ကိုယ်တိုင်စိုက်ပျိုးထားတဲ့ပန်းလေးတွေနဲ့အပြိုင်လှနေပြီး အရွယ်နဲ့မလိုက်အောင်ကို နုပျိုနေဆဲဖြစ်တဲ့ လင်းဇာနည်ဇော်
တစ်ခတ်တခါတည်းက အောင်မြင်မှုတွေရရှိလာခဲ့ပြီး ယနေ့ထိတိုင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့မင်းသမီးချောကြီးလင်းဇာနည်ကို သိကြမယ်ထင်ပါတယ်နော်။လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့သမီးလေး မြူလင်းကိုကို ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးဟာလည်း ဘိုမရုပ်လေးလို့ထင်မှတ်ရလောက်အောင်ကို ချစ်စရာကောင်းလွန်းနေတာပါနော်။ လင်းဇာနည်ဇော်ဟာအနုပညာအလုပ်တွေအပြင် အစ်မဖြစ်သူချစ်ချစ်ဇော်နဲ့အတူ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေခေါက်ဆွဲလုပ်ငန်းကိုလည်းဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်ဟာ အခုထိတိုင်လည်း ရုပ်ရှင်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်နေတာပါနော်……။ လင်းဇာနည်ဇော်ဟာ အစ်ကိုတွေအစ်မတွေအပြင် သမီးလေးမြူလင်းနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာလည်းဖြစ်ပြီး အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေတဲ့မင်းသမီးကြီးတစ်ယောက်ပါနော်။ …