မြောက်​ဦးကိုလည်း ပုဂံလို ကမ္ဘာ့ အ​မွေအနှစ်​စာရင်းဝင်​​စေချင်​တဲ့ ​နေတိုး
မြောက်​ဦးကိုလည်း ပုဂံလို ကမ္ဘာ့ အ​မွေအနှစ်​စာရင်းဝင်​​စေချင်​တဲ့ ​နေတိုး

အကယ်​ဒမီမင်းသား​ချော​နေတိုးကိုမြန်​မာပရိတ်​သတ်​​တွေ တစ်​ခဲနက်​အား​ပေးကြပြီး သူရဲ့ ​ပြောင်​​မြောက်​တဲ့ သရုပ်​​ဆောင်​မှု​တွေ​ကြောင့်​ အမြို့အမြို့အရပ်​ရပ်​ရှိ ပရိတ်​သတ်​​တွေရဲ့အသည်းနှလုံး ကိုသိမ်းပိုက်​ထားနိုင်​ခဲ့ပါတယ်​။ 

အနုပညာအ​ပေါ်ငယ်​စဉ်​ကတည်းကရူးသွပ်​ပြီးအနုပညာအလုပ်​​တွေကို တစ်​စိုက်​မတ်​မတ်​လုပ်​ကိုင်​​နေလျက်​ရှိပြီး သူ့ရဲ့ ပရိတ်​သတ်​​တွေအတွက်​ အစွမ်းကုန်​ကြိုးစား​နေတာပါ။

ပရိတ်​သတ်​ချစ်​တဲ့ မင်းသား​ချော​နေတိုးက ရခိုင်​သား​လေးလည်းဖြစ်​ပြီး ရခိုင်​​ပြည်​နယ်​ရဲ့ အထင်​ကရဖြစ်​တဲ့ ​မြောက်​ဦးကိုလည်း ကမ္ဘာ့​အ​မွေအနှစ်​စာရင်း​ဝင်​​စေချင်​ပုံရပါတယ်​။

ရှေးဟောင်းအမွေအနှစ်တွေနဲ့ပြည့်ဝနေတဲ့ ပုဂံက ကမ္ဘာအမွေအနှစ်စာရင်းဝင်ခဲ့ပုံနဲ့ပတ်သက်ပြီး အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဖြေကြားခဲ့ပါတယ်”ကျွန်တော်ကြိုက်တဲ့ဒေသ ကျွန်တော်သွားချင်တဲ့နေရာတွေထဲမှာ အခုလို ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့နေရာတွေ ကိုသွားဖြစ်ပြီး ပုဂံရဲ့အေ ငွ့အသက်တွေက အလိုလိုအင်အားဖြစ်ပေါ်စေတာမို့ ပုဂံကိုအရမ်းနှစ်သက်ပါတယ်"လို့ ပြောပြခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ဦးဒေသကိုလည်းကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်စေချင်တဲ့အကြောင်းကို “ရခိုင်ဘုရားရခိုင်လက်ရာတွေကလည်း တော်တော်လေးအနုပညာမြောက်ပြီး သက်တမ်းအရလည်း သတ်မှတ်သင့်တယ်လို့ ထင်မိပါတယ်လို့ “​ပြောပြသွားခဲ့ပါတယ်​။ 

ပရိတ်​သတ်​​တွေ​ရော ​အလွန်​လှပတဲ့ ​ဒေသ​လေးတစ်​ခုဖြစ်​တဲ့ ​မြောက်​ဦးကို ကမ္ဘာအ​မွေအနှစ်​စာရင်းဝင်​​စေချင်​လား​​ပြောသွားဦး​နော်​။

YOUR REACTION?

Facebook Conversations