
သန္တာဗိုလ်တစ်ယောက်ကတော့မော်ဒယ်အနုပညာလောကမှာပရိတ်သတ်အခိုင်အမာရထားတဲ့သူတစ်ယောက်ပါ။ သူမဟာ နာမည်ကျော်မင်းသမီးချောလေး ချောရတနာရဲ့ချစ်ရတဲ့ညီမလေးတစ်ယောက်ပါ။ သူမရဲ့အရပ်အမောင်းနဲ့ခန္ဓာကိုယ်အချိုးအစားဟာလည်း အင်တာနေရှင်နယ်မော်ဒယ်လ်တစ်ယောက်ရဲ့စံညွှန်းနဲ့ကိုက်ညီနေတာပါ။

သူမဟာ နာမည်ကျော်မင်းသမီးတွေနဲ့တူတူအနုပညာလောကမှာအောင်မြင်တဲ့သူတစ်ယောက်အဖြစ်နဲ့ရပ်တည်ပြီးပရိသတ်အချစ်တွေလည်းတစ်စထက်တစ်စပိုတိုးပြီးအောင်မြင်နေတာပါ။ ပျော်ရွှင်စရာကောင်းပြီးဂရုစိုက်တက်တဲ့ချစ်သူလေးကိုလည်းပိုင်ဆိုင်ထားပြီးပရိသတ်တွေကြားမှာကောင်းပြည့်နဲ့သန္တာဗိုလ်စုံတွဲဆိုပြီးအားတွေကျနေရတာပါ။ လတ်တလေမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

အခုမှာလည်းအစ်မဖြစ်သူ ချောရတနာနဲ့အတူ ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် သူတို့ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Thandar Bo’s Fb