ရေဘေးသင့်ဒေသတွေကို မိသားစုလိုက် သွားရောက်လှူဒါန်းမယ် ဆိုတဲ့ သဇင်ထူးမြင့်
ရေဘေးသင့်ဒေသတွေကို မိသားစုလိုက် သွားရောက်လှူဒါန်းမယ် ဆိုတဲ့ သဇင်ထူးမြင့်

တက်သစ်စ သရုပ်ဆောင်မော်ဒယ်တွေထဲမှာတော့ တဖြည်းဖြည်း နာမည်ရလာတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှု ပြသာနာနဲ့ ရေဘေးသင့်ပြည်သူတွေကိုတော့ သူတို့ရဲ့ မိသားစုက တက်နိုင်သလောက် မိသားစုလိုက်သွားရောက် လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ အကြောင်းကိုတော့ ရင်ဖွင့် ပြောကြားလာခဲ့ပါတယ်။ အဖေဖြစ်သူ ခင်လှိုင်ကလဲ ဇဝန ဆိုတဲ့ ပရဟိတအဖွဲ့ကို ဦးဆောင်နေပြီး အလှူအတန်းမှာလက်မနှေးတဲ့ သူတို့ရဲ့ မိသားစုလေးကတော့ ရေဘေးသင့်ပြည်သူတွေကို သွားလှူဒါန်းတော့မှာ ဖြစ်ပါတယ်။

ရေဘေးဒဏ်သင့် ဒေသတွေအတွက် ဝမ်းနည်းတဲ့ အကြောင်းကို သဇင်ထူးမြင့်ကတော့ ” အရမ်းစိတ်မကောင်းဖြစ်တယ် မနေ့ကဆိုလဲ ညီမအိပ်မပျော်ဘူး ဘယ်လိုပြောရမလဲ ညီမရဲ့ဖန်ဂရုထဲမှာပါတဲ့ ညီမလေးတွေကလဲ အဲ့ဒေသမှာ ရောက်နေတာဆိုတော့ သူတို့အတွက်လဲစိတ်မကောင်းဘူး သူတိုကိုအားပေးစကားဘဲပြောရတယ် ဖေဖေတို့ကတော့ မနက်ဖြန်ကျရင်သွားလှူမယ် ညီမတို့မိသားစုတို့ ဦးဆောင်ပြီးတော့သွားလှူမယ်မှာပါ”

သွားရောက်ပြီး လှူဒါန်းဖို့အတွက်ပြင်ဆင်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး “အလှူငွေတွေပေါ့ ဖေဖေတို့က မတည်ထားပြီးတော့ ဆန်အိပ်တွေဘာတွေ လိုအပ်တဲ့ပစ္စည်းတွေပေါ့ အများကြီးစုပြီပေါ့နော် အနုပညာရှင်တော်တော်များများလဲ ပါဝင်ထားတယ် ညီမကတော့မလိုက်ဖြစ်ဘူး အလုပ်ရှိလို့”

အဖေဖြစ်သူရဲ့ အလှူတွေနဲ့ပက်သက်ပြီး “ဖေဖေက အလှူဆိုရင်တော့ အိုင်ဒီယာ အရမ်းကောင်းတယ် ရေဆိုလို့ရှိရင်လဲ လိုအပ်တဲ့ဒေသတွေကို ရေလှူတယ် ပြီးတော့လှုရွှင်တော် သက်ကြီးတွေဆိုလဲ သူအိုင်ဒီယာလေးနဲ့တစ်လ တစ်လတစ်ကြိမ် အဲ့လိုမျိုးလေးလှူနေတာတွေတော့ အလှူနဲ့ဆိုအများကြီးဘဲ ဒီတစ်ခုထဲမဟုတ်ဘူး အမြဲ သူမှာပေါ်လာလို့ရှိရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့စိတ်ပေါ့ အလှူအတန်းနဲ့ ဆိုအရမ်းရက်ရောတယ် အဲ့တစ်ခုတော့ အရမ်းအားကျတယ် ညီမတို့ကငယ်ငယ်လေးထဲက ဖေဖေတို့က သင်ပေးထားလို့လားမသိဘူး သေးသေးမွှားမွှားလေးကအစ လှူတာတန်းတာ တွန့်တိုတဲ့ထဲမပါဘူး ဖေဖေတို့ကရှေ့ဆောင်က အရမ်းကောင်းပါတယ်” ဟု ရေဘေးသင့်သူတွေကို လှူဒါန်းဖို့ ကိစ္စန့ ပတ်သက်ပြီးပြောကြားသွားခဲ့ပါတယ်။

Credit: Nanmalgyi 

YOUR REACTION?

Facebook Conversations