ငယ်ငယ်နဲ့ အိမ်ထောင်ပြုတယ်ဆိုရင် သေချာနေတာကတော့ အိမ်ထောင်ရှင်သည် တဦးလို မဖြစ်မနေ ရှင်သန်နေထိုင်ရတော့မှာ အမှန်ပင်။ အိမ်ထောင်စု ၀တ္တရားတွေ ၊ သားသမီးထိန်းကျောင်းရတာတွေ ကို ပုခုံးပေါ်ထမ်းပိုးရတော့မည်။ တအိုးတအိမ်ထောင်ထားတဲ့ အသက်ငယ်ငယ် လင်မယားလေးတွေအတွက် လမ်းပြပေးမယ့် ၊ ကူညီပေးမယ့် လူကြီးဆိုတာ အနားမှာ အမြဲရှိမှာ မဟုတ်သည့်အတွက် ဒီဝတ္တရားတွေကို ဟိုမေးဒီမေး နဲ့သာ ထမ်းပိုးရမှာ အမှန်ပါပဲ။
၂။ ဆယ်ကျော်သက်ဘဝ
မရင့်ကျက်ခင်မှာ အိမ်ထောင်ပြုလိုက်ခြင်းဟာ ဆယ်ကျော်သက်ဘ၀ရဲ့ ပျော်ရွှင်စရာတွေကို လက်လွှတ်လိုက်ရခြင်းပင်။ မရင့်ကျက်သေးတဲ့အတွက် အိမ်ထောင်သည်ဘ၀ရဲ့ အခက်ခဲတွေက အရမ်းကိုကြီးလေးလွန်းစေ တတ်သည်။ ဒီအချက်သည် တာဝန်မသိသော ပြည်သူ တယောက်ဖြစ်လာစေပြီး ၊ စိတ်ဓာတ် ဖွံဖြိုးမှုလည်းပဲ နှေးကွေးသွားတတ်သည်။
၃။ ကွာရှင်းမှု
အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုတဲ့ စုံတွဲအများစုမှာ ကွာရှင်းမှုသည် ရာနှုန်းများသော ဖြစ်နိုင်ချေ တခုဖြစ်သည်။ ကြီးလေးတဲ့ ၀တ္တရားတွေကို ခွဲဝေတာဝန်ယူဖို့ လုံလောက်တဲ့ အသိဥာဏ်နဲ့ ရင့်ကျက်မှုတွေ မရှိတဲ့အခါမှာ အကြီးအကျယ် အချင်းပွားတတ်ပြီး ကွာရှင်းဖို့အထိ ဖြစ်လာစေတတ်သည်။
၎။ ပညာရေး
ငယ်လွန်းတဲ့ အိမ်ထောင်သည်တွေဟာ တာဝန်တွေ ပိနေတတ်တဲ့အတွက် တက္ကသိုလ်ပညာရေးကို သင်ယူဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့အရာကြီးပါပဲ။ တက္ကသိုလ်တက်ရင်း ကိုယ်ဝန်ရှိသွားသူ မိန်းကလေးတွေရဲ့ ၅၀% သာ ဘွဲ့ရအောင် ကြိုးစားနိုင်ကြသည်။ ဒါတောင် အခက်ခဲတွေ အများကြီးနဲ့ ကြိုးစားခဲ့ရခြင်းဖြစ်သည်။
၅။ အလုပ်
အလုပ်အခွင့်ရေးတွေဟာ လူငယ်တွေအတွက် အရမ်းအကန့်သတ်ကြီးလွန်းပါတယ်။ ငယ်ရွယ်တဲ့စုံတွဲတွေဟာ ပညာလည်း နည်း ၊ အတွေ့ကြုံလဲနည်းနေသည့်အတွက် အလုပ်ကောင်းရဖို့ ဆိုသည်မှာ ခက်ခဲလွန်းသည့် အပြင် ၀င်ငွေနည်းနည်းလေးနဲ့ သာမာန် အိမ်ထောင်သည်တွေထက် ၂ ဆ ရုန်းကန်ရတတ်သည်။
၆။ ကလေးမွေးခြင်း
ကလေးမွေးလာတဲ့အခါမှာလည်း ခက်ခဲပေမည်။ ကလေးကို ဂရုစိုက်ခြင်းနဲ့ ပတ်သတ်တဲ့ အသိပညာနည်းနေမည့်အပြင် ၊ မိဘ လုပ်နည်းနှင့် သက်ဆိုင်သော ဗဟုသုတ ရှိရန်မှာကား မသေချာ။ ဒီ့အပြင် ဆယ်ကျော်သက်မိဘက မွေးဖွားလိုက်တဲ့ ကလေးအများစုသည် ကျန်းမာရေး ပြသနာတွေ ၊ ပညာရေး အခက်ခဲတွေကို ရင်ဆိုင်ရတတ်သည်။
၇။ ကျန်းမာရေး
ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်ခဲ့သည့်အတွက်ကြောင့် မိန်းမသားတို့၏ တစ်ဘ၀စာ ကျန်းမာရေးတွင် ဆိုးကျိုးတွေ အများကြီး ဖြစ်စေတတ်သည်။