
မင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့  ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးဘဲဖြစ်ပါတယ်။ လတ်တလောမှာ ပြသလျက်ရှိတဲ့ ” တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပါသေးတယ်။

လတ်တလောမှာလည်း ချစ်သူနဲ့ အတူတူပုဂံဘုရားတွေကို ဖူးမြော်ခဲ့ကာ အလည်အပတ်သွားခဲ့တဲ့ စုံတွဲပုံရိပ်လေးတွေကိုတင်ထားခဲ့ပါသေးတယ်
” ကိုယ့်မျက်ရည်ကို သုတ်ပေးမယ့်သူကို ရှာပါ။ ဖြေဖျောက်ပေးမယ့်သူကို ရွေးပါ ။အဲ့ဒီလူနဲ့ ပျော်အောင်နေပါ ။ပုဂံခရီးကို ချစ်တဲ့သူနဲ့အတူတခေါက်လောက်တော့ရောက်အောင်သွားနော် ” ဆိုကာ သူမတို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာပုံလေးတွေကို တင်ထားခဲ့တာပါ။

သူမတို့ချစ်သူနှစ်ဦးဟာ နှစ်ရှည်လများတစ်ယောက်နဲ့ တစ်ယောက်အချစ်မလျော့ဘဲ သစ္စာရှိရှိ လက်တွဲခဲ့ကြတာဖြစ်ပြီး ယနေ့အချိန်ထိကို ပရိတ်သတ်တွေကပါ အားကျရတဲ့ စုံတွဲလေးဘဲဖြစ်ပါတယ်။

Source Myat Thu Thu Zin