‘ဟိုဘက်လှည့် မင်းသမီး’ လို့ troll နေကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ အိချောပို - Nanmalgyi
‘ဟိုဘက်လှည့် မင်းသမီး’ လို့ troll နေကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ အိချောပို - Nanmalgyi

အနုပညာလောကမှာ ကာလတစ်ခုကြာ ရပ်တည်နေသူက အိချောပို ဖြစ်ပါတယ်။ ရုပ်ရှင်ကား တော်တော်များများမှာ သရုပ်ဆောင်ပြီး ဖြစ်သလို ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် ရေပန်းစားတဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။ ဓာတ်ပုံတင်တိုင်းလည်း ဘေးတစ်စောင်းနဲ့ ကိုယ်တစ်ခြမ်းအသားပေး ပုံတွေပဲ တင်လေ့ရှိပါတယ်။ ပရိသတ်တွေကတော့ အိချောပိုကို “ဟိုဘက်လှည့် မင်းသမီး” ဆိုပြီး troll ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အိချောပိုက ခုလို ဖြေရှင်းချက် ပေးသွားပါတယ်။

“အဲ့တာကတော့ ဓာတ်ပုံဆရာက အဲ့လိုပဲ ယူပြီး ရိုက်တာပေါ့နော်။ စူတို့ကတော့ ဒီတိုင်းပဲ နေတာပဲ။ ဓာတ်ပုံဆရာက သူ့မျက်လုံးထဲမှာ လှမယ့် ပုံစံမျိုး လိုက်မယ့် ပုံစံမျိုး ရွေးပြီး ရိုက်ကြတာပဲ။ ကောင်းတာပဲ Troll ဆိုးတာပဲ troll ပရိသတ်တွေ ကိုယ့်ကို ဂရုစိုက်နေတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောသွားပါတယ်။

ဖက်ရှင်ပုံစံတွေ ပြောင်းလဲဝတ်ဆင်လာတဲ့အပေါ် အိချောပိုက ခုလို ပြောပြသွားပါတယ်။

“မင်းသမီးဆိုတော့ လှချင်တာပေါ့နော်။ မင်းသမီးမှ မဟုတ်ပါဘူး။ မိန်းကလေးတွေက လှချင်ပါတယ်။ အလှအပရေးရာဆိုလည်း ကိုယ်နဲ့ မလိုက်တာကိုဖယ် လိုက်တာကို ပြန်လိမ်းပြီးတော့ပဲ တဖြည်းဖြည်းစမ်းသပ်ပြီး ပြုပြင်လာရတာပေါ့နော်။ အဓိကကတော့ ဖက်ရှင်ဒီဇိုင်နာတွေ stylist တွေရဲ့ ပြင်ဆင်မှုပေါ့နော်။” လို့ ဆိုပါတယ်။

ခုနောက်ပိုင်းမှာ ရိုက်ကွင်းပုံတွေ သိပ်မတင်ကြတော့တာမို့ အဆင်ပြေတဲ့ ပုံတွေရှိရင်တော့ ပရိသတ်ဆီ ချပြပေးသွားပါမယ်ဆိုပြီး ဖြေကြားသွားပါတယ်။

YOUR REACTION?

Facebook Conversations