အထူးချွန်ဆုံးရခိုင် အမျိုးသားဆုကို ချီးမြင့်ခြင်းခံလိုက်ရတဲ့ နေတိုး
အထူးချွန်ဆုံးရခိုင် အမျိုးသားဆုကို ချီးမြင့်ခြင်းခံလိုက်ရတဲ့ နေတိုး - Nanmalgyi

အထူးချွန်ဆုံးရခိုင် အမျိုးသားဆုကို ချီးမြင့်ခြင်းခံလိုက်ရတဲ့ နေတိုး - Nanmalgyi

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးမင်းသားတစ်ယောက်လည်းဖြစ် ၊ ကြိုးစားအားထုတ်မှုကောင်းပြီး အပိုအလိုမရှိသရုပ်ဆောင်တတ်ပြီးအလုပ်တွဲလုပ်ဖူးသူတိုင်းကလည်းချီးကျူးရလောက်တဲ့အထိ နာမည်ကောင်းနဲ့ကျော်ကြားပြီး လူအများရဲ့ချစ်ခြင်းမေတ္တာကို ခံယူရရှိထားတဲ့သူတစ်ယောက်ကတော့ မင်းသားချော နေတိုးပါပဲ ။ သူကတော့ မြန်မာVideo ဇာတ်လမ်းတွေခေတ်ကောင်းတဲ့ကာလမှကတည်းက မိန်းကလေးပရိသတ်တွေကြိုက်တဲ့ရုပ်ရည်မျိုးရှိပြီး ယောကျာ်လေးတွေကြိုက်တဲ့တိုက်ခန်း ဖိုက်ခန်းတွေမှာ ရသူမို့ အင်မတန်မှ နာမည်ကြီးခဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်ထိ ပရိသတ်တွေအသည်းစွဲမင်းသားတစ်ယောက်ဖြစ်နေခဲ့တာပါ။အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ရခိုင်သဟာယ အသင်းကနေထူးချွန် ရခိုင်အမျိုးသား ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခံရတဲ့အပေါ်ခံစားချက်တွေကို Myanmar Celebrity နဲ့ အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ် ။

နေတိုးက “ ရခိုင်သဟာယအသင်းကနေမှ ကျနော်တို့ ရခိုင်အမျိုးသား အမျိုးသမီးတွေနဲ့ ရခိုင်ပညာရေးနဲ့ ပတ်သက်ပြီးတော့ ထူးချွန်တဲ့လူတွေကို ကျနော်တို့က ဆုပေးတာရှိတယ် ၊ ပံ့ပိုးကူညီတာရှိတယ် ဆိုတော့ ရခိုင်သဟာယ အသင်းအပါအဝင် ကျနော်တို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ရခိုင်အသင်း၅ခုပူးပေါင်းပြီးတော့ ကျင်းပတဲ့ပွဲမှာ ကျနော်ကကျတော့ ရခိုင်အနုပညာရှင်တစ်ယောက် တစ်ယောက်အနေနဲ့ ၂၀၁၇ ခုနှစ်ကရခဲ့တဲ့ ဆုအတွက်ကို ကျနော်ကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုဖြစ်ပါတယ် ဆိုတော့ ရခိုင်အမှတ်တံဆိပ်ပါတဲ့ ရခိုင်အလံ အမှတ်တံဆိပ်ပါတဲ့ ရွှေတံဆိပ်ဆုပေါ့ ကျနော်ကိုပေးတာပါ ။

ကျနော်ဒါနဲ့ဆို သုံးကြိမ်ရှိပါပြီ ။ တခြားနှစ်တွေကလည်း ကျနော်မတင်ဖြစ်ဘူးပေါ့ ဒီနှစ်ကတော့ တင်ပေးလိုက်တာပေါ့ ။ ဒီတန်ဖိုးနဲ့ညီမျှတဲ့တန်ဖိုးကိုတော့ လှူဖြစ်မှာပါ ။ ကျနော်လှူဖြစ်ဖို့အကြွေးနှစ်ခုရှိသေးတယ် ။ ကျနော်တို့ တာတေကြီးရဲ့ဟာကိုလည်း ကျနော်မလှူရသေးဘူး ဆိုတော့ ပေါင်းပြီးတော့ပဲ လှူရမယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

ကစ်ကစ်(ဝတ်မှုန်ရွှေရည်)နဲ့ ခင်မင်မှုကိုလည်း “ ကစ်ကစ်နဲ့ခင်မင်မှုကတော့ ကိုယ့်အစ်ကိုကြီးတစ်ယောက်လို ကိုယ်နဲ့အနုပညာလောကထဲကို ကျနော်စပြီးတော့ အနုပညာအလုပ်မှာ အောင်မြင်မှုရနေတဲ့အချိန်မှာ ကစ်ကစ်တို့က ကြော်ငြာရိုက်ရင်းနဲ့ ကျနော်တို့နဲ့ စတင်ပြီးတော့ တွေ့ဆုံပြီးတော့ လာခဲ့ရတာဆိုတော့ ကိုယ့်ညီမတစ်ယောက်လိုပဲ သူနဲ့အပြင်မှာ ဆက်ဆံမှုအပိုင်းက အဲ့ဒီလိုမျိုးပဲရှိပါတယ် ။ ဒီကားကိုရိုက်တဲ့အချိန်တုန်းကလည်း ကျနော်တို့ ငယ်ငယ်တုန်းက ဗီဒီယိုခေတ်တုန်းက ရိုက်ခဲ့တဲ့ဇာတ်ကားတွေရှိတယ် ဖန်စီဟာသကားမျိုးလေး ရိုက်ချင်တယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ကလည်းမဖြစ်မနေ ကုန်ခဲ့တဲ့ဆယ်နှစ်လာက်ကိုပြန်သွားကြတာပေါ့ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

YOUR REACTION?

Facebook Conversations