မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကြသော ဘောလုံးပွဲစဉ်တွင် မြန်မာပရိတ်သတ်တစ်ဦးက ကွင်းထဲသို့ ပြေးဝင်လာသော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ပရိတ်သတ်သည် ပွဲချိန် မိနစ် ၄၀ အချိန်တွင် ကွင်းထဲကို ပြေးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါမှာတော့ အဆိုပါ ပြေးဝင်သူကို မင်္ဂလာတောင်ညွန့် ရဲစခန်းက ရဲအက်ဥပဒေဖြင့် အရေးယူထားပါတယ်။

ယခုကဲ့သို ကွင်းထဲသို့ ပြေးဝင်ခဲ့သော ဖြစ်ရပ်ကြောင့် မြန်မာဘောလုံးအဖွဲ့ ချုပ်အနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သောင်း (ကျပ် သိန်း ၃၀၀) ဒဏ်ငွေဆောင်ရနိုင်ဖွယ်ရှိပါသည်။
ဘောလုံးကွင်းထဲသို့ ဝင်ရောက်လာသူမှာ သာကေတမြို့ နယ်တွင်နေထိုင်သူ ဆန်းမင်းဦး အသက် ၂၅ နှစ်ဆိုသူဖြစ်ပါသည်။ ဒဏ်ငွေအပြင် နောက်ပိုင်း အိမ်ကွင်းအဖြစ်လက်ခံကျင်းပမည့် ပွဲစဉ်များတွင် ယခုကဲ့သို့ မဖြစ်ပွားစေရန် ပြင်းပြင်းထန်ထန် သတိပေးမှုများလည်း ခံရဖွယ်ရှိကြောင်းသိရပါတယ်။
Source: ပြည်မြန်မာသတင်း