ပုဂံမှာ တစ်သက်လုံးနေဆိုနေလို့ရတယ်ဆိုတဲ့ နေတိုး - Nanmalgyi
ပုဂံမှာ တစ်သက်လုံးနေဆိုနေလို့ရတယ်ဆိုတဲ့ နေတိုး - Nanmalgyi

အခုလတ်တလောမှာ မြန်မာတို့ရဲ့ရှေးဟောင်းအမွေအနှစ်အထွဋ်အမြတ်ထားရာ ပုဂံဟာ ကမ္ဘာ့အမွေအနှစ် UNESCO World Heritage ဝင်သွားခဲ့ပြီး အဲဒီအတွက် တစ်နိုင်ငံလုံးက ဝမ်းသာနေကြသလို ပုဂံသွားတုန်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်တင်ပြီးတော့လည်း Congratulations Bagan ဆိုပြီးတော့ ဂုဏ်ယူနေကြတာတွေ့ရမှာပါ။ ပြည်သူချစ်တဲ့ မင်းသားနေတိုးကလည်း မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ပုဂံအတွက် ဂုဏ်ယူကြောင်းပြောသွားခဲ့ပါတယ်။

ချစ်ရတဲ့ ပုဂံက ကမ္ဘာ့အမွေအနှစ်ဝင်သွားတဲ့အတွက် ဂုဏ်ယူမိကြောင်း နေတိုးက “ပုဂံဒေသ ပုဂံမြို့ဟောင်းက ကျွန်တော်အရမ်းကြိုက်နှစ်သက်တဲ့ ကျွန်တော်အမြဲတမ်းနေပါဆိုရင်တောင် နေလို့ရတဲ့နေရာတစ်ခုလိုမျိုးအရမ်းကြိုက်နှစ်သက်ပါတယ်။ အဲဒါကြောင့် အခုလိုမျိုး ကမ္ဘာအသိအမှတ်ပြုဖြစ်သွားတဲ့အတွက်ရော ဒီမြန်မာပြည်မှာ ဒီလိုဒေသ ဒီလိုနေရာကိုရွေးချယ်လိုက်တဲ့အတွက်ရော အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်”လို့ ပြောကြားထားပါတယ်။

ပုဂံဘုရားဟောင်းတွေကို ပြုပြင်လိုက်တာတွေနဲ့ပတ်သက်ပြီးတော့လည်း နေတိုးက “တစ်နေရာနဲ့တစ်နေရာ လူပုဂ္ဂိုလ်နောက်ပြီးတော့ဌာနဆိုင်ရာတွေနဲ့လည်းအများကြီးဆိုင်ပါတယ်။ ဆိုတော့အရှင်းဆုံးပြောရရင်တော့ ကျွန်တော်တို့က ဒီရှေးဟောင်းတွေကိုထိန်းသိမ်းတဲ့နေရာမှာပေါ့နော် ကျွန်တော်တို့က ထိန်းသိမ်းတဲ့ပုံစံကိုတော့ ပြုပြင်တဲ့ပုံစံမျိုးကိုတော့ ကျွန်တော်မကြိုက်ဘူး။ အဟောင်းကို အဟောင်းအတိုင်းကိုပဲ မပျောက်ပျက်အောင်ပေါ့နော်။ ထိန်းသိမ်းတဲ့ပညာ ထိန်းသိမ်းတဲ့နည်းစနစ်တွေနဲ့ပေါ့နော်။ ကမ္ဘာမှာလည်းဟောင်းနွမ်းပျက်စီးတဲ့ပစ္စည်းတွေကို ဘယ်လိုမျိုးပြန်ပြီးတော့ ခိုင်မာအောင်လုပ်ပြီးထိန်းသိမ်းရမလဲဆိုတာလည်း ရှိပါတယ်။ ထိန်းသိမ်းတာကိုပြန်ပြီး ပြုပြင်တာမျိုးကိုတော့ သိပ်ပြီးတော့ လက်မခံချင်ပါဘူး”လို့ရင်ဖွင့်ထားပါတယ်။

နေတိုးက ပုဂံအပေါ်ထားတဲ့ သံယောဇဉ်တွေနဲ့ခံစားချက်ကိုလည်း “ကျွန်တော်ပုဂံမှာတစ်သက်လုံးနေဆိုနေလို့ရတယ်။ ပုဂံကိုအရမ်းကြိုက်တယ်။နှစ်လည်းနှစ်သက်တယ်။ အဲ့လိုမျိုး။ ပုဂံရောက်ရင်ခံစားမှုကတော့ အလိုလိုနေရင်းနဲ့စိတ်ထဲမှာ ကြည်နူးမှုတွေဖြစ်တယ်။ အင်အားတွေဖြစ်လာတယ်ပေါ့။အဲ့လိုမျိုးခံစားရပါတယ်။ထူးဆန်းတယ်ပေါ့”လို့ ပြောပြထားပါတယ်။

YOUR REACTION?

Facebook Conversations