
ဖေ့စဘုတ်မှာ ချစ်စရာကောင်းတဲ့ ဗီဒီယို လေးတွေတင်ရင်းကနေ စကားအင်မတန်တတ် ချစ်ဖို့ ကောင်းလွန်းတဲ့ ကလေးလေးကို ပရိတ်သတ်တွေသတိထားမိလာကြကာ လက်ရှိမှာတော့ ပြည့်သူ့အချစ်တော် မင်းသမီးလေး ဖြစ်နေပါပြီ..ထိပ်ထားက ကြော်ငြာတွေ သရုပ်ဆောင်အလုပ်တွေကို လုပ်ကိုင်နေပြီဘဲဖြစ်ပါတယ်။ ထိပ်ထားလေးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော ဖွေးဖွေးလေး နဲ့ ရုပ်ချင်းဆင်သူ ဖြစ်ပြီး မဖွေးဖွေးကိုသူချစ်တဲ့ အကြောင်းလေးတွေပြောတတ်ပါသေးတယ်။

လက်ရှိမှာတော့ ထိပ်ထားလေးဟာ သူသိပ့် ချစ်ရတဲ့မင်းသမီးဖွေးဖွေးလေးနဲ့ အတူ သရုပ်ဆောင်နိုင်တော့မျာဖြစ်ပါတယ်။

ယင်းဇာတ်ကားလေးကတော့ love equationလို့အမည်ရပြီး ထိပ်ထားလေးက ဖွေးဖွေး ငယ်ဘဝကို သရုပ်ဆောင်ပေးရမှာဖြ စ်ပါတယ်။ဇာတ်ကားလေးကိုGolden Hour Film Production မှ ထုတ်လုပ်တာဖြစ်ပြီး Love Equation ရုပ်ရှင်ကားကို ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမှာဖြစ်ပါတယ်။

ယင်းဇာတ်ကားလေးမှာဒေါင်း၊ ခါရာ၊ သက်မွန်မြင့်၊ ဖွေးဖွေး တို့ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် အချစ်ဇာတ်ကားကောင်းလေးဖြစ်မှာအမှန်ပါ။

Source ထိပ်ထားသခင်