မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Myanmar International Series ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသမီးကြက်တောင်ကစားသမား သက်ထားသူဇာဟာ ပြိုင်ဘက်အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီကို ရှုံးသွားပါတယ်။

သက်ထားသူဇာဟာ အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီကို ပထမပွဲငယ် မှာ(၁၅-၂၁)မှတ်၊ ဒုတိယပွဲငယ်မှာ (၁၇-၂၁)မှတ်နဲ့ အရေးနီမ့် ခဲ့တာဖြစ်ပါတယ်။
Source: ဖြစ်ရပ်မှန်သတင်းများ