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒေတာများ ရက်ပိုင်းအတွင်း အလွန်များပြား
လာမှုကြောင့် ယခင် ဆာဗာမှ မနိုင်မနင်းဖြစ်လာတာကိုလည်း ရင်ဆိုင်ရတဲ့ အတွက် အခု
ပိုမိုကောင်းမွန်တဲ့ grid ဆာဗာကို ပြောင်းလဲ သုံးစွဲဖို့ ဝယ်ယူခဲ့ပါတယ်။
new generation grid
ဆာဗာ သည် ဆာဗာ များစွာကို ချိတ်ဆက်ပြီး အသုံးပြုခြင်းကြောင့် scalable ဖြစ်ပါတယ်။
ဒီ မြန်မာဝီကီက မြန်မာလူမျိုးတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ
ဖြစ်လာနိုင်ပါသလဲ။
မြန်မာတွေ အကြောင်းအရာမျိုးစုံကို တစ်နေရာတည်းကနေ အလွယ်တကူ
ရှာဖွေရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ ဝါသနာ ပါရာ အကြောင်းအရာများကိုလည်း
ဝင်ရောက်ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားများအတွက် အကိုးအကားများ
ရှာဖွေရာမှာ အလွန်အသုံးတည့်မှာဖြစ်ပါတယ်။ အခုလောလောဆယ် ကျွန်တော်
ဦးဆောင်လုပ်ကိုင်နေတဲ့ MOE ရဲ့ ညီအကို ပရောဂျက် တစ်ခုဖြစ်တဲ့
ရုရှ-မြန်မာ အွန်လိုင်းအဘိဓါန်
(
http://www.ru-mm.org
) နဲ့ နောက်ထပ် ထပ်မံ
ထည့်သွင်းရန် စီစဉ်ထားတဲ့ အဘိဓါန်များ ကို ဘာသာစကား လေ့လာသူများ
ထိရောက်စွာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသင်ခန်းစာများနဲ့
ပက်သက်ပြီး လုပ်ကိုင်သွားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။
ဒါက မြန်မာစာနဲ့ ဖြစ်နေတော့ မြန်မာဝီကီ ကိုလုပ်လိုက်ခြင်းအားဖြင့်
မြန်မာလူမျိုးတွေ အင်္ဂလိပ် လေ့လာမှုတွေ လျော့နည်း သွားမယ်လို့
ထင်ပါသလား။ မြန်မာလူမျိုးတွေက အင်္ဂလိပ်ဘာသာကိုဖတ်ရှုဖို့
ဝန်လေးတတ်ကြတော့ မဖြစ်မနေ ဖတ်နေတဲ့အနေအထားမျိုးကနေ
ဒီလို မြန်မာဝီကီကြောင့် အင်္ဂလိပ်စာလေ့လာမှု လျော့နည်းသွားမယ်ဆိုရင်
မြန်မာဝီကီ တီထွင်ပြုလုပ်သူများမှာ တာဝန်ရှိတယ်လို့ မြင်ပါသလား။
ကျွန်တော့် အနေနဲ့ အဲလိုဖြစ်မယ်လို့ မထင်မိပါဘူး။ အခုလောလောဆယ် MOE မှာ
ရေးသားနေတဲ့ အကြောင်းအရာများဟာ အင်္ဂလိပ် ဝီကီမှာတောင် သိပ်မစုံလင်
်သေးတာတွေ ပါဝင်နေပါတယ်။ မြန်မာပြည်နဲ့ ပက်သက်တဲ့ အကြောင်းအရာများကို
လောလောဆယ် ဦးစားပေး ရေးသားနေပါတယ်။ ဘာသာစကားတိုင်းအတွက် သက်ဆိုင်ရာ
ဝီကီပီးဒီးယားတွေ လိုအပ်ချက်အရ ရေးသားနေကြပါတယ်။ ဆက်လက်
လေ့လာလိုသူများအတွက် external links များ ပေးရာမှာလည်း အင်္ဂလိပ် ဘာသာ
စကားဆိုဒ်များကို ညွှန်းဆိုထားတဲ့ အတွက် အင်္ဂလိပ်စာ ဆက်ဖတ်ဖြစ်ဖို့ တွန်းအား
တစ်ခုပိုစေပါတယ်။ ဒီ့ထက်ပိုပြီး အင်္ဂလိပ်စာကို ထိတွေ့စေတာက အကြောင်းအရာ
အချို့ကို ရေးသားသူများက အင်္ဂလိပ် ဘာသာမှ ပြန်ဆိုနေတဲ့ အတွက် ပဲ ဖြစ်ပါတယ်။
ရေရှည်မှာ ဆက်လက်တည်တံ့နေဖို့  ဘယ်လို အစီအစဉ်တွေလုပ်ထားပါလဲ။
ရေရှည်အတွက် အမြော်အမြင်ရှိစွာနဲ့ စံနစ်ကျနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားသလို
အုပ်ချုပ်သူများကိုလည်း မဲစံနစ်နဲ့သာ ရွေးချယ်ထားတာမို့ ရေရှည်အတွက်
အစဉ်အလာကောင်းတစ်ခု ဖြစ်လာပါတယ်။ ဒေတာများကို အရှည်မှာ
ကမ္ဘာ့စတန်းဒတ်အဖြစ်သတ်မှတ်ထားတဲ့ ယူနီကုဒ် 5.1 ကို ပြောင်းလဲဖို့ ပညာရှင်များက
ကြိုးစားနေသလို ဇော်ဂျီအသုံးပြုသူများအတွက်ပါ အဆင်ပြေအောင် အဘက်ဘက်က
စဉ်းစားဆောင်ရွက်နေကြပါတယ်။ များမကြာခင် တက္ကသိုလ်၊ ကောလိပ်များနဲ့
ဆက်သွယ်ပြီး ကျောင်းသားများအတွက် ထိရောက်အောင် ကူညီပေးဖို့ ကြိုးစားနေပါတယ်။
စာဖတ်သူများကို ဘာများပြောချင်ပါသေးလဲ။
စာဖတ်သူများကို စာရေးသူများအဖြစ် လိုအပ်နေပါတယ်လို့ ပြောချင်ပါတယ်။
အပင်မစိုက်ဘဲ နဲ့ အသီးစားချင်လို့ မရပါဘူး။ အင်္ဂလိပ် ဝီကီပီးဒီးယား အခုလို
စုံလင်နေတာဟာ ဝိုင်းဝန်းရေးသားသူ များပြားပြီး ကြိုးစားရေးခဲ့ကြလို့ ဖြစ်ပါတယ်။
ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် တကယ်တန်း အလုပ်လုပ်ပေးချင်တယ်ဆိုရင် အခုလို
တစ်နိုင်တစ်ပိုင် ကိုယ်တိုင် ဝင်ပါလို့ရတဲ့ နေရာမျိုးကနေ စတင်စေချင်ပါတယ်။
ကိုယ်ပေးလိုက်ရတဲ့ အချိန်တစ်နာရီအတွက် အနာဂတ် က ကလေးငယ်တွေ
မျက်စိပေါင်းများစွာကို ဖွင့်ပေးနိုင်လိမ့်မယ်ဆိုရင် လွန်မယ် မထင်ပါဘူးခင်ဗျာ။
ဆရာကြီး ဇော်ဂျီ ရေးခဲ့တဲ့ ကဗျာလေးထဲကလိုပေါ့ဗျာ။
“သင်သေသွားသော် သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏” လို့။
မြန်မာ့စွယ်စုံကျမ်း အဖွဲ့ကိုယ်စား ဖြေကြားပေးတဲ့ ကိုဘလူးဖီးနစ် ကို
ကျွန်မတို့ လောကအလှမှ ကျေးဇူးတင်ပါတယ် ရှင်။
Posted by
Admin
on Sunday 10 August 2008 - 17:03:19 |
Comment(s): 0
Search Law Ka Ahla
Last Update
Last Update: Lawka Ahla
27 Jul
ဖြစ်တတ်သော...
24 Jul
မိုးစံပယ် ဝယ်ပါဦး
23 Jul
ကလေးများ၏ အနာဂတ်
23 Jul
ဒီလိုနဲ့ဝေးသွားကြတာပါပဲ။
23 Jul
အဆုံးသတ်
23 Jul
ဒဂုံတောင်
17 Jul
ဖြူသန့်စင်ကြယ် ကလေးငယ်
17 Jul
သူမကို မုန်းတယ်
လောကအလှ
ဧည့်မှတ်တမ်း
စာမူပေးပို့လိုလျှင်
အယ်ဒီတာအဖွဲ့ 
Ads
This site is powered by
e107
, which is released under the terms of the
GNU
GPL License.