YBS ပေါ်မှာ ဖင်ခွဲခံလိုက်ရတဲ့ကောင်မလေး ပြောပြထားတာပါ
YBS ပေါ်မှာ ဖင်ခွဲခံလိုက်ရတဲ့ကောင်မလေး ပြောပြထားတာပါ

ဒီနေ့ ညီမ YBS(14) ပေါ်မှာ ဘောင်းဘီ ဖင်ခွဲ ခံလိုက်ရပါတယ် (ဖင်နေရာပဲ ရွေးခွဲခံရတာမို့ ဖင်ခွဲတယ်လို့ပဲ ရေးခြင်း ဖြစ်ပါတယ်)

ဘောင်းဘီအရှည် ၀တ်ထားခြင်းဖြစ်ပြီး

ရုံး Uniform Sport Shirt ကို Jean ဘောင်းဘီ

ရှည်ထဲ ထည့်ဝတ်တာဖြစ်ပါတယ်....

ကြားဖူး မြင်ဖူး နေတာမို့ သတိနဲ့စီး သတိနဲ့သွား

ပေမဲ့ ကိုယ်တွေ့ကြုံမှ ခံပြင်းသိနဲ့ သိပါတော့တယ်

ရုံးအပြန်ဆို Ferry စီးနေကျ ပေမဲ့....

ရုံးအသွားဆို ထမင်းချိုင့်မမီမှားစိုးပြီး Ferry

မစီးပဲ YBS(14)ကို 8နာရီလောက်ဆို စီးလေ့

ရှိပါတယ်.....

အစ်မတွေ ညီမတွေ အားလုံးကို

ပို၍ ပို၍ သတိထားစေချင်လို့ ညီမ အရှက်အကွဲခံပြီး Sharing လုပ်ခြင်းပဲ ဖြစ်ပါတယ်....

ညီမလိုမျိုး ဘောင်းဘီအခွဲ ခံရတာ ညီမတို့

ရုံးမှာ ညီမ အပါအ၀င်နဲ့ဆို လေးယောက်မြောက်

ဖြစ်ပါတယ်....

ညီမ ရုံးက အစ်မ သုံးယောက်လဲ ရှေ့ဆင့် နောက်ဆင့် အခွဲခံရတာ အစ်မတစ်ယောက်ဆို

အထဲက အတွင်းခံဘောင်းဘီထိပြဲပါတယ်

(အသားမထိသွားတာပဲ တော်လှပြီ ပြောရမဲ့ပုံပါ)

ဒီနေရာမှာ ညီမ ပြောချင်တာက ကိုယ့်အနားမှာ

ကပ်စီးတဲ့ ယောက်ျားမှန်သမျှ ငယ်ငယ်ကြီးကြီး

သတိထားပါလို့ပဲ ပြောပါရစေ.....

ညီမ မနက် ရုံးသွားလို့ YBS(14)စီးတိုင်း

ခါးပိုက်နှိုက်နှိုက်သွားလို့ဆိုပြီး ပြောကြ 

မြင်ရတာရယ် ၊ ဆံပင်အရှည်ကြီးကို အနောက်ကနေ ဖြတ်သွားလို့ဆိုပြီး ပြောကြ

မြင်ရတာရယ် မနည်းပါဘူး နှိုက်တဲ့လူ ၊ ဖြတ်တဲ့လူ လို့ သတိထားလိုက်မိတဲ့

အချိန်တိုင်း မမိလိုက်ပဲ ဆင်းပြေးသွားတာ မနည်းပါဘူး.....ကြားဖူးသိဖူးနေတာရယ်ကြောင့်

မလွှဲသာလို့ YBS(14)စီးနေရပေမဲ့ ကားလာတိုင်း တက်ခါနီးတိုင်း ညီမ လိုရမယ်ရ ကားနံပါတ်ကြည့်

ပြီး မှတ်ပြီး တတ်စီးလေ့ ရှိပါတယ်.....

ကံဆိုးချင်တော့ ဒီနေ့ ကားနံပါတ်လဲ မမှတ်မိပဲ 

မိနစ်အနည်းငယ်နောက်ကျနေတယ်ဆိုပြီး

အနောက်ပေါက်ကနေပဲ တက်စီးပါတယ်....

(ဘာမှတော့ လုပ်လို့ရမယ် မထင်ပေမဲ့

CCTV ကို သွားကြည့်ချင်ရင်တောင် ကားနံပါတ် မမှတ်မိတော့ ဆိုးတာပေါ့)

ဖြစ်ချင်တော့ ဘယ်တုန်းကမှ ထည့်လေ့ ထည့်ထမရှိတဲ့ မှတ်ပုံတင်ရယ် ATM Card

တွေရယ် Bank စာအုပ်တွေရယ်ထည့်လာပါတယ်

(5ရက်နေ့မှ လခထုတ်ထာမို့ တခါထဲ ထုတ်ဖို့ ယူ

လာခြင်းဖြစ်ပါတယ်)

ညီမပိုက်ဆံအိတ်က အလယ်အလတ်ဆိုဒ်မို့

စလွယ် လွယ်လေ့ရှိတာကြောင့် ရှေ့ပို့ထားပြီး လက်တစ်ဖက်က ဖိကိုင်ထားပါတယ် နောက်တစ်ဖက်က တန်းကို ကိုင်ထားပါတယ်၊ ဆံပင်ကလဲခါးကျော် အရှည်ကြီးကို စီးထားပြီး

ဂျိုင်းကြားနဲ့ညှပ်ပြီး ရှေ့ပို့ထားပါတယ်.....

ထမင်းချိုင့်နဲ့ထီးကတော့ ညီမရပ်နေတဲ့ 

ခုံနားက ကလေးမလေးတစ်ယောက် ကိုင်ပေးထားပါတယ်.....

ကားကအရမ်းအကြပ်ကြီး မဟုတ်ပေမဲ့ မကြပ်တစ်ကြပ် အနေအထားမျိုးပါ ညီမ အနားမှာ သတိထားကြည့်နေသမျှ ယောက်ျား

ကြီးငယ်ရပ်စီးနေတာ သတိထားမိပါတယ်.....

ပိုပြီးသတိထားမိတာကတော့ ကျောက်ကုန်း အကျော်လောက်မှာ ကားပေါ်တက်လာတဲ့ မိန်းမက ခပ်၀၀ ညီမညာဘက်ဘေးမှာ ရပ်ပါတယ် သူ့ယောက်ျားကတော့ အသားညိုညို မျက်မှန်နဲ့

အရပ်မနိမ့်မမြင့် အသက် ၄၀ စွန်းစွန်းလောက်ရှိနိုင်ပါတယ် ညီမခန္ဓာကိုယ်နဲ့ အတင်းကပ်ပြီး အနောက်တည့်တည့်မှာ ရပ်ပါတယ်.....

အသက်ကြီးပြီး မထင်ရလောက်တဲ့ လူကြီးက

အတင်းတွေ ကြပ်သယောင်နဲ့ တိုးနေပြီး ညီမ တင်ပါးနားကို ကပ်ပြီး မထိတတိလာလုပ်နေသလို ဖြစ်မိတာကြောင့် ရိပ်မိမိခြင်း အောက်ငုံ့

ကြည့်တဲ့အခါ ညီမခြေထောက်နောက်မှာ သူ့ခြေထောက်မို့ တက်နင်းပြီး ဘယ်ဘက်အတင်း

တိုးထွက်ပါတယ် (ဒီချိန်ထိ မထိတတိ လာလုပ်နေတာကလွဲရင် ဘောင်းဘီ ဖင်ခွဲခံရမှန်း ညီမ မသိသေးပါဘူး)

ညီမဆင်းရမဲ့ တစ်မှတ်တိုင်အလိုမှာ ညီမ ဆင်းတဲ့အပေါက်ဝနားကို ထမင်းချိုင့်တွေကော

ထီးတွေကော အ့လူကြီးကို အတင်း ကျော်ယူပြီး

အမြန်ဆင်းပါတယ်(ဆင်းတဲ့အထိ သေချင်းဇိုး

ကြီးက ညီမလှည့်အကြည့်အထိ ညီမကို မျက်စိ

တစ်ဆုံး လိုက်ကြည့်ပါတယ်)

ရုံးရောက်တဲ့ အခါမှပဲ ရုံးက ညီမလေးတွေ အစ်မတွေ ပြောတော့မှ "ဟယ် အနောက်မှာ ဘောင်းဘီက ပြဲနေတာလား? ၊ အခွဲခံလိုက်ရပြီလား?" ဆိုပြီး ၀ိုင်းကြည့်တော့မှ

အခွဲပါ ခံလိုက်ရမှန်း သိပါတော့တယ်.....

ဒါတောင် ဆင်းရတဲ့မှတ်တိုင်နဲ့ ရုံးနဲ့က မလှမ်းမကမ်းလေးမို့....နို့မို့ဆို ကိုယ်မသိတော့ 

အခြားသူတွေ မြင်ရင် တော်တော် ရှက်စရာကြီးရယ်....

ညီမသူငယ်ချင်းကို ညီမ အဖြစ်အပျက်ကို 

ပြောပြတော့ ညီမသူငယ်ချင်းက အ့လူကြီးနဲ့အ့မိန်းမ ပုံစံကို ညီမ မပြောရသေးခင်

"သူတို့ပုံစံကို ငါပြောပြမယ် လင်မယား နှစ်ယောက်လားဘာလား ထင်ရတဲ့ ယောက်ျားက အသားညိုညို အရပ်မနိမ့်မမြင့် မျက်မှန်နဲ့ ၊ မိန်းမက ခပ်၀၀" ညီမ ကြုံလာတဲ့ ထိုသူနှစ်ယောက်နဲ့ ကွက်တိပါပဲ YBS(14)မှာ

သူဖြစ်မလာခဲ့ပေမဲ့ သတိထားမိနေတာ တွေ့တာ

နှစ်ခါ သုံးခါ ရှိပါပြီတဲ့ ထိုလူကြီးက မသင်္ကာစရာ

မိန်းကလေးတွေကိုပဲ သတိထားပြီး အတင်း

တွေကြည့်ပါတယ်တဲ့လေ....

ဒါဆိုရင်တော့ ခါးပိုက်နှိုက်လို့ရရင်နှိုက် ၊ နှိုက်လို့မရရင် ဟိုလို မထိတစ်ထိတွေလိုက်လုပ် ၊

မရတဲ့အဆုံး ဘောင်းဘီ ခွဲတယ်ပဲ ယူဆရ

လောက်ပါတယ်.....

ဒါကြောင့်မို့ ညီမလို ညီမတို့ရုံးက အစ်မတွေလို

ထပ်ဖြစ်မှာ ထပ်ကြုံမှာ မလိုလားလို့ ပို၍ပို၍

သတိထားစေချင်ပါတယ်နော်.....

ထိုလူကြီးကိုလဲ ကိုယ်ပြုသမျှတွေရဲ့ အကျိုးဆက်ကို ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း

ခံစားရပါစေလို့ ကျိန်ဆိုရင်း......????

crd Gue

YOUR REACTION?

Facebook Conversations