ရန်ကုန် မြို့မှာ ကျင်းပ နေတဲ့ မြန်မာ အင်တာနေရှင်နယ် စီးရီး ၂၀၁၉ ကြက်တောင် ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဟာ အိန္ဒိယ ကစားသမား ကို အနိုင် ရရှိခဲ့ပါတယ်။

သက်ထားသူဇာ ဟာ အိန္ဒိယ ကြက်တောင် အားကစားသမား ဆာမီယာ နဲ့ သုံးပွဲ ကစားရာမှာ ပထမ တစ်ပွဲမှာ ၂၁ -၁၃ နိုင်ခဲ့ပါတယ်။ ဒုတိယ ပွဲမှာတော့ ၁၃-၂၁ ရှုံးနိမ့် ခဲ့ပြီး၊ တတိယ ပွဲမှာ ၂၁-၁၆ နဲ့ အနိုင် ရရှိကာ အကြိတ်အနယ် ကစားပြီး ဆီးမီးဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: ဖြစ်ရပ်မှန်သတင်းများ