အဆိုပြိုင်ပွဲဝင်တွေ Top 10 ၀င်ရင် အောက်ခြေလွတ်သွားတယ်လို့ ပြောတဲ့ မေရွက်ဝါ
အဆိုပြိုင်ပွဲဝင်တွေ Top 10 ၀င်ရင် အောက်ခြေလွတ်သွားတယ်လို့ ပြောတဲ့ မေရွက်ဝါ

မြန်မာနိုင်ငံက ပေါများလှတဲ့ အဆိုပြိုင်ပွဲတွေကနေ ရွက်ပုန်းသီးတွေကို မွေးထုတ်ပေးနေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကနေ လူသိများပြီး နာမည်ကြီးသွားတဲ့အခါ အောက်ခြေလွတ်သွားကြသူတွေလည်း ရှိမှာပါ။ ဒီလို အောက်ခြေလွတ်သွားတဲ့ ငါးခုံးမတွေကြောင့် ဝါရင့်အဆိုတော်တွေ ဒေါသထွက်ကြရပါတယ်။ ဘယ်လို အကြောင်းရင်းတွေကြောင့်လဲ ဆိုတာကိုတော့ ကိုယ်တွေ့ခံစားချက်ကို မေရွက်ဝါက ခုလို ပြောပြသွားပါတယ်။

“အခု မြန်မာပြည်ရဲ့ ထိပ်ဆုံးပြိုင်ပွဲ မြန်မာအိုင်ဒေါ သုံးလအတွင်းမှာ နာမည်အရမ်းကြီးသွားတယ်။ ပရိသတ်တွေကလည်း မျှော်လင့်နေတယ်။ season 4 မှာ ဘယ်သူက winner ဖြစ်မလဲ ဆယ်ယောက်ထဲမှာ ပါမလည်း မသိဘူး။ ကလေးတွေက အချိန်တိုအတွင်းမှာ အသည်းအသန် ကြိုးစားခဲ့ရတယ် တော်တယ်။ သူ့ရဲ့ အထဲမှာ ပင်ကိုပါရမီပါပြီး ဖြတ်ထိုးဥာဏ်နဲ့ ဇာဝန ဥာဏ်ရှိသူသာပါတယ်။ ကလေးတွေက အပေါ်လည်း ရောက်ရော ပရိသတ် မြှောက်စားမှုနဲ့ တောက်ကြွားပြီး အပိုးမကျိုးချင်တော့ဘူး။ အကြီးစား အဆိုတော်ကြီးတွေ ဆရာကြီးတွေ လုပ်ကြတာ။” လို့ ဆိုပါတယ်။

အဆိုတော်တွေအတွက် သတိပေးစကားကိုလည်း မေရွက်ဝါက ခုလို ပြောသွားပါတယ်။

“သူတို့ရဲ့ ကြိုးစားမှုနဲ့ အရည်အချင်းကြောင့် ဒီနေရာကို ရောက်လာတယ် ဆိုပေမဲ့ နည်းနည်းလေးတော့ အပိုးကျိုးကြပါလို့ ပြောချင်ပါတယ်။ ဝမ်းစာလေးကို ပြည့်အောင် ဖြည့်ပါ။ ကိုယ်ပိုင်အလင်းရောင်လေး ထွက်အောင် လုပ်ကြပါလို့။ နောင်လာနောင်သားတွေ မှတ်ယူရအောင် ပြောခဲ့ချင်သေးတယ်။” ဆိုပြီး သတိပေးသွားပါတယ်။

ဝါရင့်အဆိုတော်ကြီးတွေကို မထီမဲ့မြင်လုပ်တဲ့ အဆိုတော်တွေအကြောင်း မေရွက်ဝါက ခုလို ပြောပြသွားပါတယ်။

“ကိုယ့်ထက်အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီး အဆိုတော်ကြီးတွေကို ချာခနဲ တိုက်သွားတာ ရှိတယ်။ တကယ့် နမူနာ ထားလေးစားရမယ့် အဆိုတော်ကြီးတွေ တိုင်းပြည်က ဘွဲ့ထူးဂုဏ်ထူးပေးထားတဲ့ အဆိုတော် ကြီးတွေရှေ့ရောက်ရင် သမီးကို မသိဘူးလား သားကို မသိဘူးလားဆိုတဲ့ အချိုးတွေ ရှိတယ်။ အဲ့ဒါလေးတွေ လျှော့ကြပါလို့။ မြို့မေတ္တာခံယူတဲ့သားတွေ မလုပ်ကြပါနဲ့လို့။ မြှောက်စားတဲ့ မီဒီယာတွေက တအားကောင်းတာကို။” ဆိုပြီး ခံပြင်းစွာ ပြောပြသွားခဲ့ပါတယ်။

Credit: Nanmalgyi 

YOUR REACTION?

Facebook Conversations