ရေးသားသူ – ကာမမင်းသား

အချိန်က ညနေဆည်းဆာ အချိန် ဖြစ်သည်။ ရွာလမ်းတလျှောက် အသက်သုံးဆယ်လောက်ရှိသော အသားနီစပ်စပ်နှင့် တရုတ်ကပြားပုံပေါက်နေသော လူတစ်ယောက် လျှောက်လို့လာသည်။ ထိုသူမှာ ခြံတစ်ခြံရှေ့သို့ ရောက်လျှင် ရပ်၍ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။

ခြံထဲတွင် သုံးပင်နှစ်ခန်း ပျဉ်ထောင်အိမ်လေးတစ်လုံး ရှိနေသော်လည်း အိမ်ရှေ့တွင် ခြံစပ်ထိ စိုက်ပျိုးထားသည့် ရွက်လှပင်များ၊ ကိုရန်ကြီးပင်များ၊ ဖလံတောင်ဝှေးပင်များကြောင့် ပျဉ်ထောင်အိမ်လေးမှာ အိမ်ရှေ့ဖိနပ်ချွတ်၏ လည်ပေါ်နေရာလောက်သာဖြစ်၍ နေရလေသည်။ ခြံစည်းရိုးမှာ မဒမတိုင်နှင့် ဝါးကပ်တိုင်များ ကာရံထားပြီး ခြံတံခါးမှာမူ ဖွင့်ထားသဖြင့် ထိုသူမှာ ခြံဝင်းအတွင်းသို့ လျှောက်ဝင်ခဲ့လေသည်။

” တင်လှရေ.. ဟေ့ တင်လှ ”

ခြံထဲသို့ လှမ်းမျှော်၍ ခေါ်လိုက်ပြီး အတန်ငယ်မျှ နားစွင့်လိုက်သည်။ အထဲမှ အသံမကြားရသဖြင့် ထိုသူက ထပ်၍ ခေါ်ပြန်သည်။

” တင်လှရေ.. တင်လှ မရှိဘူးလား ”

” အစ်ကိုခင်ရွှေလား.. လာလေ ဝင်ခဲ့လေ.. ”

အထဲမှ မတင်လှ၏ အသံစာစာလေးကို ကြားလိုက်ရလျှင် ခင်ရွှေဆိုသူမှာ ခြံထဲသို့ ဝင်လာခဲ့သည်။

” ကျမ အိမ်ဘေးမှာ အစ်ကိုရေ.. အိမ်ဘေးကိုလာ.. မြို့ဘာမှာလိုက်လို့လဲ.. ”

ခင်ရွှေမှာ မြို့နှင့် ပဲ့ထောင်ဆွဲနေသူဖြစ်ပြီး မတင်လှမှာ မြို့မှ အထည်များယူကာ ရွာတွင် ရောင်းနေသူဖြစ်လေသည်။

အိမ်ရှေ့မှနေ၍ ဘေးသို့ ကွေ့ဝင်လိုက်သည်နှင့် ခင်ရွှေ မတင်လှကို တွေ့လိုက်ရသည်။ မတင်လှမှာ အိမ်ဘေးမှ ရေစင်တွင် ရေချိုးနေသည်။ ကိုခင်ရွှေ ဝင်လာရာဘက်ကို တစောင်းပေး၍ ရင်လျားထားသော ရေလဲထမီကို အပေါ်အထက်ဆင်နေရာမှ ကိုင်ကာ လည်းပင်းဘေးတို့ကို ဂျီးတွန်းနေသည်။ ခင်ရွှေဘက်မှ ကြည့်လျှင် မတင်လှ၏ နို့တစ်လုံးမှာ နို့သီးခေါင်းမှ လွဲ၍ နို့အုံတစ်ခုလုံးကို မြင်နေရသည်။ ခင်ရွှေ ဘာမှ မပြောနိုင်သေး။ မတင်လှကို မျက်တောင်မခတ် ကြည့်နေမိသည်။

ကလေးတစ်ယောက်အမေ မတင်လှမှာ အပျိုရှူံးလောက်အောင် လှနေကြောင်း အခုမှ ခင်ရွှေ သတိထားမိသည်။ ရေစက်ရေပေါက်များနှင့် ဖြူဝင်းသော အသားအရည်လေးက ကလေးအမေမို့ ပျော့တွဲ၍မနေပဲ ပြည့်ပြည့်တင်းတင်းလေးနှင့် ဖောင်းဖောင်းကစ်ကစ်လေး ဖြစ်နေသည်။

မတင်လှ အသက်ကလည်း ငယ်သေးသည်။ အခုရှိလှမှ နှစ်ဆယ့်ရှစ်နှစ်ထက် မပိုနိုင်ကြောင်း ခင်ရွှေ သိသည်။ ရေစိုထားသော ထမီက အသားနှင့် တသားတည်း ကပ်နေတော့ သူမ၏ ခန္ဓာကိုယ်ကို အတိုင်းသား မြင်နေရသည်။

မတင်လှ၏ ကိုယ်လုံးမှာ ဆူဆူဖြိုးဖြိုး ဖောင်းဖောင်းကားကား လုံးလုံးတစ်တစ်ကြီး မဟုတ်ပဲ ငါးရံ့ကိုယ်လုံးလေး ဖြစ်သည်။ ရေစက်ရေပေါက်များနှင့် ဖြူဝင်းသော အသားအရည်နှင့် အဆီပိုမရှိပဲ သူ့နေရာနှင့်သူ ဖောင်းဖောင်းမို့မို့ရှိသည်။ ဘေးတိုက်မြင်နေရသော နို့တစ်လုံးကပင် ကလေးအမေပေမဲ့ ပျော့အိ၍မနေပဲ ပဲပေါက်စီလေးနှယ် ဖွေးဖြူဥ၍ တင်းနေသည်။

ကိုခင်ရွှေ ရပ်ကြည့်နေသည်ကို သိပေမယ့် မတင်လှမှာ မသိချင်ယောင်ဆောင်၍ ရေဆက်ချိုးနေသည်။ ဒါပေမယ့် သူမမျက်နှာကတော့ ပြုံးယောင်သန်းနေလေသည်။ ကိုခင်ရွှေ၏ အကြည့်တွေက သူမ၏ အောက်ပိုင်းကို ရောက်သွားပြန်သည်။ တစောင်းတွေ့ရသော တင်သားတွင် ရေစိုထမီမှာ လက်နှစ်လုံးလောက် ခေါက်တင်နေပြီး အောက်ဖက်မှ ဖင်သားကြီးတစ်ခုလုံးမှာ ရေစိုထမီနှင့်ကပ်လျှက် ပြန့်ပြန့်ကားကား ဖောင်းဖောင်းမို့မို့ ပြောင်တင်း နေသည်။ ခင်ရွှေ စိတ်သာမက ပစ္စည်းကြီးပါ တောင်ထလာသည်။

” ဟေ့.. အစ်ကိုခင်ရွှေ.. ဘာကြည့်နေတာလဲ.. ”

မတင်လှက ပြောင်စပ်စပ် မျက်နှာပေးနှင့် လှမ်းပြောလိုက်သည်။ ခင်ရွှေ မျက်နှာကြီး နီရဲသွားသည်။

” နင့်ကို ကြည့်နေတာလေ.. မမြင်ဘူးလား ”

” အဟိ.. ဘာများကြည့်ကောင်းလို့လဲ.. ”

သူတို့တတွေက ဘိုးစဉ်ဘောင်ဆက်ကတည်းက တရွာတည်း နေလာကြသော ပြောမနာ ဆိုမနာများဖြစ်သည်။ ထို့အပြင် မတင်လှမှာ ခင်ရွှေ့မိန်းမနှင့်လည်း သူငယ်ချင်းများ ဖြစ်ကြသည်။ ခင်ရွှေက မတင်လှကို စကားမပြန်သေးဘဲ အိမ်ပေါ်သို့ လှမ်းကြည့်သည်။

” ဘယ်သူမှ မရှိဘူး.. ရှင့်သူငယ်ချင်းက ထုံးစံအတိုင်း ရွာရိုးကိုးပေါက်သွားတယ်..။ ငွေခဲက အမေတို့ လာခေါ်သွားတယ်..။ ကဲ.. ပြောစမ်းပါဦး.. ကျမက ဘာများကြည့်ကောင်းလို့လဲ.. ”

” ကြည့်ကောင်း မကောင်းတော့ မသိဘူး.. ဒီမှာ ငါတော့ မနေတတ်တော့ဘူး ”

ကိုခင်ရွှေက ပေါင်ကြားမှ ထောင်ထနေသော သူ့ဟာကြီးအား ပုဆိုးပေါ်မှ လက်နှင့် ဆုပ်ကိုင်၍ လှုပ်ရမ်းပြလိုက်သည်။ မတင်လှမျက်နှာ ရဲကနဲဖြစ်သွားသည်။

” ကဲ.. ကြည့်ကောင်းရင်လဲ.. ဒီမှာကြည့်.. ”

မတင်လှက ပြောလဲပြော သူမ ထမီကို စွန်တောင်ဆွဲ၍ သူမကိုယ်တခြမ်းကို လှပ်ပြလိုက်လေသည်။ သူမတကယ်ပင် အပျိုရှူံးကြောင်း ခင်ရွှေ ထပ်လောင်းသတိပြုလိုက်မိပြီး ကတုန်ကယင်ဖြစ်ကာ ရှေ့သို့ တစ်စုံတစ်ခု လုပ်တော့မယ့်ဟန်နှင့် တစ်လှမ်းတိုးလိုက်သည်။

မတင်လှ သူမထမီကို ကပျာကယာ ပြန်ဝတ်လိုက်သည်။ ” တော်ပြီ.. ဒီလောက်ဆို တော်ပြီ.. ” သူ့ကို အာရုံပြောင်းဦးမှဟု တွေးကာ မတင်လှ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

” အစ်ကိုခင်ရွှေ ဘယ်ကလှည့်လာတာလဲ.. ”

ပုံမှန်မျက်နှာထားနှင့် မေးလိုက်သည်။

” ငါ အဖေတို့အိမ်သွားမလို့.. ပဲ့ထောင် နက်ဖြန်ထွက်မယ်.. ဘာမှာဦးမလဲလို့ ဝင်မေးတာ ”

” ပဲ့ထောင်ထွက်ရက်က သဘက်ခါ မဟုတ်ဘူးလား.. ကျမအထည်ဖိုးတွေတောင် လိုက်မသိမ်းရသေးဘူး.. ”

” မြို့က ပို့/ဆက်မှာ လိုင်စင်ဝင်ရမှာမို့ မနက်ဖြန်ထွက်ရမှာ ”

” အစ်ကိုခင်ရွှေ အဘစံတို့အိမ် သွားမှာမို့လား.. သွားလေ.. အပြန်ကြဝင်ခဲ့ဦး.. ကျမမြို့က အထည်ဆိုင်က အပျိုကြီးတွေဆီ စာရေးပေးလိုက်မယ်.. ”

” အေး အေး ”

ခင်ရွှေ လှည့်ထွက်ပြီးကာမှ မတင်လှဘက်သို့ သမင်လည်ပြန် လှည့်၍ ကြည့်မိသည်။ သူ့ကို ကြည့်နေသော မတင်လှနှင့် မျက်လုံးချင်း ဆိုင်မိသွားသည်။ မတင်လှက သူ့ကို ဘယ့်နှယ်လဲဟူသော မျက်နှာပေးနှင့် ပြုံးပြလေနေသည်။

ခင်ရွှေ ထွက်လာခဲ့ပြီး လမ်းမပေါ်ရောက်လာသည့်တိုင် သူ့ပေါင်ကြားထဲက ပစ္စည်းကြီးမှာ ပြန်မကျသွားခဲ့သေးချေ။ မတင်လှမှာလည်း စိတ်ထဲ အကျေနပ်ကြီး ကျေနပ်၍ ကျန်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကြောင့် ကိုခင်ရွှေမှာ မနေနိုင် မထိုင်နိုင် ဖြစ်သွားရပြီ။ ဘယ်မိန်းမ မဆို ကိုယ့်ခန္ဓာကိုယ်အလှကို ဖိုသတ္တဝါတွေ သဘောကျကြတာကို နှစ်ခြိုက်ကျေနပ်ကြသည်။

ထို့ထက်ပိုတာ ရှိသေးသည်။ ကိုခင်ရွှေ့မိန်းမက မတင်လှနှင့် သူငယ်ချင်းဆိုပေမဲ့ အပြောကြီးသည်။ သူ့ယောကျ်ား ဘယ်လောက်ရိုးကြောင်း၊ သူကလွဲလျှင် ကျန်တဲ့မိန်းမတွေ ဖွဲဆန်ကွဲဖြစ်ကြောင်း၊ ဒီလိုဖြစ်အောင်လည်း သူမက ကိုခင်ရွှေကို ထိန်းထားနိုင်ကြောင်း မကြာခဏ ကြွားဝါ ပြောဆိုနေကျဖြစ်သည်။

မတင်လှမှာမူ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ မတင်လှယောက်ျားကတော့ ပွေသည် ရှုပ်သည်။ ဘယ်မိန်းမမှ မရှောင်သူလည်း ဖြစ်သည်။ ဒီတော့ မတင်လှခင်မျာ အနာပေါ် တုတ်ကျသလိုဖြစ်ကာ ကိုခင်ရွှေ့မိန်းမကို မကျေမချမ်း ဖြစ်နေရလေသည်။

အခုတော့ ပြုံးနိုင်လေပြီ။ ဆိတ်ကွယ်ရာတွင် ကိုခင်ရွှေနှင့် သူမနှစ်ယောက်ထဲတွေ့ပြီး အခုဆို ကိုခင်ရွှေစိတ်ထဲ သူမခန္ဓာကိုယ်အား မှန်းနေမည်မှာ အသေအချာဖြစ်ကြောင်း မတင်လှ တထစ်ချသိလိုက်ပြီ။

ကိုခင်ရွှေက သူ့ဟာကြီးကို ကိုင်၍ လှုပ်ရမ်းပြသည်ကို မတင်လှ စိတ်ကရောက်သွားသည်။ အပေါ်မှ ပုဆိုးဖုံးနေသော်လည်း ကိုခင်ရွှေ့ပစ္စည်းကြီးက သိပ်မသေးလှကြောင်း ခန့်မှန်းမိလိုက်သည်။ ကိုခင်ရွှေ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သူမကို အတင်းဆွဲလုပ် သွားရင် ဘယ့်နှယ်လုပ်မလဲလို့ စဉ်းစားမိသည်။ ထိုသို့ အတင်းကာရောလုပ်လဲ မတင်လှက လိုက်လျောလိုက်ရန်သာ ဆုံးဖြတ်ထားသည်။ ယောက်ျားဖြစ်တဲ့သူက မိန်းမပွေတော့ အိမ်ကမယားကို ချောင်ထိုးထားသလို ဖြစ်နေရသည်။ မိန်းမလုပ်တဲ့သူမှာလည်း သွေးနှင့် သားနှင့်ဖြစ်သည့်အပြင် အသက်ကလည်း အခုမှ သုံးဆယ်မကျော်သေးပဲ အရွယ်ကောင်းတုန်းဖြစ်ရာ ဆန္ဒဖြေဖျောက်ဖို့တော့ အာသီသရှိသည်ပင်ဖြစ်သည်။

– – – – – – – – – – – – – – – – – – – –

သူ၏ အဖေအိမ်မှ အပြန်ခရီးတွင် ခင်ရွှေတစ်ယောက် လမ်းတလျှောက် ခြေထောက်နှင့် မြေကြီး ထိတယ်လို့ပင် မထင်။ အပြန်ဝင်ခဲ့ဖို့ မတင်လှက မှာထားသည် မဟုတ်ပါလား။ ခင်ရွှေ၏ အတွေးထဲတွင်လည်း မတင်လှ၏ ယောကျ်ားပြောဖူးသော ” ကလေးမွေးတုန်းက သူ့မိန်းမပစ္စည်းကို တစ်ချက် ပိုချုပ်ထားသဖြင့် အပျိုတုန်းကထက်ပင် ပိုကျဉ်းသွားကြောင်း ” စကားကို ကြားယောင်နေမိသည်။

မတင်လှ၏ ခြံရှေ့ရောက်တော့ ခင်ရွှေ ခေါ်မနေတော့ဘဲ ခြံထဲ တန်းဝင်သွားလေသည်။ အိမ်ရှေ့သို့ ခြေလှမ်းလိုက်သည်နှင့်..

” အိမ်ပေါ်တက်ခဲ့.. ကိုခင်ရွှေ.. ”

ဟူသော မတင်လှ အသံလေး ထွက်ပေါ်လာသည်။ ခင်ရွှေ လှေခါးထစ်တွင် ဖိနပ်ချွတ်၍ အိမ်ပေါ်သို့ လှမ်းတက်လိုက်လျှင် အိမ်အတွင်းဘက်မှ ထွက်လာသော မတင်လှကို တွေ့လိုက်ရသည်။ ပါတိတ်ပွင့်ရိုက် တပတ်နွမ်းထဘီလေးကို တင်းတင်းရင်းရင်းလေး ဝတ်ထားပြီး အပေါ်မှ ရှပ်အင်္ကျီလက်တိုလေး တစ်ထည်ကို အပြင်ထုတ်ဝတ်ထားသည်။ မျက်နှာတွင် သနပ်ခါးရည်ကြဲလေးကို ပါးပါးလေး လိမ်းထားပြီး ဆံပင်လေးကို နောက်တွဲလေး ထုံးထားသည်။

ကုလားထိုင်ရှိရာသို့ လှမ်းတက်လာသော ကိုခင်ရွှေနှင့် အိမ်အတွင်းဘက်မှ ထွက်လာသော မတင်လှတို့ မျက်နှာချင်းဆိုင်မိကြသည်။

” ထိုင်လေ.. ”

မတင်လှက ကုလားထိုင်ကော်ခုံကို မေးငေါ့၍ ရယ်ကြဲကြဲနှင့် အပြော၊ ကိုခင်ရွှေက သူမ၏ စကားကို မကြားဟန်နှင့် မတင်လှ၏ လက်တစ်ဖက်ကိုလှမ်း၍ဆွဲသည်။ မတင်လှက သူမ၏ လက်ကို ကိုယ်အနောက်သို့ ရုတ်လိုက်သည့်အပြင် ခြေတစ်လှမ်းကိုလည်း နောက်သို့ ဆုတ်လိုက်သည်။

” ဘာ..လုပ်မလို့လဲ.. ”

အသံပြတ်နှင့် မေးလိုက်သော်လည်း မတင်လှ၏ မျက်နှာက ပြုံးယောင်သန်းနေကြောင်း ခင်ရွှေ တွေ့လိုက်ရသည်။ သူ ဗြုံးကနဲ မတင်လှကို ဘာမှ ပြန်မပြောမိ။ ပထမဆုံးခြေလှမ်း မအောင်မြင်လိုက်သဖြင့် ရှုသိုးသိုးနှင့် ငေါင်ငေါင်ကြီး ဖြစ်သွားသော ကိုခင်ရွှေကို ကြည့်ကာ မတင်လှ သဘောတွေ့နေသည်။

” မေးနေတယ်လေ.. ဘာလုပ်မလို့လဲ..လို့.. ”

ကျောင်းသားလေးတစ်ယောက်ကို ဆရာမကမေးသော လေသံမျိုးနှင့် အထက်စီးမှ မေးသည်။ မိန်းမတွေက ဒီလိုပါပဲ..။

” ငါလေ.. နင့်.. နင့်ကို… ”

ကိုခင်ရွှေ အထစ်ထစ်အငေါ့ငေါ့ ပြောနေပုံကို ကြည့်ပြီး မတင်လှ ပြုံးလိုက်သည်။ ပြီးတော့ သူမ မျက်နှာထားကို ပြန်၍ တည်လိုက်သည်။

” ရှင့်မှာ.. မိန်းမရှိတာပဲ.. ရှင့်မိန်းမဆီ ရှင် သွားပေါ့.. ”

အနီးကပ်တွေ့နေတော့ မတင်လှ၏ ရေချိုးပြီးစ သန့်ရှင်းသပ်ရပ်ကျော့ရှင်းသော အလှနှင့် စောစောက သူတွေ့ခဲ့ရသည့် ဝတ်လစ်စလစ်နီးပါး အလှတို့ ပေါင်းကာ သူ့ကို ဖမ်းစားထားလေပြီ။ သနပ်ခါးနံ့သင်းပျံ့ပျံ့လေးကလည်း ထပ်ဆင့်ကာ ခင်ရွှေ့ရင်တွေကို တဒိန်းဒိန်း ခုန်လာစေသည်။

” တင်လှရာ နင်ကလဲ..ဟာ ”

” ဘာလုပ်မလို့လဲ.. ရှင်းရှင်းပြောလေ.. ”

” ငါ..ငါ.. ဟို..ဟို.. နမ်းချင်လို့ ”

” ဟင်း.. ဟင်း.. ဒါများ.. ”

မတင်လှ၏ စကားမဆုံးလိုက်၊ ခင်ရွှေက သူမကို အတင်းဝင်ဖက်၍ နမ်းသည်။ မတင်လှမှာ မရုန်းကန်သည့်အပြင် အလိုက်သင့် ငြိမ်၍ခံသည်။ ကိုခင်ရွှေ၏ ကမူးရှူးထိုးအနမ်းတွေက သူမအပေါ် အသဲအသန် ဖြစ်နေသည်ကို ဖော်ပြသဖြင့် မတင်လှမှာ ကြည်နူး၍နေသည်။

အမှန်တော့ ခင်ရွှေမှာ သူ့မိန်းမကလွဲ၍ တခြားမိန်းမများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့တာဖြစ်သည်။ ဒါကို တစ်ရွာလုံးက သိသလို မတင်လှလည်း သိသည်။

သနပ်ခါးရေကြဲလေး လိမ်းထားသည့် မတင်လှ၏ မျက်နှာအနှံ့ နမ်းရုံမျှမက သူမ၏ နှုတ်ခမ်းလေးကိုလည်း ဆွဲ၍ စုပ်သည်။ ဒီကြားထဲ ကိုခင်ရွှေ၏ လက်တွေက အငြိမ်မနေပဲ မတင်လှ တကိုယ်လုံးပေါ်တွင် လှုပ်ရှားပြေးလွှားနေသည်။ ရင်သားတွေပေါ် သူ့လက်က ရောက်သွားသော မတင်လှမှာ အတွင်းမှ ဘော်လီအင်္ကျီ ဝတ်မထားပဲ အပေါ်မှ ရှပ်အင်္ကျီလက်တိုလေး တစ်ထည်ထဲ ဝတ်ထားကြောင်း သိလိုက်ရသည်။ နို့အုံလေးတွေကို ညှစ်နယ်ရင်း နို့သီးလေးတွေကို စမ်းကာ ချေမွပေးသည်။ ထို့အပြင် လက်တစ်ဖက်ကလည်း သူမ၏ တင်သား ကျစ်ကျစ်ကားကားလေးကို ဆုပ်နယ်ဖျစ်ညှစ်နေသည်။

ကိုခင်ရွှေ၏ ထောင်ထနေသော ပစ္စည်းကြီးက ပုဆိုးအတွင်းမှနေ၍ မတင်လှ ဝမ်းဗိုက်တဝိုက်ကို ဟိုဒီထိုးထောက်နေသည်။ ဒါကို မတင်လှက မတ်တပ်ရပ်လျှက်မှနေ၍ သူမ၏ ပေါင်လေးကို မသိမသာ မြောက်ကာ မြောက်ကာနှင့် ကိုခင်ရွှေ့ဟာကြီးကို ပုတ်ပုတ်ပေးသည်။

ကိုခင်ရွှေ တရှူးရှူး ဖြစ်လာသလို မတင်လှကိုလည်း အတင်းညှစ်၍ ဖက်ထားသည်။ မတင်လှမှာ ကိုခင်ရွှေတစ်ယောက် သွေးတွေ အစွမ်းကုန် ဆူပွက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

” တော်..တော်ပြီ.. ”

မတင်လှမှာ ကိုခင်ရွှေလက်ထဲက ရုန်းထွက်လိုက်သည်။ ကိုခင်ရွှေ မလွတ်ချင် လွတ်ချင်ဖြင့် သူမကို လွှတ်ပေးလိုက်သည်။

” ကဲ.. လုပ်ချင်ရာလုပ်ပြီးပြီ.. ပြန်တော့လေ.. ”

မျက်နှာတည်တည်လေးဖြင့် ပြောနေသော မတင်လှအား ကိုခင်ရွှေမှာ အားမလိုအားမရ ကြည့်နေရှာသည်။

” ပြန်တော့လို့ ပြောနေတယ်လေ.. ”

” တင်လှကလည်းဟာ.. ခုချိန်ကြမှတော့.. မထူးတော့ပါဘူး.. ငါ လုပ်ပါရစေဟာ ”

” အို.. မရဘူး.. မရဘူး.. ကျမ စဉ်းစားဦးမယ်.. အခုတော့ ရှင့်မိန်းမ ရှင် ပြန်လုပ်ဦး.. ”

” တင်လှကလည်းဟာ ”

” အို.. အို.. မလုပ်နဲ့လေ.. ”

မထူးတော့ဘူးဆိုသည့် သဘောဖြင့် ကိုခင်ရွှေက လှမ်းဆွဲသည်။ မတင်လှက ကွေ့ပတ်ရှောင်ဖယ်ပြီး သူ့ကို တွန်းထုတ်လိုက်သည်။

” ကျမ စဉ်းစားလိုက်ဦးမယ်လို့ ပြောပြီးပြီနော်.. ဘယ်လိုလဲ.. အိမ်ပေါ်တက်ပြီး စော်ကားတာ ရှင့်မိန်းမကို ပြောလိုက်ရမလား.. ”

ကိုခင်ရွှေ ရှေ့ကိုမတိုးတော့ဘဲ မတင်လှ၏ တကိုယ်လုံကို မကျေမချမ်းနှင့် ကလေးဆိုးကြီးလို ကြည့်ကာ ငေါင်၍ ရပ်နေသည်။ သူမက သူ့ကို မျှော်လင့်ချက်ပေးထားပြီးပြီ။ မတင်လှမှာ သူ့ကို အရုပ်တစ်ရုပ်နှယ် ကိုင်တွယ် ကစားနေချေပြီ။

” ကဲ.. အစ်ကိုခင်ရွှေ ပြန်တော့.. တော်ကြာ ရှင့်သူငယ်ချင်းပြန်လာလို့ ကျမတို့နှစ်ယောက်ထဲ ရှိတာ တွေ့သွားရင် မကောင်းဘူး.. ”

မတင်လှမှာ ပွယောင်းထသွားသော သူမ၏ဆံပင်ကို လက်နှင့် ပြုပြင်ရင်း ပြောသည်။ ကိုခင်ရွှေ သက်ပြင်းချပြီး လှည့်ထွက်သွားတော့ သူ့ကျောပြင်ကို ကြည့်ကာ မတင်လှ ပြုံးလိုက်သည်။ လှေခါးထစ်ကို ဆင်းပြီးကာမှ တစုံတခုကို သတိရသွားဟန်ဖြင့် ကိုခင်ရွှေ သူမဘက်ပြန်လှည့်လိုက်သည်။

” နင်မြို့ကို စာပေးလိုက်မယ်ဆို ”

” မပေးတော့ဘူး.. ”

ပြောပြီး မတင်လှက အိမ်ထဲသို့ လှည့်ဝင်သွားသည်။ ခင်ရွှေက သူမ၏ ဖင်ကြီးကို အာသာငမ်းငမ်းဖြင့် ကြည့်ပြီး ဖိနပ်စီး၍ ခြံထဲသို့ ဆင်းလိုက်သည်။ ထိုအခိုက်..

” မနက်ဖန်.. ကျမ မြို့ကို လိုက်ခဲ့မယ်.. ”

မတင်လှ၏ ခပ်တိုးတိုးအသံအား ခင်ရွှေ ကြားလိုက်ရလေသည်။

ရွာနှင့် မြို့မှာ တစ်နေကုန်သွားရသော ခရီးဖြစ်သည်။ ခင်ရွှေတို့ ပဲ့ထောင်မှာ မနက်(၇)နာရီလောက် ရွာကထွက်လျှင် ညနေ(၄)နာရီကျော်မှ မြို့ကို ရောက်သည်။ ထုံးစံအတိုင်းဆိုလျှင် နောက်နေ့မြို့မှာနေပြီး နောက်တစ်ရက်မှ ရွာသို့ ပြန်ထွက်လေ့ရှိသည်။ သို့ရာတွင် ယခုတစ်ခေါက်တွင် ပို့ဆက်လိုင်စင် ဝင်ရမည်ဖြစ်ရာ ခင်ရွှေတို့ပဲ့ထောင်မှာ မြို့တွင် သုံးရက်ခန့်ကြာအောင် နေရမည် ဖြစ်လေသည်။

အများသူငါ ခရီးသည်များကြားတွင် မတင်လှမှာ ကိုခင်ရွှေကို မသိချင်ယောင်ဆောင်ကာ ပုံမှန်ထက်ပို၍ မဆက်ဆံပေ။ ကိုခင်ရွှေကလည်း အခြေအနေကို သုံးသပ်၍၎င်း၊ မတင်လှ၏ အရိပ်အခြေကို ကြည့်၍၎င်း ခရီးသည်များကြားတွင် ပုံမှန်ထက်ပို၍ မတင်လှအား ပြောဆိုဆက်ဆံခြင်း မပြုမိစေရန် သတိထားနေရလေသည်။ ဒါပေမယ့် ကိုခင်ရွှေ၏ အကြည့်များကတော့ မတင်လှဆီသို့ မကြာခဏဆိုသလို ခိုးကြောင်ခိုးဝှက် ရောက်သွားလေ့ရှိသည်။

ပဲ့ထောင် မြို့သို့ ဆိုက်သောအခါ မတင်လှမှာ သူ့အိတ်သူပိုက်ကာ တက်သွားသည်ကို တွေ့လိုက်ရသည်။ ခင်ရွှေစိတ်ထဲတွင်တော့ မတင်လှ သွားရောက်တည်းခိုမည့် အထည်ဆိုင်ပိုင်ရှင် အပျိုကြီးတွေအိမ်ကို သူ ကောင်းကောင်းသိသည်။ မတင်လှ အထည်ဖိုးရှင်းခိုင်းတိုင်း ရောက်နေကြဖြစ်သည်။ မနက်ဖန်ကြမှ ထိုအိမ်သို့ လိုက်သွားတော့မည်ဟု တွေးလိုက်မိသည်။

မတင်လှမှာ သူတို့ပဲ့ထောင် ပြန်ထွက်မှသာ ရွာသို့ ပြန်လိုက်နိုင်မည်ဖြစ်သည်။ ရွာတွင်က မြို့သို့ထွက်သော ရေယာဉ်မှာ ကိုခင်ရွှေတို့ ပဲ့ထောင်တစ်စင်းသာ ရှိလေသည်။ ပဲ့ထောင် မြို့သို့ ဆိုက်ပြီးသည်နှင့် ခင်ရွှေ ကုန်ပစ္စည်းကိစ္စများနှင့် အလုပ်ရှုပ်နေသည်။ တစ်နာရီလောက်အကြာတွင် မတင်လှမှာ သူမ၏ အထုပ်လေးကို ပိုက်၍ ပဲ့ထောင်ဆီသို့ ပြန်ရောက်လာလေသည်။

” အစ်ကိုခင်ရွှေ.. အစ်ကိုခင်ရွှေ.. ”

” ဟာ.. တင်လှ.. ဘာဖြစ်လို့လဲ ”

” ဟို..လေ.. အပျိုကြီးတွေ မရှိကြဘူး.. ဘုရားဖူးထွက်သွားကြတယ်တဲ့.. ”

ခင်ရွှေ သဘောပေါက်သွားပြီ။ မတင်လှမှာ တည်းခိုစရာမရှိ ဖြစ်နေလေပြီ။ သူ့ရင်ထဲ ကုလားဘုရားပွဲလှည့်နေပြီ။

” ပဲ့ထောင်ထဲ ဆင်းထိုင်နေဟာ.. နောက်ပြီးမှ ငါစီစဉ်ပေးမယ် ”

” ဟုတ်ကဲ့.. ”

” ဒါနဲ့ နင် ညစာ စားပြီးပြီလား ”

” မစားရသေးဘူး.. ”

” ဆာနေမှာပေါ့ ”

ကိုခင်ရွှေ၏ အကြင်နာစကားကြောင့် မတင်လှ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။

” အကြော်ဝယ်စားလာတယ်.. သိပ်ပြီး မဆာသေးပါဘူး.. ”

” အော်.. အေး.. ပဲ့ထောင်ထဲ ဆင်းနေ.. ငါလာခဲ့မယ် ”

” ဟုတ်ကဲ့.. ”

မတင်လှ ပဲ့ထောင်ထဲ ဆင်းသွားသည်။ ခင်ရွှေမှာ အလုပ်များနေရင်း စိတ်ကသိပ်ပြီး မဖြောင့်ချင်တော့ပေ။ လုပ်စရာများကို မြန်မြန်ဖြတ်ကာ ပဲ့ထောင်ထဲဆင်းသွားလိုက်သည်။

” ကဲ.. လာ.. သွားမယ် ”

” ဘယ်ကိုလဲ.. ”

” နင် တည်းစရာအိမ် မရှိဘူးမို့လား.. တည်းခိုခန်းကို လိုက်ပို့မလို့ ”

” ဟာ..ဖြစ်ပါ့မလား.. ကျမ အသိတစ်ယောက်ရှိတယ်.. အဲဒီကို လိုက်ပို့ပါလား.. ”

” တည်းခိုခန်းက ကောင်းပါတယ်..ဟ.. ငါ့အသိတွေဘဲ.. ရှုပ်ရှုပ်ပွေပွေတွေလည်း မရှိဘူး.. ”

” ကျမ တစ်ယောက်ထဲ တည်းရမှာ.. ”

မတင်လှ ဒီစကားကို တကယ်ပဲ ပြောတာလား၊ ဒါမှမဟုတ် သူ့ကို သွေးတိုးစမ်းတာလားဆိုတာ ခင်ရွှေ မဆုံးဖြတ်နိုင်ပေ။ ဒီအချိန်က အရေးကြီးသည်။ မှားသွားလျှင် လွတ်သွားမည်။ ခင်ရွှေ ပါးစပ်နားရောက်မှတော့ အလွတ်မခံနိုင်ပေ။

” နင် တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့.. နင်က တစ်ခန်း၊ ငါက တစ်ခန်း တည်းမှာလေ ”

မတင်လှ ဘာမှမပြော၊ ထိုင်ရာမှ ထလိုက်လာခဲ့သည်။ တည်းခိုခန်းရောက်တော့ ကိုခင်ရွှေက အိပ်ခန်းတစ်ခန်း၊ မတင်လှက တစ်ခန်း၊ ကပ်ရက် ငှားလိုက်ကြသည်။ တည်းခိုခန်းမှာ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်မှာ အခန်းတွေရှိပြီး အောက်မှာတော့ ထမင်းဆိုင်နှင့် စားသောက်ဆိုင်ဖြစ်သည်။

” ဟိုဖက်ထောင့်မှာ ရေချိုးခန်းနဲ့ အိမ်သာရှိတယ်.. ခဏနားပြီး ရေချိုးလိုက်ပေါ့.. ပြီးရင် ထမင်းစာကြတာပေါ့ ”

” ဟုတ်ကဲ့.. ”

နှစ်ယောက်စလုံး ကိုယ့်အခန်းထဲ ကိုယ်ဝင်သွားကြသည်။ ခဏအကြာ မတင်လှ၏ အခန်းတံခါး ဖွင့်သံ ပိတ်သံ ကြားလိုက်ရသည်။ ရေထွက်ချိုးတာဖြစ်ကြောင်း ခင်ရွှေ သိလိုက်သည်။ အတန်ငယ်မျှကြာလျှင် သူမအခန်းတံခါးကို ဖွင့်ကာ ပြန်ဝင်သွားတာ ကြားလိုက်ရသည်။ ထိုအခါမှ သူထွက်ကာ ရေချိုးသည်။ ပြီးလျှင် နှစ်ယောက်သား အောက်ထပ်တွင် မျက်နှာချင်းဆိုင် ထမင်းစားကြသည်။

ထမင်းစားပြီး အပေါ်တက်လာသောအခါ ကိုခင်ရွှေက မတင်လှ အခန်းထဲသို့ လိုက်ဝင်လာလေသည်။

” ဟင်.. ကိုယ့်အခန်း ကိုယ်သွားလေ.. ”

မတင်လှ မျက်နှာက ပြုံးစစနှင့် ဖြစ်သည်။

” နင် ရွာမှာတုန်းက ပြောထားတဲ့ စဉ်းစားဦးမယ်ဆိုတာ စဉ်းစားပြီးပြီလား ”

မတင်လှက စဉ်းစားသလို လုပ်ပြီး ကုတင်စောင်း၌ ဝင်ထိုင်သည်။

” ကျမ ဘာကို စဉ်းစားမယ်လို့ ပြောတာလဲ.. ကျမပြောမိလို့လား.. ဟုတ်လဲ ဟုတ်ပဲနဲ့.. ”

ပြီတီတီမျက်နှာပေးနှင့် ပြောနေသော မတင်လှမျက်နှာလေးမှာ ကိုခင်ရွှေစိတ်ထဲ အသဲယားစရာဖြစ်လို့နေသည်။ ကိုခင်ရွှေ အသက်ရှူသံပြင်းပြင်းကြီးနှင့် တွေတွေကြီးရပ်ကာ သူမကို စိုက်ကြည့်နေသည်။ ဘာစကားမှပြန်မပြော။

” ဟွန်း.. ကြည့်လှချေလား.. ဘာများ ထူးခြားနေလို့လဲ.. ”

အတန်ကြာအောင် ခေါင်းလေးငုံ့၍ အကြည့်ခံနေပြီးမှ မတင်လှက ပြန်ပြောခြင်းဖြစ်သည်။

” တင်လှ.. နင်က တကယ်လှတာပဲဟာ ”

” ဟင်း.. ကျမက ကလေးတစ်ယောက် အမေရှင့်.. ကလေးမမွေးသေးတဲ့ ရှင့်မိန်းမလောက် လှပါ့မလား.. ”

” တော်စမ်းပါဟာ.. ဒီကောင်မအကြောင်း မပြောစမ်းပါနဲ့.. နင်ကသူ့ထက် အပြန်တစ်ရာလှတယ် ”

ယောက်ျားတွေများ တော်တော်ကြောက်စရာကောင်းတာပဲဟု မတင်လှ တွေးလိုက်မိသည်။

” ဟုတ်တယ်..ဟ နင်က တကယ်လှတာ ”

ပြောရင်း မတင်လှဘေးသို့ ကိုခင်ရွှေ ဝင်ထိုင်လိုက်သည်။ အသားချင်းထိသွားပေမယ့် မတင်လှက ရွှေ့မသွားချေ။ ကိုခင်ရွှေက သူမ၏ ပုခုံးလေးကို လှမ်းဖက်လိုက်တော့လည်း မတင်လှ မရုန်းပေ။

” ရှင်.. ရှင် ကျမကို ဘာလုပ်မလို့လဲ.. ဟင်.. ”

သူ့ဖက်သို့ လှမ်း၍လိုက်သော မတင်လှမျက်နှာလေးက ကိုခင်ရွှေမျက်နှာနှင့် တစ်ထွာခန့်သာ ဝေးတော့သည်။

” ဟို.. ငါ.. ငါ.. နင့်ကို..လုပ်ချင်တယ်..ဟာ ”

” အိုး.. ဒါများ.. ရှင်ကလဲ.. ”

အိုး.. ဒါများ.. ရှင်ကလဲ.. ဟုဆိုကာ မတင်လှက သူမနှင့် ယှဉ်လျှက်သား ထိုင်နေသော ကိုခင်ရွှေ့ရင်ခွင်ထဲသို့ သူမ၏ ကိုယ်လုံးလေးကို ဘေးသို့ယိုင်နဲ့၍ တိုးဝင်လိုက်လေသည်။ ကိုခင်ရွှေက သူမ၏ လည်ပင်းကို သိုင်း၍ဖက်လိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးများကို ဆွဲ၍စုပ်နမ်းလိုက်သည်။ မတင်လှမှာ ရင်ဘတ်လေးကော့တက်သွားသည်။ ပြီးနောက် နှစ်ယောက်သား တဖြေးဖြေး ကုတင်ပေါ်သို့ လဲပြိုကျလာလေသည်။

အိပ်ယာနှင့်ကျောထိမိသည်နှင့် ကိုခင်ရွှေက ကုတင်ဘေးတွင် တွဲလောင်းကျနေသော သူ၏ခြေထောက်နှစ်ချောင်းကို ကုတင်ပေါ်ဆွဲတင်ပြီး မတင်လှ၏ နှုတ်ခမ်းအစုံကို လွှတ်ပေးကာ ထထိုင်လိုက်သည်။ မတင်လှမှာ မောနေဟန်နှင့် မျက်လုံးလေးများမှိတ်ကာ မှိန်းနေသည်။

ကိုခင်ရွှေက အိပ်ယာပေါ် ထထိုင်ပြီးသည်နှင့် သူမခြေထောက်များကို ဒကောက်ကွေးမှ မကာ ကုတင်ပေါ် ဆွဲတင်လိုက်ပြီး သူမ၏ ကိုယ်လုံးလေးကိုပါ ပွေ့၍ ကုတင်ပေါ် နေရာချပေးလိုက်သည်။ ပြီးလျှင် ကိုခင်ရွှေက သူမဘေးတွင် ထိုင်လျှက် မတင်လှကို မျက်တောင်မခတ် စိုက်ကြည့်ရင်း သူ့ကိုယ်ပေါ်မှ ရှပ်အင်္ကျီကို ချွတ်လိုက်သည်။ မတင်လှက မှိတ်ထားသော မျက်လုံးနှစ်လုံးကို ခပ်မှေးမှေးလေးဖွင့်၍ ကိုခင်ရွှေကို ကြည့်လိုက်သည်။

” ဟင်.. ရှင်.. အင်္ကျီချွတ်ပြီး ဘာလုပ်မလို့လဲ.. ကိုယ့်အခန်းကိုယ်ပြန်လေ.. ”

မတင်လှ မျက်နှာက အတည်ပေါက်နှင့် ပြောနေသော်လည်း သူမ၏လေသံက သာယာညင်သာစွာဖြင့် ပြောနေသည်။

” နင့်ကို လိုးတော့မလို့..သိလား.. လိုးတော့မလို့ ”

” အို..မသိဘူး.. မသိဘူး.. ”

မတင်လှက သူမ၏ နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ပိတ်ပြီး မျက်လုံးလေးများစုံမှိတ်ကာ ခေါင်းလေးတခါခါ ပြောနေလိုက်ပုံမှာ ကိုခင်ရွှေ့စိတ်တွေကို ပို မချင့်မရဲ ဖြစ်လာစေရန် တမင်လုပ်နေသည်နှင့် တူနေသည်။

ပက်လက်ကလေးဖြစ်နေသော သူမ ကိုယ်ပေါ်သို့ ကိုခင်ရွှေက ဘေးမှ မှောက်ချလိုက်ပြီး သူမ၏ နှုတ်ခမ်းလေးတွေကို ဖိစုပ်နမ်းလိုက်ရုံမျှမက ရွှေရင်အစုံကိုလည်း အင်္ကျီပေါ်မှပင် ပယ်ပယ်နယ်နယ်ကြီး ကိုင်ပစ်လိုက်လေသည်။ မတင်လှမှာ ကိုခင်ရွှေလုပ်သမျှကို အလိုက်သင့်လေး ငြိမ်ခံနေသည်။

ကိုခင်ရွှေမှာ မတင်လှနှုတ်ခမ်းကို စုပ်နမ်းနေရာမှ အားမရဖြစ်လာကာ သူမလည်တိုင်လေးကို ငုံခဲလိုက်ပြီး လက်တဖက်ကလည်း အောက်ထဲရွှေ့သွားကာ မတင်လှ ပေါင်ကြားကို ထမီပေါ်မှ အုပ်ကိုင်လိုက်သည်။

” အို.. ဟင့်.. အစ်ကို.. ”

ဖောင်းဖောင်းကားကား စောက်ဖုတ်ကြီးကို လက်ဖဝါးဖြင့် အုပ်ကိုင်လိုက်မိကာမှ မတင်လှက သူမ၏ ပေါင်နှစ်ဖက်ကိုညှပ်၍ ခြေထောက်နှစ်ချောင်းကို လိမ်လိုက်သည်။ ထိုအခါ ကိုခင်ရွှေ့လက်က ဆွဲထုတ်လို့မရတော့ဘဲ စောက်ဖုတ်ပေါ် အုပ်ကိုင်လျှက်သား သူမ၏ပေါင်နှစ်လုံးကြား ညှပ်နေတော့သည်။ လက်ကို ရှေ့တိုးနောက်ငင် လုပ်လို့မရသော်လည်း စောက်ဖုတ်ကြီးကို ဖိလိုက်၊ လက်သန်းလက်မတို့ဖြင့် ညှပ်ကာ အနည်းငယ် ညှစ်လိုက်နှင့် လုပ်လို့ရသလောက် လုပ်ပေးသည်။ မတင်လှက သူမပေါင်ကြားမှ ကိုခင်ရွှေ့လက်ကို ဆွဲဖယ်သည်။

” ကဲ.. ဖယ်ဦး.. ”

” တင်လှရယ်.. အစ်ကိုတော့ ရူးတော့မယ်ကွယ် ”

” မီးသွားပိတ်..လို့ ပြောမလို့.. ကျမအဝတ်တွေ.. ချွတ်လိုက်ဦးမယ်.. ”

တုန်ရီနေသော အသံကို အတော်ထိန်း၍ ပြောနေရမှန်း သိသာလှသည်။ ကိုခင်ရွှေ ကုတင်ပေါ်မှ ဆင်းကာ မီးခလုတ်ကို ပိတ်လိုက်သည်။ မတင်လှက ကုတင်ပေါ်ထိုင်ကာ သူမ အင်္ကျီတွေကို ချွတ်လိုက်ပြီး ခါးမှထမီကို ဆွဲတင်၍ ရင်လျားကာ ကုတင်ပေါ် ပြန်လှဲနေလိုက်သည်။ မီးပိတ်လိုက်သော်လည်း လုံးဝတော့ မှောင်မသွားချေ။ အပြင်ဘက် လူသွားလမ်းတွင် ထွန်းထားသော မီးချောင်းအလင်းရောင်က အခန်းအပေါ်နား ကာထားသည့် ခြင်လုံဇကာမှတဆင့် အခန်းထဲဝင်နေသည်။ ဒီတော့ အခန်းထဲတွင် ထင်းထင်းလင်းလင်းကြီး မဟုတ်သည့်တိုင် သဲသဲကွဲကွဲတော့ မြင်နေရသည်။

ကိုခင်ရွှေ ကုတင်ပေါ်တက်လာတော့ မတင်လှ ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။ လင်ယောကျ်ားမဟုတ်သည့် တခြားဘယ်သူနဲ့မှ မဖြစ်ဖူးသည့် မတင်လှမှာ အခု ပထမဆုံးအကြိမ်အဖြစ် တခြားယောက်ျားတစ်ယောက် လိုးတာကို ခံရတော့မည်ဆိုသည့် အသိဖြင့် ရင်တွေ ခုန်လာရုံမက ကာမစိတ်တွေကလည်း ပိုပြင်းပြလာတော့သည်။

ပြီးပါပြီ။

Tags